ပသီလူမျိုးစုစကားဝိုင်းကို (မနာလိုအုပ်စုကတိုက်ခိုက်၍ဖျက်သိမ်းခံရခြင်း)- စမျက်နှာ( 10)

မျှဝေမယ် Twitter

1327 ယောက် ကြည့်ပြီးပြီ

ဒီစကားဝိုင်းအတွက် ပြန်စာတွေပိတ်သွားပါပြီ

စကားဝိုင်းထဲက ပြန်စာတွေ

သန့်စင်ဖြိုးPermalink သန့်စင်ဖြိုး က yesterday တုန်းက ပြန်တဲ့စာ

Salaam,

ကိုတင်မောင်ရေ ကျနော်မလိုချင်ဘူးဗျ… ဒဲ့ပြောတာနော်… ကျနော်က ရူးသလိုလိုရွှေပျောက်သလိုလိုလည်းမလုပ်တတ်ဘူး… ကိုတင်မောင်စုစည်းနေတဲ့ ပသီလူမျိုးစု သမိုင်းအထောက်အထားဆိုတာကြီးက သန့်စင်ဖြိုးအတွက် လုံးဝ (လုံးဝ) မလိုဘူးဗျ… အဲ… မေးစရာတော့ရှိတယ် သန့်စင်ဖြိုးရယ် မလိုပဲနဲ့များ ပြီးမည့်အချိန်အတိအကျ ဘာလို့လာတောင်းဆိုနေလဲလို့… ကိုတင်မောင်မမေးခင်ပဲ တခါတည်းဖြေပေးခဲ့မယ်… ကိုတင်မောင်စုစည်းနေတာတွေထဲက လစ်ဟာကွက်တွေကိုထောက်ပြမလို့ဗျို့… ဒါများဗျာ အခုထောက်ပြပါ့လားလို့ပြန်မပြောနဲ့ဦး… အဘစွာမေးတာကို ကိုတင်မောင်ဖြေတာကြည့်ပြီးကတည်းက အခုနေထောက်ပြပြောဆိုရင် ကိုတင်မောင်အရူးကွက်နင်းမယ်ဆိုတာသိလို့ ကိုတင်မောင်ဆီက အားလုံးပြီးပါပြီဆိုတဲ့ စကားကိုစောင့်နေတာဗျို့… သိပြီလား…

ပြီးရင်တင်ဗျာ… ဒါနဲ့ အားလုံးပြီးမှတင်မယ်ဆိုလို့ တစ်ခုမှာရဦးမယ်… လောလောဆယ်ကိုတင်မောင် ဒီခေါင်းစဉ်အောက်မှာတင်ထားတဲ့ သဗ္ဗယနပေါင်းစုံကြီးကိုရော ဘာလုပ်မှာတုန်း… ကိုတင်မောင်စဉ်းစားမိရဲ့လား… ကိုတင်မောင်ရဲ့ စာတမ်းက ဘယ်လိုဘယ်ပုံလာမယ် ဆိုတာတော့မသိဘူး လောလောဆယ် ဒီ ပသီလူမျိုးစု သမိုင်းအထောက်အထားစုစည်းရအောင်ဆိုပြီး ခေါင်းစဉ်အကြီးကြီးတပ်ပြီး ကိုတင်မောင် မစိမစစ်ပဲတင်ချင်ရာတင်ထားတာကို ကျန်တဲ့ ညီငယ်ညီမငယ်တွေဖတ်မိမယ်… အကုန်လုံးကို အရောရောအထွေးထွေးမှတ်ယူသွားမယ်၊ ကိုတင်မောင်ကိုယ်တိုင်တောင်အချောမသတ်ရသေးတဲ့ ဒီအကြမ်းထည်တင်ထားတဲ့ စာတွေကို MMSY ထဲကလူငယ်တွေက ပသီသမိုင်းအစစ်အမှန်ကြီးပါဆိုပြီး တခြားနေရာမှာများကိုးကားပြောရင်ဖြင့် ဒုက္ခအကြီးကြီးရောက်ရချည်ရဲ့ဗျာ…

ကျနော်ယဉ်ကျေးစွာတောင်းဆိုပါရစေ… ကိုတင်မောင့်ဟာကိုတင်မောင် တခြားမှာ စုစည်းပြီး အချောသတ်စာတမ်းလုပ်မယ်ဆိုရင်လည်း ဒီခေါင်းစဉ်ကြီး အကြီးကြီးတပ်ပြီး မစိမစစ်ပဲရေးထားတာတွေကို ဖြုတ်ချပေးပါ… တောင်းဆိုတာပါ… လိုက်လျောမယ်လို့မျှော်လင့်ပါတယ်… အရူးကွက်ထပ်မနင်းပါစေနဲ့လို့လည်းဆုတောင်းပါတယ်…

စာကြွင်း။ ။ ကျနော်တော့ရင်လေးတယ်ဗျ… ကိုတင်မောင်လိုမျိုး မြန်မာစာကိုတောင် သတ်ပုံလည်းမှန်အောင်မပေါင်းတတ် သဒ္ဒါကျအောင်လည်းမရေးတတ်တဲ့လူကများ ဒီလိုစာတမ်းပြုစုပြီး အစိုးရထံတင်မယ်ဆိုတော့ တော်တော်ကြီးရင်လေးတယ်ဗျာ… ပုတ်ခတ်တယ်လို့မထင်နဲ့ဗျ… ကိုတင်မောင်ရေးတဲ့မြန်မာစာဖတ်ရတာ ရှေးခေတ်က ကျောက်စာတွေ ပေစာတွေဖတ်ရသလိုပဲ မြန်မာစာသဒ္ဒါတယ်ညံ့သဗျာ… သတ်ပုံလည်း မှားသဗျာ… သန့်စင်ဖြိုးတောင် ဒီလိုစာတမ်းကြီးသာ ပသီလူမျိုးစုအတွက်တင်မယ်ဆိုရင် ပသီသမိုင်း မြောင်းထဲရောက်သွားမှာ စိုးရိမ်မိသေးရင် ကိုယ့်ကိုယ်ကို ပသီလို့ခံယူထားသူတွေဆိုရင် စိုးရိမ်လွန်းလို့ နှလုံးရောဂါပါ ရလောက်တယ်…

သတ်ပုံနဲ့ သဒ္ဒါအမှားတွေပါတဲ့ အောက်က ကိုတင်မောင့်စာထဲက စာကြောင်းလေးတွေ ကျနော်ထောက်ပြမယ်ဗျ… စိတ်တော့မဆိုးနဲ့ဗျာ… ဒီ ခေါင်းစဉ်အောက်မှာပဲ ကိုတင်မောင်မှားတာတွေအားလုံးကို လိုက်မထောက်ပြနိုင်လို့ ဒီအောက်ကစာထဲကပဲ ထောက်ပြမယ်…

ကိုတင်မောင်ရေး >> အကုန်လုံးတော ဒီနေရာမှာ မတင်ဘဲ သီးခြားဆိုဒ်ထဲမှာ၊လောလောဆယ် ကိုယ်mail မှာသိမ်းသွားပါမယ်။
ဖြစ်သင့်သောအရေးအသား >> အကုန်လုံး(ကို)တော့ ဒီနေရာမှာ မတင်ဘဲ သီးခြားဆိုဒ်ထဲမှာဖြစ်ဖြစ်၊ လောလောဆယ် ကိုယ့် Mail ထဲမှာဖြစ်ဖြစ် သိမ်းသွားပါ့မယ်။ (နောက်တစ်မျိုး) အကုန်လုံးကိုတော့ ဒီနေရာမှာမတင်ဘဲ သီးခြားဆိုဒ်ထဲမှာပဲ တင်တော့မယ်။ လောလောဆယ်တော့ ကိုယ့် Mail ထဲမှာ သိမ်းသွားပါ့မယ်။

ကိုတင်မောင်ရေး >> တခုတင် လိုက်တခုဝေဖန်လိုက်ဆိုတော စိတ်ပင်ပန်းတယ်။
ဖြစ်သင့်သောအရေးအသား >> တစ်ခုတင်တစ်ခုလိုက်ဝေဖန်ဆိုတော့ စိတ်ပင်ပန်းတယ်။ (နောက်တစ်မျိုး) ကိုယ်ကတစ်ခုတင်လိုက် သူတို့ကတစ်ခုဝေဖန်လိုက်ဆိုတော့ စိတ်ပင်ပန်းတယ်။

ကိုတင်မောင်ရေး >> သူတို့က မစွမ်းဆောင်နိုင်တာကို ကျွန်တော်ကိုလည်းဟန့် တားနှောက်နေတာပါ။ (တော်တော်ဆိုးတဲ့ မြန်မာစာအရေးအသားပါပဲ။ တစ်သက်နဲ့တစ်ကိုယ် ဘွဲ့ရ ပညာတတ် ရာထူးရာခံကြီးကြီးရှိသူ တစ်ချိန်တစ်ခါက နိုင်ငံအကြီးအကဲထံကို စာတင်ဖူးတယ်ဆိုတဲ့ လူတစ်ယောက်ရေးတဲ့မြန်မာစာအရေးအသားတဲ့ဗျာ။ ပြောမယုံ ကြုံဖူးမှသိဆိုတာ ဒါမျိုးဖြစ်မယ်။ ကျုပ်တို့ရွာက ၄တန်းတောင်မအောင်တဲ့ ကျုပ်အဘွားလေးတောင် ဒီထက်စာချောအောင် ရေးတတ်သေးဗျား)
ဖြစ်သင့်သောအရေးအသား >> သူတို့က မစွမ်းဆောင်နိုင်တာကို ကျွန်တော်လုပ်နေလို့ ဟန့်တားနှောက်ရှက်နေကြတာပါ။ (နောက်တစ်မျိုး) သူတို့လည်း မစွမ်းဆောင်နိုင်ဘူး။ ကျွန်တော့ကိုလည်း ဟန့်တားနှောက်ရှက်နေကြတာပါ။

ကိုတင်မောင်ရေး >> ကျွန်တော်ဆုံးဖြတ်တဲ့အလုပ်ကို အင်ရှာအလ္လာဘယ်တာမှနောက်မဆုတ်ဘူး။ (ဘယ်တာဆိုတာ ဘာအဓိပ္ပာယ်ပါလိမ့်ဆိုပြီး သန့်စင်ဖြိုးစဉ်းစားလိုက်တာ မေမေမွေးကတည်းကမဖြူဘူးတဲ့ ဆံပင်တောင် နည်းနည်းအရောင်လွင့်ချင်သလိုလိုဖြစ်သွားတယ်။ ငါနော် ကိုတင်မောင်ရေးတာတွေဖတ်ရတာ ဗဟုသုတထက် ဟာသပိုများသလိုပဲ… ဘယ်တာ… အိုဘယ့် ဘယ်တာ… ကိုတင်မောင့်ကို မြန်မာစာသင်ပေးခဲ့တဲ့ ဆရာတွေသာ မြင်ရင် တန်းစီပြီး ကိုယ့်ကိုယ်ကိုသတ်သတ်သွားလောက်တယ်)
ဖြစ်သင့်သောအရေးအသား >> ကျွန်တော်ဆုံးဖြတ်ထားတဲ့အလုပ်ကို အင်ရှာအလ္လာဟ် ဘယ်တော့မှနောက်မဆုတ်ဘူး။ (ဒါတောင် အပေါ်မှာ အင်ရှာအလ်လာဟ်ရေးထားတဲ့တစ်ကြောင်းမှာ ဟသတ် (ဟ်) မပါတာတော့ ခွင့်လွှတ်ပေးလိုက်ပါတယ်လေ)

kotinmaung said:

