ပသီလူမျိုးစုစကားဝိုင်းကို (မနာလိုအုပ်စုကတိုက်ခိုက်၍ဖျက်သိမ်းခံရခြင်း)- စမျက်နှာ( 7)

စကားဝိုင်းထဲက ပြန်စာတွေ

Permalink aungkhaing က January 3, 2012 – 10:07pm တုန်းက ပြန်တဲ့စာ

ပသီအကြောင်းက အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်။

ဘာမှမသိပေးမဲ့ ပြောသံအရမ်းကြားရတယ်။

ပသီလူမျိုးတယောက်လောက်ကို အပြင်မှာ မြင်ဖူးချင်တယ်။

Permalink kotinmaung က January 4, 2012 – 9:28pm တုန်းက ပြန်တဲ့စာ

ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီ
မြန်မာနိုင်ငံအရပ်ရပ်သို့ပြန့်ကျဲနေသောမွတ်ဆလင်များ
၅၈။ –
ပဲခူးမြို့တွင်(၁၆၁၇) `၌ ဆင်မြူရယ် ရှိတ် အနိစ္စရောက်၍၎င်း၏ပစ္စည်းများကို ၎င်းအား ဆက်ခံ တောင်းလာမှ ပေးရန် မြန်မာဘုရင်က သိမ်ဆည်းထားသည် ဆိုသော သတင်းကို ပဲခူမြို့မှပြန် လာ သော မွတ်ဆလင်ကုန်သည် များ က အိန္ဒိယ ကုမ္ပဏီ မဆူလီပထန်ရှိ ကုန်တိုက် သို့ အကြောင်းကြားခဲ့သည်။(ဆိုလိုရင်းမှာ ပဲခူးမြို့တွင်(၁၆၁၇) ခု ကတည်းမွတ်ဆလင်ရှိ နေကြောင်း ထင်ရှားသည်။)

(D.G.Hall Early English Intercourse with Burma p.34 )
၅၉။ –
ကျန်စစ်သားမင်းနန်းသစ်တည်ဆောက်ပွဲ`၌ မြန်မာ သီချင်း၊မွန်သီချင်း၊ ကုလားသီချင်းများ သီဆိုကြ ဟန်ရှိသည်။ ပုဂံကျောက်စာတွင်မြန်မာ ပန်တျာ ၊ကုလားပန်တျာ ၊မြန်မာစည်၊ ကုလားစည်၊ မြန်မာကခြိယ်သည် ၊ ကုလား ကခြိယ်

သည် ဟုရေးထိုးဖေါက်ကြသည်။ပုဂံကျောက်စာ အထောက်အထားများအရ ကုလားပန်တျာ၊ကုလားစည်၊ကုလားကခြိယ်

များ ကုလားများ၊ ကုလားကျွန်များ ပုဂံခေတ် ပျူမြန်မာနိုင်ငံတွင် နေထိုင်ကြောင်းတွေ့ရသည်။

( ဘုန်းတင့်ကျော်၊ ပိတောက်ပွင့် သစ် အောက်၊အနုပညာမဂ္ဂဇင်း အမှတ်(၁၆) ဖေဖေါ်ဝါရီလ -၂၀၀၈ )

၆၀။ –
ကောဇ သက္ကရာဇ် (၆၉၅) ခုတွင် အရှေ့ဘက်ရှိ သက်တို့သည် တောင်စဉ်ကျေးရွာများဖျက်စီး နေသည် ကို ချေမုန်းရန်

စစ်ကြော င်းအမျိုးမျိုးခွဲ၍ချီတက်ရာ`၌ အမတ်ကြီး(စနဲ)ပါသောစစ် ကြောင်း ကိုယ်တော် သူရဲ ၂၀၀၀၀ (နှစ်သောင်း) ၊ ကုလား၃၀၀၀၀(သုံးသောင်း) ၊ဘီပေါင်း ၅၀၀၀၀(ငါးသောင်း) နှင့်အတူ မအီလမ်းမှ စစ်ချီတက်သည်ဟု တွေ့ရှိရသည်။

(ရက္ခပူရ ကြေးမုန်ကျမ်း စာမျက်နှာ ၉၇ ၊၉၈ ၊စာမူခွင့်ပြုချက်အမှတ်၃၇၁ / ၂၀၀၄(၇) )

Permalink kotinmaung က January 6, 2012 – 5:38pm တုန်းက ပြန်တဲ့စာ

အမိန့်တော် ပြန်တမ်း


အစ္စလာမ် သာသနာပိုင် အာဗစ်ရှာဟိုစိုင်နိ တပည့် ငရွှေလူး၊ငအေးတို့က နိုင်ငံတော်အတွင်းမြို့ရွာများရှိသည့်
ပသီကုလားတို့ကို ဘာသာကျမ်းရှိသည့်အတိုင်း အာဗစ်ရှာဟိုစိုင်နီပြသရာ နာခံကြစေ။(အမိန့်တော် ထုတ်ပြန်ချက်)

သက္ကရာဇ် ၁၁၆၉ ခု တန်ဆောင်မုန်းလပြည့်ကျော်(၃) ရက်နေ့ နာခံဘယ ကျော်ထင်တွင်ပြန်

ရခိုင် (၄) မြို့၊ပုသိမ် (၄) မြို့ ။ဟံသာဝတီ (၃၂)မြို့ ၊ ရေး၊ မြိတ်၊ ထားဝယ် ၊တနင်္သာရီ ၊အာသံ၊မဏိပူရ၊ယိုးဒယား ၊
ဇင်းမယ်၊ ရှမ်းပြည်အတွင်းရှိပသီ၊ကုလားများအပေါ် ယနေ့မှ စ၍ ဆရာတော်ဘုရားဟုခေါ်စေ။ အာဗစ်ရှာဟုခေါ်လျှင် လျှာပြတ်စေ။ ကျောက်စီတောင်ဝှေး နှင့်ကျောက်စီ ခြေနှင်းစီးစေ၊ ဆရာတော် ဘုရား အလိုရှိ၍ ဆင့်ခေါ်လျှင် နန်းတော် တိုင်ဖက်ငြားသော်လည်းခွါယူစေ။ နိုင်ငံတော်အတွင်းအရပ်ရပ် အမြို့မြို့အရွာရွာမှာ ရှိနေသည့် ပသီကုလားတို့ကို ဘာသာကျမ်းရှိသည့်တိုင်း အာဗစ်ရှာဟိုစိုင်နီပြသရာနာခံကြစေ။(အမိန့်တော်)
ကိုးကားကျမ်း – (ယဉ်ကျေးမှုဝန်ကြီးဌာနထုတ် မြန်မာမင်း အုပ်ချုပ်ပုံစာတမ်း၊စတုတ္ထအပိုင်း စာမျက်နှာ -၂၅၄)

