”ဗမာ့ ဒီမိုကရေစီ နိုင်ငံသစ်မှာ ငါတို့ဘာလုပ်ကြမလဲ”

”ဗမာ့ ဒီမိုကရေစီ နိုင်ငံသစ်မှာ ငါတို့ဘာလုပ်ကြမလဲ”

ယနေ့ ငါတို့ ရဲ့ ပြည်ထောင်စုဟာ သမိုင်းတစ်ဆစ်ချိုးပြီး ခေတ်သစ်တစ်ခုဆီကို ဦးတည်နေပြီဆိုတာ အားလုံး ငြင်းမရတဲ့ အမှန်တစ်ရားတစ်ခုပါပဲ။
ဒီဦးတည်မှုဟာ လုံးဝအကောင်းဖက်ကို ဦးတည်နေပြီလို့ ဘယ်သူမှ ၁၀၀ ရာခိုင်နှုန်းမပြောနိုင်ပေမဲ့ အတိုင်းအတာတစ်ခုအထိ အရင်ကနဲ့ မတူပြောင်းလဲခဲ့ပါတယ်။
ဒီလို ခေတ်သစ်တစ်ခုကိုသွားတဲ့အခါတိုင်း အုပ်စုတိုင်း အုပ်စုတိုင်းဟာ မိမိတို့ အစုအဝေးအတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရဖို့ ရှိဖို့ အရင်က အခြေအနေအကြောင်းကြောင်းကြောင့် ဆုံးရှုံးခဲ့ရ တဲ့အခွင့်အရေးတွေကို ပြန်လည်ရယူဖို့ အရှိန်မြှင့်ကြိုးစားလာကြတတ်တာပါပဲ။
ဒီလိုကြိုးစားနေရာကနေ ဗမာတွေရဲ့ တိုင်းရင်းသားတွေ အပေါ်စိုးရိမ်မူ၊ တရုတ်နဲ့ ကုလားတွေရဲ့ စီးပွားရေးတွေအပေါ် ဗမာတွေရဲ့ မျက်စိကျမှု တွေနဲ့ မျက်မှောက်ခေတ် မြန်မာ မွတ်စလင်မ် တွေအပေါ်ရိုက်ခတ်လာမှုတွေ ဟာ ဒီကနေ့မှာ အလွန်စိုးရိမ်စရာ အခြေအနေအဖြစ် ကူးပြောင်းလာပါတယ်။
ဗမာရဲ့ စိုးရိမ်မှုနဲ့ တိုင်းရင်းသားများ
ဗမာ တွေအနေနဲ့ .. ဒီမိုကရေစီက ရလာမဲ့ အကျိုးကျေးဇူးတွေနဲ့ အတူ ပြန်လည်ပေးဆပ်ရမဲ့ အရက မဟာဗမာလူမျိုးကြီးဝါဒ ဖြစ်နေတယ်လို့ တွေနိုင်ပါတယ်။ ဒါမှ တိုင်းရင်းသားတွေ တခြား လူမျိုးခြား ဘာသာခြားတွေ ကို ဖိနှိပ်မူမရှိပါဘူးလို့ ကမ္ဘာမှာ ပြနိုင်မှာဖြစ်တယ်။
ဒါပေမဲ့ ဒီ မဟာဗမာလူမျိုးကြီးဝါဒ ဟာဘုရင်ခေတ်ကစပြီး ကိန်းအောင်းလာခဲ့ရာက ခေတ်အဆက်ဆက် လက်ဆင့်ကမ်းအမွေပေးလာခဲ့တာ အမြစ်တွယ်ယုံမှမက ကျောက်စိုင်ကျောက်ခဲ နီးပါးဖြစ်နေပြီဖြစ် ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ အပေါင်းအပါတစ်စုက လွပ်လပ်ရေး ရဖို့ ပင်လုံစာချုပ်ကို ဖက်ဒရယ်ပေးပါမယ် တကယ်လို့ ခွဲထွက်ချင်ယင်လဲ နောင်ခွဲထွက်ခွင့်ပြုပါ့မယ်လို့ သဘောတူပြီး လက်မှတ်ရေးထိုးခဲ့ပေမဲ့ လဲ ဒီစာချုပ်ဟာ ရန်ကုန်မြို့က လွပ်လပ်ရေးကျောက်တိုင်ပေါ်က ကျောက်စာအဖြစ်ပဲကျန်ခဲ့တာပါ။
ဗမာ အစိုးရအဆက်ဆက် ဒီလိုလုပ်ရတာလဲ အကြောင်းရှိပါတယ် ဒီကနေ့ ဗမာတွေကြွေးကြော်နေတဲ့ သယံဇာတပေါကြွယ်ဝ လှပါတယ်ဆိုတဲ့ ပြည်ထောင်စုရဲ့ မြေပုံကို ကြည့်ပါ ဘယ်နေရာမှာ အဲဒီ သယံဇာတတွေရှိနေသလဲ။
ဗမာတွေအများစုနေတဲ့ စစ်ကိုင်း မန္တလေး မကွေး ပဲခူး ရန်ကုန် ထားဝယ် မြိတ် နဲ့ တခြားပြည်နယ်တွေနဲ့ ယှဉ်ကြည့်လိုက်ပါ။ ပြည်နယ်တွေမှာ ရှိနေတာကို ထင်ထင်ရှားရှားကြီးတွေ့နိုင်မှာဖြစ်ပါတယ်။ သိပ်မကြာခင်က ပြသနာဖြစ်ခဲ့ တဲ့ ဘင်္ဂလား ပင်လယ်အော်က ရေပိုင်နက်ဆိုတာကိုပဲကြည့် ရခိုင်ပြည်နယ် အပိုင်နေရာတစ်ခုပဲ။