စလာမ်- ကိုသန့်စင်ဖြိုး
အင်ရှာအလ္လာကိုသန့်စင်ဖြိုးလိုချင်တဲ့အတိုင်းပြီးစီးအောင်
ကူညီသွားပါမယ်။အကုန်လုံးတော ဒီနေရာမှာ မတင်ဘဲ
သီးခြားဆိုဒ်ထဲမှာ၊လောလောဆယ် ကိုယ်mail မှာသိမ်း
သွားပါမယ်။တခုတင် လိုက်တခုဝေဖန်လိုက်ဆိုတော စိတ်ပင်ပန်းတယ်။ဒါဟာ အဖျက်ဝင်နေတာ။သူတို့က မစွမ်းဆောင်နိုင်တာကို ကျွန်တော်ကိုလည်းဟန့် တား
နှောက်နေတာပါ။သူတို့နှင့်အရှည်မပြောချင်လို့ ခြုံငုံ သုံးသပ်ချက်ရေးပြီးမှတင်ပေးပါမယ်။ဒီမှ မတက်
လည်း အခြားတစ်နေရာမှာလုပ်နေပြီလို့သဘောထား
ပါ။ကျွန်တော်ဆုံးဖြတ်တဲ့အလုပ်ကို အင်ရှာအလ္လာ
ဘယ်တာမှနောက်မဆုတ်ဘူး။ဒီမှာမတင်လည်းအလုပ်
တောပုံမှန်လုပ်နေပါတယ်လို့အသိပေးပါတယ်။
စလာမ်==================ကြိုက်တာရေး ဖြေစရာ အကြောင်းမရှိပါ။

Permalink kotinmaung က yesterday တုန်းက ပြန်တဲ့စာ

Salam

ကိုသန့်စင်ဖြိုးဒီလိုစိတ်လဲမဟုတ်ပါဘူး။အထင်မှားတတ်မယ်ဆိုတောလည်း အထောက်အထား

တွေကိုဖြေးဖြေး တင်ပေးသွားပါမယ်ခင်ဗျား။

စာတမ်းပြုစုသူ၏ သုံးသပ်ချက် က အပေါ်မှာ တင်ထားတဲ့အကိုးအကားကိုထောက်ပြပြီး ရေးသွားရမှာ

ဖြစ်ပါတယ်။စာမျက်နှာဘယ်လောက်ထွက် မယ် မပြောနိုင်သေးဘူး။လောလောဆယ် စာရွက်ပေါ်မှာစ – ရေး

နေပါပြီ။ ဒီပြုစုရေးသားနေသောတမျက်နှာပြီးတိုင်း နည်းနည်းရေးသွားခြင်းပါ။တစ်ပိုဒ်ပြီးတိုင်းတစ်ပိုဒ်

အချိန်ရသလောက် ရေးသွားမယ်သဘောပါ။ကဏ္ဍတစ်ခုပြီးရင်တင်ပေးပါမယ်။အဲဒါကိုဖတ်ရှုဝေဖန်ခွင့်ရှိပါ

တယ်။အချိန်ရတိုင်းနည်းနည်းရေးသွားမှ ကျွန်တော်ပေးတဲ့အချိန်အတွင်းပြီးနိုင်မှာဖြစ်ပါတယ်။သုံးသပ်ချက်

ကဏ္ဍတစ်ခုပြီးတိုင်းအင်ရှာအလ္လာဟ်တင်ပေးသွားပါမယ်။အမှားအယွင်းပါရင်လည်းပြင်ခွင့်ရှိပါတယ်။ကဏ္ဍအားလုံး

ပြီးသွားလို့စာဖတ်ပရိသတ်များလည်းဖတ်ပြီးကျေနပ်ပြီဆိုရင်အားလုံး စုပေါင်းပြီးအစဉ်အလိုက် (ပသီစာတမ်း)

ဆိုပြီးအမှတ်စဉ်လိုက်ခေါင်းစဉ် ဖြင့်သီးခြားပြုလုပ်ပေးပါမည်။ စလာမ်

သန့်စင်ဖြိုး said:

Salaam,

ကိုတင်မောင်ရေ ကျနော်မလိုချင်ဘူးဗျ… ဒဲ့ပြောတာနော်… ကျနော်က ရူးသလိုလိုရွှေပျောက်သလိုလိုလည်းမလုပ်တတ်ဘူး… ကိုတင်မောင်စုစည်းနေတဲ့ ပသီလူမျိုးစု သမိုင်းအထောက်အထားဆိုတာကြီးက သန့်စင်ဖြိုးအတွက် လုံးဝ (လုံးဝ) မလိုဘူးဗျ… အဲ… မေးစရာတော့ရှိတယ် သန့်စင်ဖြိုးရယ် မလိုပဲနဲ့များ ပြီးမည့်အချိန်အတိအကျ ဘာလို့လာတောင်းဆိုနေလဲလို့… ကိုတင်မောင်မမေးခင်ပဲ တခါတည်းဖြေပေးခဲ့မယ်… ကိုတင်မောင်စုစည်းနေတာတွေထဲက လစ်ဟာကွက်တွေကိုထောက်ပြမလို့ဗျို့… ဒါများဗျာ အခုထောက်ပြပါ့လားလို့ပြန်မပြောနဲ့ဦး… အဘစွာမေးတာကို ကိုတင်မောင်ဖြေတာကြည့်ပြီးကတည်းက အခုနေထောက်ပြပြောဆိုရင် ကိုတင်မောင်အရူးကွက်နင်းမယ်ဆိုတာသိလို့ ကိုတင်မောင်ဆီက အားလုံးပြီးပါပြီဆိုတဲ့ စကားကိုစောင့်နေတာဗျို့… သိပြီလား…

ပြီးရင်တင်ဗျာ… ဒါနဲ့ အားလုံးပြီးမှတင်မယ်ဆိုလို့ တစ်ခုမှာရဦးမယ်… လောလောဆယ်ကိုတင်မောင် ဒီခေါင်းစဉ်အောက်မှာတင်ထားတဲ့ သဗ္ဗယနပေါင်းစုံကြီးကိုရော ဘာလုပ်မှာတုန်း… ကိုတင်မောင်စဉ်းစားမိရဲ့လား… ကိုတင်မောင်ရဲ့ စာတမ်းက ဘယ်လိုဘယ်ပုံလာမယ် ဆိုတာတော့မသိဘူး လောလောဆယ် ဒီ ပသီလူမျိုးစု သမိုင်းအထောက်အထားစုစည်းရအောင်ဆိုပြီး ခေါင်းစဉ်အကြီးကြီးတပ်ပြီး ကိုတင်မောင် မစိမစစ်ပဲတင်ချင်ရာတင်ထားတာကို ကျန်တဲ့ ညီငယ်ညီမငယ်တွေဖတ်မိမယ်… အကုန်လုံးကို အရောရောအထွေးထွေးမှတ်ယူသွားမယ်၊ ကိုတင်မောင်ကိုယ်တိုင်တောင်အချောမသတ်ရသေးတဲ့ ဒီအကြမ်းထည်တင်ထားတဲ့ စာတွေကို MMSY ထဲကလူငယ်တွေက ပသီသမိုင်းအစစ်အမှန်ကြီးပါဆိုပြီး တခြားနေရာမှာများကိုးကားပြောရင်ဖြင့် ဒုက္ခအကြီးကြီးရောက်ရချည်ရဲ့ဗျာ…

ကျနော်ယဉ်ကျေးစွာတောင်းဆိုပါရစေ… ကိုတင်မောင့်ဟာကိုတင်မောင် တခြားမှာ စုစည်းပြီး အချောသတ်စာတမ်းလုပ်မယ်ဆိုရင်လည်း ဒီခေါင်းစဉ်ကြီး အကြီးကြီးတပ်ပြီး မစိမစစ်ပဲရေးထားတာတွေကို ဖြုတ်ချပေးပါ… တောင်းဆိုတာပါ… လိုက်လျောမယ်လို့မျှော်လင့်ပါတယ်… အရူးကွက်ထပ်မနင်းပါစေနဲ့လို့လည်းဆုတောင်းပါတယ်…

စာကြွင်း။ ။ ကျနော်တော့ရင်လေးတယ်ဗျ… ကိုတင်မောင်လိုမျိုး မြန်မာစာကိုတောင် သတ်ပုံလည်းမှန်အောင်မပေါင်းတတ် သဒ္ဒါကျအောင်လည်းမရေးတတ်တဲ့လူကများ ဒီလိုစာတမ်းပြုစုပြီး အစိုးရထံတင်မယ်ဆိုတော့ တော်တော်ကြီးရင်လေးတယ်ဗျာ… ပုတ်ခတ်တယ်လို့မထင်နဲ့ဗျ… ကိုတင်မောင်ရေးတဲ့မြန်မာစာဖတ်ရတာ ရှေးခေတ်က ကျောက်စာတွေ ပေစာတွေဖတ်ရသလိုပဲ မြန်မာစာသဒ္ဒါတယ်ညံ့သဗျာ… သတ်ပုံလည်း မှားသဗျာ… သန့်စင်ဖြိုးတောင် ဒီလိုစာတမ်းကြီးသာ ပသီလူမျိုးစုအတွက်တင်မယ်ဆိုရင် ပသီသမိုင်း မြောင်းထဲရောက်သွားမှာ စိုးရိမ်မိသေးရင် ကိုယ့်ကိုယ်ကို ပသီလို့ခံယူထားသူတွေဆိုရင် စိုးရိမ်လွန်းလို့ နှလုံးရောဂါပါ ရလောက်တယ်…

သတ်ပုံနဲ့ သဒ္ဒါအမှားတွေပါတဲ့ အောက်က ကိုတင်မောင့်စာထဲက စာကြောင်းလေးတွေ ကျနော်ထောက်ပြမယ်ဗျ… စိတ်တော့မဆိုးနဲ့ဗျာ… ဒီ ခေါင်းစဉ်အောက်မှာပဲ ကိုတင်မောင်မှားတာတွေအားလုံးကို လိုက်မထောက်ပြနိုင်လို့ ဒီအောက်ကစာထဲကပဲ ထောက်ပြမယ်…

ကိုတင်မောင်ရေး >> အကုန်လုံးတော ဒီနေရာမှာ မတင်ဘဲ သီးခြားဆိုဒ်ထဲမှာ၊လောလောဆယ် ကိုယ်mail မှာသိမ်းသွားပါမယ်။
ဖြစ်သင့်သောအရေးအသား >> အကုန်လုံး(ကို)တော့ ဒီနေရာမှာ မတင်ဘဲ သီးခြားဆိုဒ်ထဲမှာဖြစ်ဖြစ်၊ လောလောဆယ် ကိုယ့် Mail ထဲမှာဖြစ်ဖြစ် သိမ်းသွားပါ့မယ်။ (နောက်တစ်မျိုး) အကုန်လုံးကိုတော့ ဒီနေရာမှာမတင်ဘဲ သီးခြားဆိုဒ်ထဲမှာပဲ တင်တော့မယ်။ လောလောဆယ်တော့ ကိုယ့် Mail ထဲမှာ သိမ်းသွားပါ့မယ်။

ကိုတင်မောင်ရေး >> တခုတင် လိုက်တခုဝေဖန်လိုက်ဆိုတော စိတ်ပင်ပန်းတယ်။
ဖြစ်သင့်သောအရေးအသား >> တစ်ခုတင်တစ်ခုလိုက်ဝေဖန်ဆိုတော့ စိတ်ပင်ပန်းတယ်။ (နောက်တစ်မျိုး) ကိုယ်ကတစ်ခုတင်လိုက် သူတို့ကတစ်ခုဝေဖန်လိုက်ဆိုတော့ စိတ်ပင်ပန်းတယ်။

