စစ်တွေမြို့ ရဲနွယ်စု ဗလီအား ပြည်နယ် စည်ပင်သာယာရေး အဖွဲ့မှ ပြင်ဆင်ပေး လျက်ရှိ ….

ရခိုင်နှင်မွတ်ဆလင်အရေးခင်တွင် မွတ်ဆလင်ဗလီပေါင်း၃၀ ကျော် ဖျက်စီးခဲ့သည်။

ရဲနွယ်စု ဗလီ (CJMyanmar)

 

 

ရဲနွယ်စု ဗလီ (CJMyanmar)

ရခိုင်ပြည်နယ် ရခိုင်-မွတ်စလင် လူနည်းစု ပဋိပက္ခအတွင်း ဖျက်ဆီးခံရသော စစ်တွေမြို့ရှိ ရဲနွယ်စု ဗလီအား ရခိုင်ပြည်နယ် စည်ပင်သာ ယာရေးအဖွဲ့ မှ ပြန် လည်ပြုပြင်ပေးနေပြီးဖြစ်ကြောင်း မွတ်စလင် သတင်းစဉ်မှ သိရသည်။ ရခိုင် အမျိုးသား အချို့က ဇွန်လ ၁၀ရက်နေ့တွင် ဗလီ ၊ ဗလီပိုင်ဆိုင်ခန်းများ နှင့် မဒ်ရဆာစာသင်ကျောင်းတို့ အား မီးရှို့ ဖျက်ဆီးခဲ့ကြောင်း စစ်တွေဒေသခံ တစ်ဦးကပြောပါသည်။ `၁၇ ရက်နေ့က ပြည်နယ်စည်ပင်ရုံးကနေ သက္ကောပြင်ရွာလူကြီး တစ်ယောက်ကို ဖုန်းဆက်ပြီး ရဲနွယ်စု ဗလီဂေါပကကို ဆက်သွယ် တယ်။ ဗလီပြင်ပေးမလို့ပါလို့ ပြောတယ်။ သူတို့ ကိုယ်တိုင်ပဲ ပြင်ပေးလိုက်မယ် ဆိုပြီးပြောပါတယ်။ ရဲနွယ်စု ဗလီကို ပြင်ပေးနေတာ အခုဆို နှစ်ရက်ရှိနေပါပြီ´ ဟု ဒေသခံ မွတ်စလင် လူငယ်တစ်ဦးက ပြောပါသည်။ အဆိုပါ ရဲနွယ်စု ဗလီသည် စစ်တွေ လေယာဉ်ကွင်း အနီးတွင်တည်ရှိပြီး လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ကျော်ခန့်က တည်ဆောက်ထားခြင်းဖြစ်ကြောင်းသိရသည်။
မွတ်စလင် သတင်းစဉ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s