Permalink kotinmaung က January 6, 2012 – 5:41pm တုန်းက ပြန်တဲ့စာ

ပသီအခေါ်အဝေါ်


ပါရှန်တို့၏ စာပေကို ပါရစီဟူ၍ခေါ်ကြသည်။ပါရစီကို အချို့ကုလားနှင့် မြန်မာတို့က ဖါရစီဟုလည်း ခေါ်ကြပြန်

သည်။ပါရစီ(ပါရသီ) ဟူသောပုဒ် ၌(ရ) အက္ခရာ ကိုကျေပျောက်ကာ (ပ) ၌ (ရေးချ) ဖြုတ်၍ ပသီ ဟုမြန်မာ တို့က ခေါ်ဝေါ်

ကြလေသည်။
ကာလကြာသောအခါ ပါနတ်ဒေသမှ လာသည့်ပါရဆီ ပါရှန်လူမျိုးခေါ် အီရန်လူမျိုး များကိုသာမက မူဆလင်ဘာသာ

ဝင်ဟူသမျှကို သိမ်းကြုံး၍ခေါ်ဝေါ်လေ့ရှိခဲ့ပုံ အထောက်အထားမျးကိုလည်းတွေ့ရပေသည်။
ကိုးကားကျမ်း

၁ – ရန်ကုန်တက္ကသိုလ် – ပုသိမ်ကျောင်းသူကျောင်းသားများအသင်(၁၉၅၅ – ၅၆)ထုတ် မဂ္ဂဇင်း စာမျက်နှာ – ၅
၂ – လမ်းစဉ်ပါတီထုတ် အခြေပြမြန်မာ့နိုင်ငံရေးသမိုင်း စာမျက်နှာ ၂၂၂
၃ – ဆရာမာဃ – ပုသိမ်ရာဇ၀င်

Permalink kotinmaung က January 6, 2012 – 10:10pm တုန်းက ပြန်တဲ့စာ

အပိုင်း ( ၁ )

ခရစ်သက္ကရာဇ် ( ၁၈၂၃ ) ခုနှစ် မတိုင်မီကပင်ရင်းနှိုင်ငံအဖြစ်

မြန်မာနိုင်ငံအရပ်ရပ်သို့ ပြန့်ကျဲနေထိုင်သောမွတ်ဆလင်များ

  ၁မှ ၆၀ ထိ စုစည်းအပိုင်း( ၁ )ဟု ဖေါ်ပြခြင်း

(ကျန်ရှိသော အချက်များကို အပိုင်း (၂ ) ၊ (၃ ).. စသည်ဖြင့်ဖေါ်ပြသွားပါမည်။)

(1 )

ဦးလှဒင်မြန်မာဘာာပြန်ဆိုသောရတနာရွှေမြေ စာအုပ် စာမျက်နှာ ၂၅၀ တွင် ရှေး ဟောင်း သုတေ သနကျောက်စာ လိုက်စားသူတို့က သိရိဂုတ္တရတောင်ကုန်းသည်တစ်ခါက တည် ရှိခဲ့ဘူးသော ဓည ဝတီမြို့ ဟောင်း၏အရှေ့မြောက်ဖက်

တွင်တည် ရှိကြောင်း ထိုမြို့တော် ၏မြို့ရိုး ဟောင်း များကို ယခုတိုင်တွေ့မြင်ရ သဖြင့် ထိုမြို့ရိုးကို အေဒီ ၁ ရာစုထက် စော ၍တည်ထောင် ခဲ့သောအိန္ဒိယ ကုလား မြို့တော် တစ်ခု ဖြစ်ကြောင်းစသည်တို့ကို ကျောက်စာ အထောက် အထားများအကိုးအကား များ စွာ ဖြင့်ပြကြသည်။

( ဦးလှဒင်မြန်မာဘာာပြန်ဆိုသောရတနာရွှေမြေ စာအုပ် စာမျက်နှာ ၂၅၀ )
( 2 )
မြောက်ဦးမြို့၏ထူးခြားချက်ကား ကုလားမွတ်ဆလင်များနေခြင်းဖြစ်သည်။ဤသို့ဖြစ်ရခြင်း ကလည်း အ ဆန်း မဟုတ်ပေ။ ဒုတိယမြောက်ဦးခေတ်တွင် ဘင်္ဂလား ၁၂ ပြည်နယ်ကို ပြန်လည် တိုက် ခိုက် သိမ်း ပိုက် ရာ`၌ စစ်သူကြီးဓမ္မဇေယျ သည်ကုလားပြည်မှ ကုလား ဘုရင်နှင့်တကွ သုံ့ပန်းတို့ကို ဖမ်းဆီး ခဲ့ရာတွင် ကုလား (၁၀၀၀၀) ကို ဆင်စာမြင်း စာရိတ် အစု၊ကုလား(၂၀၀၀) ကို ဝါးခုတ်၊သစ်ခုတ် အစု၊ ကုလား (၁၀၀၀) ကိုလယ်လုပ်၊ ကုလား(၁၀၀၀၀) ကိုဟင်းသီးဟင်ရွက်၊ငရုတ်၊ကြက် သွန်၊ကွမ်း ဆက်အဖွဲ့ အစု ကုလား (၂၀၀၀) မိဖုရား၊သားတော်၊ သမီးတော်များ၊ အိမ် ၌ ရေခပ်၊ထင်းခွဲ၊ ကုလား (၂၀၀၀) လေးကိုင်းစစ်သည်၊ကုလား (၁၀၀၀) ရက်ကန်းရက် ၊ကုလား (၁၀၀၀) ယာဉ်ထမ်း၊ ကုလား(၁၀၀၀) ဆားချက်၊ ကုလား(၁၀၀၀)မြို့တွင်းမြို့ပြင်အမှိုက်ကျုံး၊ သန်ရှင်းရေး စသည်ဖြင့် ကုလားစုစုပေါင်း