ကိုတင်မောင်ရေး >> သူတို့က မစွမ်းဆောင်နိုင်တာကို ကျွန်တော်ကိုလည်းဟန့် တားနှောက်နေတာပါ။ (တော်တော်ဆိုးတဲ့ မြန်မာစာအရေးအသားပါပဲ။ တစ်သက်နဲ့တစ်ကိုယ် ဘွဲ့ရ ပညာတတ် ရာထူးရာခံကြီးကြီးရှိသူ တစ်ချိန်တစ်ခါက နိုင်ငံအကြီးအကဲထံကို စာတင်ဖူးတယ်ဆိုတဲ့ လူတစ်ယောက်ရေးတဲ့မြန်မာစာအရေးအသားတဲ့ဗျာ။ ပြောမယုံ ကြုံဖူးမှသိဆိုတာ ဒါမျိုးဖြစ်မယ်။ ကျုပ်တို့ရွာက ၄တန်းတောင်မအောင်တဲ့ ကျုပ်အဘွားလေးတောင် ဒီထက်စာချောအောင် ရေးတတ်သေးဗျား)
ဖြစ်သင့်သောအရေးအသား >> သူတို့က မစွမ်းဆောင်နိုင်တာကို ကျွန်တော်လုပ်နေလို့ ဟန့်တားနှောက်ရှက်နေကြတာပါ။ (နောက်တစ်မျိုး) သူတို့လည်း မစွမ်းဆောင်နိုင်ဘူး။ ကျွန်တော့ကိုလည်း ဟန့်တားနှောက်ရှက်နေကြတာပါ။

ကိုတင်မောင်ရေး >> ကျွန်တော်ဆုံးဖြတ်တဲ့အလုပ်ကို အင်ရှာအလ္လာဘယ်တာမှနောက်မဆုတ်ဘူး။ (ဘယ်တာဆိုတာ ဘာအဓိပ္ပာယ်ပါလိမ့်ဆိုပြီး သန့်စင်ဖြိုးစဉ်းစားလိုက်တာ မေမေမွေးကတည်းကမဖြူဘူးတဲ့ ဆံပင်တောင် နည်းနည်းအရောင်လွင့်ချင်သလိုလိုဖြစ်သွားတယ်။ ငါနော် ကိုတင်မောင်ရေးတာတွေဖတ်ရတာ ဗဟုသုတထက် ဟာသပိုများသလိုပဲ… ဘယ်တာ… အိုဘယ့် ဘယ်တာ… ကိုတင်မောင့်ကို မြန်မာစာသင်ပေးခဲ့တဲ့ ဆရာတွေသာ မြင်ရင် တန်းစီပြီး ကိုယ့်ကိုယ်ကိုသတ်သတ်သွားလောက်တယ်)
ဖြစ်သင့်သောအရေးအသား >> ကျွန်တော်ဆုံးဖြတ်ထားတဲ့အလုပ်ကို အင်ရှာအလ္လာဟ် ဘယ်တော့မှနောက်မဆုတ်ဘူး။ (ဒါတောင် အပေါ်မှာ အင်ရှာအလ်လာဟ်ရေးထားတဲ့တစ်ကြောင်းမှာ ဟသတ် (ဟ်) မပါတာတော့ ခွင့်လွှတ်ပေးလိုက်ပါတယ်လေ)

kotinmaung said:

စလာမ်- ကိုသန့်စင်ဖြိုး
အင်ရှာအလ္လာကိုသန့်စင်ဖြိုးလိုချင်တဲ့အတိုင်းပြီးစီးအောင်
ကူညီသွားပါမယ်။အကုန်လုံးတော ဒီနေရာမှာ မတင်ဘဲ
သီးခြားဆိုဒ်ထဲမှာ၊လောလောဆယ် ကိုယ်mail မှာသိမ်း
သွားပါမယ်။တခုတင် လိုက်တခုဝေဖန်လိုက်ဆိုတော စိတ်ပင်ပန်းတယ်။ဒါဟာ အဖျက်ဝင်နေတာ။သူတို့က မစွမ်းဆောင်နိုင်တာကို ကျွန်တော်ကိုလည်းဟန့် တား
နှောက်နေတာပါ။သူတို့နှင့်အရှည်မပြောချင်လို့ ခြုံငုံ သုံးသပ်ချက်ရေးပြီးမှတင်ပေးပါမယ်။ဒီမှ မတက်
လည်း အခြားတစ်နေရာမှာလုပ်နေပြီလို့သဘောထား
ပါ။ကျွန်တော်ဆုံးဖြတ်တဲ့အလုပ်ကို အင်ရှာအလ္လာ
ဘယ်တာမှနောက်မဆုတ်ဘူး။ဒီမှာမတင်လည်းအလုပ်
တောပုံမှန်လုပ်နေပါတယ်လို့အသိပေးပါတယ်။
စလာမ်==================ကြိုက်တာရေး ဖြေစရာ အကြောင်းမရှိပါ။

kotinmaungPermalink kotinmaung က yesterday တုန်းက ပြန်တဲ့စာ

လူမျိုးတစ်မျိုးဖြစ်ရန်လက္ခဏာကြီး (၄)ရပ်နှင့် ကိုက်ညီရန် လိုသည်။

(၁) – ပြောဆိုသုံးစွဲသော စကား

(၂) – နေထိုင်ရာနယ်နိမိတ် – နယ်မြေ

(၃) – စီးပွါးရေး

(၄) – ယဉ်ကျေးမှုတို့တွင် သမိုင်းရေးရာအရ အခိုင်အမာတူညီစွာ ဖွဲ့စည်းနေထိုင်သူဖြစ်ရမည်။


(ကိုးကား ။  ။၂၃-၂-၁၉၉၂ – နေ့ထုတ် ၊ လုပ်သားပြည်သူ့နေ့စဉ်သတင်းစာနှင့် ကြေးမုံသတင်းစာ

တွင် စာရေးဆရာ စိန်ကလောင်အမည်ဖြင့် ရေးသားသော ရိုဟင်ဂျာဘာလဲ၊ဘယ်လဲ ဆောင်းပါး)


ထို့ကြောင့် ဗမာမွတ်စလင်မ်(၀ါ)ပသီလူထုသည် လူမျိုးတစ်မျိုးဖြစ်ရန်လက္ခဏာကြီး

(၄)ရပ်နှင့် ကိုက်ညီ နေပါသည်။

အထက်ပါလက္ခဏာကြီး(၄)ရပ်အပြင် (၁) လူမျိုးဖြစ်ပေါ်လာပုံအထောက် အထားခိုင်လုံခြင်း၊ (၂) သမိုင်း

ရေးအရ ဖြစ်ပေါ်တိုးတက်ခိုင်မာလျက်ရှိခြင်း၊[လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀) ကျော်မှစ၍ သမိုင်းရေးရာအရ

တည်တည်ငြိမ်ငြိမ်နှင့် အမျိုးသားရေး လက္ခဏာ(၄)ရပ် ချို့ယွင်းမှုမရှိဘဲ ခိုင်မြဲစွာ ဖြစ်ပေါ်ခဲ့သည်မှာ ထင်ရှား

ပါသည်။] (၄) အနာဂတ်အတွက်လည်း တည်ငြိမ်စွာ ဖြစ်ပေါ်တိုးတက် လျက်ရှိခြင်း အစရှိသည့် အထောက်

အထားများအရ လူမျိုးတစ်မျိုးဖြစ်သည်ဟု သတ်မှတ်နိုင်ခြင်းဖြစ် သည်။ အတိတ်ကာလ၊ ယနေ့ မျက်မှောက်

ကာလနှင့် အနာဂတ် ကာလများတွင် အထက်ဖော်ပြပါ လူမျိုးရေး လက္ခဏာချက်များအရတွေ့ရှိသည်မှာ ဗမာမွတ်စလင်မ်(၀ါ)ပသီများသည် အတိတ်ကာလ အတော်ကြာကပင် လူမျိုးတစ်မျိုးဖြစ်ခဲ့ပြီး အနာဂတ်တွင်

လည်း လူမျိုးတစ်မျိုးအဖြစ် ပီပီသသ ရှိနေပါ သည်။ ယနေ့ ဗမာမွတ်စလင်မ်(၀ါ)ပသီလူမျိုးစုသည် အတိတ်ကာလအကြောင်းကြောင်းကြောင့် မိမိလူမျိုးရေးကို ဖုံးကွယ်ထားရခြင်းဖြစ်သည်။ အတိတ်မှ လူမျိုးစုပြန်လည်ပေါ်ထွက်လာရန် ဗမာမွတ်စလင်မ်(၀ါ)ပသီ လူထု တစ်ရပ်လုံးအား လူမျိုးပီသနေခြင်းကို

တိုင်းပြည် နှင့်ကမ္ဘာက အသိအမှတ် ပြုလာစေရေးအတွက် ထူထောင်ကြရမည်ဖြစ်သည်။



 

Permalink kotinmaung က yesterday တုန်းက ပြန်တဲ့စာ

လူ့အခွင့်ရေးကျေညာစတမ်း


PREAMBLE

Whereas recognition of the inherent dignity and of the equal and inalienable rights of all members of the human family is the foundation of freedom, justice and peace in the world,

Whereas disregard and contempt for human rights have resulted in barbarous acts which have outraged the conscience of mankind, and the advent of a world in which human beings shall enjoy freedom of speech and belief and freedom from fear and want has been proclaimed as the highest aspiration of the common people,

Whereas it is essential, if man is not to be compelled to have recourse, as a last resort, to rebellion against tyranny and oppression, that human rights should be protected by the rule of law,

Whereas it is essential to promote the development of friendly relations between nations,

Whereas the peoples of the United Nations have in the Charter reaffirmed their faith in fundamental human rights, in the dignity and worth of the human person and in the equal rights of men and women and have determined to promote social progress and better standards of life in larger freedom,

Whereas Member States have pledged themselves to achieve, in co-operation with the United Nations, the promotion of universal respect for and observance of human rights and fundamental freedoms,

Whereas a common understanding of these rights and freedoms is of the greatest importance for the full realization of this pledge,

Now, Therefore THE GENERAL ASSEMBLY proclaims THIS UNIVERSAL DECLARATION OF HUMAN RIGHTS as a common standard of achievement for all peoples and all nations, to the end that every individual and every organ of society, keeping this Declaration constantly in mind, shall strive by teaching and education to promote respect for these rights and freedoms and by progressive measures, national and international, to secure their universal and effective recognition and observance, both among the peoples of Member States themselves and among the peoples of territories under their jurisdiction.

ကြေညာချက်နိဒါန်း

ဤကဲ့သို့ရာဇဝင်တင်မည့် ကြေညာချက်ကို ပြုလုပ်ပြီးနောက် ဤညီလာခံအစည်းအဝေးကြီးက ကမ္ဘာ့ ကုလသ မဂ္ဂအဖွဲ့ဝင် နိုင်ငံ အားလုံးအား ထိုကြေညာစာတမ်းကြီး၏ စာသားကိုအများပြည်သူတို့ ကြားသိစေရန် ကြေညာ ပါ မည့်အကြောင်းကိုလည်းကောင်း၊ ထို့ပြင်နိုင်ငံများ၊ သို့တည်းမဟုတ် နယ်မြေများ၏ နိုင်ငံရေး အဆင့်အတန်းကို လိုက်၍ ခွဲခြားခြင်း မပြုဘဲအဓိကအားဖြင့် စာသင် ကျောင်းများနှင့် အခြားပညာရေး အဖွဲ့အစည်းများတွင် ထို ကြေညာ စာတမ်းကြီးကို ဖြန့်ချိ ဝေငှ စေရန်၊ မြင်သာအောင် ပြသထားစေရန်၊ဖတ်ကြားစေရန်နှင့် အဓိပ္ပါယ် ရှင်း လင်း ဖော်ပြစေရန် ဆောင်ရွက် ပါမည့် အကြောင်းဖြင့် လည်းကောင်း ဆင့်ဆို လိုက်သည်။

