Myanmar Muslim Net Website

are highlighted: muslim burma

Bogyoke Aung San – U Rashid
STOP DISCRIMINATION
786 ဆိုတာ
ဗလီဝတ်ကျောင်းတော်ဆိုတာ
သူတို့ အဆို …
အခုအချိန်အထိသူတို့ဖက်က တစ်စုံ တစ်ရာ ပြောင်းလဲမူမရှိသေးပါဘူး ….

ဒါပေမဲ့ အစိုးရတွေ ပြောင်းလဲပေးဖို့
အရှေ့အလယ်ပိုင်းမှာ အာရပ်နွေဦး ငြိမ်းချမ်းစွာ လမ်းပေါ်ထွက် ဆန္ဒပျြတာတွေကို
သူတို့တွေ့တယ်လေ……

အပြုသဘော ဆောင်တဲ့ ပြောင်းလဲမူတွေ
အတွက်လူတွေလမ်းပေါ်ထွက် တောင်းဆို
တာမျိုးမြန်မာ အစိုးရအနေနဲ့
မလိုလားဘူးလေ…..

တကယ်လို့
လူတွေထွက်လာပြီဆိုယင်
သူတို့ကလဲ အရင်တုံးကလို
ပစ်ကြသတ်ကြ လုပ်ရအုံးမှာကိုး…..

Aung Din, the co-founder of the US Campaign for Burma
Welcome
Username:

Password:

[ Signup ]
[ Forgot password? ]
[ Resend Activation Email ]

အကြမ်းဖက်သမား သုဇန
ဝေနှင်းပွင့်သုန် ၏ မိန့်ခွန်း
မြန်မာမွတ်စလင်မီဒီယာ ဘလောက်ဂ်
QR code
qrcode
Islamic Faith
THERE IS NO GOD BUT ALLAH … MUHAMMED IS THE MESSENGER OF ALLAH
မြန်မာမွတ်စလင်မ်တို့ရဲ့ စစ်မှန်တဲ့ ရင်တွင်းကအသံ M.M.M
Tuesday 24 April 2012

ပြည်မြို့တွင် လျှပ်စစ်မီးအကြောင်းပြု မွတ်စလင်မ်များအား ကြံစည်

 ပြည်မြို့တွင် လျှပ်စစ်မီးပျက်မူဆန္ဒပြမည်ဟုလူစုပြီး

မွတ်စလင်မ်များအား အကြမ်းဖက်တိုက်ခိုက်ရန်ကြံ

ကံမအရေးအခင်းဖြစ်ပြီး ၂ ရက်ခန့်အကြာတွင် ပြည်မြို့ တွင် လျှပ်စစ်မီး လုံလောက်စွာမရရှိသဖြင့် ဆန္ဒပြကြမည်ဟု လူအချို့မှ လိုက်လံစည်းရုံးကြကြောင်း သတင်းရရှိပါသည်။ အဆိုပါ စည်းရုံးမှုကြောင့် လူ ၅၀ ခန့် ရွှေလှလှရပ်ကွက် ဂျင်းတန်းလမ်းတွင်စုရုံးမိကြပြီး NLD ပါတီဝင်တစ်ချို့လည်းပါဝင်ခဲ့ကြောင်း၊ လူစုထဲကတစ်ချို့ က ကဲအခုငါတို့ ဆင်မ်ဂျီးခြံကိုသွားကြမယ် ကုလားအိမ်တွေကိုဖျက်ရမယ်ဟု လှုံဆော်ခဲ့ရာ လူစုကြီးထဲမှ အများစုက သဘောတူညီမှုမရှိပဲ လူစုခွဲသွားခဲ့သဖြင့် အဆိုပါအကြမ်းဖက်ရန် လှုံဆော်ကြံစည်မူကြီးမှ အထမမြောက်ခဲ့ကြောင်းသိရပါသည်။
အဆိုပါ အခင်းမဖြစ်ပွားမီ ကပင် မွတ်စလင်မ်ဘာသာဝင်များအား အထင်အမြင်လွဲမှားစေရန် လုပ်ကြံဖန်တီးထားသော ၃ခေါက်ချိုးလက်ကမ်းစာစောင်များ ..

