နာမည်ဖြင့်ဆိုကာပသီအမည်ဖြင့်ပသီအမျိုးသားကွန်ဂရက် ပါတီမှတ်ပုံတင်၍မရ ပါတီအမည်ပြောင်းခိုင်း

 

 

 

တစ်ချိန်က ပသီမြို့ဟု ခေါ်တွင်ခြင်းခံခဲ့ရသော ပုသိမ်မြို့ သမိုင်းနှင့် အတူ မြန်မာသမိုင်းတွင် ဗမာများနှင့် နှစ်ပေါင်းများစွာ အတူနေထိုင်ခဲ့ကြသော အစ္စလာမ်ဘာသာကိုးကွယ် သော ပသီများက  ၄င်းတို့၏ ပသီအမျိုးသားကွန်ကရက်အား ယနေ့ ပြည်ထောင်စုအစိုးရ လက်ထက်တွင် ရွေးကောက်ပွဲ ကော်မရှင်သို့ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က  နိုင်ငံရေးပါတီ ထူထောင်ခွင့်တောင်းဆိုခဲ့ကြောင်း သတင်းရရှိပါသည်။

 

ပသီအမည်ဖြင့် ပသီအမျိုးသားကွန်ဂရက်ပါတီ

နာမည်ဖြင့်ဆိုကာပသီအမည်ဖြင့်ပသီအမျိုးသားကွန်ဂရက်

ပါတီမှတ်ပုံတင်၍မရ ပါတီအမည်ပြောင်းခိုင်း

မင်းမင်းလတ်-မန္တလေး(မြစ်မခ)
by Myit Makha Mediagroup on 18 May, 2012

ပါတီနာမည်ကြောင့်ဟုဆိုကာ ပသီအမျိုးသားကွန်ဂရက်ပါတီအမည်ဖြင့်မှတ်ပုံတင်ထားသောပါတီအား အမည် ပြန်လည်ပြောင်း လဲ   ပြင်ဆင် ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စာထုတ်ပြန်ခဲ့ကြောင်း သိရသည်။

“ပါတီတည်ထောင်ဖို့အတွက် ပသီအမျိုးသားကွန်ဂရက်နာမည်နဲ့ ကျနော်တို့ လျှောက်ခဲ့တယ်။အခုရွေးကောက် ပွဲကော်မရှင်ကနေ ပါတီနာမည် ပြန်လည်ပြင်ဆင်ပေးပါဆိုပြီး အကြောင်းကြားစာပို့လာတယ်။ ´´ ဟု ပါတီတည် ထောင်ရာတွင် ပါဝင်ခဲ့သူ ပသီဦးမောင်မောင်စိုးက ပြောသည်။
ရွေးကောက်ပွဲကော်မရှင်သည် ပသီအမျိုးသားကွန်ဂရက်ပါတီတည်ထောင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဋ္ဌာန(လ.၀.က)၏ လူမျိုးစာရင်း ကောက်ခံရာတွင် ပသီအမျိုးသား မရှိကြောင်းကို အဆိုပါ အကြောင်းကြားစာတွင် ထည့်သွင်းဖေါ်ပြ ထားပြီး ပါတီနာမည်သည် ပြည်ထောင်စုမပြိုကွဲရေးနှင့် တိုင်းရင်းသား စည်လုံးညီညွတ်မှုကို သွယ်ဝိုက်ထိခိုက်စေသည့်အတွက်ကြောင့် အခြားနာမည်နှင့် ပြန်လည်ပြင်ဆင်ရန်အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

“ ပသီအမျိုးသားဆိုတာ တကယ်ရှိပါတယ်။ ရှေးဘုရင်တွေ ခေတ်ကတည်းကကို မြန်မာပြည်မှာ နေခဲ့ကြတာပါ ၊ ဦးကုလား ရာဇ၀င်တွေ   မှန်နန်းရာဇ၀င်တွေမှာလဲ ပသီအမျိုးသားတွေအကြောင်း အခိုင်အမာ ဖေါ်ပြထားတာတွေ ရှိပါတယ်။ ´´ ဟု ပသီမောင်မောင်စိုးက ပြောပြသည်။

လက်ရှိပါတီအဖွဲ့အစည်းများတွင် လူမျိုးစုပါတီများ ဖွဲ့စည်းခွင့်ရှိပြီး ပါတီတည်ထောင်ခွင့်နှင့် ပတ်သတ်သော ဥပဒေတွင် လူမျိုး အမည်တပ်၍ ပါတီတည်ထောင်ခြင်းအာ ခွင့်မပြုဟု ဖေါ်ပြထားခြင်းမရှိကြောင်းကိုလည်း သိရသည်။

source : Myintmakha

News and Media

နိုင်ငံရေးပါတီများ

ကျန်းမာရေး

Mp3 Download

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s