လူခပ်သိမ်း၏မျိုးရိုးဂုဏ်သိက္ခာနှင့်တကွ လူတိုင်းအညီအမျှခံစားခွင့်ရှိသည့် အခွင့်အရေးများကို အသိ အမှတ် ပြုခြင်း သည် လူခပ်သိမ်း၏လွတ်လပ်မှု၊ တရားမျှတမှု၊ငြိမ်းချမ်းမှုတို့၏အခြေခံအုတ်မြစ်ဖြစ် သော ကြောင့် လည်းကောင်း၊ လူ့အခွင့်ရေးများကို အရေးမထား မထီလေးစား ပြုခြင်းသည် လူခပ်သိမ်း၏ အကျင့်သိက္ခာကို ချိုးဖောက် ဖျက်ဆီးတတ်သည့် ရက်စက် ကြမ်းကြုတ်သော အပြုအမှုများကို ဖြစ် ပေါ်စေခဲ့သော ကြောင့်လည်း ကောင်း၊ လွတ်လပ်စွာ ဖွင့်ဟပြောဆိုနိုင်မှု လွတ်လပ်စွာ သက်ဝင် ယုံကြည်နိုင်မှု၊ ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ခြင်းတို့မှ ကင်းလွတ်စွာ အသက် မွေးနိုင် မှုတို့ကို ခံစားရယူနိုင်စေမည့် လောကတစ်ခု ပေါ်ပေါက်လာရန်အရေးကို လူခပ် သိမ်းတို့က မိမိတို့၏ အထက်သန်ဆုံးသော လိုလားချက်ဆန္ဒကြီးအဖြစ်ဖြင့် ကြွေးကြော် ကြေညာပြီးဖြစ် သော ကြောင့် လည်းကောင်း၊လူခပ်သိမ်းတို့သည်၊ တရားလက်လွတ် နှိပ်စက်က လူပြုမှု၊ အုပ်စိုးမှုနှင့် ဖိစီး ညှဉ်းပန်းမှု တို့ကို နောက်ဆုံး မလွှဲသာ မရှောင်သာလက်နက် စွဲကိုင်ကာ တော်လှန်ခြင်း၊ ပုန်ကန်ခြင်းမပြုစေရန်၊ လူအခွင့်ရေး များကိုဥပဒေဖြင့် ထိန်းသိမ်းကာကွယ် ပေးရမည်ဖြစ်သောကြောင့် လည်းကောင်း၊ နိုင်ငံ အချင်းချင်း ချစ်ခင် ရင်းနှီး စွာ ဆက်ဆံရေးကို ပိုမိုတိုးတက်စေရန် ကြံဆောင်ရမည် ဖြစ်သောကြောင့် လည်း ကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ ဝင်တို့သည် မူလလူ့အခွင့် ရေးများကို လည်းကောင်း၊လူ၏ ဂုဏ်သိက္ခာကို လည်းကောင်း၊ ယောက်ျား မိန်းမတို့၏ တူညီသည့် အခွင့် အရေးများ ကိုလည် ကောင်း၊လေးစားယုံကြည်ပါသည်ဟုကုလသမဂ္ဂတွင် ထပ်မံ၍အတည်ပြုပြီး သည့်ပြင်၊ လူမှုကြီးပွား တိုး တက်ရေးနှင့်တကွ ပိုမို လွတ်လပ် ကောင်းမွန်သော လူ့ဘဝ အဆင့်အတန်းတို့ကို မြှင့် တင်ရန် သန္နိ ဌာန်ချပြီး ဖြစ်သောကြောင့် လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတို့သည်ကုလသမဂ္ဂ အဖွဲ့ နှင့်ပူပေါင်း၍ လူအခွင့်အရေး များကိုလည်ကောင်း၊ အခြေခံလွတ်လပ်ခွင့်အခွင့် အရေးများ ကိုလည်း ကောင်း၊ကမ္ဘာ့ တဝှမ်းလုံးတွင် ရိုသေလေးစားကျင့်သုံး စောင့်စည်း ကြခြင်းကို အားပေးမည်ဟု ကတိပြုပြီးဖြစ်သောကြောင့် လည်း ကောင်း၊

ထိုကြောင့် အထွေထွေညီလာခံ က အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးကြေညာစာတမ်းကို လူတိုင်း အဖွဲ့ အစည်း တိုင်းသည် အစဉ် နှလုံးသွင်းလျက် ကမ္ဘာတဝှမ်းလုံးတွင် အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ် ခွင့်များကို ရိုသေ လေးစားကြစေရန် ဆုံးမ သွန်သင်ခြင်းဖြင့် အားထုတ် ကြရမည် ဟု လည်းကောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ထိုနိုင်ငံတို့၏အာဏာပိုင်အတွင်းရှိ နယ်ပယ်ဆိုင်ရာ တိုင်း သူပြည်သား များအား အဆိုပါ အခွင့်အရေးနှင့် လွတ် လပ် ခွင့်များကို ကျယ်ကျယ်ပြန့်ပြန့် ထိ ရောက်စွာ သိမှတ်ကျင့်သုံး စောင့်စည်းကြစေရန် ပြည်တွင်းပြည်ပဆိုင်ရာ တိုးတက်သော ဆောင် ရွက်ချက်များဖြင့် အားထုတ်ကြရမည်ဟုလည်းကောင်း ရည်ရွယ်ပြီးလျှင် လူ့အခွင့်အရေး များဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကြေညာစာတမ်းကို နိုင်ငံခပ်သိမ်း၊ လူခပ်သိမ်းတို့ တပြေးညီစွာ ဆောင်ရွက် နိုင် ကစိမ့် သောငှာ ယခုထုတ်ပြန် ကြေညာလိုက်သည်။

Article (1)

All human beings are born free and equal in dignity and rihgts. They are endowed with reason and conseience and should act towards one another in spirit of brotherhood.

အပိုဒ် ၁

လူတိုင်းသည် တူညီ လွတ်လပ်သော ဂုဏ်သိက္ခာဖြင့် လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့် အရေးများဖြင့် လည်းကောင်း၊ မွေးဖွားလာသူများ ဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြား ဝေဖန်တတ်သော ဥာဏ်နှင့် ကျင့်ဝတ် သိတတ် သော စိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်း မေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်၏။

Article (2)

Everyone is entitled to all the rights and freedoms set forth in this Declaration, without distinction of any kind, such as race, color, sex, language, religion, political or other opinion, national or social origin, property, birth or other status. Furthermore, no distinction shall be made on the bases of the political, juriscictional or international status of the country or territory to which a person belogs, whether it be incependent, trust, non-self-governing or under any other linitation of sovereignty.

အပိုဒ် ၂

လူတိုင်းသည် လူ့အခွင့် အရေး ကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေး အားလုံး၊ လွတ် လပ်ခွင့် အား လုံးတို့ကို ပိုင်ဆိုင် ခံစားခွင့်ရှိသည်။ လူမျိုးနွယ်အားဖြင့် ဖြစ်စေ၊ အသားအရောင်အားဖြင့် ဖြစ်စေ၊ ကျား ၊ မ ၊ သဘာ ဝ အားဖြင့် ဖြစ်စေ၊ ဘာသာစကာားအားဖြင့် ဖြစ်စေ၊ ကိုးကွယ်သည့် ဘာသာ အားဖြင့် ဖြစ်စေ၊ နိုင်ငံရေးယူဆချက်၊ သို့တည်းမဟုတ် အခြားယူဆချက်အားဖြင့် ဖြစ်စေ၊ နိုင်ငံနှင့် ဆိုင်သော၊ သို့တည်းမဟုတ် လူမှုအဆင့်အတန်းနှင့် ဆိုင်သော ဇစ်မြစ် အားဖြင့်ဖြစ်စေ၊ ပစ္စည်း ဥစ္စာ ဂုဏ်အားဖြင့် ဖြစ်စေ၊ မျိုးရိုးဇာတိအားဖြင့် ဖြစ်စေ၊ အခြား အဆင့်အတန်း အားဖြင့် ဖြစ်စေ ခွဲခြားခြင်း မရှိစေရ။ ထို့ပြင် လူတစ်ဦး တစ်ယောက် နေထိုင်ရာ နိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေဒေသ၏ နိုင်ငံရေး ဆိုင်ရာ ဖြစ်စေ စီရင် ပိုင်ခွင့်ဆိုင်ရာ ဖြစ်စေ တိုင်းပြည် အချင်းချင်း ဆိုင်ရာဖြစ်စေ၊ အဆင့်အတန်း တစ်ခုခုကို အခြေပြု၍ သော်လည်းကောင်း၊ ဒေသနယ်မြေတစ်ခုသည် အချုပ်အခြာ အာဏာပိုင် လွတ်လပ်သည့် နယ်မြေ၊ သို့တည်းမဟုတ် ကုလသမဂ္ဂ ထိန်းသိမ်း စောင့်ရှောက် ထားရသည့် နယ်မြေ၊ သို့တည်းမဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အာဏာတို့ တစိတ်တဒေသလောက်သာ ရရှိသည့် နယ်မြေ စသဖြင့် ယင်းသို့ သော နယ်မြေများ ဖြစ်သည်၊ဖြစ်သည် ဟူသော အကြောင်းကို အထောက်အထား ပြု၍ သော်လည်းကောင်း ခွဲခြားခြင်း လုံးဝ မရှိစေရ။

Article (3)

Everyone has the right to life, liberty and security of person.

အပိုဒ် ၃

လူတိုင်း၌ အသက်ရှင်ရန်လွတ်လပ်မှုခွင့်နှင့် လုံခြုံစိတ်ချခွင့် ရှိသည်။

Article (4)

No one shall be held in slavery or servitude; slavery and the slave trade shall be prohibited in all their forms.

အပိုဒ် ၎

မည်သူကိုမျှ ကျေးကျွန်အဖြစ်၊ သို့တည်းမဟုတ် အစေအပါးအဖြစ်၊ နိုင်ထက်စီးနင်း စေခိုင်းခြင်း မပြုရ၊ လူကို ကျေးကျွန် သဖွယ် အဓမ္မ စေခိုင်းခြင်း၊ အရောင်းအဝယ် ပြုခြင်းနှင့် ထိုသဘော သက်ရောက်သော လုပ်ငန်းဟူသမျှကို ပိတ်ပင် တားမြစ် ရမည်။

Article (5)

No one shall be subjected to torture or to crucl, inhuman ordegrading treatment or punishment.

အပိုဒ် ၅

မည်သူကိုမျှ ညှဉ်းပန်း နှိပ်စက်ခြင်း၊ သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ် စေသောဆက်ဆံမှု မပြုရ၊ သို့တည်းမဟုတ် အပြစ်ဒဏ် ပေးခြင်းမပြုရ။

နိုင်ငံသားတိုင်းအတွက်အကျိုးစီးပွားအလို့ငှာ ရေးဆွဲထားသောဥပေဒ များအရ ၊ နိုင်ငံတွင်းတွင် မှီတင်း နေထိုင်သော မည်သည့်လူမျိုး ကိုမဆို ၊ လူဟူ၍အသိမှတ်ပြုပေးရမည် ၊ ဗမာသည်သာလူ ကုလား များ သည် လူမဟုတ်ဟူသော ၊ အယူအဆတို့ဖြင့်နိုင်ငံတော်တွင်းမှီတင်းနေထိုင်ကြသော  မည်သူ့ လူမျိုးကိုမျှ ၊ အပ်ဖာစီဟူ၍လည်းကောင်း ၊ ဧည့်နိုင်ငံသားအဖြစ်လည်းကောင်းနေထိုင်စေ ခြင်း ၊ နေထိုင် ဘို့ရာအတင်းအကြပ်ပြုလုပ်ခြင်းများကိုတားမြစ်သောအားဖြင့် ၊ ကြေညာစာတမ်း၏ ဆဋ္ဌမ အပိုဒ်တွင်ဤကဲ့သို့ပြဋ္ဌာန်းကျေညာထားသည်…..။

Article (6)

Every one have to rights to recognition every where as a person before the law.

အပိုဒ် ၆

လူတိုင်းတွင် ဥပဒေအရာ၌ လူပုဂ္ဂိုလ်တစ်ဦး အဖြစ်ဖြင့် အရာခပ်သိမ်းတွင် အသိအမှတ် ပြုခြင်းကို ခံယူပိုင်ခွင့်ရှိသည်။

Article (7)

All are equal before the law and are entitled without any discrimination to equal protection of the law. All are entitled to equal protection against any discrimination in violation of this Declaration and against any incitement to such discrimination.