(၄၇၅၀၀) ဦး ဖမ်းဆီးလာကာတာဝန်ခွဲဝေ အပ် နှင်း ပေးခဲ့ သည်ဟုရေးသားဖေါ်ပြ ထားသည်။(စာ ၂၅၇-၂၅၈)
(ကိုးကား ။ ။ကစ္စပနဒီမှ ဓညဝတီသစ္စာ – ၂၀၀၈ ခု၊စာပေဗိမာန်ဆုရ စာအုပ်)

(သုတပဒေသာ – ဝိဇ္ဇာ)ဆုရ။ ပထမအကြိမ် ထုတ်ဝေသည့်ခုနှစ် ၂၀၁၀ ဇန္နဝါရီလ။

(စာရေးသူ ကလောင်အမည် မောင်မိုးယံ ၊ မူရင်းအမည် ဗိုလ်မှူးမျို့သန့်(ငြိမ်း)။
စာပေဗိမာန် စာတည်းမှူးက မှတ်ပုံအမှတ် ၀၇၄၉၂ ဖြင့် ပုံနှိပ်၍ မှတ်ပုံတင်အမှတ် ၀၃၉၁၁ ဖြင့်ထုတ်ဝေသည်။)
( 3 )
ရမ်းဗြဲ တောင်ကျောင်းဆရာတော် ရေး ရခိုင်ရာဇဝင်သစ် ပထမအုပ်စတုတ္ထတွဲ ၊ စာမျက်နှာ ၃၅၁/ ၃၅၂/ ၃၅၃ တို့ တွင်ငနှလုံမင်း(၁၂၃၄ – ၁၂၃၇)လက်ထက် ကုလားပြာည်ကိုစစ်ထိုးရာ သုံ့ပန်းအဖြစ် (၄၇၅၀၀) ဦး ခေါ်လာပြီး မင်းသုံး၊

မိဖုရားသုံး၊ မင်းသားသုံး၊ မင်းသမီးသုံး မှူးမတ်သုံး အတွက် အသီးသီး အစုနှင့် ခွဲတော်မူသည်။ ဤကားဓညဝတီ

အရေးတော်ပုံ`၌ ပါသောငနှလုံမင်း အကြောင်း တည်းဟု ရေးသားဖေါ်ပြထားသည်။

(ရမ်းဗြဲ တောင်ကျောင်းဆရာတော် ရေး ရခိုင်ရာဇဝင်သစ် ပထမအုပ်စတုတ္ထတွဲ ၊ စာမျက်နှာ ၃၅၁/ ၃၅၂/ ၃၅၃)
( 4 )
Francois Bernier ၏မှတ်တမ်းနှင့် Father Delaunoite ၏ Catholic encyclopedia အရ ၁၆၂၁ မှ ၁၆၂၄ ခှုနှစ်အတွင်း ဖမ်းဆီးခေါ်ဆောင်လာသူများမှာ (၄၂၀၀၀) လေးသောင်း နှစ်ထောင် ရှိ သည်ဟု ဆို၏ ဆာအာသာဖယ်ယာက ဖမ်းဆီးခေါ်ဆောင်လာသူ ဦးရေးသည် ရခိုင်ပြည် စုစုပေါင်း လူဦး ရေး၏ ၁၅ % ရှိသည် ဟု ဆိုထားသည်။

ရခိုင်ဘုရင် ကထိုဖမ်းဆီးယူလာ သောလူထဲတွင် အတတ် ပညာ ရှင် ဖြစ် သူ လေးပုံတစ်ပုံ ခန့်ကိုယူ ထားပြီး

ကျန်လူများကို တစ်ဦး လျှင် (20 Rs မှ 70 Rs ဖြင့် )ဈေးတင်ရောင်း ချ ခဲ့သည်။ ထိုဖမ်းဆီးကျွန်များကို

လက်ဖဝါးဖေါက်ပြီး ကြိမ်လုံးဖြင့် ချည်နှောင်ကာ ကြက်၊ငှက် ကဲ့

သို့ သင်္ဘော ကုန်တွင်း ထဲ ထည့်သွင်းပြီး သယ်ဆောင် လာခဲ့သည်ဟုဆို၏။

(Harvey,Outlineof Burmese History Page, 94 )
( 5 )
(က)- မင်းဘာကြီး ခရစ်ဝက္ကရာဇ်(၁၅၃၁ – ၁၅၅၃) နှင့် မင်းရာဇကြီးတို့ လက်ထက် က သောင်းထီး ကျွန်းမှကုလားေ

လးထောင်စီ ဖမ်းဆီးခေါ်လာခဲ့ကြောင်း၊ မင်းရာဇာ ပဲခူးသို့ စစ်ချီခဲ့ ရာတွင် ကုလား မွတ်ဆလင် သူရဲကောင်း ၅၀၀၀၀ (ငါးသောင်း)သားတော် အိမ်ရှေ့ မင်းသား မင်းခ မောင်း ပိုမော်တင် ချောင်း၊ သံလျှင်မြို့သို့ စစ်ချီလေသည်ဟု ပါရှိသည်။မောရစ်ကော လစ် ရေး ဒုတိယတွဲ စာမျက်နှာ ၁၂ တွင် (ထို့ကြောင်းရခိုင်ပြည် သည် ပထမနှစ် (၁၀၀၀) အတွင်းကုလားမင်းများအဆက်ဆက် အုပ်ချုပ်ခဲ့သည်) ဟူ၍လည်းကာင်း၊စာမျက်နှာ (၁၃) တွင် ခရစ် ၉၅၇ ခှုစ် နောက်ပိုင်းတွင်ရခိုင်ရာဇဝင် စတင်ခဲ့တောသည် ) ဟု လည်းကောင်း စံရွှေပု ကဆိုသည်ဟူ၍ လည်းကောင်း၊စာမျက်နှာ

