မြန်မာနိုင်ငံသားအစ္စလာမ်ဘာသာ ဝင်တွေရဲ့ အမျိုးပျောက်မှာစိုးကြောက်ပါသည်

 

ကျွန်တော်တို့ အစ္စ လာမ်ဘာသာဝင်တွေဟာ မြန်မာနိုင်ငံထဲ မှာ ကျီးလန့်စာစား ဘဝမျိုးနဲ့ အမြဲနေနေ ကြတာလို့ပြောရယင် ကျွန်တော်မလွန်ပါ ဘူး။
ဒီအခြေအနေမှာ တိုင်းပြည်ထဲမှာနေတဲ့ အစ္စလာမ်ဘာသာ ဝင်တွေရဲ့ အသက်အိုးအိမ်စည်းစိမ် တွေကို မဆီမ ဆိုင် ထည့်ပြောလာတာကို ခြိမ်းခြောက်တယ်လို့ မသတ်မှတ်ရင် ကျွန်တော်ဘယ်လိုသတ်မှတ်ရမှာလဲ။

နယ်ခြားရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ပြသနာတခု-လူမျိုးရေးပြသနာ-နိုင်ငံရေး ပြသနာ-လူမျိုးစုပြသနာ-နိုင်ငံသားဖြစ်မှု မဖြစ်မှုပြသနာ ခင်ဗျားတို့ကြိုက်တဲ့ နာမယ်တတ်လို့ရတဲ့ပြသနာကို ဘာသာရေးပြသနာလုပ်နေတာကို ကျွန်တော်တို့  မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေ ခံနေရပါတယ်။

  1. ကျွန်တော်တို့အားလုံးကို ကုလား ကုလား လို့ခေါ်ပြီး  လူမျိုးရေးအရ ချိုးနှိမ်ခံနေရပါတယ်။
  2. တခါတရံ ကုလားဒိန်လို့ အခေါ်ခံရပါတယ်။
  3. မြန်မာနိုင်ငံက မြို့ တိုင်းမြို့တိုင်းမှာ အလှည့်ကျပုံစံမျိုးနဲ့ အမျိုးပျောက်မှာစိုးကြောက်ပါသည်ဆိုတဲ့ အစ္စလာမ်ဘာသာနဲ့ ဘာသာဝင်များကို မဟုတ်မမှန်စော်ကား မတရားစွတ်စွဲထားချက်များကိုရေး သား ထားတဲ့စာတွေဖြန့်ဝေနေပါတယ်။
  4. မန္တလေးဈေးချိုထဲမှာ မွတ်စလင်မ်ဆိုင်များက ကုန်ပစ္စည်းတွေ မဝယ်ဖို့ တားမြစ်တဲ့စာတွေ မကြာခဏ ဝေနေပါတယ်။ ဒီကနေ့ဆိုရင် ဈေးချိုထဲ မှာ သံဃာတပါးက မွတ်စလင်မ်ဆိုင်တွေမှာ ကုန်ပစ္စည်းဝယ် တဲ့သူတွေကို လိုက်တားလို့ အရောင်းအ ဝယ်တွေပျက်ခဲ့ကြရတယ်။
  5. Facebook ကိုတော့ ခင်ဗျားကိုယ်တိုင် သုံးနေတာဆိုတော့ လူတော်တော်များ များက ကျွန်တော်တို့ယုံကြည်ကိုးကွယ် တဲ့ သာသနာကို ဘယ်လောက်အထိ စော်ကား ပုတ်ခတ် ရေးသားနေကြတယ် ဆိုတာ အထူးပြောစရာမလိုဘဲခင်ဗျားသိ နိုင်ပါတယ်။
  6. ပြီးခဲ့တဲ့ သင်္ကြန်ရက်ပိုင်းကတင် ဆိုင်း တောင်နဲ့ ကမ္မမှာ အစ္စလာမ်ဘာသာရေး ဝတ်ပြုဆောင်တွေ၊ဗလီတွေအဖျက်စီးခံ ခဲ့ရပါတယ်။ကမ္မမှာ လူနေအိမ်တွေလဲ လုယက်ဖျက်ဆီးခံခဲ့ရပါတယ်။
  7. ဆိုင်းတောင် အမှုမှာ အတိုက်အခံနိုင်ငံရေးပါတီကြီးက လူ၁၂ယောက်ပါဝင်တာကိုရော၊ ဒေသခံ သံဃာတွေပါဝင်တာကိုရောအမည်နေ ရပ်သာမက သက်သေခံ ဓာတ်ပုံတွေနဲ့ တကွ တင်ပြတိုင်တန်းနိုင်တာကိုတောင် အရေးယူခြင်း သတင်းမှန်ထုတ်ပြန်ခြင်းမရှိပါဘူး။
  8. ကမ္မ မှာဖြစ်တာလဲ ကြံ့တွေပါတာကိုတိတိကျကျတိုင်ပါ လျက် ဒီလိုပါဘဲ။
  9. ဒီလိုပြသနာတွေက မြန်မာနိုင်ငံ တနံတလျားမှာ အမြဲဖန်တည်းနေကြ ဖြစ်နေကြဆိုတာ လွတ်လပ်တဲ့တိုင်းပြည်တခုမှာနေတဲ့ ခင်ဗျားအနေနဲ့ မသိဘူးဆိုတာ မရှိနိုင် ဘူးလို့ထင်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s