အပိုဒ် ၇

လူအားလုံးတို့သည် ဥပဒေအရာ၌ တူညီကြသည့်အပြင်၊ ဥပဒေ၏ အကာအကွယ်ကို ခြားနားခြင်း မခံရစေဘဲ တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။ ဤကြေညာ စာတမ်းပါ သဘောတရားများကို ဖီဆန်၍ ခွဲခြားခြင်းမှ လည်းကောင်း၊ ထိုသို့ခွဲခြားခြင်းကို လှုံ့ဆော်ခြင်းမှ လည်းကောင်း၊ ကင်းလွတ် စေရန် အကာအကွယ်ကို တူညီစွာ ခံစားပိုင်ခွင့် ရှိသည်။

Article (8)

Every one has the right to an effective remedy by the competent national tribunals for acts violating the fundamental rights granted him by the constitution or by law.

အပိုဒ် ၈

ဖွဲ့စည်းပုံ အခြေခံဥပဒေက သော်လည်းကောင်း အခြား ဥပဒေက သော်လည်းကောင်း လူတိုင်းအတွက် ပေးထားသည့် အခြေခံ အခွင့်အရေး များသည် ချိုးဖောက် ဖျက်ဆီးခြင်းခံခဲ့ရလျှင် ထိုသို့ ချိုးဖောက် ဖျက်ဆီးသော ပြုလုပ်မှုကြောင့် ဖြစ်ပေါ်လာသော နစ်နာချက် အတွက် ထိုသူသည် နိုင်ငံဆိုင်ရာ အာဏာပိုင်တရားရုံးတွင် ထိရောက်စွာ သက်သာ ခွင့်ရနိုင်စေရမည်။

Article (9)

No one shall be subjected to arbitrary arrest. detention or exile.

အပိုဒ် ၉

မည်သူမျှ ဥပဒေအရ မဟုတ်သော ဖမ်းဆီးခြင်းကို ဖြစ်စေ၊ ချုပ်နှောင်ခြင်းကို ဖြစ်စေ၊ ပြည်နှင်ခြင်း ကိုဖြစ်စေ မခံစေရ။

Article (10)

Every one is entitled in full equality to a fair and public heauing by an independent and impartial tribunal,in the determination of his rights and of any criminal charge against him.

အပိုဒ် ၁ဝ

အခွင့်အရေးများနှင့် တာဝန် ဝတ္တရားများကို အဆုံးအဖြတ်ခံရာတွင် လည်းကောင်း၊ ပြစ်မှုကြောင့် တရားစွဲဆိုစီရင် ဆုံးဖြတ်ခံရာတွင် လည်းကောင်း၊ လူတိုင်းသည် လွတ်လပ်၍ ဘက်မလိုက်သော တရားရုံးတော်၏ လူအများ ရှေ့မှောက်တွင် မျှတစွာ ကြားနာစစ်ဆေးခြင်းကို တူညီစွာ ခံစား ပိုင်ခွင့်ရှိသည်။

Article (11)

Every one charged with a penal offence has the right to be presumed innocent until proved guilty according to law in a public trial at which he has all guarantees necessary for his defence.

အပိုဒ် ၁၁

(၁) လူအများ ရှေ့မှောက်၌ ဥပဒေအတိုင်း စစ်ဆေး၍ ပြစ်မှုကျူးလွန်သည်ဟု ထင်ရှား စီရင်ခြင်း ခံရသည့် အချိန်အထိ ပြစ်မှုနှင့် တရားစွဲဆိုခြင်း ခံရသူတိုင်းသည် အပြစ်မဲ့သူဟူ၍ ယူဆခြင်း ခံထိုက်သည့် အခွင့်အရေးရှိသည်။ ထိုအမှုကို ကြားနာစစ်ဆေးရာဝယ် စွပ်စွဲခံရသည့် ပြစ်မှုအတွက် ခုခံချေပနိုင်ရန် လိုအပ်သော အခွင့်အရေးများကို ထိုသူအား ပေးပြီး ဖြစ်စေရမည်။

အပိုဒ်ခွဲ၂တွင်လည်း ၊ လူတဦးတယောက်သည် ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပြစ်ဟု ယူဆ မထားသော လုပ်ရပ်များ လူထုဟောပြောပွဲ ၊ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခြင်း ၊ အများပြည်သူ ကိုမ ထိ ခိုက်စေသောအပြောအဆိုအရေးသားတို့အတွက် တစုံတရာသောအဖွဲ့အစည်းကဖြစ်စေ လက်နက် ကိုင် တပ်ဖွဲ့ကဖြစ်စေ ၊ တရားစီရင်ရာဋ္ဌာနကဖြစ်စေ ရာဇ၀တ်မှုဟူ၍သက်မှတ်ခြင်းမရှိစေ ရ၊ထိခိုက် သော အပြုအမှုအပြောအဆိုဖြစ်ခဲ့ပါကဥပဒေကပြဋ္ဌာန်းထားသော ပြစ်ဒဏ်ထက်ပိုလွန်ပြစ် ဒဏ် ပေး ခြင်းမရှိစေရ ၊ ထိုအကြောင်းအရာတို့ကိုတားမြစ်သောအားဖြင့်ကြေညာချက်တွင်ဤကဲ့သို့ ဖော်ပြ သည်..။

Article(11.2) No one shall be held guilty of any penal offence on account of any act or onnission which did constitute a penal offence, under national or international law , at the time when it was commited .Nor shall a heavier penalty be imposed than the one that was applicable at the time the penal offence was committed.

(၂)လူတစ်ဦးတစ်ယောက်အား နိုင်ငံဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ဖြစ်စေ၊ ပြစ်မှု မမြောက်သော လုပ်ရပ် သို့မဟုတ် ပျက်ကွက်မှုအရ ဆွဲဆိုပြစ်ပေးခြင်း မပြုရ။ ထို့အပြင် ပြစ်မှု ကျူးလွန်စဉ်အခါက ထိုက်သင့်စေနိုင်သော အပြစ်ဒဏ်ထက်ပိုမိုကြီးလေးသော အပြစ်ဒဏ်ကို ထိုက်သင့်ခြင်းမရှိစေရ။

Article (12)

No one shall be bjected to arbitrary interference which his privacy, fanily, home or correspondence, nor to attacks upon his honour and reputation.Every one has the right to the protection of the law against such interference or attacks.

အပိုဒ် ၁၂

မည်သူမျှ မိမိသဘောအတိုင်း အေးချမ်းလွတ်လပ်စွာ နေထိုင်ခြင်းကို သော်လည်းကောင်း၊ မိမိ၏ မိသားစုကို သော်လည်းကောင်း၊ မိမိ၏ နေအိမ် အသိုက်အဝန်းကို သော်လည်းကောင်း၊ စာပေးစာယူကို သော်လည်းကောင်း၊ ဥပဒေအရ မဟုတ်သော ဝင်ရောက် စွက်ဖက်ခြင်း မခံစေရ။ ထို့ပြင် မိမိ၏ ဂုဏ်သိက္ခာ ကိုလည်း အထက်ပါအတိုင်း ပုတ်ခတ်ခြင်း မခံစေရ။ လူတိုင်းတွင် ထိုသို့ ဝင် ရောက်စွက်ဖက်ခြင်းမှ သော်လည်းကောင်း ပုတ်ခတ်ခြင်းမှ သော်လည်းကောင်း ဥပဒေအရ ကာကွယ် ပိုင်ခွင့်ရှိသည်။

Article(13.1)

Every one has the right to freedom of movement and residence within the borders of each state.

အပိုဒ် ၁၃

(၁)လူတိုင်းတွင် မိမိ၏နိုင်ငံ နယ်နိမိတ် အတွင်း၌ လွတ်လပ်စွာ သွားလာ ရွှေ့ပြောင်း နိုင်ခွင့်၊ နေထိုင် ခွင့် ရှိသည်။

Article(13.2)Every one has the right to leave any country, including his own and to return to his country.

(၂)လူတိုင်းတွင် မိမိနေထိုင်ရာ တိုင်းပြည်မှ လည်းကောင်း၊ အခြားတိုင်းပြည်မှလည်းကောင်း ထွက်ခွာ သွား ပိုင်ခွင့်ရှိသည့်အပြင်၊ မိမိ၏ တိုင်းပြည်သို့ ပြန်လာ ပိုင်ခွင့်လည်းရှိသည်။

Article(14.1)

Every one has the right to seek and to enjoy in ther countries asylum persecution.

အပိုဒ် ၁၄

(၁)လူတိုင်းသည် ညှဉ်းပန်း နှိပ်စက် ခံနေရခြင်းမှ လွတ်ကင်းရန် အခြားတိုင်းပြည် များ၌ အေးချမ်းစွာ ခိုလှုံ နေနိုင်ခွင့်ရှိသည်။

Article(14.2) This rights may not invoked in the case of prosecutions genuinely arising from non-political crimes or from acts contrary the purposes and principles of the United Nations.

(၂)နိုင်ငံရေးနှင့် မပတ်သက်သည့် ပြစ်မှုများမှ သော်လည်းကောင်း၊ ကုလသမဂ္ဂ၏ ရည်ရွက်ချက်နှင့် သဘောတရား မှုများကို ဖီဆန်သော အမှုများမှ သော်လည်းကောင်း၊ အမှန် ပေါ်ပေါက် လာသော ပြစ် မှု ကြောင့် တရားစွဲဆိုခြင်း ခံရသည့် အမှုအခင်များတွင် အထက်ပါ အခွင့်အရေးကို အသုံးမပြုနိုင်စေရ။

Article(15.1)

Every one has the right to a nationality.

အပိုဒ် ၁၅

(၁)လူတိုင်းသည်၊ နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။

Article(15.2) No one shall be arbitrarily deprived of his tionality nor denied the right to change his nationality.

(၂)ဥပဒေအရ မဟုတ်လျှင် မည်သူမျှ မိမိ၏ နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်း မခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကို လည်း ငြင်းပယ်ခြင်း မခံစေရ။

Article (16.1)

Men and wonen of full age, without any limitation due to race, nationality or religion, have the right to marry and to found a family. They are entitled to equal rights as to marriage and at its dissolution.

အပိုဒ် ၁၆

(၁)အရွယ်ရောက် ပြီးသော ယောက်ျား နှင့် မိန်းမတို့တွင် လူမျိုးကို သော်လည်းကောင်း၊ နိုင်ငံ သား အဖြစ်ကို သော်လည်းကောင်း ကိုးကွယ်သည့် ဘာသာကို သော်လည်းကောင်း၊ အကြောင်းပြု၍ ချုပ်ချယ် ကန့်သတ်ခြင်း မရှိဘဲ၊ ထိမ်းမြားနိုင်ခွင့် နှင့် မိသားစု ထူထောင်နိုင်ခွင့်ရှိသည်။ အဆိုပါ ယောက်ျား နှင့် မိန်းမ တို့သည် လင်မယားအဖြစ် ပေါင်းသင်းနေစဉ် အချိန် အတွင်း၌ သော် လည်းကောင်း၊ အိမ်ထောင်ကို ဖျက်သိမ်း၍ ကွာရှင်းကြသည့် အခါ၌လည်းကောင်း၊ လက်ထပ် ပေါင်း သင်း အိမ်ထောင် ပြုခြင်းနှင့် စပ်လျဉ်းသော တူညီသည့် အခွင့်အရေးများကို ရရှိထိုက်သည်။

Article (16.2) Marriage shall be entered into only with the free and full consent of the intending spouses.

(၂)သတို့သား နှင့် သတို့သမီး နှစ်ဦးနှစ်ဘက်၏ လွတ်လပ်သော သဘောဆန္ဒရှိမှသာလျှင် ထိမ်းမြား ခြင်း ကို ပြုရမည်။

Article (16.3) The family is the natural and fundamental group unit of society and is entitled to protection by society by the State.