Read the rest…

–>

Read/Post Comment: 0 Tuesday 24 April 2012 – 05:53:22 | printer friendly
Monday 23 April 2012

–>

ဆိုင်းတောင် အစ္စလာမ် ၀တ်ကျောင်း ဖျက်စီးမူ နောက်ဆုံးရဓါတ်ပုံများ

–>

Read/Post Comment: 0 Monday 23 April 2012 – 07:42:13 | printer friendly

–>

ကံမ မင်းမဲ့စရိုက်အကြမ်းဖက်မှုနှင့်ပတ်သက်၍ သတင်းမှားအချို့ကိုရှင်းလင်း

  ကံမ မင်းမဲ့စရိုက် အကြမ်းဖက်မှုနှင့် ပတ်သက်၍ သတင်းမှား အချို့ကို ကာယကံမြောက် ကျူးလွန်ခံရသူ ဦးဌေးလွင် ရှင်းလင်း

သင်္ကြန်ကာလအတွင်း ဖြစ်ပွားခဲ့သည့် ကံမ အကြမ်းဖက်မှုကြီးသည် မီဒီယာအချို့တွင် ဖော်ပြသကဲ့သို့ ဟာဂျီမ ဒေါ်ဝါ၀ါ၏ ဆက်ဆံရေးမပြေပြစ်မှုကြောင့် အလုပ်သမားများက အလုပ်ရှင်ပိုင် အဆောက်အဦးနှင့် ပစ္စည်းများကို ဖျက်ဆီးခဲ့ခြင်းမဟုတ်ဘဲ ကြံ့ဖွံ့အမတ်များဖြစ်သည့် ဦးဝင်းနိုင်နှင့် ဦးတင်မျိုးလှိုင်တို့က ဦးဆောင်၍ စီးပွားရေး ပြိုင်ဆိုင်မှုကို လူမျိုးရေးပြဿနာအသွင် ဖန်တီး၍ တိုက်ခိုက်ခြင်းသာဖြစ်ကြောင်း ကာယကံမြောက် ကျူးလွန် ခံရသူ ဦးဌေးလွင်က Myanmarmuslim.net သို့ ပြောကြားသည်။

“ဒေါ်ဝါ၀ါရဲ့ အိမ်ကို ဖျက်တာ ဒေါ်ဝါ၀ါရဲ့ အလုပ်သမားတွေ မဟုတ်ပါဘူး။ ဆိပ်ကမ်းက ကုန်တင်ကုန်ချ အလုပ်သမားတွေပါ။ နီကျော်(ခ) မျိုးကျော်ဆွေနဲ့ ဇော်မင်းတို့ရဲ့ အလုပ်သမားတွေလည်း ပါတယ်” ဟု ဦးဌေးလွင်က ပြောကြားသည်။

“စက်လှေတွေက ဒေါ်ဝါ၀ါ ပိုင်တာလို့ပဲ အများကထင်ကြတာ တကယ်တော့ ကျွန်တော် ပိုင်တာပါ” ဟု အခြားမြို့တစ်မြို့တွင် တိမ်းရှောင်နေရသူ

Read the rest…

–>

Read/Post Comment: 0 Monday 23 April 2012 – 06:55:50 | printer friendly
Wednesday 18 April 2012

–>

ကံမတွင်ဗလီဝတ်ကျောင်းတော်တစ်လုံး နှင့် နေအိမ်များကို လုယက်ဖျက်စီးမူ အေï

–>

Read/Post Comment: 0 Wednesday 18 April 2012 – 16:07:48 | printer friendly
Tuesday 17 April 2012

–>

ဆိုင်းတောင် မွတ်စလင် ဗလီအား ဗုဒ္ဓဘာသာဝင်များ ဖြိုချဖျက်ဆီး

ကချင် kachinnews.com KNG မှကူးယူပါသည်

 ကချင်ပြည်နယ် အနောက်ဘက် ဖားကန့်မြို့နယ်တွင် ဧပြီလ ၁၂ ရက်နေ့က တည်ဆောက်ဆဲမွတ်စလင် ဗလီတစ်ခုအား ဗုဒ္ဓဘာသာရဟန်း သံဃာများနှင့် နောက်လိုက်တစ်ခုက ဖြိုချ ဖျက်ဆီးလိုက်သည်။

အပါး ၃၀ ခန့်ရှိ သံဃာများနှင့် ရာဂဏန်းရှိ ၎င်းတို့၏နောက်လိုက်များ ဆိုင်းတောင်မြို့ ရှမ်းကုန်းရပ်ကွက်ရှိ ထိုဆောက်လက်စဗလီသို့ ဒေသစံတော်ချိန် ညနေ ၄ နာရီနောက်ပိုင်း ရောက်ရှိလာပြီး ဗလီတည်ဆောက်မှုရပ်တန့်ရန် တောင်းဆိုကြသည်ဟု မျက်မြင်သက်သေများပြောသည်။