ဒါကြောင့် ယခင်အစိုးရ အဆက်ဆက် ဒါကို မျက်ကွယ်ပြုပြီး တိုင်းရင်းသားတွေရဲ့ အုပ်ချုပ်ပိုင်ခွင့် အခွင့်အရေးတွေကို မျက်ကွယ်ပြုခဲ့တဲ့ အတွက် သမိုင်းတစ်လျောက် သူပုန်ထမှုတွေ ကို ပြည်ထောင်စု အနေနဲ့က နှစ်အဆက်ဆက်ခါးစီးခံခဲ့ ရပြန်တယ်။
ဒါကြောင့် ဗမာတွေအနေနဲက အရင်ကတည်းက လက်ဝါးကြီးအုပ်လာခဲ့တဲ့ တိုင်းရင်းသားတွေဆီက သယံဇာတတွေကို ဆက်လက်ထိမ်းသွားဖို့ က ဘယ်လိုပဲ ငြိမ်းချမ်းရေးပြောပြော လုပ်ကိုလုပ်ရမဲ့ ကိစ္စတစ်ခုဖြစ်တယ်။ ဒါမှမဟုတ်လို့ တိုင်းရင်းသားတွေကို ကိုယ်ပိုင်လုပ်ပိုင်ခွင့်ပေးလိုက်ယင် သူတို့ ရဲ့ မဟာဝါဒဟာ အနှေးနဲ့ အမြန်မှေးမှိန်သွားမှာ အမှန်ပဲ။ဗမာတွေဟာ မိုးထဲ ရေထဲ လယ်ထွန်ပြီး ၆ လတစ်နှစ် ထွက်တဲ့ ဆန်နဲ့ ကချင်ပြည်နယ်က တစ်လလောက်ပဲ တူးလိုက်တာနဲ့ ရတဲ့ ရွှေကို လဲစားရမလိုဖြစ်နေတယ်။ ဒါကိုဘယ် ဗမာမှလိုလားမှာမဟုတ်ဘူး။ ဒီကနေ့ အားလုံးက အပုတ်ချနေတဲ့ ဗမာစစ်တပ်အစိုးရရော အတိုက်အခံ ဗမာရောဒီကိစ္စဟာ ကိုယ်အိမ်ရဲ့ စီးပွားရေးလို့ မြင်ကြမှာပဲ။
မဆလ၊န၀တ ခေတ်တစ်လျောက် ဒါကိုကာကွယ်ဖို့အတွက် စစ်တပ်က အရာရှိအရာခံ အကြပ်တွေကို ရောက်ရာဒေသက တိုင်းရင်းသား အမျိုးသမီးတွေကို လက်ထပ်ဖို့တပ်တွင်း ညွှန်ကြားချက် ထုတ်ခဲ့တာတွေနဲ တပ်သားတွေကို ရောက်ရာ အရပ်မှာ တိုင်းရင်းသူတွေကို လုပ်ချင်ရာလုပ်တာကို မျက်ကွယ်ပြုပေးခဲ့မူတွေဟာ တိုင်းရင်းသားတွေကို သွေးနှောဖို့ လုပ်တဲ့ ဗမာစစ်တပ် အစိုးရရဲ့ ပြောင်မြောက်ယုတ်မာလှတဲ့ အကြံပါပဲ။
တိုင်းရင်းသားတွေကို လွှမ်းမိုးထားဖို့ဆိုတာမှာ အတိုက်အခံနဲ့ စစ်တပ်နဲ့ လုပ်ပုံလုပ်နည်းကွဲတာ အမှန်ဖြစ်ပေမဲ့ ပန်းတိုင်က အတူတူပဲ ဖြစ်ပါတယ် တကယ်ပဲ တတိယအုပ်စုကြီးတစ်စုဟာ ဒါကိုနေ့တဓူဝ တွေးပူပြီးလှုပ်ရှားနေပါတယ်။
ဒီကနေ့ ကြားဖြတ်ရွေးကောက်ပွဲကို ကြည့်ယင် NLD အနေနဲ့ ကျေးဇူးတင်ဖို့ အကောင်းဆုံးဘယ်သူလဲလို့ ကြည့်ယင် စစ်တပ်ကို တွေ့ရမှာပါ။ ဗိုလ်ချုပ်မှုးကြီး သန်းရွှေဟာ ဗမာလူမျိုးတွေအတွက် လုပ်ငန်းကြီး လုပ်ပေးသွားခဲ့ပါတယ်။ ပြည်နယ်တွေမှာ အရွေးခံခဲ့ရတဲ့သူတွေကိုကြည့်ယင် ရှမ်းတိုင်းရင်းသားတွေရဲ့ ကျားဖြူပါတီက ၁ နေရာကလွဲယင် ဘယ်နေရာမှာမှ တိုင်းရင်းသားပါတီတွေရဲ့ ကိုယ်စားလှယ် တွေအနိုင် မရခဲ့ပါဘူး။ ဗမာတွေရဲ့ NLD ပါတီဝင်တွေပဲနိုင်ခဲ့တာပါ။ (မှတ်ချက် – ကြံဖန်ပြီးကျေး ဇူးတင်နေတယ်လို့ မထင်ပါနဲ့။ တို့တစ်တွေအနေနဲ့ မှန်မှန်ကန်ကန်သုံးသပ်နိုင်ပါမှ အလိမ်မခံ ရမှာဖြစ်ပါတယ်။ ဘယ်သူပဲ ရရ အရေးကြီးတာက တို့တစ်တွေရဲ့ အကျိုးစီးပွားနဲ့ အနာဂါတ်သားမြေးတွေကို ဘယ်သူက စောင့်ရှောက်ပေးနိုင်မလဲဆိုတာပါပဲ)