(၃)မိသားစု တစ်ခုသည် လူ့အဖွဲ့အစည်း၏ သဘာဝကျသော အခြေခံအဖွဲ့တစ်ရပ်ဖြစ်သည်၊ ထိုမိသားစု သည် လူ့ အဖွဲ့အစည်းနှင့် အစိုးရတို့၏ ကာကွယ်စောင့်ရှောက်ခြင်းကို ခံယူခွင့်ရှိသည်။

Article (17.1)

Every one has the right to own property alone as well as in association with others.

အပိုဒ် ၁၇

လူတိုင်းတွင် မိမိတစ်ဦး ချင်းသော်လည်းကောင်း ၊ အခြားသူများနှင့် ဖက်စပ်၍ သော်လည်းကောင်း၊ ပစ္စည်း ဥစ္စာ တို့ကို ပိုင်ဆိုင်ရန် အခွင့်အရေးရှိရမည်။

Article (17.2) No one shall be arbitrarily deprived of his property.

(၂) ဥပဒေအရ မဟုတ်လျှင်၊ မည်သူမျှ မိမိ၏ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ခြင်း မခံစေရ။

Article (18)

Everyone has the right to freedom of thought, conscience and religion; this right includes freedom to change his religion or belief and freedom, either alone or in community with others and in public or private, to manifest his religion or belief in teaching, practice, worship and observance.

အပိုဒ် ၁၈

လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ် ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်နိုင်ခွင့် နှင့် လွတ်လပ်စွာ သက်ဝင် ကိုးကွယ်နိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ မိမိကိုးကွယ်သည့် ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ ပြောင်းလဲနိုင်ခွင့် ပါဝင်သည့် အပြင် မိမိ တစ်ယောက် ချင်းဖြစ်စေ၊ အခြားသူများနှင့် စုပေါင်း၍ဖြစ်စေ၊ ပြည်သူအများ ရှေ့မှောက်တွင် သော် လည်းကောင်း၊ ရှေ့မှောက်တွင် မဟုတ်ဘဲ သော်လည်းကောင်း၊ မိမိ ကိုးကွယ်သော ဘာသာကို သို့တည်းမဟုတ် သက်ဝင် ယုံကြည်ချက်ကို လွတ်လပ်စွာ သင်ပြနိုင်ခွင့်၊ ကျင့်သုံးနိုင်ခွင့်၊ ဝတ်ပြု ကိုးကွယ်နိုင်ခွင့်နှင့် ဆောက်တည် နိုင်ခွင့်တို့လည်း ပါဝင်သည်။

Article (19)

Everyone has the right to freedom of opinion and expression; this right includes freedom to hold opinions without interference and to seek, receive and impart information and ideas through any media and regardless of frontiers.

အပိုဒ် ၁၉

လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင် ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟ ဖော်ပြနိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ အနှောင့် အယှက်မရှိဘဲ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့် ပါဝင် သည့်အပြင်၊ နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန် မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှ ဖြန့်ချီခွင့်တို့လည်း ပါဝင်သည်။

Article (20.1)

Everyone has the right to freedom of peaceful assembly and association.

အပိုဒ် ၂ဝ

(၁)လူတိုင်းတွင် လွတ်လပ် အေးချမ်းစွာ စုဝေးနိုင်ခွင့် နှင့် ဖွဲ့စည်းနိုင်ခွင့် တို့ ရှိသည်။

Article (21.2) Everyone has the right of equal access to bublic servece in his country.

(၂)လူတိုင်းတွင် မိမိ၏နိုင်ငံရှိ ပြည်သူ့ ဝန်ထမ်းအဖွဲ့၌ ဝင်ရောက်နိုင်ရန် တူညီသည့် အခွင့် အရေးရှိသည်။

Article (21.1)

Everyone one has the right to take part in the government of his country, directly or through freely chosen representatives.

အပိုဒ် ၂၁

(၁) လူတိုင်းတွင် မိမိနိုင်ငံ၏ အုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ်လိုက်သည့် ကိုယ် စားလှယ်များမှ တစ်ဆင့်ဖြစ်စေ ပါဝင် ဆောင်ရွက်နိုင်ခွင့် ရှိသည်။

Article (21.2) Everyone has the right of equal access to bublic servece in his country.

(၂)လူတိုင်းတွင် မိမိ၏နိုင်ငံရှိ ပြည်သူ့ ဝန်ထမ်းအဖွဲ့၌ ဝင်ရောက်နိုင်ရန် တူညီသည့် အခွင့် အရေး ရှိသည်။

Article (21.3) The will of the people shall be the basis of the authority of government; this will shall be expressed in periodic and genuine elections which shall be by universal and equal suffrage and shall be held by secret vote or by equivalent free voting procedures.

(၃)ပြည်သူပြည်သားတို့၏ ဆန္ဒသည် အုပ်ချုပ် အာဏာ၏ အခြေခံဖြစ်ရမည်၊ အဆိုပါ ဆန္ဒကို အချိန် ကာလပိုင်းခြားလျက် စစ်မှန်သောရွေးကောက်ပွဲများဖြင့်ထင်ရှားစေရမည်။ ရွေးကောက် ပွဲများ တွင် လည်း လူတိုင်းအညီအမျှ ဆန္ဒမဲ ပေးနိုင်ခွင့် ရှိရမည့်အပြင် ၊ ထိုရွေးကောက်ပွဲများကို လျှို့ဝှက် မဲပေး စနစ်ဖြင့် ဖြစ်စေ၊ အလားတူ လွတ်လပ်သော မဲပေးစနစ် ဖြင့်ဖြစ်စေ၊ ကျင်းပရမည်။

Article (22)

Everyone, as a number of society, has the right to social security and is entitled to realization, through natilnal effort and international co-poreation and in accordance with the organization and resources of each state , of the economic, social and cultural rights indispensable for his dignity and the free development of his personality,

အပိုဒ် ၂၂

လူတိုင်းတွင်လူ့အဖွဲ့အစည်း၏အဖွဲ့ဝင်တစ်ဦးအနေနှင့်လူမှုရေးလုံခြုံခွင့်ရယူပိုင့်ခွင့်ရှိသည့်အပြင်နိုင်ငံ

ရေးကြိုးပမ်းမှုဖြင့်ဖြစ်စေ၊နိုင်ငံတကာပူပေါင်းဆောင်ရွက်မှုဖြင့်ဖြစ်စေ၊နိုင်ငံအသီးသီး၏ဖွဲ့စည်းပုံနှင့် လည်း ကောင်း၊ သယံဇာတအင်အားနှင့်လည်းကောင်း ထိုလူ၏ ဂုဏ်သိက္ခာနှင့် စရိုက်လက္ခဏာ လွတ်လပ်စွာ တိုးတက်မြင့်မားရေးအတွက် မရှိမဖြစ်လိုအပ်သော စီးပွားရေး၊လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့် အရေးများကို သုံးစွဲပိုင်ခွင့်ရှိသည်။

Article(23.1)

Everyone has the rightto work ,to free choice of employment to just and favourable conditions of work and to protection against unemployment.

အပိုဒ် ၂၃

(၁)လူတိုင်းတွင် အလုပ်လုပ် ရန်လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးမှု အလုပ် အကိုင်ကို လွတ်လပ်စွာရွေးချယ်ရန် လည်းကောင်း၊ တရား မျှတ၍ လုပ်ပျော်သော အလုပ်ခွင်၏ အခြေအနေကို ရရှိရန် လည်းကောင်း၊ အလုပ်လက်မဲ့ ဖြစ်ရခြင်းမှ အကာအကွယ် ရရှိရန် လည်းကောင်း အခွင့် အရေးရှိသည်။

Article(23.2) Everyone, without any discrimination, has the right to equal pay for equal work.

(၂)လူတိုင်းတွင် ခွဲခြားခြင်းမခံရစေဘဲ၊ တူညီသော အလုပ်အတွက် တူညီသော အခကြေးငွေ ရနိုင်ခွင့်ရှိသည်။

Article(23.3) Everyone, who works has the right to just and favourable remumeration ensuring for himself and his family existence worthy of human dignity, and supplemented,if mecessary other means of social protection.

(၃)အလုပ်လုပ်ကိုင်သည့် လူတိုင်းတွင်၊ မိမိနှင့် မိမိ၏ မိသားစုအတွက် လူ့ဂုဏ်သိက္ခာ နှင့် ညီအောင် နေထိုင် စားသောက်နိုင်ရန်၊ စိတ်ချလောက်သည့်ပြင်၊ တရား မျှတ၍ လုပ်ပျော်သည့် လစာကြေးငွေ ရပိုင် ခွင့်ရှိသည်။ လိုအပ်ခဲ့လျှင်အခြား နည်းလမ်းများမှ လူမှုရေး အထောက်အပံ့ကိုလည်း ထပ်မံ၍ ရနိုင်ခွင့် ရှိသည်။

Aricle(23.4) Everyone has the right to form and to join reade unions for the protection of his interests.

(၄)လူတိုင်းတွင် မိမိအကျိုး ခံစားခွင့်ကို ကာကွယ်ရန် အလုပ်သမား အစည်းအရုံးများ ဖွဲ့စည်းခွင့် ၊ ပါဝင် ဆောင်ရွက်ခွင့် ရှိသည်။

Article(24)

Everyone has the right to rest and leisure, including reasonable limitation of working hours and preiodic holidays with pay.

အပိုဒ် ၂၄

လူတိုင်းတွင် သင့်မြတ်လျော်ကန်စွာ ကန့်သတ်ထားသည့် အလုပ်လုပ်ချိန် အပြင်၊ လစာနှင့်တကွ အခါကာလအားလျော်စွာ သတ်မှတ် ထားသည့် အလုပ် အားလပ်ရက်များပါဝင်သည့် အနားယူခွင့်နှင့် အားလပ်ခွင့် ခံစားပိုင်ခွင့် ရှိသည်။

Article(25.1)

Everyone has the right to standard of liveng adequatefor the health and well being of himself of his flmily, including food, clothing housing and medical care and necessary social services, and the right to security in the event of unemployment, sickness, disability,widowhood,old age or other lack of livelihood in circumstances beyond his control.

အပိုဒ် ၂၅

(၁)လူတိုင်းတွင် မိမိနှင့်တကွ မိမိ၏ မိသားစု ကျန်းမာရေးနှင့်တကွ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာ နေထိုင်နိုင်ရေး အတွက် အစာအဟာရ၊ အဝတ်အထည် နေအိမ်၊ ဆေးဝါး အကူအညီနှင့် လိုအပ်သည့် လူမှု အထောက်အပံ့များ ပါဝင်သော သင့်တော် လျှောက်ပတ်သည့် လူမှု အဆင့်အတန်းကို ရယူခံစားခွင့် ရှိသည်။ ထို့ပြင် အလုပ်လက်မဲ့ဖြစ်သော အခါ၌ သော်လည်းကောင်း၊

မကျန်းမမာဖြစ်သော အခါ၌ သော်လည်းကောင်း၊ ကိုယ်အင်္ဂါ မစွမ်း မသန်ဖြစ်သော အခါ၌ သော် လည်းကောင်း၊ မုဆိုးမဖြစ်သော်အခါ၌ သော်လည်းကောင်း၊ အသက်အရွယ်အိုမင်းသော အခါ၌ သော်လည်းကောင်း၊ မိမိကိုယ်တိုင်က မတတ်နိုင်သော အကြောင်းကြောင့် ဝမ်းစာ ရှာမှီးနိုင်သော နည်း လမ်း မရှိသော အခါ၌ သော်လည်းကောင်း၊ နေထိုင်စားသောက်ရေးအတွက် လုံခြုံစိတ်ချရမှု အခွင့် အရေးရှိသည်။

Article(25.2) Motherhood and childhood are entitled to special care and assistance.All children, whether born in or out of wedlock, shall enjoy the same social protection.