ထို့နောက် တည်ဆောက်ပြီးသည့်အပိုင်းကို ၎င်းတို့က စတင်ဖြိုဖျက်ကြရာ ၈ နာရီအကြာတွင် အားလုံးနီးပါး ဖျက်ဆီးလိုက်ကြသည် ဆိုသည်။

Read the rest…

–>

Read/Post Comment: 0 Tuesday 17 April 2012 – 14:05:19 | printer friendly

–>

ကံမ ဖျက်စီးမူ နောက်ဆက်တွဲသတင်း

 ဟာဂျီမ ဒေါ်ဝါ၀ါ ပိုင်တဲ့ နန္ဒာမြတ်နိုး(၁)စက်လှေကို တနင်္ဂနွေနေ့ညတွင်ထပ်မံ ဖျက်ဆီးခဲ့သည်။ (ပုံပါ)

ဟာဂျီမဒေါ်ဝါ၀ါအိမ်ကို ဖျက်ဆီးခံရသဖြင့် ကံမမြို့နယ်ရဲစခန်းသို့ ဟာဂျီမ ဒေါ်ဝါ၀ါ၏မောင် ဦးဌေးလွင်က သွားရောက်တိုင်ကြားခဲ့ရာ ကံမရဲစခန်းမှူးက
အမှုဖွင့်ပေးရန် ငြင်းဆိုခဲ့သည်။ “ကျွန်တော့်အဆင့်က အသေးအဖွဲအဆင့်ပဲရှိတယ်၊ ဒီကိစ္စက Heavy ဖြစ်တယ်။
ကျွန်တော်လုပ်မပေးနိုင်ဘူး၊ တိုင်းကလုပ်မှရမယ်။ ဒီကိစ္စက အဆင့်ဆင့်တင်ပြပြီး အထက်က ခွင့်ပြုမှလုပ်လို့ရမှာ၊ (၇)အိမ်ပျက်စီးတာမှာ
ခင်ဗျားအိမ်တစ်အိမ် တည်းကပဲ ဘာဖြစ်လို့လာပြီးအမှုဖွင့်တာလဲ” ဟု ကံမမြို့ ရဲစခန်းမှူးက ပြန်ပြောကြောင်း

Read the rest…

–>

Read/Post Comment: 0 Tuesday 17 April 2012 – 12:29:29 | printer friendly
Sunday 15 April 2012

–>

ကံမတွင်ဗလီဝတ်ကျောင်းတော်တစ်လုံး နှင့် နေအိမ်များကို လုယက်ဖျက်စီး

ကံမမြို့တွင်အစ္စလာမ်ဘာသာဝင်တို့၏ ပိုင်ဆိုင်မှုများနှင့် ဗလီဝတ်ကျောင်းတော်တစ်လုံး ဖျက်ဆီးလုယက်ခံနေရ

(သက်ဆိုင်ရာကအရေးယူမှုမရှိသဖြင့်ဖျက်ဆီးမှူများ
ဆက်လက်ဖြစ်ပေါ်ရန်အခြေအနေရှိနေ)

မကွေးတိုင်းဒေသကြီး ကံမမြို့နေ မွတ်စလင်မ်၁၀ဦးကျော်၏ နေအိမ်နှင့်
ပိုင်ဆိုင်မှုများအပါအ၀င် ဗလီဝတ်ကျောင်းတော် တစ်လုံးတို့ကိုဒေသ ခံဗုဒ္ဓဘာသာဝင်များနှင့် အခြားရွာအနီးမှ ဗုဒ္ဓဘာသာဝင်များက အကြမ်းဖက် ဖျက်ဆီး၊လုယက်မှူများပြုလုပ်ခဲ့ကြောင်း ကာယကံမြောက် ကျူးလွန်ခံရသူ နှစ်ဦးမှပြောကြားသည်။

ဖျက်ဆီးသူများသည် ယမန်နေ့ညတွင် ကံမမြို့အနီးရေနံသာရွာနေ
အစ္စလာမ်ဘာသာဝင်ဦးသိန်းလွင်၏ နေအိမ်ကိုလည်းဆက်လက်ဖျက်ဆီးခဲ့ကြောင်း လည်းကောင်းတို့က ဆက်လက်ပြောကြားသည်။

ဟာဂျီမဒေါ်ဝါ၀ါ ၏ အိမ်ကို ဖျက်ဆီးတယ်။…

Read the rest…

–>

Read/Post Comment: 0 Sunday 15 April 2012 – 15:56:44 | printer friendly
Wednesday 28 March 2012