၂၁ တွင် ခရစ်နှစ် ၉၅၇ မတိုင်မီက

ရခိုင်ပြည်သည် ကုလား ပြည် တစ်ပြည်ဖြစ်ခဲ့ သည်ကတော မှန်ပေ၏ ဟူ၍ လည်းကောင်း – စသည်ဖြင့် ဖေါ်ပြထားသည် ။ရခိုင်ပြည်ကို ဟိန္ဒူဘာသာဝင်များက အေဒီ ၁ ရာစုမှ ၁၁ ရာစု အထိ နှစ်ပေါင်း (၁၀၀၀) ကျော်စိုးမိုး အုပ်ချုပ်ခဲ့သည်ဟု ရေးသားထားသည်။
(ခ) –  အထက်ပါစာအုပ်၏နောက်တစ်နေရာတွင် တရံရောအခါ စစ်တွေကျွးန်ကုလားတို့ကို ဓါးပိုင် ကြီး သောက်ကြယ်က ခေါ်၍ ဆုလာဘ်ပေးကြောင်း ၊မင်းမသိအမတ် မြို့သစ်စား ရွှေသဲ သိစေလျှင် ထို အကြောင်း ကိုလျှေက်ထား လေသော် ဟုပါရှိရာ (ပြည့်ရှင်မင်းမဟာရာဇာ လက်ထက်) စစ်တွေမှာ ထိုစဉ် ကပင် ကုလားမွတ်ဆလင်များ ရှိနေကြောင်းထင်ရှားနေသည်။

ရခိုင်အမျိုးသားစာရေးဆရာများ၏အထက်ပါမှတ်တမ်းများအရ ထိုစဉ်က မူဆလင် ဦးရေ အများ အပြားရှိသည်ကိုခန့်မှန်း

နိုင်သည်။ ဤ အရပ်ရပ် မူဆလင်များသည် ရှူးဂျား မင်းသား ၁၆၆၀ ခုနှစ်ရခိုင် သို့ခိုလှုံလာသည့် ကာလ ထက်အချိန်ကာလ အားဖြင့် စော နေကိုတွေ့ ရ သည်။ရခိုင်ဘုရင် လေးသည် (ကမန်)တပ်ဖွဲ့ဝင် ရှားရှူးဂျား မင်းသား နောက် လိုက်များ ထက်ရှေးကျသူများဖြစ် သည်ရခိုင်ဒေသတွင်ဗုဒ္ဓဘာသာဝင်တစ်ချို့အစ္စလာမ်ဘာသာ သို့ကူးပြောင်းခဲ့သည်ဟုဓညဝတီဆရာ တော် ဦးညာဏ၏ရခိုင်ရာဇဝင်ဒုတိယတွဲ စာမျက်နှာ (၁၆၁- ၁၆၂) `၌လည်း ကောင်း၊ ဦးကြည် မြန်မာ သမိုင်း စာမျက်နှာ (၁၆၀ )`၌လည်းကောင်း ဦးလှထွန်းဖြူ ၏ ငွေစကားရည်လုပွဲစာအုပ် စာမျက်နှာ (၄၇) တွင် လည်း ကောင်းရေးသား ဖေါ်ပြထားသည် ကိုတွေ့ရှိရသည်။
( 6 )
Maurice Collis ရေးသော The Land Of the Great Image အား ဦးလှဒင်က ရွှေရတနာ မြေ အမည်ဖြင်ပြန်ဆို ရေးသာဘာသာပြန်ဆုရစာအုပ်၏ စာမျက်နှာ (၁၉၁) တွင် အေဒီ ၆၃၀ ခုနှစ် က ရခိုင်ပြည် သည် အိန္ဒိယနိုင်ငံအတွင်း ပါဝင်ခဲ့၍ နေထိုင်သောလူမျိုးများမှလည်း ဘင်္ဂလား ပြည် မှလူမျိုး များ နှင့်အသွင် တူကြ သည်။ ထိုနည်းတူဟိန္ဒူဗုဒ္ဓဘာသာနှင့်ဗုဒ္ဓဘာသာ နှစ်မျိုး စလုံးပြိုင်တူထွန်းကားခဲ့ သည့်အထောက် အ ထား များ ရှိသည်ဟုဖေါ်ပြသည်။အိန္ဒိယ တိုက် ငယ်တွင်အထူးသဖြင့်ပါကိစ္စတန်နှင့်ဘင်္ဂလားနယ်တွင် ဟိန္ဒူဘာသာဝင် အများစုသည် အစ္စလာမ်ဘာသာသို့ကူးပြောင်းကိုးကွယ်ရာဘင်္ဂလားပြည်နယ်နှင်ဆက်စပ်လျက်ရှိသောရခိုင်ပြည်`၌လည်းမြောက်ပိုင်း

`၌လည်းရခိုင်လူမျိုးဟိန္ဒူဘာသာဝင်အများစုမှာအစ္စဘာသာသို့ကူးပြောင်းကိုး ကွယ် လာကြသည်။ ထိုသူများမှာရိုဟင်ဂျာများဖြစ်သည်။ တစ်ချိန်ကပြည်သည် ဘင်္ဂလားသစ္စာတော် ခံအဖြစ်လည်းကောင်း၊ဘင်္ဂလား(၁၂)မြို့ခေါ် ဘင်္ဂလား ဒေသ သည်ရခိုင် ပြည်၏ အင်ပါယာ အဖြစ် သို့လည်းကောင်း အပြန်အလှန်ကျရောက် ခဲ့ကြကြောင်း History Of Burma နှင့်သမိုင်းစာအုပ်များ တွင်ဖေါ်ပြထား သည်ကိုတွေ့ရသည်။