(၂)သားသည် မိခင်များနှင့် ကလေးများသည် အထူးစောင့်ရှောက်ခြင်းနှင့် အကူအညီပေးခြင်းကို ရခွင့် ရှိသည်။ ဥပဒေအရ ထိမ်းမြားခြင်းဖြင့်ဖြစ်စေ အခြား နည်းဖြင့် ဖြစ်စေ မွေးဖွားသော ကလေး အား လုံးသည် တူညီသော လူမှု ကာကွယ် စောင့်ရှောက်ရေးကို ရယူ ခံစားကြရမည်။

Article (26.1)

Everyone has the right to education. Education shall by free, at leaslltl in the elementary and fundamental stages. Elementary education shall be compulsory. Technical and professional education shall be made generally available and higher education shall be equally accessible to all in the basis of merit.

အပိုဒ် ၂၆

(၁)လူတိုင်းသည် ပညာသင် ယူနိုင်ခွင့်ရှိသည်၊ အနည်းဆုံးမူလတန်းနှင့် အခြေခံ အဆင့် အတန်းများ တွင် ပညာ သင်ကြားရေးသည် အခမဲ့ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရ ပညာ ဖြစ်ရမည်။ စက်မှုလက်မှုပညာနှင့် အသက်မွေးမှု ပညာများကို ယေဘူယျအားဖြင့် သင်ကြားရယူနိုင်စေရမည်။ ထို့ပြင် အထက်တန်းပညာအတွက် အရည်အချင်းကို အခြေခံပြု၍ တူညီသော အခွင့်အရေး ရရှိ စေရမည်။

Article(26.2)Education shall be directed to the full development of the human personality and to the strengthening of respect ror human rights and fundamental freedoms.It shall promote understanding, tolerance and friendship among all nations racial or religious groups, and shall further the activities of the United Nations for the maintenance of place.

(၂)ပညာသင်ကြားရေးကို လူသားတို့၏စရိုက်လက္ခဏာအပြည့်အဝတိုးတက်မှု အပြင်၊ လူ့အခွင့် အရေးနှင့် အခြေခံလွတ်လပ်ခွင့် ရိုသေ လေးစားမှု တို့ကို ရှင်သန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ သင်ကြား စေရ မည်။ ပညာသင်ကြားရေးသည် နိုင်ငံ အားလုံး တို့တွင် လည်းကောင်း၊ လူမျိုးစုများ တွင် လည်း ကောင်း၊ ဘာသာရေးအသင်းအဖွဲ့များတွင် လည်းကောင်း၊ အချင်းချင်းနားလည်မှု၊ သည်းခံ မှုနှင့် ခင်မင်ရင်းနှီးမှုတို့ကို အားပေးရမည်။ ထို့ပြင် ငြိမ်းချမ်းရေး တည်တံ့အောင် ဆောင်ရွက်ရန် အလို့ငှါ၊ ကုလသမဂ္ဂ၏ ဆောင်ရွက်မှုများကိုလည်း ဖြစ်မြောက် အောင် အားပေးရမည်။

Article(26.3) Parents have a piror right to hoose the kind of education that shall be given to their children.

(၃)မိဘတို့တွင်၊ မိမိတို့၏ ကလေးများ သင်ယူရမည့် ပညာ အမျိုးအစားကို ရွေးချယ်နိုင်သော လက်ဦး အခွင့်အရေးရှိသည်။

Article(27.1)

Everyone has the right freely to participate in the cultural life of the community, to enjoy the arts and to share in scientific advancement and its benefits.

အပိုဒ် ၂၇

(၁)လူတိုင်းတွင် သက်ဆိုင်ရာ ယဉ်ကျေးမှု လောက၌ လွတ်လပ်စွာ ပါဝင်ဆောင် ရွက်နိုင်ခွင့် သုခုမ ပညာရပ် များကို လွတ်လပ်စွာလိုက်စား မွေ့လျော်နိုင်ခွင့်၊ သိပံ္ပ ပညာထွန်းကားရေး လုပ်ငန်းများတွင် လွတ်လပ်စွာ ဝင်ရောက် လုပ်ကိုင် နိုင်ခွင့်နှင့် ထိုပညာ၏ အကျိုး အာနိသင်များကို လွတ်လပ်စွာ ခံစားသုံးစွဲနိုင်ခွင့် ရှိသည်။

Article(27.2) Everyone has the right to the protection of the moral and material intersts resulting from any scientific, literary or artistic production of which he is the author.

ဖန်းတီးမှုမှဖြစ်ထွန်းလာသည့် ဂုဏ်နှင့် ငွေကြေး အကျိုးအမြတ်များကို ခံစားရယူနိုင်ရန် အခွင့်အရေး အတွက် ကာကွယ်မှုကို ရရှိရန် အခွင့်အရေး ရှိသည်။

Article(28)

Everyone is entitled to a social and internationalorder in which the rights and freedoms set form in Declaration can be fully realized.

အပိုဒ် ၂၈

လူတိုင်းသည် ဤကြေညာ စာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေးများ နှင့် လွတ်လပ်ခွင့်များကို အပြည့် အစုံ ရယူနိုင်သော လူမှု ဆက်ဆံရေး အခြေအနေနှင့် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး အခြေ အနေတို့၏ အကျိုးကျေးဇူးကို ခံစားနိုင်ခွင့် ရှိသည်။

Article(29.1)

Everyone has duties to the community in which alone the free and full development this personality is possible.

အပိုဒ် ၂၉

(၁)မိမိ၏စရိုက်လက္ခဏာ လွတ်လပ်စွာ ဖွံ့ဖြိုး တိုးတက်နိုင်သည့် တစ်ခုတည်းသော လူ့အသိုက်အဝန်း အတွက် လူတိုင်း၌ တာဝန် ရှိသည်။

Article(29.2)In the exercise of his rights and freedoms, everyone shall be subject only to such limitations as are determined by law solely for the purpose of securing due recognition and respect for the rights and freedoms of other and of meeting just requirements of morlity, public order and the general welfare in a democratic society.

(၂)မိမိ၏ အခွင့်အရေးများနှင့် လွတ်လပ် ခွင့်များကို သုံးစွဲရာတွင် လူတိုင်းသည်၊ အခြားသူများ၏ အခွင့် အရေးများနှင့်လွတ်လပ်ခွင့်များကိုအသိအမှတ်ပြု၍ရိုသေ လေးစားစေရန်အလို့ငှာလည်း ကောင်း၊ ဒီမို ကရေစီကျင့်သုံးသောလူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရားအပြင်၊ရပ်ရွာအေးချမ်းသာ ယာရေးနှင့် ပြည်သူ့ အကျိုး စီးပွား ဖြစ်ထွန်းရေးတို့ အတွက်၊ တရားမျှတစွာကျင့် ဆောင်ရန် အလို့ငှာ လည်း ကောင်း၊ ဥပဒေက ပြဌာန်းထားသည့် ချုပ်ချယ်မှုများဖြင့်သာ ကန့်သတ်ခြင်းခံရမည်။

Article(29.3)These rights and freedoms may in no case be exercised contrary to the purposes and principles of the United Nations.

(၃)အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ် ခွင့်များကို မည်သည့် အမှုကိစ္စတွင်မျှ ကုလသမဂ္ဂ၏ ရည် ရွယ် ချက်များနှင့် လည်းကောင်း၊ အခြေခံမူများနှင့် လည်းကောင်း ဆန့်ကျင်၍ မသုံးစွဲရ။

Article(30)

Nothing in this Declation may be imterpreted as implying for any atate, group or person any right to engage in any activity or to perform any act aimed at the destruction of any of the rights and freedoms set form herein.

အပိုဒ် ၃ဝ

ဤကြေညာစာတမ်းပါအခွင့်အရေးနှင့်တကွလွတ်လပ်ခွင့်များပျက်စီးရာပျက်စီးကြောင်းတို့ကိုရည် ရွယ်၍၊ နိုင်ငံ တစ်နိုင်ငံ အတွက် ဖြစ်စေ၊ လူတစ်စု အတွက်ဖြစ်စေ၊ လူတစ်ဦးတစ်ယောက် အတွက် ဖြစ်စေ ပါဝင် ဆောင်ရွက်ရန် အခွင့်ရှိသည်ဟု သော်လည်းကောင်း၊ ကိုယ်တိုင်ဆောင်ရွက်ရန် အခွင့်ရှိ သည်ဟုသော်လည်းကောင်း အဓိပ္ပါယ် ပိုင်းခြားကောက်ယူခြင်း မရှိစေရ ။

ချစ်ဦးPermalink ချစ်ဦး က yesterday တုန်းက ပြန်တဲ့စာ

MMSY ထဲကို ပလန်းနက်က ကိုထူးလို လူတယောက်ရောက်နေပါရောလား။😀

ပလန်းနက် ခေတ်ဦးပိုင်းမှီသူတွေတော့  ကိုထူးကိုကောင်းကောင်းသိကျမယ်ထင်ပ……

အဘစွာPermalink အဘစွာ က yesterday တုန်းက ပြန်တဲ့စာ

🙂

ချစ်ဦး said:

MMSY ထဲကို ပလန်းနက်က ကိုထူးလို လူတယောက်ရောက်နေပါရောလား။😀

ပလန်းနက် ခေတ်ဦးပိုင်းမှီသူတွေတော့  ကိုထူးကိုကောင်းကောင်းသိကျမယ်ထင်ပ……

ဝိုင်းPermalink ၀ိုင်း က yesterday တုန်းက ပြန်တဲ့စာ

ဘယ်လိုလူလဲဟင် ………. ကိုထူး ဆိုတာ ……….. နာ တိဒလိုပဲ ………… နီကောင်းကောင်းသိရင် ပြောပပါလား ………………😛

ချစ်ဦး said:

MMSY ထဲကို ပလန်းနက်က ကိုထူးလို လူတယောက်ရောက်နေပါရောလား။😀

ပလန်းနက် ခေတ်ဦးပိုင်းမှီသူတွေတော့  ကိုထူးကိုကောင်းကောင်းသိကျမယ်ထင်ပ……

HandsomeGeekPermalink HandsomeGeek က yesterday တုန်းက ပြန်တဲ့စာ

😀

အဘစွာ said:

🙂

ချစ်ဦး said:

MMSY ထဲကို ပလန်းနက်က ကိုထူးလို လူတယောက်ရောက်နေပါရောလား။😀

ပလန်းနက် ခေတ်ဦးပိုင်းမှီသူတွေတော့  ကိုထူးကိုကောင်းကောင်းသိကျမယ်ထင်ပ……

Permalink kotinmaung က yesterday တုန်းက ပြန်တဲ့စာ


၁၈၂၃ – ခုနှစ်မတိုင်မီကစ၍မြန်မာနိုင်ငံအတွင်းတွင်မြန်မာနိုင်ငံကို ပင်ရင်းနိုင်ငံအဖြစ်အခြေစိုက်နေထိုင်

ခဲ့ကြသည့်မျိုးနွယ်စု တိုင်းရင်းသားစာရင်း၊ အင်္ဂလိပ်နယ်ချဲ့တို့လူဦးရေစာရင်းကောက်ယူရာတွင် –

ဓည၀တီရခိုင် ခေါင်းစဉ်အောက်တွင်

လူမျိုးနွယ်အရဖေါ်ပြရလျှင် အမှတ်စဉ် (၁) မှ (၁၁) အထိစာရင်းဖေါ်ပြထားသည်

အမှတ်စဉ် (၇)တွင် မြန်မာ ပသီစာရင်းဖြစ်သည်။

 (၇) ။ -မြန်မာပသီ        ၂၄၀၀၃

တနင်္သာရီတိုင်းခေါင်းစဉ်အောက်တွင်


လူမျိုးနွယ်အရဖေါ်ပြရလျှင် အမှတ်စဉ် (၁) မှ (၁၀) အထိစာရင်းဖေါ်ပြထားသည်

အမှတ်စဉ် (၆)တွင် မြန်မာ ပသီစာရင်းဖြစ်သည်။

 (၆) ။ -မြန်မာပသီ        ၆၁၈၇

ရန်ကုန် ၊ပုသိမ် ၊မြန်အောင် ၊ပြည် ၊တောင်ငူ (၁၈၆၆ ) ခုနှစ် လူမျိုးနွယ်စုအရဖေါ်ပြရာတွင်