–>

ဘာသာပေါင်းစုံ၊ တိုင်းရင်းသား ပေါင်းစုံ ဆုတောင်းပွဲ ရန်ကုန်မြို့၌ ပြုလု

Eleven မီဒီယာမှ ကူးယူဖော်ပြပါသည်။

72614  ကချင်ပြည်နယ် ငြိမ်းချမ်းရေး နှင့် မြစ်ဆုံ အရေးကိစ္စများအတွက် ဘာသာပေါင်းစုံ၊ တိုင်းရင်းသား ပေါင်းစုံ ပါဝင်သော ဆုတောင်းပွဲတစ်ရပ်ကို ၂၀၁၂ ခုနှစ် မတ်လ ၂၇ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်းရှိ ယုဒဿန် ဗိမာန်တော်တွင် ပြုလုပ်ခဲ့ပါသည်။

ဆုတောင်းပွဲကို ညနေ ၄ နာရီ အချိန်တွင် စတင်ခဲ့ပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူစသည့် ဘာသာကြီးလေးခုမှ တက်ရောက် လာသူများ၊ ကချင်ပြည်နယ် ဒေသခံများ၊ ကရင်၊ ရှမ်း၊ ချင်း၊ မွန်၊ ရခိုင်စသည့် တိုင်းရင်းသားများ၊ ၈၈ မျိုးဆက် ကျောင်းသားများ စသူတို့ ပါဝင်တက်ရောက်ခဲ့ကြပြီး ဆုတောင်းပွဲ ဖြစ်မြောက်ရန် ကရုဏာရှင် အမျိုးသမီးများအဖွဲ့မှ စီစဉ်ခဲ့ခြင်း ဖြစ်သည်။

Read the rest…

–>

Read/Post Comment: 0 Wednesday 28 March 2012 – 07:22:58 | printer friendly
Tuesday 27 March 2012

–>

အစ္စလာမ်ကာင်စီ(၁၆)ကြိမ်မြောက်ညီလာခံမှနိုင်ငံတော်သို့ပန်ကြား

  အစ္စလာမ်သာသနာရေးရာကောင်စီ က ၄င်း၏ ၁၆ ကြိမ်မြောက် ညီလာခံ ကျင်းပခဲ့ပြီး အဆိုပါညီလာခံတွင် မြန်မာမွတ်စလင်မ်များ၏ မျက်မှောက်ကြုံတွေ့ ခံစားနေရသော အရေးများနှင့်ပတ်သက်ပြီး အောက်ပါအချက် (၆)ချက်အား နိုင်ငံတော် သို့ပန်ကြားတင်ပြ ခဲ့ကြောင်း-

အဆိုပါအချက် (၆) ချက်မှာ
ပန်ကြားချက် (၁) …… အစ္စလာမ့်ဝတ်ပြုဆောင်များ၊ ဘာသာရေးစာသင်ကျောင်းများနှင့် သာသနာ့မြေများကိစ္စ
ပန်ကြားချက် (၂) …… နိုင်ငံသားစိစစ်ရေး ကဒ်ပြားကိစ္စ
ပန်ကြားချက် (၃) …… ရခိုင်ပြည်နယ်ရှိ အစ္စလာမ်သာသနာဝင်များကိစ္စ
ပန်ကြားချက် (၄) ……ဆော်ဒီအာရေဗျ နိုင်ငံသို့ သွားရောက်၍ ဟဂ်ျပြုခြင်းကိစ္စ
ပန်ကြားချက် (၅) …… ဘာသာပေါင်းစုံ ချစ်ကြည်မူ အထောက်အကူဖြစ်စေရေးကိစ္စ နှင့်
ပန်ကြားချက် (၆) …… နိုင်ငံတော် သမ္မတထံ အစ္စလာမ့်ရေးရာများ တွေ့ဆုံတင်ပြခွင့်ကိစ္စ များပါဝင်ကြောင်း သတင်းရရှိပါသည်

ပန်ကြားချက်အသေးစိတ်ကို ဖတ်ရှုလိုပါလျင် ပုံပေါ်ကိုနှိပ်ပါ

–>

Read/Post Comment: 0 Tuesday 27 March 2012 – 08:42:38 | printer friendly

–>

အစိုးရဆေးရုံများအတွက် ဆော်ဒီမှ ‘ကန်’ဒေါ်လာသန်း ၂၀ ချေးငှားမည်

မြန်မာတိုင်း(မ်)
ဇော်ဝင်းသန်း
အတွဲ ၂၈ ၊ အမှတ် ၅၅၉ ( ၂ – ၈ ၊ ၃၊ ၂၀၁၂)