အခုရခဲ့တဲ့ ဒီမိုကရေစီဆိုတာကလဲ တိုက်ပြီးရတာမဟုတ်သလို တောင်းပြီးရခဲ့တာလဲ လုံးလုံးတော့ မဟုတ်ပါ၊ ဘယ်လိုမတတ်သာလို့ပေးတာပဲဆိုဆို ပေးလို့ရခဲတာပဲဖြစ်ပါတယ်။ ဗမာက ဗမာကိုပေးခဲ့တယ် ဒီအကျိုးကို ကျန်တဲ့ သူတွေဘယ်လောက်ခံစားရမလဲ ဆိုတာ ဖန်သားပြင်ပေါ်ထင်လာမဲ့ သမိုင်းက သက်သေပြသွားမှာပါ။မဟာဗမာ စစ်အစိုးရကနေ မဟာဗမာအရပ်သားအစိုးရကိုပြောင်းလာတာပဲလား တကယ်ပဲ ဖက်ဒရယ် ပြည်ထောင်စုစစ်စစ် ကိုဦးတည်မှာလား ဆိုတာ တွေ့ရတော့မှာပါ။
နိုင်ငံရေးပြောင်းလဲမှုတွေဟာ အခြေအနေနဲ့ အချိန်အခါတစ်ခုချင်းစီမှာ သီးခြားဖြစ်ပျက်လာတာတွေလို့ ထင်ရပေမဲ့ အားလုံးဟာ တကယ်တော့ ဆက်စပ်မူတွေရှိပါတယ်။ သိပ်မကြာသေးခင်က NLD ကဒုတိယ ပင်လုံဆိုပြီး ကြွေးကြော်ခဲ့တယ်။ ဒါပေမဲ့ အခုအထိ ဘာမှ အကောင်အထည်မပေါ်လာသေးဘူး စောင့်ကြည့်ရမဲ့ အနေအထားမှာပဲရှိနေသေးတယ်။
ဗမာအတိုက်အခံတွေရဲ့ တိုင်းရင်းသားတွေ အပေါ်မှာထားတဲ့ ရိုးသားမှုဆိုတာကို မှတ်ကျောက်တင် မခံရသေးဘူး၊ နုတ် နဲ့တော့ ကတိတွေပေးနေတာပဲ ရှိပါသေးတယ်။ သိပ်မစောင့်ရပါဘူး တွေ့ရမှာပါ။ စိတ်မစောပါနဲ့။ ဗမာတွေအနေနဲ့ လုပ်လိုလုပ်ရမဲ့ အပေးအယူပါပဲ။ ပထ၀ီနိုင်ငံရေး အရ တိုင်းရင်းသားတွေနဲ့ ဗမာတွေဟာ ဘယ်လိုပဲမဆို ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီရပ်တည်ရမှာပါ။ ဦးဆောင်မှုနဲ့ ချယ်လှယ်မူကို ဘယ်သူပိုပြီးလုပ်ပိုင်ခွင့်ရမလဲ ဆိုတာကပဲ အဓိကပြသနာဖြစ်ပါတယ်။
ဘယ်လိုပဲမဆို ညှိနိုင်းရပြီ ဆိုတာနဲ့ အရင်လို လုပ်ချင်သလိုလုပ်ခွင့်မရပါဘူး။ တိုင်းရင်းသားတွေဘက်က အမြတ်ထွက်နိုင်သလို ပြန်ပေးရမှာတွေလဲ ရှိမှာပါ။ ဗမာတွေက မဖြစ်မနေပေးလိုက်ရတာတွေရှိယင် အခုဏပြောခဲ့တဲ့ တတိယအုပ်စုကြီးက ဒါကိုပြန်ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကိုနည်းလမ်းတွေ ရှာနေပြီးဖြစ်ပါလိမ့်မယ်။
နောက်ထပ် အရေးအကြီး ဆုံးအချက်က ဗမာဟာ တိုင်းရင်းသားတွေကို အနိုင်ယူနိုင်ဖို့ အတွက် သူတို့ဟာ လူများစုဖြစ်တယ်ဆိုတဲ့ အချက်က အဓိက အရေးအကြီးဆုံးအချက်ပါပဲ။ ဒါပေမဲ့လည်း အခုအချိန်မှာ သန်းခေါင်စာရင်းကောက် မယ်ဆိုယင် ဘယ်တိုင်းရင်းသားက ဘယ်လောက်ရှိမယ်ဆိုတာ မသေချာတဲ့ အချက်ပါ။ ဥပမာအားဖြင့် တကယ်လို့များ ရှမ်းတွေဟာ ၀တွေ ကိုးကန့်တွေ နဲ့ပေါင်းလိုက် ယင် ဗမာအနေနဲ့ အရေအတွက် သူမသာ ကိုယ်မသာဖြစ် သွားနိုင်ပါတယ်။ ဒါကြောင့် ဗမာအနေနဲ့ အရေးအကြီးဆုံးက တခြားတိုင်းရင်းသားလဲ မဟုတ် ဗမာလဲ မဟုတ်တဲ့ လူတွေကို ဗမာ အထဲမှာ ရောပြီးစာရင်းပြဖို့ က အရေးအကြီးဆုံးနဲ့ တချိန်ထဲမှာပဲ အဲဒီလူတွေဖက်က ဗမာရဲ့ဒီအားနည်းချက်ကို ပြန်အသုံးမချနိုင်ဖို့ လူဝင်မူကြီးကြပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ချုပ်ကိုင်ထားဖို့ လုပ်ရပြန် ပါတော့တယ်။