( 7 )
(က)-  ၁၄၀၄-ခု လေးမြို့ခေတ်၌ မင်းစောမွန် ဘုရင်လက်ထက် ရခိုင့်ဘုရင့်နိုင်ငံတော်ကို

ဗမာ ဘုရင် သိမ်း ပိုက်သဖြင့် ရခိုင်ဘုရင် မင်းစောမွန်သည် ဘင်္ဂလားဒေသ ရှိ ဂေါလ်ဒေသသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရသည်။ ဂေါလ်ကကောင်းမွန်စွာလက်ခံခဲ့သည်။ ဘင်္ဂလား ဂေါလ် ဆူလတန် ဘုရင်၏ အကူအညီဖြင့် ရခိုင်ထီးနန်းကို အရယူခဲ့ရသည်။ အေဒီ ၁၄၃၀-တွင် မြောက်ဦးမြို့ တည် ၍ မြောက် ဦးခေတ် ကို စတင် တည်ထောင်ခဲ့ပါသည်။

(ခ) – မြောက်ဦးခေတ်တွင် ရခိုင့် တပ်မတော်၌ အာရဗ်မှစစ် သည်တော်များ၊ ဥရောပ မှ ပေါ်တူဂီများနှင့် ဂျပန်တို့ပါ အမှုတော် တမ်းခဲ့သည်ကိုတွေ့ရှိရ သည်။ ယင်းအာရပ်မှစစ် သည်တော် မျိုးဆက် အများစုမှာ သံတွဲ၊ ရမ်းဗြဲကျွန်းနှင့် မြောက်ဦးမြို့ပတ်ဝန်း ကျင်တွင် နေထိုင်ကြ ပါသည်။ ယင်းတို့ကို ရခိုင်တို့က ကမန်ဟု ခေါ်ဝေါ်ပြီး ရခိုင်ပြည်၌ တိုင်းရင်း သား မျိုးနွယ်စု အဖြစ်အသိ အမှတ်ပြု ထား ပါသည်။ယင်းမူဆလင် ဘာသာဝင် ကမန်တို့ သည် ရခိုင်ပြည် ၌ ပြဿနာ ဖန်တီးခြင်း၊ ရခိုင်တို့နှင့် ဘာသာရေး အဓိကရုဏ်း၊ လူမျိုးရေးအဓိက ရုဏ်း ဖန်တီးခြင်းမျိုးကို လုံးဝပြု လုပ်ခြင်း မရှိဘဲ၊ ရခိုင်ပြည် နှင့်ရခိုင် လူမျိုး အပေါ် သစ္စာ ရှိရှိဖြင့် ရခိုင်တို့နှင့် အေးအတူပူအမျှ ငြိမ်းချမ်း စွာ နေထိုင်လာခဲ့ကြသော ကမန် လူမျိုး တစ်မျိုးများရှိသကဲ့သို့ အထက်တွင် ဖေါ်ပြခဲ့သော ဗုဒ္ဓဘာသာမှ အစ္စလာမ် ဘာသာသို့ ကူးပြောင်းကိုးကွယ်ကြသောလူတစ်စု လည်းရှိ နေသေးသည်။
(ဂ)-  မြန်မာနိုင်ငံအတွင်း အစ္စလာမ်ဘာသာ ပြန့်နှံ့ပုံကို လေ့လာခဲ့ရာ အေဒီ ၈-ရာစုနှင့် ၁၆-ရာစု အတွင်း ပါရှန်းနှင့် အာရဗ် သင်္ဘောများ ရေကြောင်းသွားလာခြင်းသည် အရှေ့ဖျား ပင်လယ် များ တွင်ပင် လယ်များတွင် လွှမ်းမိုး ခဲ့သည်။ ၎င်းပြင် မြန်မာနိုင်ငံ၏ ရောင်းဝယ် ရေးစခန်း များသို့ လည်း ပါရှန်နှင့် အာရဗ်ကုန်သည်တို့ အခြေ ချ နေထိုင်ခဲ့သည်။

(ဃ)-  အေဒီ ၁၆၆၀ တွင်အိန္ဒိယ ပြည် ၌ ရှာဂျဟန် ဘုရင် ကွယ်လွန်ခဲ့ရာ သားတော် ရှာရှုဂျာ သည် နောင်တော် သြရန်အဇစ်နှင့်နန်းလုခဲ့ရာ အရေးနိမ့်သဖြင့် ရခိုင်ဘုရင် စန္ဒသုဓမ္မမင်း (၁၆၅၂-၁၆၈၄) ထံ အကူအညီတောင်း ခိုဝင်လာခဲ့သည်။စန္ဒသုဓမ္မ မင်းအား ကတိ မတည် ဟုဆိုရာ ရှာရှုဂျာက ပုန်ကန် ခဲ့ရာ ရှားရှုဂျား ကျဆုံးခဲ့ပြီး သူ၏ အခြွေအရံများ ကမန်(လေး သည်တော်)တို့အား ရခိုင် ဘုရင်၏ကိုယ်ရံတော် တပ်ဖွဲ့ ခန့်ထားခဲ့သည်။

(င)- စန္ဒ၀ိဇယ (၁၇၁၀-၁၇၃၁)လက်ထက်ကျမှ ထိုကမန်တို့အား နှိပ်ကွပ်ခဲ့သည်။ များစွာ သော ကမန် တို့အား ရမ်းဗြဲကျွန်း၊စစ်တွေအနီး သင်းဂနက်၊ သာယာကုန်းကျေးရွာများသို့ ပို့ထားခဲ့သည်။ ရခိုင် ပြည်နယ် ကမန်မွတ် စလင်မ် တို့အပြင် စစ်တွေမြို့ အရှေ့ပိုင်းဒေသ

များ၊ ရမ်းဗြဲကျွန်းနှင့် သံတွဲ တစ်ဝိုက်တွင် တိုင်းရင်းသားဖြစ်ကြ သော အစ္စလာမ်ဘာသာ ကိုးကွယ်သည့် ရခိုင်များ အနှံ့