မြန်မာ့နိုင်ငံရေး အပြုသဘောဆောင် တိုးတက်ပြောင်းလဲမှုကို အသိအမှတ်ပြု သည့်အနေဖြင့် ဆော်ဒီရန်ပုံငွေ ထူထောင်ရေးအဖွဲ့က မြန်မာအစိုးရပိုင် ဆေးရုံး၊ ဆေးခန်းများတွင် ကျန်းမာ ရေးဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာ စေရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ချေးငှားရန် သဘောတူလိုက် ကြောင်း ရန်ကုန်မြို့ရှိ ဆော်ဒီအာရေဗျ သံရုံးမှ သတင်းထုတ်ပြန်သည်။ အဆိုပါချေးငှားငွေအား အစိုးရဆေး ရုံ၊ ဆေးခန်းတွင်

Read the rest…

–>

Read/Post Comment: 0 Tuesday 27 March 2012 – 07:29:43 | printer friendly

–>

ဒေါ်အောင်ဆန်းစုကြည်ကို ပါကစ္စတန် သမ္မတ ဒီမိုကရေစီဆု ချီးမြှင့်

Written by The Voice Weekly Wednesday, 01 February 2012 12:41

ပါကစ္စတန် သမ္မတ Mr. Asif Ali Zardari က ဒေါ်အောင်ဆန်းစုကြည်၏ အကြမ်းမဖက် ငြိမ်းချမ်းသော နည်းလမ်းများဖြင့် ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို ဂုဏ်ပြုသော အားဖြင့် Benazir Bhutto ဒီမိုကရေစီဆု ပေးအပ် ချီးမြှင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ခြံဝင်းအတွင်း ပြုလုပ်သော ဆုပေးပွဲ အခမ်းအနားတွင် ပြောကြားသည်။

၂၀ဝ၇ ခုနှစ်တွင် လုပ်ကြံသတ်ဖြတ် ခံခဲ့ရသော ပါကစ္စတန် ဒီမိုကရေစီ အရေး လှုပ်ရှားသူ ဝန်ကြီးချုပ်ဟောင်း Benazir Bhutto Shaheed ကို အမှတ်တရ ဂုဏ်ပြုသောအားဖြင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယင်းဆု ချီးမြှင့်ခြင်း ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် Benazir Bhutto Shaheed ဆု ရရှိသော ပထမဆုံး ဒီမိုကရေစီ အရေး လှုပ်ရှားသူ ဖြစ်လာကြောင်း ပါကစ္စတန် အစိုးရ၏ ထုတ်ပြန်ချက် အရ သိရှိရသည်။

Read the rest…

–>

Read/Post Comment: 0 Tuesday 27 March 2012 – 06:58:39 | printer friendly
Wednesday 29 February 2012

–>

ကျောင်းသား လှုပ်ရှားမှုသမိုင်း ရေးခဲ့သူ ကိုအောင်ထွန်းနှင့် ၂၀၀၉ မှ interview

ပြီးခဲ့တဲ့အပတ်က ကျောင်းသားလှုပ်ရှားမှုများအကြောင်းနဲ့ ကျောင်းသားလှုပ်ရှားမှုသမိုင်း ပြုစုလို့ အကျဉ်းချခံခဲ့ရတဲ့ ကိုအောင်ထွန်းအကြောင်း တင်ပြခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ စက်တင်ဘာလ ၁၈ ရက်နေ့မှာ အာဏာပိုင်တွေက ကိုအောင်ထွန်းကို အကျဉ်းထောင်က ပြန်လွှတ်ပေးခဲ့ပါတယ်။ မဆလ ခေတ်နှောင်းပိုင်းကနေ နောက်ပိုင်းကာလ တလျှောက်လုံး ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ ကိုအောင်ထွန်းဟာ စုစုပေါင်း ၁၁ နှစ် ၇ လ ၂၁ ရက် အကျဉ်းချခံခဲ့ရပါတယ်။ လက်ရှိ စစ်အစိုးရ လက်ထက်မှာ ၂ ကြိမ် အကျဉ်းချခံခဲ့ရပြီး ၁၉၉ဝ ပြည့်နှစ်ကလည်း ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။