ဒီနေရာမှာ ခေတ်အဆက်ဆက် ခံလာရတာက မြန်မာပြည်မှာ ရှိတဲ့ လူမျိုးခြားတွေပါပဲ။ ဒါပေမဲ့ တရုတ်တွေက ရောပြီး ဗမာလုပ်ရာက တကယ်ဗမာနဲ့ ရောသွားနိုင်ပေမဲ့ မွတ်စလင်မ်တွေက အဲဒီလိုဖြစ်လာဖို့ မလွယ်ခဲ့ပါဘူး ။ ဗမာမွတ်စလင်မ်တွေဟာ ဗမာပါပဲလို့သူတို့ကြေငြာခဲ့ပေမဲ့ နဂိုကတည်းက သီးခြားတည်ရှိလာခဲ့တဲ့ လူ့အသိုင်းအ၀ိုင်းတစ်ရပ်ဖြစ်တာနဲ့ အညီ ရောသွားဖို့ မဖြစ်ခဲ့ပါဘူး။ အဲဒီလိုမဖြစ်လာရတဲ့ အဓိက အချက်က ဘာသာတရားကွဲပြားခဲ့မှုက အဓိကပြသ နာဖြစ်ပါတယ်။ ဗမာမွတ်စလင်မ်ကို ဗမာထဲကခွဲထုတ်ယင် အရင်ဆုံးနစ်နာမှာက ဗမာဖြစ်ပေမဲ့ အခွင့်အရေးမပေးချင်ရတဲ့ အကြောင်းက ဗမာတွေရဲ့ အတွင်းစိတ်ထဲ မှာသိနေတဲ့ အမှန်တရားကို ကြောက်စိတ်ကြောင့်ပါပဲ။ ဒါကိုထုတ်ဖေါ်လဲပြောခဲ့ပါတယ် မွတ်စလင်မ်တွေ ဆီရောက်သွားတဲ့ သူတွေက ဘယ်တော့မှ နောက်ကြောင်းပြန်မလားတော့ဘူးလို အရိုးထဲစွဲအောင်ခံ ယူထားကြပါတယ်။ ဒီတော့ သူတို့မှာ ကြောက်ကန်ကန်ဖို့ အမြဲစဉ်းစားနေရပါတယ်။ (သူတို့ရဲ့ အဲဒီကြောက်စိတ်အောက်မှာ မြန်မာမွတ်စလင်မ်တွေဟာ ကာလရှည်ကြာစွာ ခါးဆီးခံရယင်း ဒီကြောက်စိတ်ပျောက်သွားအောင် ကြိုးစားဖြေဖျောက်ပေးရမှာဖြစ်ပါတယ်။ ပြီးတော့ မွတ်စလင်မ်တွေဟာ ဗမာတွေနဲ့တမြေထဲနေ တရေထဲ သောက်လာကြတာ အရှိတရားတစ်ခုဖြစ်ပြီး နောင်လဲ ဆက်ရှိနေမှာဖြစ်တယ်ဆိုတာကို ၂ ဘက်စလုံးကို ပညာပေးသွားရမှာဖြစ်ပါတယ်။)
တခြားအချက်တစ်ချက်က မွတ်စလင်မ်တွေဟာ ရခိုင်ပြည်နယ်ကလွဲယင် တစ်နိုင်ငံလုံးမှာ ပြန့်ကျဲနေ ထိုင်တာဖြစ်တဲ့ ဆိုတဲ့ အချက်က ဗမာတွေအတွက် အားသာချက်တစ်ခုလိုဖြစ်နေပါတယ်။ ဘယ်ပြန့် ကျဲနေထိုင်တဲ့ လူမျိုးကိုမဆို လူများစုအနေနဲ့ ကိုင်တွယ်ဖို့လွယ်ကူလို့ပါပဲ။ ဒီပြန့်ကျဲနေထိုင်တဲ့ ပမာဏ ဟာစုလိုက်ယင် မသေးဘူးဆိုတာကို သိထားဖို့လိုပါတယ်။
တကယ်တော့ ဗမာတွေ မွတ်စလင်မ်တွေ အပေါ်တွေးတဲ့ အတွေးမျိုး တခြားတိုင်းရင်း သားတွေ လဲ တွေးကြမှာအမှန်ပါပဲ၊ ဒါပေမဲ့ တွေးပုံတွေးနည်းတော့ တူချင်မှတူမှာ ဖြစ်ပါတယ်။ ဗမာနဲ့ မဖြစ်မနေ အတူရပ်တည်ရမဲ့ ရခိုင် အနေနဲ့ တွေးတဲ့ပုံစံက ဗမာနဲ့တူမှာဖြစ်ပေမဲ့၊ တခြားဗမာကို ပခုံးခြင်းယှဉ်နိုင်တဲ့ တိုင်းရင်းသားတွေက တစ်မျိုးတွေးနိုင်ပါတယ်။ (မွတ်စလင်မ်တွေအနေနဲ့ အရေးအကြီးဆုံးက တိုင်းရင်း သားတွေထဲက ဘယ်သူက ကိုယ်နဲ့ရေရှည်မှာမိတ်ဖက်ဖြစ်လာမလဲ ဆိုတာကိုသိအောင် လုပ်ရပါမယ်။ တိုင်းရင်းသားတွေနဲ့မိတ်မပျက်အောင် လုပ်ရပါမယ်၊ ခိုင်မာတဲ့မိတ်ဆွေတွေဖြစ်အောင် ကြိုးပမ်းရပါမယ်)။
မျက်စိကျစရာ တရုတ် နဲ့ ကုလား စီးပွားရေးများ