အပြားရှိနေသည်။
(စ) – ၁၅၃၉ အေဒီတွင် တပင်ရွှေထီး ပဲခူးကို တိုက်ခိုက်ခဲ့စဉ် ၁၅၉၉ အေဒီတွင် တောင်ငူ ဘုရင် ပဲခူးကို တိုက် ခိုက်ခဲ့စဉ်တွင်

ဖမ်းဆီးရမိသော မွတ်စလင်မ်များ အေဒီ – ၁၅၄၇ီတွင် တပင်ရွှေထီး မြို့ဟောင်းမြို့ ကို ၀င်တိုက် ခဲ့စဉ် နှင့်၁၇၀၇ အေဒီတွင်

စနေမင်း၏

အရာရှိ များ သံတွဲကို တိုက်ခိုက် ခဲ့စဉ် ဖမ်းဆီးရမိခဲ့ သော မွတ်စလင်မ်များ၊ ၁၆၁၃ အေဒီတွင် အနောက်ဘက်လွန်မင်း

သန်လျင်ကို တိုက်ခိုက်ခဲ့ စဉ် သန် လျင်မြို့ ကျပြီးစအခါ ဒီဗရစ်တို၏ နောက်လိုက်မွတ်စလင်များ (သို့မဟုတ်) စစ်ပွဲပြီး စ အချိန်နှောင်းမှ ရောက် ရှိလာသော သင်္ဘော များမမွတ်စလင် များအား ရွှေဘိုခရိုင်၊ မြေဒူး၊ စစ်ကိုင်းခရိုင်၊ ပင်းယနှင့်

ခံလူး၌ လည်းကောင်း၊ ကျောက်ဆည်ခရိုင် လက်ပံ၌လည်း ကောင်း၊ ရမည်းသင်းခရိုင်ယင်းတော် တို့၌လည်းကောင်း နေရာချထားခဲ့ ကြောင်းတွေ့ရသည်။
(ဆ) – ဘိုးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၆၃-ခုနှစ် (၁၈၀၁ အေဒီ) နယုန် လပြည့်ကျော် ၂-ရက်တွင် ရွှေတိုက်ပုရပိုက်မှ ကျောက်တစ်လုံးကို ဗိုလ်မင်းရဲလှ ကျော်ထင် ရေးကူးသော စစ်တမ်း တွင် မြန်မာသက္ကရာဇ် ၁၀၆၀ မှ ၁၀၇၆ အထိ နန်းစံသော အင်းဝ စနေမင်း လက်ထက်တွင် ရခိုင် ဘက်မှ ၀င် ရောက်လာသောမွတ်စလင် ၃၀၀၀ ကျော်အား မြန်မာ သက္ကရာဇ် ၁၀၇၀ (၁၇၀၉ အေဒီ)တွင် အောက် ဖော်ပြပါ ၁၂-နေရာ ၌ နေရာချထားခဲ့ ကြောင်းတွေ့ရသည်။
(၁) တောင်ငူ (၂) ရမည်းသင်း (၃) ညောင်ရမ်း (၄) ယင်းတော် (၅) မိတ္ထီလာ (၆) ပင်းတလဲ (၇) တဘက်ဆွဲ (၈) ဘောဓိ

(၉)သာစည် (၁၀) စည်ပုတ္တရာ (၁၁) မြေဒူး (၁၂) ဒီပဲယင်း စသည်တို့ တွင် ဖြစ်သည်။အ ထက် ဖော်ပြ ပါ အတိုင်း အစ္စလာမ်ဘာသာဝင်တို့သည် အာရဗ်သင်္ဘောများပျက်၍ ၀င်ရောက်နေ ထိုင်ခဲ့ခြင်းဖြင့် လည်းကောင်း၊ အာရဗ်ပါရှန်ကုန်သည်များကူးသန်း ရောင်းဝယ် ရေး စခန်း များ ဖွင့်လှစ်ခဲ့ခြင်းဖြင့်လည်း ကောင်း၊ ရေကြည်ရာ မြက်နုရာ သို့ ရွေှ့ပြောင်းနေထိုင်ခဲ့ခြင်းဖြင့် လည်းကောင်း ပျံ့နှံ့လာခဲ့ကြောင်း သိရှိရသည်။

( 8)

ရခိုင်ဘုရင်များသည် ဗုဒ္ဓဘာသာ ၊ အစ္စလာမ်ဘာသာ ၊မကွဲခြားဘဲမျှမျှတတအုပ်ချုပ်ခြင်း၊ ဘာသာရေးလွပ်လတ်ခွင့်ပေးခြင်း ၊ဘုရင်ကိုယ်တိုင် တိုင်းပြည်စည်းလုံးရေးအတွက် အစ္စလာမ် အမည်ဘွဲ့ ကိုခံယူခြင်း ရှေးရခိုင် ဘုရင်များ၏ အမြော်အမြင်ကြီး

မားပုံကိုစံနမူနာ ယူစရာဖြစ် သည် ဟု ဦးကြည်(B.A )ရေးမြန်မာရာဇဝင်သိမှတ်ဖွယ်ရာအဖြာဖြာ ကို ကိုးကား ၍တိုင်းရင်း သား

လူမျိုးစု သတင်လွှာက ရေသားဖေါ်ပြထားသည်။

( 9 )

စန္ဒသုဓမ္မရာဇမင်း(၁၆၅၂-၁၆၈၄) လက်ထက်တွင် အိန္ဒိယ မဂိုဧကရာဇ် ရှဂျီဟန်၏ ဒုတိယသား တော် ရှားရှူးဂျားနျင့် အတူ နောက်လိုက်အင်အား(၃၀၀) နှင့် ၁၆၆၀ ပြည့် ရခိုင်ပြည်သို့ဝင်ရောက် ခိုလှုံကြောင်း ရခိုင် သမိုင်း၊မြန်မာသမိုင်း၊ကမ္ဘာ့သမိုင်း တို့တွင် တွေ့ရှိရသည်။