သူပြုစုတဲ့ သမိုင်းစာအုပ်မှာ ဘယ်လိုအချက်အလက်တွေ ပါဝင်လို့ ဒီလို နှစ်ရှည် ထောင်ချခံခဲ့ရပါသလဲ။ တကယ်တော့ ကိုအောင်ထွန်း ပြုစုခဲ့တဲ့ သမိုင်းစာအုပ်မှာ ကိုလိုနီခေတ်ကနေ တော်လှန်ရေးကောင်စီ ခေတ်အတွင်းက သမိုင်းတွေပဲ ပါဝင်ခဲ့တာပါ။ လက်ရှိစစ်အစိုးရနဲ့ ပတ်သက်တယ်လို့ ပြောနိုင်လောက်စရာက နိဂုံးမှာ ဖော်ပြထားတဲ့ ကိုအောင်ထွန်းရဲ့ ကဗျာတစ်ပုဒ်ပဲ ရှိပါတယ်။

Read the rest…

–>

Read/Post Comment: 0 Wednesday 29 February 2012 – 03:14:54 | printer friendly
Sunday 26 February 2012

–>

ဒေါ်အောင်ဆန်းစုကြည် ကို ဒေါ်အင်ဖန်ဂျာရာ ပြောခဲ့တဲ့စကားတွေ

မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၅၊ ၂၀၁၂ (YPI) (ဆိုင်းဆွတ်)
ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ ည ၈နာရီ မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမမှာ ကချင်ပြည်နယ်သို့ စည်းရုံးရေး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ခေါင်းဆောင်းများ၊ ဘာသာရေး ခေါင်းဆောင်များနဲ့ ညစာအတူစားခဲ့ကြပါတယ်။ ထိုစဉ်က ကချင်အတိုင်ပင်ခံအဖွဲ့ နာယက
ဒေါ်အင်ဖန်ဂျာရာ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြောဆိုကြတဲ့အကြောင်းကို YPI သတင်းထောက်က ဒေါ်အင်ဖန်ဂျာရာကို မေးမြန်းထားပါတယ်။
ဒေါ်အင်ဖန်ဂျာရာ။ ။ ည ၈နာရီ ကနေ စပြီး ၁၀ နာရီ လောက်အထိ စကားပြောဖြစ်ခဲ့ပါတယ် သူက အဖွားကို မေးခွန်း နှစ်ခုပဲမေးပါတယ်။

အဲဒါတွေက
၁- KIA က ဘာလို့ဖြစ်လာတာလဲ
၂ – ဒီနေ့အထိ ဘာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးလို့ မရသေးတာလဲ
ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က မေးခဲ့ပါတယ်။ အရမ်းအရေးကြီးတဲ့ မေးခွန်တွေကို သူမေးခဲ့ပါတယ်။

Read the rest…

–>

Read/Post Comment: 0 Sunday 26 February 2012 – 12:10:53 | printer friendly

–>

မြအေး(သို့မဟုတ်) နိုင်ငံရေးကို သီချင်းရေး၍ ဘောလုံးကန်သည်

မြအေး(သို့မဟုတ်) နိုင်ငံရေးကို သီချင်းရေး၍ ဘောလုံးကန်သည်

weekly eleven မှကူးယူဖေါ်ပြပါသည်

နှင်းတွေတဖွဲဖွဲကျနေသည်။ မြူနှင်းတွေလား၊ မီးခိုးလား မသဲကွဲခင် အချိန်ပိုင်းလေးတွင် တောင်ကြီးသို့ သူရောက်လာသည်။ တကယ်တော့ သူ့ကိုအင်းစိန်ကနေ လွိုင်ကော်ထောင်သို့ ရွှေ့ပြောင်းပေးခဲ့သည်။ သူနှင့် အဆက်ပြတ်သွားခဲ့သည်မှာ နှစ်နှစ်ခန့်ရှိပြီ။ နောက်တော့ သူ့ရဲ့ကျန်းမာရေးမကောင်းလှဟု ကြားသိရသည်။ လွိုင်ကော်အပြင်ဆေးရုံကြီးသို့ တက်ရောက်ကုသရသည်။ ကျွန်တော်တို့အားလုံးလည်း သူ့အတွက် စိုးရိမ်နေကြပါသည်။ ခုတော့ စ၀်စံထွန်းဆေးရုံကြီးနှင့် နီးနီးနားနားနေနိုင်အောင် သက်ဆိုင်ရာက စီစဉ်ပေးလိုက်ခြင်း ဖြစ်မည်ထင်သည်။