အာရှမှာ အင်အားကြီးဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယ က လူဦးရေ ပေါက်ကွဲမူကြောင့် နှစ်ပေါင်းများစွာ ကတည်းကနေ့ ယနေ့အထိ ပုံစံမျိုးစုံနဲ့ ရောက် လာတဲ တရုတ်တွေ အိန္ဒိယတွေက မိမိတို့ မူလနေထိုင် ရာဇာတိမှာ ရပ်တည်မှု ခက်ခဲ့ တာကြောင့် တခြားဒေသတွေကို ကူးပြောင်း အခြေချရာကနေ ရပ်တည်မူ အတွက် ကြိုးစားမူ အမွေကို လက်ဆင့်ကမ်း အမွေပေး လာနိုင်ခဲ့ပါ တယ်။ ဒါကြောင့်လဲ အရှေ့တောင် အာရှမှာ ဒီတရုတ်တွေ အိန္ဒိယတွေရဲ့ စီးပွားရေးဟာ ရှေ့ တမ်းကိုရောက်ခဲ့တယ်။ အထူးသဖြင့် တရုတ်လူမျိုးတွေ ရဲ့ ဘာမဆိုငွေရဖို့ အဓိက လုပ်မယ်ဆိုတဲ့ စိတ်ဓါတ်ကြောင့် အရှေ့တောင်အာရှမှာ ထိပ်တန်းကိုရောက် လာခဲ့တယ်။
ဒါပေမဲ့ အများသိပြီးသားဖြစ်တဲ့ အတိုင်း ဗမာလူမျိုးစရိုက်နဲ့ သူတို့ကိုးကွယ်ရာ ဘာသာတရားရဲ့ သွန်သင် မူကလဲ သီးခံမူ ရောင့်ရဲမူတွေ ဖြစ်နေတဲ့ အပြင် အရာအားလုံးကို အပျက်မြင်ပြီး ကြိုးစားချင် စိတ်ဖျောက် ထားတော့ ထင်သလောက်မပေါက်ပဲ ပြသနာ တစ်ခုဖြစ်မှ   ခေါင်းဆောင်တစ်ယောက် ကဦးဆောင်မှ အပြောင်းအလဲ တစ်ခုဖြစ်လာနိုင်တာက သမိုင်းက သက်သေပါပဲ။
ထိုနည်းလည်းကောင်း ဗမာတွေဟာ စီးပွားရေးမှာလဲဒီလိုပါပဲ အစားအသောက်အတွက် သိပ်ပူဖို့ မလို တဲ့ တခြား အရှေ့တောင် အာရှ နိုင်ငံတွေမှာရှိတဲ့ လူများစုတွေနည်းတူ ရေရှည်အတွက် သိပ်ပြီး စဉ်းစား တာမရှိ သလို ကြိုးစားချင်စိတ်နည်းပါတယ်။ ဒီလိုကြိုးစား ချင်စိတ်နည်းပေမဲ့ လူ့သဘာဝ အတိုင်း သူများတွေ သုံးစွဲ တာမြင်ယင် သုံးစွဲလိုပါတယ်။ ဒါဟာဗမာလူမျိုးရဲ့ ပြသနာတစ်ခုပါ။ ဒါပေမဲ့ ဒီပြသနာကို ဖြေရှင်းတဲ့ အခါ ခေတ်အဆက်ဆက် က နိုင်ငံရေးသမားတွေဟာ နာတာရှည်ရောဂါကို အမြစ်ဖြတ်ကုဖို့ မကြိုးစားပဲ အင်္ဂလိပ်ခေတ်မှာ အသေးစား ချေးငွေထုတ်ချေးပေးခဲ့တဲ့ ချစ်တီးကို အပြစ်တင်၊ မဆလ ခေတ်မှာ တရုတ်-ဗမာ အရေးအခင်းလုပ်ပြီး တရုတ်တွေဆီက ပစ္စည်းတွေကိုလု၊ န၀တခေတ် အဆက်ဆက် ကုလားတွေ ကို သတ်ပြီး ပစ္စည်းတွေကိုလု၊ အခု ခေတ်ပြောင်းလာတော့ တရုတ်ကို ထပ်မောင်းထုတ် မယ်အော် အစရှိတဲ့ ဓါးပြ ဆန်ဆန် အတွေး အခေါ်တွေနဲ့ ဗမာတွေ လတ်တလော ကောင်းဖို့ ဆေးမြီးတို ကိုပဲသုံးလာတာ အခုလဲ ဆက်ပြီးသုံးဖို့လုပ်နေ တွေးနေဆဲပဲ။
ဒီလိုတွေးတာလုပ်တာကို စစ်တပ်ကလုပ်သလို အတိုက်အခံအော်နေတဲ့ သူကလဲ လုပ်နေတာပဲ။ ဒီလိုလုပ်တာမှ ဗမာလူမျိုးကို ကာကွယ်တာလို့ ခံယူကြတာကိုး၊ ဒါမှလဲ အများကြိုက် မဲရပြီး ရပ်တည်နိုင်ကြမှာလေ။
ဒါပေမဲ့ မကြာသေးခင်က မြန်မာပြည်ပေါက် တရုတ်တွေကို စိတ်မပူဖို့ အတိုက်အခံခေါင်းဆောင် က မန္တလေးမှာ တရားဝင် ဖြေသိပ်ပေးခဲ့တာကိုကြားခဲ့ရပြန်ပါတယ်။မှတ်သားထားစရာတစ်ခုပါ။ မွတ်စလင်မ်တွေနဲ့ ပတ်သက်လို့က ကိုယ့်ဖက်က အားပေးပါတယ်ပြောမှ ဒါကို တွေ့ပါတယ်လို့ လှည်းကူးမှာ ပြန်ခဲ့တာကလွဲလို့ တခြားထူးခြားမှု မတွေ့ရသေးတာကို သတိထားရမှာဖြစ်ပါတယ်။