(10 )

၁၆၆၈ ခုနှစ် မြောက်ဦးမြို့တွင် ရှားရှူးဂျားဗလီကြီးကို တည်ဆောက်ထားသည်ကို ယနေ့တိုင် တွေ့မြင်ရသော ရှေးခေ တ် ကပင်မွတ်ဆလင်များ ရှိနေကြောင်းသမိုင်း အထောက်ဖြစ်သည်။

(11)

ရခိုင်ဘုရင်သုံးဒင်္ဂါးများတွင် အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော် ကိုတံးဆိပ်အဖြစ်ထု ထားသော အ ထောက် အထားများသည် အစ္စလာမ်ဘာသာ သည် ရှေးနှစ်ပေါင်း (၁၀၀၀) ကျော်ကတည်း က ပင် မြန်မာနိုင်ငံတွင် ရောက်ရှိနေကြောင်း သာဓက ဖြစ်သည်။
(12)

သမိုင်း D.G. E Hall က ခရစ်နှစ်ဦးကာလတွင် ရခိုင်ပြည်တွင် ဗုဒ္ဓဘာသာ ထွန်းကား ခဲ့သည်။ ၎င်းနှင့်တစ်ဆက်တည်းအာရဗ်တို့မှ တဆင့်အစ္စလာမ်ဘာသာအမြစ်တွယ် လာခဲ့ သည်ဟု ဖေါ်ပြ ထား ကြောင်း တွေ့ရသည်။
(13)

မြန်မာသမိုင်းအထူးပြုလေ့လာသူ Martin Smith က (၉) ရာစု `၌ အစ္စလာမ်ဘာသာ ဝင်များ ရခိုင်ပြည်`၌ အခြေချနေထိုင်ခဲ့သည် ဟု ဖေါ်ပြထားသည်။
(14)

G.E Harvey က မူ (၁၀) ရာစုမတိုင်ကတည်း အစ္စလာမ်ဘာသာဝင်များ ရခိုင်ဒေသ တွင် နေထိုင်ခဲ့သည်ဟု ရေးသားထားကြောင်းတွေ့ရှိရသည်။
(15)

ရခိုင် သမိုင်ဆရာဦးစံရွှေပုက ဘင်္ဂလားဒေရှ် နှင့် ရခိုင်ဒေသသည် နယ်စပ်ချင်းဆက် စပ်နေ၍ ရခိုင်ဘက်တွင် အစ္စလာမ်သာရှိနေခြင်းကို သံသယပွါးမရှိဟုသုံးသပ်ဖေါ်ပြထားသည်။

(16)

AD  ၇၀၀ ကျော်မှာ ရခိုင်ပြည်ရမ်းဗြဲ(ရမ္မာဝတီ) ကျွန်းတဝိုက် အာရဗ်သဘောင်္များ လေမုန် တိုင်းပြီးပျက်စီးသွားရာ အာရဗ်ျွါတ်ဆလင်များသည် ရမ်းဗြဲ ကျွန်းအခြေချ နေခဲ့သည် ဖေါ်ပြသည်။ (၁၉၅၇ ခုနှစ် ထုတ် Burmese GezetteerVol. 1 , District- P-19)
(17)

ကဝိဿရ ဘိ သီရိဝရ အဂ္ဂမဟာ ဓမ္မရာဇဝိရာဇ် ဂုရု ရခိုင်ဆရာတော်ဘုရား ပြုစုရေးသားသော ဓညဝတီ အရေးတော်ပုံစာအုပ်တွင် မူဿလံလူမျိုးဆိုပြီး ယခုအခေါ် မူဆလ်မံ ၊ ( ဆ ) နေရာတွင် ( ဿ ) ရေးသားထားကြောင်းတွေ့ရသည်။ ၁၉၃၉ ခုနှစ် ဇူလိုင်၊ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေသော ဆရာဘိုးချယ် (ဆရာချယ်၊ပါတီဒီမို ကရေစအထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်) ရေးသော ဗမာမွတ် ဆလင် တို့၏ ရှေးဟောင်အတ္ထုပ္ပတ္တိ စာအုပ် စာမျက် နှာ (၁၆) တွင်၁၈၇၉ ခုနှစ် ထုတ်ဗြိတိသျှဂေတိယ အရရမ်းဇြဲကျွန်းအနီး`၌ပျက်စီးသော အာရဗ် သဘောင်္သား မွတ်ဆလင်များ ထိုအချိန်မှစ၍ ရမ်းဗြဲကျွန်းတွင် အတည်တကျ နေထိုင်ဖေါ်ပြထားသည်။
(18)

မြန်မာနိုင်ငံရှေးဟောင်းသုတေသနမှူး ဂျာမန်လူမျိုးပညာရှင် ရန်ကုန်ကောလိပ်ပါမောက္ခ အာမိလ် ဖိုခင်ဖါ( Emil Forchamfer )၏ ရခိုင်ရှေးဟောင် လက်ရာအစီရင်ခံစာ(၁၈၉၂)ခုနှစ် ၊ ဓါတ်ပုံ ၆၈ (၄၂) ၊ စာမျက်ျနှာ ၆၀`၌ထင်ရှားကြီးကျယ်သော မွတ်ဆလင်သူတော်စင် ဗုဒ္ဒေါရေ အော်လီယာ(Budder Auliah )ကိုရည်မှန်းပြီး ဗုဒေါရ်မုကာန်(စစ်တွေ) အားခရစ်နှစ် ၁၇၅၆ ခုနှစ်တွင် တည်ဆောက် ထားသည်။
(19)

ရခိုင်ဒုတိယအရေးပိုင် Deputy Commissioner Col: Nelson Devies ၏မှတ်တမ်းအရ ၁၇၃၆ ခုနှစ်တွင်စစ်တကောင်းမှစစ်တွေသို့ မာနိခ်ျ နှင့်ကျန်ညီနောင် ရောက်ရှိကြောင်းကို ဖေါ်ပြ ထား သည် တွေ့ရသည်။
(20)