Read the rest…

–>

Read/Post Comment: 0 Sunday 26 February 2012 – 06:07:14 | printer friendly

–>

မြန်မာပြည် ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေး

   မြန်မာပြည် ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေး

Irrawaddy မှ ကူးယူဖေါ်ပြပါသည်

ဦးရာဇတ်၏ သားဖြစ်သော ဒေါက်တာမြတ်ထူးရာဇတ် ၏
Myat Htoo Razak ၏ Building Country Ownership in Burma ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

(ဒေါက်တာ မြတ်ထူးရာဇတ်သည် အာရှနှင့် အာဖရိကAတွင်း HIV/AIDS ဆိုင်ရာ သုတေသနလုပ်ငန်း၊ ကုသ အကူမညီပေးခြင်းနှင့် ကျန်းမာရေးလုပ်သားများ
အရည်အချင်းမြှင့်တင်ပေးသော နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်နေသော မြန်မာဆရာဝန်တဦးဖြစ်သည်။ ၂၀၀၉ မှစ၍
အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျက်ရှိပြီး ကမ္ဘာ့ကျန်းမာရေးနှင့် ကျန်းမာရေးစနစ်များ တိုးတက်ကောင်းမွန်စေရေး လုပ်ကိုင်လျက်ရှိသည်။)

Read the rest…

–>

Read/Post Comment: 0 Sunday 26 February 2012 – 05:49:25 | printer friendly

–>

ပခုက္ကူတက္ကသိုလ် ဌာနမှူးက ချင်းကျောင်းသူတဦးအား လူမျိုးရေးအရ စော်ကား

လူမျိုးရေးစော်ကားမှုအပေါ် အထက်သို့ မတင်ပြရန်
လက်ထောက် ကထိက မှ ချင်းကျောင်းသားများအား တောင်းဆို

ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 15 ရက် 2012 ခုနှစ် သတင်း ခိုနူမ်းထုန် သတင်းဌာန
ပခုက္ကူတက္ကသိုလ် ဌာနမှူးက ချင်းကျောင်းသူတဦးအား လူမျိုးရေးအရ စော်ကားပြောဆိုမှုအပေါ် အထက်သို့ တင်ပြ အကြောင်းကြားခြင်းမပြုရန် ချင်းကျောင်းသားခေါင်းဆောင် များအား တောင်းဆိုခဲ့ ကြောင်း သိရသည်။ ၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလ (၂) ရက်နေ့  က လက်ထောက် ကထိက၊ ရုက္ခဗေဒ ဒုတိယနှစ်ဂုဏ်ထူး တန်း ၊ ဆရာမ ဒေါက်တာ ဒေါ်ခိုင်ခိုင်မြင့် (မုံရွာ) က ချင်းကျောင်းသားများ အား လူမျိုးရေးအရ နှိမ့်ချ ပြောဆိုခဲ့သော ကြောင့် တက္ကသိုလ် မော်ကွန်းထိန်းထံ ဆရာမအား အရေးယူပေးပါရန် ချင်းစာပေနှင့် ယဉ်ကျေးမှုကော်မီတီက တင်ပြကြသည်။

ယမန်နေ့  Botany ဌာနတွင်ပြုလုပ်သည့် အစည်းအဝေး၌ …..

 

Read the rest…

–>

Read/Post Comment: 0 Sunday 26 February 2012 – 05:05:23 | printer friendly

–>

မူစယ်မြို့တွင် အစ္စလာမ်ဘာသာဝင်များ ဘုရားဝတ်ပြုခြင်း ပြန်လည်ခွင့်ပြု

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့တွင် လွန်ခဲ့သည့်နှစ် ဂျူလိုင်လပိုင်းကတည်းက ပိတ်ပင်ထားသည့် အစ္စလာမ် ဘာသာဝင်များ၏ ဘာသာရေးအရ ဘုရားဝတ်ပြုခြင်းကို  ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့မှစ၍ ပြန်လည်ခွင့်ပြုကြောင်း သိရသည်။

မူစယ်မြို့ ၄၅ ကုန်းနှင့်တောင်ရပ်ကွက်ရှိ လူနေအိမ်နှစ်လုံး၌ ဗလီကဲ့သို့ ဘုရားဝတ်ပြုနေသဖြင့် ပိတ်ပင်ထား ခြင်း ဖြစ်ပြီး အဆိုပါနေရာများတွင် ၀တ်ပြုရန် မူစယ်မြို့အုပ်ချုပ်ရေး အာဏာပိုင်များက ပြန်လည် ခွင့်ပြုလိုက် ခြင်း ဖြစ်ကြောင်း အာဏာပိုင် အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