မျက်မှောက်ခေတ်မွတ်စလင်မ်
ဒီကနေ့ မွတ်စလင်မ်တွေ အနေနဲ့ အများစုဟာ ဒီမိုကရေစီရယင် အရင်ကထက်သာတဲ့ ဘ၀အခြေ အနေ တစ်ရပ်ကို ဖေါ်ဆောင်နိုင်မှာဖြစ်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ တိုင်းပြည်အတွက် ရရာနေရာ က တခြား သူတွေနဲ့ လက်တွဲ ပြီး တိုက်ပွဲဝင်တဲ့နေရာမှာရော တောင်းဆိုတဲ့နေရာမှာရော ထိပ်ဆုံး ကနေ ပါဝင်ခဲ့ပါ တယ်။ဒါပေမဲ့ မွတ်စလင်မ်တွေအနေနဲ့ သိထားရမှာက နိုင်ငံရေး အရပြောမယ် ဆိုယင် ဘယ်သူမှ အမြဲတမ်းမိတ်ဆွေမဟုတ်သလို အမြဲတမ်း ရန်သူ မဟုတ်ပါဘူး၊ ကိုယ့်မွတ်စလင်မ်တွေအတွက် အဓိက ဆိုပြီးတွေးမယ်ဆိုယင် ဘယ်ဘက်မှာပဲ ရပ်တည် ရပ်တည် ဘယ်တော့မှ အချင်းချင်း အမြဲတမ်း ရန်သူကြီးလို သဘောမထား မိစေဖို့ အရမ်း အရေးကြီးပါတယ်၊ သူများတွေအတွက် ကြီးကျယ်တဲ့ ရန်ဖက် ၂ ဖက် ဖြစ်နေပေမဲ့ ကိုယ်တွေအတွက်က ၂ ဖက်စလုံး ကသူတွေဟာ ကိုယ့်လူတွေပဲ ဆိုတာသိထား ရပါမယ်။ ဘယ်ဖက်မှာပဲ ရပ်တည်နေရပါစေ   နောက် ဆုံး ပန်းတိုင်ဟာ ကိုယ်ရောက်နေတဲ့နေရာက မွတ်စလင်မ်တွေကို နောက်ဆုံးမှာ ဘယ်လို အကျိုးပြုနိုင် မလဲဆိုတာကို အမြဲတမ်းစဉ်း စားတွေးခေါ်နေ ဖို့ပါပဲ။ မွတ်စလင်မ်တစ်ယောက် ဘယ်နေရာ မှာရှိရှိကောင်းနေတာပါပဲ။ တစ်ခုပဲ ကိုယ်ရောက်နေ တဲ့နေရာမှာ ကိုယ်ဟာနံမယ်ဆိုးနဲ့ အကြော်ကြား ဆုံးသူ ဖြစ်မသွားဖို့ပါပဲ။ ဒီလိုဖြစ်တာမှ တကယ့်ကို မွတ်စလင်မ်ကို သစ္စာဖေါက်တာ ခွင့်မလွှတ်နိုင်စရာ ပြစ်မူကြီးကို ကျူးလွန်တာဖြစ်သွားနိုင်တာကြောင့်ပါ။
ဗမာတွေရဲ့ ဒီမိုကရေစီနိုင်ငံသစ်မှာ တကယ်တော့ မွတ်စလင်မ်တွေဟာ အဆင်သင့်မဖြစ်ခဲ့ပါဘူး၊ လွပ်လပ်ရေး ရခါနီးအချိန်တုန်းကလောက်တောင် အဆင်သင့်မဖြစ်သေးတာကို ၀မ်းနည်းဖွယ် ရာတွေ့နေရပါတယ်၊ လွပ်လပ်ရေး ရပြီးတဲ့အချိန် ဗမက ရှိနေပေမဲ့ အခုပြောပလောက်တဲ့ နိုင်ငံရေး အခြေခံ အသင်းအဖွဲ့ တစ်ဖွဲ့ ရယ်လို့ပြောရလောက်အောင် ပီပီပြင်ပြင် မရှိသေးပါဘူး။ ထင်ရှားတဲ့ ခေါင်းဆောင်တွေ ထဲမှာ ရှိနေတဲ မွတ်စလင်မ် အရေအတွက်ဟာလဲ သိပ်မများတဲ့ အပြင် ရှိနေတဲ့ ဒီခေါင်းဆောင် ဆိုတာတွေကလဲ အခုအချိန်မှာ ဗမာ့ဒီမိုကရေစီရေးကိုပဲ ပိုပြီးအာရုံ စိုက်နေရတဲ့ အချိန်ဖြစ်နေပါတယ်။
လုပ်စရာတွေ အများကြီး လုပ်ဖို့လိုအပ်နေသေးတယ်ဆိုတာ အားလုံးတွေးမိနေကြပါပြီ ဒီတော့ ငါတို့ ဘာလုပ်ကြမလဲ ဆိုတာကို သေသေချာချာ စေ့စေ့တွေးပြီး အားလုံး စလုပ်ကြရပါတော့မယ်။
