63 – ဦးသောင်းညွန့် (သတင်းထောက်သောင်းညွန့်-ဖျာပုံ)

ဦးသောင်းညွန့် (သတင်းထောက်သောင်းညွန့်-ဖျာပုံ)

 

 

အဖ ဦးတင်မောင်၊ အမိဒေါ်စိန်တို့မှ ၁၉၄၈-ခုနှစ် မတ်လ(၅)ရက်နေ့တွင် အမှတ်-၁၀၈၊ ၁၁-လမ်း၊ ၁၀-ရပ်ကွက် ဖျာပုံမြို့၌ မွေးဖွားသည်။ ဖျာပုံမြို့ အ.ထ.က(၃)တွင် အထက်တန်းအတိ ပညာသင်ယူခဲ့သည်။ ၁၉၆၆-ခုနှစ်တွင် ရန်ကုန်သတင်းစာ၊ မြန်မာ့သတင်းစာ၊ ဗိုလ်တထောင်သတင်းစာ၊ ကြေးမုံသတင်းစာ၊ ဂါဒီယန်သတင်းစာများနှင့် သတင်းဂျာနယ်တို့၌ သတင်းနှင့် သတင်းဆောင်းပါးများ စတင်ရေးသားပြီး စာပေနယ်သို့ ၀င်ရောက်ခဲ့သည်။ နိုင်ငံသားစိစစ်ရေးအမှတ်မှာ (၁၄/ဖပန(နိုင်)၀၆၁၉၈၈)ဖြစ်ပြီး စာပေနှင့် စာနယ်ဇင်းအဖွဲ့ဝင်အမှတ်-၀၁၇၆ ဖြစ်သည်။

၂၀၀၃-ခုနှစ်အတွက် စာပေဗိမာန် စာမူပြိုင်ပွဲတွင် “အမျိုးသမီးများသိမှတ်ဖွယ်ရာ ဥပဒေရေးရာ”စာမူဖြင့် သုတပဒေသာ(၀ိဇ္ဖာပညာရပ်) ပထမဆု၊ ၂၀၀၄-ခုနှစ် “စာပေရေးသားခြင်းဆိုင်ရာ ဥပဒေရေးရာ”စာမူဖြင့် သုတပဒေသာ(၀ိဇ္ဖာပညာရပ်) ဒုတိယဆု၊ ၂၀၀၅-ခုနှစ်အတွက် “ထင်ပေါ်ကျော်ကြား မြန်မာသတင်းစာဆရာကြီးများ”စာမူဖြင့် စာပဒေသာ ဒုတိယဆုရရှိခဲ့သည်။ မြန်မာ့အလင်းသတင်းစာတွင် သတင်းထောက်အမှတ်-၃၇၉ ဖြင့်လည်းကောင်း၊ ကြေးမုံသတင်းစာတွင် သတင်းထောက်အမှတ်-၁၆၈ ဖြင့်လည်းကောင်းသတင်းများ ရေးသားလျက်ရှိပြီး ဂျာနယ်အချို့တွင် သတင်းများ ရေးသားလျက်ရှိသည်။

အမည်ရင်းမှာ ဦးသောင်းညွန့်ဖြစ်ပြီး ကလောင်အမည်မှာ သတင်းထောက်သောင်းညွန့်(ဖျာပုံ)ဖြစ်ပါသည်။ နေရပ်လိပ်စာမှာ အမှတ်(၁၀၈)၊ ၁၁-လမ်း၊ ၁၀-ရပ်ကွက်၊ ဖျာပုံမြို့နယ် ဖြစ်ပါသည်။

 

သတင်းထောက်သောင်းညွန့်(ဖျာပုံ)၏ အမျိုးသမီးများသိမှတ်ဖွယ်ရာ ဥပဒေရေးရာ (ဒုတိယအကြိမ်) ထုတ်နှုတ်ဖော်ပြပါသည်။

 

=================================

 

ကျွန်မ ဖျာပုံမြို့ကိုရောက်စဉ် ဆရာဦးသောင်းညွန့်နှင့် ဆုံတွေ့ခဲ့သည်။ ကျွန်မကြားဖူးခဲ့သော ဆရာ့ဘ၀တစ်စေ့တစ်စောင်းကိုလည်းမေးကြည့်မိသည်။ ဆရာကလည်း သူ့ဘ၀အတွေ့အကြုံအချို့ကို ပြောပြခဲ့ပါသည်။ ဆရာ့ဘ၀အကြောင်းလေးကို စာမူလေးရေးပေးပါရန် ဆရာ့ကို မေတ္တာရပ်ခံခဲ့သည်။ ဆရာမှလည်း ရေးပေးပါမည်ဟု ပြောခဲ့သည်။ ဆရာသည် ယခုလက်ရှိတွင် ဖျာပုံမြို့နယ် စာပေနှင့်စာနယ်ဇင်းအဖွဲ့ဝင်တွင် တာဝန်ယူလုပ်ဆောင်နေပါသည်။ နောက်ပိုင်း ဆရာနှင့်ကျွန်မ ပြန်မဆုံဖြစ်သေးပါ။ ဆရာနှင့်ဆုံစဉ် သူ၏ စာပေဗိမာန်စာမူဆုရစာအုပ် ၃-အုပ်ကို ဆရာမှ ကျွန်မကို လက်ဆောင်ပေးလိုက်ပါသည်။ ကျေးဇူးတင်ပါတယ်။ နောက်တစ်ခေါက် ဖျာပုံမြို့ကိုရောက်ခဲ့ပါက ဆရာဦးသောင်းညွန့်နှင့်တွေ့ဆုံပြီး အင်တာဗျူးလုပ်ပြီး ပို့စ်တစ်ခုအဖြစ် ဖန်တီးပါဦးမည်။

Credit : Posted by Waing ,MMSY

One thought on “63 – ဦးသောင်းညွန့် (သတင်းထောက်သောင်းညွန့်-ဖျာပုံ)

  1. ဆောင်းပါးရှည်များလည်းဆက်ရေးပေးပါအုံး ကျေးဇူးတင်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s