သောကြာနေ့၊ ဖေဖေါ်ဝါရီလ 24 ရက် 2012 ခုနှစ်
သတင်း သျှမ်းသံတော်ဆင့်သတင်း မှကူးယူဖေါ်ပြပါသည်။

Read the rest…

–>

Read/Post Comment: 0 Sunday 26 February 2012 – 04:54:45 | printer friendly
Friday 24 February 2012

–>

ကိုရန် (Qur’an) မီးရှို့မှု အိုဘားမားတောင်းပန်

ဒေါက်တာလွဏ်းဆွေ Site မှကူးယူဖေါ်ပြပါသည်

အာဖဂန်နစ္စတန် နိုင်ငံမှာရှိတဲ့ မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (NATO) စစ်စခန်းတခုမှာ အစ္စလာမ် ကိုရန်ကျမ်းစာတွေကို မီးရှို့ဖို့ ကြိုးပမ်းတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ တမင်သက်သက် မရည်ရွယ်ဘဲ ဘာသာရေးပစ္စည်းတွေကို ထိခိုက်မိတဲ့ အဖြစ်အပျက်တခုအဖြစ် အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက တောင်းပန်စာတစောင် ပေးပို့ခဲ့ကြောင်း အာဖဂန် သမ္မတ Hamid Karzai ရဲ့ ရုံးက ပြောပါတယ်။ အဖြစ်အပျက်နဲ့ ပတ်သက်လို့ မကျေမနပ် ဆန္ဒပြပွဲတွေ ဖြစ်ပွားနေချိန်မှာပဲ နိုင်ငံအရှေ့ပိုင်းမှာ အာဖဂန် စစ်ဝတ်စုံ ဝတ်ဆင်ထားသူ တယောက်ရဲ့ပစ်ခတ်မှုကြောင့် ညွန့်ပေါင်း တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး သွားခဲ့ကြောင်းလည်း NATO တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ ပြောခဲ့တာပါ။

Read the rest…

–>

Read/Post Comment: 0 Friday 24 February 2012 – 13:17:49 | printer friendly
Sunday 19 February 2012

–>

ထောင်မှလွတ်မြောက်လာသူ NLD တာဝန်ခံဟောင်း ဒေါ်ဝင်းမြမြနှင့် အင်တာဗျူး

–>

Read/Post Comment: 0 Sunday 19 February 2012 – 07:46:50 | printer friendly

–>

ပသီ အမျိုးသားကွန်ကရက် ပါတီ မှတ်ပုံတင်

တစ်ချိန်က ပသီမြို့ဟု ခေါ်တွင်ခြင်းခံခဲ့ရသော ပုသိမ်မြို့ သမိုင်းနှင့် အတူ မြန်မာသမိုင်းတွင် ဗမာများနှင့် နှစ်ပေါင်းများစွာ အတူနေထိုင်ခဲ့ကြသော အစ္စလာမ်ဘာသာကိုးကွယ် သော ပသီများက  ၄င်းတို့၏ ပသီအမျိုးသားကွန်ကရက်အား ယနေ့ ပြည်ထောင်စုအစိုးရ လက်ထက်တွင် ရွေးကောက်ပွဲ ကော်မရှင်သို့ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က  နိုင်ငံရေးပါတီ ထူထောင်ခွင့်တောင်းဆိုခဲ့ကြောင်း သတင်းရရှိပါသည်။

–>

Read/Post Comment: 0 Sunday 19 February 2012 – 06:32:47 | printer friendly
M.M.M
အကြံကုန် ဆားချက်တဲ့ ရွှေည၀ါ webmaster @ (19 Feb : 05:49) (မြန်မာ မွတ်စလင်မ် သတင်း)
မြန်မာမွတ်(စ်)လင်မ်များလည်း ဒေါ်စုကိုကြို webmaster @ (19 Feb : 05:09) (မြန်မာ မွတ်စလင်မ် သတင်း)
ကိုမြအေး ပြန်လွတ်ပြီ … webmaster @ (13 Jan : 13:44) (မြန်မာ မွတ်စလင်မ် သတင်း)
News Categories
ကဗျာ ကမ္ဘာ့ မွတ်စလင်မ် သတင်း

ကာတွန်း
ဓါတ်ပုံ ဗီဒီယို အထွေထွေ သတင်း

ဆောင်းပါး မြန်မာ မွတ်စလင်မ် သတင်း

မြန်မာသတင်း

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s