သိပ်မကြာသေးခင်က ကျောက်ပန်းတောင်းမှာ ပလီလုပ်တယ်ဆိုပြီးဖျက်ခံရတဲ့ အိမ်ရဲ့ အခြေအနေဟာ နောင်အနာဂါတ်မှာ ဖြစ်လာမဲ့ ဗမာ့ဒီမိုကရေစီနိုင်ငံ က ထင်ဟပ်ပြလိုက်တဲ့ ပုံရိပ်တစ်ခုဆိုယင်မမှားပါဘူး
ဒီလို အခြေအနေတွေကို ကြုံတွေနေရပေမဲ့ မွတ်စလင်မ်တွေအနေနဲ့ က အခုအချိန်အထိ အဓိကလုပ်ရမဲ့ အလုပ်ကို မလုပ်နိုင်သေးပဲရှိနေပါတယ်။
၈၈ အရေးအခင်းကာလ နောက်ပိုင်းတစ်လျောက်မှာ မွတ်စလင်မ်တွေဟာ အတိုက်အခံနဲ့ လက်တွဲပြီး   ဒီမိုကရေစီရဖို့အရေးကို ကြိုးပမ်းခဲ့ကြတယ်။ ဒီမိုကရေစီရယင်တော့ဖြင့် အနည်းဆုံး   နိုင်ငံသားတိုင်း လူပီသစွာ နေထိုင်နိုင်မယ်၊ တတိုင်းပြည်လုံးဒုက္ခတွင်းထဲကနေ အရင်ဆုံး ကယ်ထုတ်ဖို့ကြိုး ပမ်းကြရမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီမိုကရေစီအရေးအတွက် အားထုတ် ခဲ့ကြတယ်။ မွတ်စလင်မ်ကို အမြင် မကြည်အောင် သွေးခွဲနေတာ စစ်အုပ်စုရဲ့ သွေးခွဲအုပ်ချုပ်မူပဲလို့ ယုံကြည်ခဲ့ကြတယ်။ ဘုန်းကြီးတွေ ဗလီဖျက်ယင် ဒါကဘုန်းကြီးအတုတွေ ထောက် လှမ်းရေး ဘုန်းကြီးတွေပဲလို့ ပြောခဲ့ကြတယ်။ မိမိတို့အရေးထက် တိုင်းပြည်အရေးကို ဦးစားပေးခဲ့ကြတယ်။ မိမိတို့အရေးကို ရှေ့တမ်း မတင်မိဖို့ကိုလဲ သတိထားခဲ့ကြတယ်။ ပြည်တွင်းပြည်ပ မှာ မွတ်စလင်မ်နိုင်ငံရေးအဖွဲ့ အစည်းတွေအားလုံး ဒီကိစ္စမှာ တသံတည်းရှိခဲ့ကြတယ်။ ဒါပေမဲ့ ကွာခြားချက်က အရင်က ခေါင်းဆောင်တွေသွားခဲ့တဲ့ အတိုင်း ဗမာမွတ်စလင်မ်ဟာ ဗမာလို့ ခံယူပြီး ဆောင်ရွက်ခဲ့ကြတာဖြစ်ပေမဲ့ အရင်က ဗမက ရှိခဲ့ပြီး ယနေ့မှာဘာမှ မရှိတာပဲ။
မွတ်စလင်မ်အဖွဲ့ အစည်းတွေဟာ အတိုက်အခံဘက်က ပြတ်ပြတ်သားသားရပ်တည်ခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီင်္အတိုက်အခံ ဆိုသူတွေက ကိုယ်ဖက်ကို ပြန်ကြည့်ပေးဖို့ အတွက်ကိုယ့်ဖက်က ခိုင်မာတဲ့ အင်အား တစ်ရပ်မရှိဘူးဖြစ်နေကြတယ်။ မွတ်စလင်မ်အတိုက်အခံတွေဟကိုယ်တိုင်ကလဲ မပြောနိုင်၊ ပြောမယ် ဆိုယင်တောင် အချိန်မတန်သေးပဲ အခွင့်အရေးတောင်းတယ်ထင်ခံရပြီး အမြင်မကြည် မှာစိုးရိမ် နေရတဲ့ အနေအထားဖြစ်နေတယ်။ ဒါဟာလဲ အစကတည်းက သူများမျက်နှာကြည့်ပြီး ရပ်တည်ခဲ့ရလို့ပဲ။
ပြောင်းလဲလာတဲ့ ဒီကနေ့အခြေအနေမှာ ပြည်တွင်းမှာ မွတ်စလင်မ် လူမှုရေးအဖွဲ့ အစည်း အသင်း အဖွဲ့တွေဖွဲ့လာကြ စုစည်းလာကြတယ်။ ဒါပေမဲ့ အများစု နိုင်ငံရေးစိတ်ဝင်စားတဲ့ သူတွေက ဒီမိုကရေစီရေးမှာ အတိုက်အခံကိုအားပေးတဲ့ အဖွဲ့ငယ်လေးတွေဖြစ်လာသလို၊ အများစုက လူမှုရေး အဖွဲ့ငယ်လေးတွေ NGO လေးတွေဖြစ်လာခဲ့တယ်။ ပြည်တွင်းမှာ ရှိတဲ့ ဘာသာရေး အဖွဲ့အစည်းကြီးတွေ ကလဲ ဘာသာရေးဆိုတာကို တွဲလိုက်ရတဲ့အတွက် ထိရောက်တဲ့ ဦးဆောင် မှု ပေးဖို့အခက်အခဲ တွေရှိခဲ့ရ တယ်။ ဒါဘာသာရေး ကိစ္စမဟုတ်ဘူးဆိုတာနဲ့တင် ဆက်လှမ်းလို့မ ရဖြစ်နေတယ်။