လူမျိုးနွယ်စု အမှတ်စဉ် (၁) မှ (၁၀) အထိစာရင်းဖေါ်ပြထားသည်

အမှတ်စဉ် (၆)တွင် မြန်မာ ပသီစာရင်းဖြစ်သည်။

 (၆) ။ -မြန်မာပသီ        ၂၀၇၂

   စသည်ဖြင့် ဖေါ်ပြထားကြောင်းတွေ့ရပါသည်။

ပညာဝ(ဌ)န ကျမ်း စာတမ်းကို သတင်းထောက်တစ်ဦးမှ ဗမာ့မော်ကွန်းမှတ်တမ်း တွင်ဖေါ်ပြထားသည်။

မှတ်ချက်။   ။ ပညာဝ(ဌ)န တွင် (ဌ)နေရာတွင် ဒရေးမုတ် အက္ခရာဖြစ်ပါသည်။၎င်းစာလုံးမဖေါ်၍ (ဌ) အက္ခရာ

ဖြင့်ရေးထားခြင်းးဖြစ်ပါသည်။

HandsomeGeekPermalink HandsomeGeek က yesterday တုန်းက ပြန်တဲ့စာ

ကိုတင်မောင်ရေ ကျေးဇူးပြုပြီး (ကျေးဇူးအထူးပြုပြီး) MMSY မှ ညီအကိုမောင်နှမများအတွက်၊ ဆေးစစ်ကြည့်ပေးပါလားဗျာ။ MRI ဖြစ်ဖြစ် ရိုက်ကြည့်ပြီး နဲနဲ Check up လုပ်ကြည့်ရင်ကောင်းမယ်ထင်ပါတယ်။။ ကိုတင်မောင်က ကို့ကိုယ်ကို နေကောင်းတယ်ထင်နေပေမယ့် ရောဂါလက္ခဏာတွေ ပြနေတာ မသေးဘူးဗျာ။ ကြာရင် ပိုပိုဆိုးသွားလိမ့်မယ်။ ကိုတင်မောင်ကတော့ သတိမထားမိပေမယ့် ကျနော်တို့ မန်ဘာတွေတော်တော်များများ သတိထားမိနေတာ ကြာပါပြီ။
မွတ်စလင်မ် ကုသိုလ်ဖြစ် ဆေးရုံမှာလဲ အခမဲ့ စစ်လို့ရပါတယ်။ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ဆရာဝန် တဦးဦးနဲ့ ပြကြည့်ရင် ပိုကောင်းမယ်ထင်တယ်။
လိုအပ်ရင် ပြောပါ။ ဆေးစစ်ဖို့ကိစ္စ ကျနော် စုံစမ်းပေးပါမယ်။
အဓိကကတော့ ရောဂါ History ယူတဲ့အချိန်မှာ ဆရာဝန်ကို ဒီဖိုရမ်ကိုအစအဆုံး ပရင့်ထုတ်ပြီးပြလိုက်ပါ။ ဒါဆို ရှည်ရှည်ဝေးဝေး ပြောစရာမလိုတော့ပဲ သူနားလည်သွားလိမ့်မယ်။
အဲဒိ နည်းလမ်းက လောလောဆယ် MMSY အတွက်ရော၊ ကိုတင်မောင့်အတွက်ရော၊ ပသီတွေအတွက်ပါ အကောင်းဆုံးဖြစ်ပါလိမ့်မယ်ဗျာ။
တခုတောင်းပန်ချင်တာက၊ ဆေးမစစ်ရသေးခင် ဆရာဝန်ထောက်ခံချက်မပါပဲ၊ ပသီသမိုင်း ဆက်မရေးပါနဲ့တော့ဗျာ။ အနူးအညွှတ် တောင်းပန်ပါတယ်။

Seriously!!!
ကိုတင်မောင်ရေ ကိုသန့်ဇင်ဖြိုး နောက်ဆုံး ပြောသွားတာကို ဘယ်လို သဘောပေါက်ပါသလဲ၊ တော်တော်လေးကို သိချင်လို့ပါ။ အဲဒါ ကိုတင်မောင်ရဲ့ ကျမ်းမာရေးနဲ့လဲ ဆိုင်နေတော့ သူပြောတာကို တကြောင်းချင်းစီ ကိုတင်မောင် ဘယ်လိုနားလည်လဲဆိုတာ ပြန်ရှင်းပြပါလားဗျာ။

TPermalink T က 22 နာရီအရင်က တုန်းက ပြန်တဲ့စာ

.

Salaam to All …

( ပသီအရေး ) ဟာ အခုချိန်မှာ အရေးကြီးဆုံးမဟုတ်တဲ့အတွက် ဒီဖိုရမ်ကို ၀င်မဆွေးနွေးပဲနေခဲ့မိတာပါ ။

ဒါပေမဲ့ တချို့အယူအဆတွေကို ကျတော်လည်းလုံးဝလက်မခံနိုင်ပါဘူး ။ ဥပမာ ပြောရရင် >>>

.မြန်မာနိုင်ငံမှာရှိသမျှ.အစ္စလာမ်ဘာသာဝင်တွေ အားလုံး ပသီလို့ ဆွဲထည့်တာကို လုံးဝ လက်မခံပါဘူး ?

ကျတော်ကိုယ်တိုင်လည်း ကျတော်ဟာ မြန်မာမွတ်စ်လင်မ်သာဖြစ်တယ်လို့ ခံယူထားတာပါ ။

ဒါပေမဲ့ ဒါဟာ ၀င်ကြေငြာရမဲ့ ကိစ္စမဟုတ်သလို လုံးဝ မေဂျာဖြစ်နေတဲ့အရေးလည်း မဟုတ်လို့

အမှန်ပြောရရင် စိတ်လည်းမ၀င်စားခဲ့ပါဘူး ။ ( ဒီစကားဟာ ပသီလူမျိုးတွေကို စော်ကားတာ မဟုတ်ကြောင်းတော့ သိစေချင်ပါတယ် ။) ပသီအရေးထက်စာရင် မွတ်စ်လင်မ်အားလုံးကို ထိခိုက်လာနိုင်မဲ့ ရိုဟင်ဂျာ အရေးတွေ ကို ပိုပြီး လေ့လာပါတယ် ။ ဒီကြားထဲမှာ ၀င်ဆွေးနွေးတဲ့ brother တစ်ဦးက

မြန်မာမွတ်စလင်ဆိုတာ ပသီ မဟုတ်ပါ။

ဗမာမွတ်စလင်မှ ပသီ ဖြစ်ပါသည်

ဆိုတော့ ပိုတောင်ရှုပ်ကုန်ရော….သေချာတာကတော့

ပသီလူမျိုးစု သမိုင်းအထောက်အထားများစုစည်းရအောင်

….ဆိုတဲ့ ဖိုရမ် ခေါင်းစဉ်ကြောင့် ပသီသမိုင်းသိချင်လို့ ၀င်ဖတ်မိသူတွေဟာ ဖောင်းပွနေတဲ့ Google က ကော်ပီတွေကြောင့်

စိတ်ပျက်သွားကြမှာပါ ……..


အဓိက နဲ့ သာမည ကို ခွဲခြားသိရှိနိုင်ကြပါစေ


Was-salaam : Allaharfiz .

.

မောင်လျှောက်(မြယာမြေ)Permalink မောင်လျှောက်(မြယာမြေ) က 5 နာရီအရင်က တုန်းက ပြန်တဲ့စာ

Salam brother T,

မြန်မာမွတ်စလင်ဆိုတာ ပသီ မဟုတ်ပါ။

ဗမာမွတ်စလင်မှ ပသီ ဖြစ်ပါသည်။


ဗမာနှင့်မြန်မာဘာကွာပါသလဲ?

Country and State ဘာကွာပါသလဲ၊

နိုင်ငံနှင့်လူမျိုးဘာကွာပါသလဲ။လူကြီးမင်းဟာမြန်မာမွတ်စလင်လား?

ဗမာမွတ်စလင်လား?

ကုလားလား?

ရိုဟင်ဂျာလား?

မဟာမေဒင်လား?

ဇေဘာဒီလား?

ဗမာလား?

မြန်မာလား?

နိုင်ငံခြားသားလား?

တိုင်းရင်းသားမွတ်စလင်လား?

ကွဲကွဲပြားပြား သိပါသလား?

ဖြေပေးပါ။

မြန်မာနိုင်ငံမှာရှိသမျှ.အစ္စလာမ်ဘာသာဝင်တွေ အားလုံး ပသီလို့ ဆွဲထည့်တာကို လုံးဝ လက်မခံပါဘူး။

ရိုဟင်ဂျာ အရေးကမွတ်စ်လင်မ်အားလုံးကို ထိခိုက်လာနိုင်မဲ့ အကြောင်းမရှိပါဘူး။အဲလိုထိခိုက်လာနိုင်မဲ့ဆိုရင်ဒီforumလေးကရှေးပြေးကူညီနိုင်မယ်လို.ယူဆပါတယ်။သိုပေမယ့် kotinmaung ပြောသောအချက်များတွင်လည်းအများကြီးလွဲနေတာတွေရှိပါတယ်။

Salam

T said:

.

Salaam to All …

( ပသီအရေး ) ဟာ အခုချိန်မှာ အရေးကြီးဆုံးမဟုတ်တဲ့အတွက် ဒီဖိုရမ်ကို ၀င်မဆွေးနွေးပဲနေခဲ့မိတာပါ ။

ဒါပေမဲ့ တချို့အယူအဆတွေကို ကျတော်လည်းလုံးဝလက်မခံနိုင်ပါဘူး ။ ဥပမာ ပြောရရင် >>>

.မြန်မာနိုင်ငံမှာရှိသမျှ.အစ္စလာမ်ဘာသာဝင်တွေ အားလုံး ပသီလို့ ဆွဲထည့်တာကို လုံးဝ လက်မခံပါဘူး ?

ကျတော်ကိုယ်တိုင်လည်း ကျတော်ဟာ မြန်မာမွတ်စ်လင်မ်သာဖြစ်တယ်လို့ ခံယူထားတာပါ ။

ဒါပေမဲ့ ဒါဟာ ၀င်ကြေငြာရမဲ့ ကိစ္စမဟုတ်သလို လုံးဝ မေဂျာဖြစ်နေတဲ့အရေးလည်း မဟုတ်လို့

အမှန်ပြောရရင် စိတ်လည်းမ၀င်စားခဲ့ပါဘူး ။ ( ဒီစကားဟာ ပသီလူမျိုးတွေကို စော်ကားတာ မဟုတ်ကြောင်းတော့ သိစေချင်ပါတယ် ။) ပသီအရေးထက်စာရင် မွတ်စ်လင်မ်အားလုံးကို ထိခိုက်လာနိုင်မဲ့ ရိုဟင်ဂျာ အရေးတွေ ကို ပိုပြီး လေ့လာပါတယ် ။ ဒီကြားထဲမှာ ၀င်ဆွေးနွေးတဲ့ brother တစ်ဦးက

မြန်မာမွတ်စလင်ဆိုတာ ပသီ မဟုတ်ပါ။

ဗမာမွတ်စလင်မှ ပသီ ဖြစ်ပါသည်

ဆိုတော့ ပိုတောင်ရှုပ်ကုန်ရော….သေချာတာကတော့

ပသီလူမျိုးစု သမိုင်းအထောက်အထားများစုစည်းရအောင်

….ဆိုတဲ့ ဖိုရမ် ခေါင်းစဉ်ကြောင့် ပသီသမိုင်းသိချင်လို့ ၀င်ဖတ်မိသူတွေဟာ ဖောင်းပွနေတဲ့ Google က ကော်ပီတွေကြောင့်

စိတ်ပျက်သွားကြမှာပါ ……..


အဓိက နဲ့ သာမည ကို ခွဲခြားသိရှိနိုင်ကြပါစေ


Was-salaam : Allaharfiz .

.

Follow – ပြန်စာအသစ်တခုတက်တိုင်း မေးလ်လာစေချင်လျင် Follow ဆိုသည်ကို နှိပ်ပါ။33

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s