49 – အာဇာနည် အမျိုးသားခေါင်းဆောင်ကြီး ဦးရာဇတ်နေ့ မန္တေလးတွင်ကျင်းပ

အာဇာနည် အမျိုးသားခေါင်းဆောင်ကြီး ဦးရာဇာတ် နှစ်တစ်ရာမြောက်မွေးနေ့အဖြစ် ဦးရာဇတ်နေ့

အခမ်းအနားကို ဒီကနေ့ နေ့လယ် ၁း၃၀ နာရီက မန္တလေးမြို့ ၆၄ လမ်း ၂၇ လမ်းထောင့်ရှိ အိုရီယမ်

တ်ာဟောက်စ် မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားမှာ ဆရာကြီး ဦးရာဇတ်နေ့ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွှန့်က

အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသူအားလုံးမှ မိမိတို့ကိုးကွယ်ရာဘာသာအလိုက် ၂ မိနစ်ခန့်ငြိမ်သက်ဆုတောင်းမေတ္တာပို့သခဲ့ကြပါတယ်။
ယင်းနောက် ဆရာကြီးဦးရာဇတ်၏ အထ္တုပတ္တိကို ကိုကျော်မိုးအောင်ကဖတ်ကြားခဲ့ပါတယ်။ အဲဒီနောက် မြန်မာမွတ်ဆလင်ပညာရေးနှင့်ယဉ်ကျေးမှုလူမှုအဖွဲ့အစည်းမှ ကိုဇော်မင်းထွန်းက ဆရာကြီး

ဦးရာဇတ်နေ့ ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်

ဘုရာကြီး ၊ တောင်ထီးလင်းတိုက် ဆရာတော်ဘုရားကြီးနှင့် သီတဂူဆရာတော် ရှင်ညာဏိဿရတို့မှ အသီး

သီးသြ၀ါဒစကား မိန့်ကြားခဲ့ပါတယ်။ယင်းနောက် ဆရာကြီး၏သားဖြစ်သူမှ ဆရာကြီး ဦးရာဇတ်နှင့်ပတ်သက်၍

အမှတ်တရစကားပြောကြားခဲ့သလို ၊ ငြိမ်းချမ်းရေးစာဆို ကဗျာဆရာကြီး ဒဂုန်တာရာနှင့် မြန်မာ့လွတ်လပ်ရေးဖခင်

ဗိုလ်ချုပ်အောင်ဆန်းမိသားစုဝင်တစ်ဦးဖြစ်သူဒေါ် အောင်ဆန်းစုကြည် တို့မှ ပေးပို့သည့် သ၀ဏ်လွှာ အသီးသီးကို

ဖတ်ကြားခဲ့ကြောင်းသိရပါတယ်။
ဆက်လက်၍ ဆရာကြီး ဦးရာဇတ်၏ အထ္တုပတ္တိကျမ်းကိုရေးသားခဲ့သည့် စာရေးဆရာဝမ်းအိုဝမ်းကျော်ဝင်းမောင်၊ ဆရာကြီး၏တပည့်တစ်ဦးဖြစ်ခဲ့ဖူးသည့် သိပ်ပံမှူးတင်တို့ကအမှတ်တရစကားများပြောကြားခဲ့ပြီး
ဆရာကြီးဦးရာဇတ်နေ့ကျင်းပရေးကော်မတီကိုယ်စား ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင် မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာအခမ်းအနာကိုရုတ်သိမ်းလိုက်ကြောင်းသိရပါတယ်။
ဆရာကြီးဦးရာဇတ်နေ့ကျင်းပခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ပြီး ဘာသာပေါင်းစုံမှာ ပုဂ္ဂိုလ်များ၊ စည်စည်းကားကားတက်ရောက်ခဲ့ကြကြောင်းသိရပါတယ်။

 

 

 

 

မြန်မာမွတ်ဆလင်ပညာရေးနှင့်ယဉ်ကျေးမှုလူမှုအဖွဲ့အစည်းမှ ကိုဇော်မင်းထွန်းက ဆရာကြီးဦးရာဇတ်နေ့ ကျင်းပရခြင်းအကြောင်း ရှင်းလင်းတင်ပြစဉ်

ကြွရောက်တဲ့ သီတဂူဆရာတော်ကြီးနှင့် သံဃာတော်ဆရာကြီးများ

 


သီတဂူဆရာတော်ကြီးမှ မိန့်ကြားတော်မူစဉ်

ဆရာကြီး ဦးရာဇတ်၏ သားဖြစ်သူ ဦးတင်မြင့်မှ မှ အမှတ်တရ စကားပြောကြားစဉ်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဆရာကြီးဦးရာဇတ်နေ့ သဝဏ်လွှာ ဗီဒီယိုဖိုင်

ကိုကျော်မိုးအောင်မှ ဦးရာဇတ်ရဲ့ ကိုယ်ရေး ရာဇ၀င်အကျဉ်းကိုဖတ်ကြားနေစဉ်

အရှင်ဂမ္ဘီရလည်း ပွဲလာတတ်ပါတယ်

MMSY မိသားစုဝင် ကိုဗညားရဲ့ ကဗျာ …

 

Popular Myanmar News Journalနှင့်

The Voice Weekly မှ သတင်းနှင့် ဓါတ်ပုံအချို့ကို ကူးယူဖော်ပြပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s