ဖြစ်နေတာက ကိုယ့်အသိုင်းအ၀ိုင်းထဲမှာ ဒီအခြေအနေကို ပညာမပေးနိုင်ခဲ့တဲ့ အတွက်ကိုယ့် အင်အားတွေဟာ တကယ်လိုတဲ့ အချိန်မှာ စုစည်းဖို့ ခက်ခဲ့တာပဲဖြစ်တယ်။ သာမန် မွတ်စလင်မ်ပြည် သူတွေက ငါတို့တွေဟာ ဗမာတွေနဲ့ အတူတူပဲ၊့  ခွဲခြားဆက်ဆံခံရတာက စစ်အစိုးရကြောင့်ပဲဆိုပြီး ရိုးရိုးတွေးခဲ့ကြတယ်။ သမိုင်းမှာ ဦးရာဇတ်တို့ ရှိခဲ့တာကို သူတို့မမေ့လောက်ပါဘူး အနည်းဆုံး ဒီမိုကရေစီ အရေးကြိုးပမ်းသူတွေကြား စစ်တပ်ရဲ့ဖိနှိပ်ခံခဲ့ရတာခြင်း အတူတူ ခွဲခြားဆက်ဆံ မှာတော့မဟုတ်တန်ရာ ဘူးဆိုပြီး ယုံကြည်ခဲ့ကြတယ်။ ဒါပေမဲ့ လက်တွေ့မှာ ဒါဟာ အတွေးသက်သက်လောက်သာဖြစ်ခဲ့တယ်။
အခုဏပြောခဲ့တဲ့သလို အဖွဲ့ငယ်လေးတွေ အနေနဲ့ အတိုက်အခံကို အားပေးတာ လူမှုရေးလုပ် ငန်းတွေ ကို ဆောက်ရွက်တာတွေအားလုံးဟာ တကယ်ကောင်းတဲ့ အစပျိုးဆောင်ရွက် မှုတွေဖြစ်ပေမဲ့ ပင်မပင်စည် မရှိပဲ အကိုင်းအခက်တွေချည်းပဲ လှုပ်ယန်းနေရသလိုဖြစ်နေပါတယ်။ အများလေးစားမှု ခံရဖို့ အတွက် ပင်မဗဟို အင်အားစုတစ်ရပ်ဟာ ယနေ့မှာ သေရေးရှင်ရေးပမာ လိုအပ်နေပါပြီ။
ခေတ်တခေတ်ရဲ့ အပြောင်းအလဲတစ်ရပ်ကို ရောက်နေသည့်တိုင်အောင် ဒီအပြောင်းအလဲမှာ အကျိုးဖြစ် ထွန်းလာဖို့ ဒီကနေ့ အခက်အခဲဖြစ်နေရတာ မြန်မာမွတ်စလင်မ်တွေပဲဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်ဟာ အရမ်းနောက်ကျတယ်လို့ မဆိုနိုင်သေးပေမဲ့ အခုမှမလုပ်ခဲ့ယင် နောင်လုပ် ဖို့ တော်တော် ခက်တယ်လို့ ပြောရမှာပါ။
ကိုယ်တွေဖက်က အဆင့်သင့်မဖြစ်သေးပေမဲ့ အထက်က တင်ပြခဲ့ တဲ့ မွတ်စလင်မ် ဆန့်ကျင်ရေးတတိယ အင်အားစုကြီးဟာ တော်တော်ကြီး အုတ်မြစ်ခိုင်မာနေပါပြီင်္၊ ဒီမိုကရေစီခေတ်သစ်ရဲ့အစမှာပဲ MAI ကို မွတ်စလင်မ်တွေဗုံးခွဲ တော့မယ်ဆိုတဲ့ စာတွေဖြန့်ပြီး မွတ်စလင်မ်တွေကို အသေသတ်ဖို့ကြိုးစားခဲ့ပြီးပါပြီ။ ဒုတိယအဆင့်သာကေတ ကျောင်းကိုပိတ် ဖို့ကြိုးစားခဲ့တယ်၊ တတိယအနေနဲ့ ကျောက်ပန်းတောင်းမှာ အိမ်ဖျက်ခဲ့ကြတယ်၊ တလျောက်လုံးမှာလဲ ရိုဟင်ဂျာကိုဗန်းပြပြီး ပြည်မကမွတ်စလင်မ် တွေရဲ့ အကျိုး စီးပွားတွေကို ဖျက်စီးဖို့ တောက်လျောက်ကြံနေတယ်။ Burma VJ လို မီဒီယာသမားတွေက သတင်းတွေ ကို ပုံဖျက်ပြီး မွတ်စလင်မ်တွေကို ပြည်တွင်းမှာ အခက်အခဲတွေဖြစ် ပြည်ပကို   မောင်းထုတ်ဖို့ကြံနေ တယ်။
ဒါကြောင့် ဒီထက်ပိုပြီး စောင့်မနေကြပါနဲ့တော့ …..လုပ်သင့်လုပ်ထိုက်တာကို မတွေဝေပဲ စုပေါင်းဆောင် ရွက်ကြပါတော့လို့ ဒီနေရာက တိုက်တွန်းလိုက်ပါတယ်။
မိုးစွန်ကြယ် (Y.I.T)
၀၈-၀၄-၂၀၁၂

http://minzayyarmm.blogspot.com/2012/05/blog-post_6440.html

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s