၁၆၆၈ ခု၊နှစ် မင်းပြားမြို့နယ်၊ပန်းမြောင်းရွာတွင် အာလောင်မ် လောန်ကာဗလီ ၊ကန်ကြီး (၁၂) ရွာကိုတည်ဆောက်ထားတွေ့ရသည်။

(21)
အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ ပုဂံခေတ်အစောပိုင်း ကာလကပင်ရောက်ရှိခဲ့သည်။ ‘အစ္စလာမ် ဘာသာသည်ခရစ်ယာန်ထက်စောပြီး မြန်မာပြည်သို့ ရောက်ရှိခဲ့သည်ဟု ယူဆနိုင်သည်။ ပုဂံ ကျောက် စာ အချို့တွင် ”ပန်သိယ်”” ပ သည်” ဟုရေးသားထား သဖြင့် ပုဂံခေတ် ကပင် အစ္စလာမ် ဘာသာဝင် များရှိလိမ့်မည်ဟု ဆိုနိုင်ပေသည်။
[ဒေါ်တင့်စိန်၊ကုန်းဘောင်ခေတ်ယဉ်ကျေးမှုနိဒါန်း၊ တက္ကသိုလ်ပညာ ပဒေသာ စာစောင်၊ ရန်ကုန်၊ တက္ကသိုလ် များပုံနှိပ်တိုက်၊အတွဲ၃၊အပိုင်း၎၊စာ-၇၅၊၁၉၇၃၊ဇူလိုင်။]
(22)
ထိုအဆိုကို ခိုင်မာစေသည့် အထောက်အထားတစ်ရပ်ကိုလည်း ဤသို့တွေ့ရှိရပါ သည်။ ‘ပုဂံခေတ်၏ အစောပိုင်းကာလပိတ်သုံမင်း(အေဒီ ၆၅၂-၆၆၀)လက်ထက်တွင် အာရပ်လူမျိုး ကုန်သည် တို့သည် သထုံ၊ မုတ္တမအစရှိသော ဆိပ်ကမ်း မြို့များသို့ရောက်ရှိလာခဲ့ကြသည်။ အာရပ်သင်္ဘော များ သည် အနောက်ဘက် မဒဂတ်စကားကျွန်းမှ အရှေ့အိန္ဒိယကျွန်းစုများနှင့် တရုတ်ပြည်အထိ သွားလာ လျက် မြန်မာ ပြည်သို့လည်း ၀င်ထွက်ခြင်းပြုခဲ့ကြသည်။
[ဦးကြည် (ဘီအေ) ရာဇ၀င်ဂုဏ်ထူး၊ မြန်မာရာဇ၀င်သိအပ်ဖွယ်ရာအဖြာဖြာ၊ စာ-၈၁-၈၃၊ မန္တလေး၊ပိဋကတ်တော်ပြန့်ပွားရေး၊၁၉၅၀။]
(23)
(က)-  ပုဂံခေတ်တွင် မြန်မာမှုပြု အစ္စလာမ်စာပေဟူ၍ သီးခြားမတွေ့ရပါ။ မြန်မာနိုင်ငံသို့ အစ္စလာမ် သာသနာသည်ပုဂံခေတ်ကပင် စတင်ရောက်ရှိနေပြီ ဖြစ်သောကြောင့် အစ္စလာမ်စာပေများ လည်း ရောက်ရှိလာနိုင်သည်။ ပုဂံခေတ် မြန်မာစာပေ တွင်’ကျောက်စာ ‘ များကိုသာ အများ ဆုံးတွေ့ရသည်။ ကမ္ဘာပေါ်တွင် ကျောက်စာရေး ထိုးသည့်အလေ့အထကို အီဂျစ်လူမျိုးများက စတင်သည်။ အီဂျစ်နှင့်အခြားမြေထဲပင်လယ်ဒေသများတွင် တွေ့ရသည့် ကျောက်စာများမှာ ရှေးအကျဆုံးဖြစ်သည်။ ပုဂံခေတ်၌ပင် အရဗီဘာသာနှင့် ရေးထိုးထားသော ကျောက်စာ များရှိသည်ဟု သိရှိသည်။
(ခ)-  ၁၉၆၉ ခုနှစ်ကစစ်တွေခရိုင် မြို့ဟောင်းမြို့(မြောက်ဦးမြို့)နန်းရာကုန်း အရှေ့ဘက် သရက်အုပ် ရွာမှရသော အလျား၃ပေခွဲ၊အနံ ၂ပေ၊ စာကြောင်းရေ ၈ ကြောင်းပါ သည့်ရှေး ဟောင်းပါရှားနှင့် အူရ်ဒူဘာသာစာ ရောပြွန်းရေးထိုးထားသော ကျောက်စာတစ်ချပ်ကို တွေ့ရ သည်။ ရှေးရခိုင် မင်း လက်ထက်က ရွှေချိန် ၂၃တန် ပိဿာ၁၄၂၉၁ ကို မြှုပ်နှံ သည့်အခါ ရေးထိုးခဲ့သည့် ကျောက်စာဟု သိရသည်။

(၂၉-၁၁-၆၉ နေ့ထုတ် ဗိုလ်တထောင်သတင်းစာ စာ-၅)ထိုအချက် ကို အထောက် အထား

ပြု၍ မြန်မာနိုင်ငံ၌ ရှေးခေတ်ဘုရင်မင်းများ အုပ်စိုးစဉ်က အရဗီ၊ ပါရှား၊ အူရဒူကျောက် စာများရှိလိမ့်မည်ဟု ခန့်မှန်း နိုင်သည်။

(24)
ပုဂံကျောက်စာအချို့တွင် ပသီ၊ ပန်းသေး ဟူသော ဝေါဟာရများကိုတွေ့ရသည်။ သာဓက အားဖြင့် ‘သ္မီ မြက်ရ ပသီ’သက္ကရာဇ် ၅၈၅ခုထိုး၊ မင်းအနန္တသူ (လေးမျက်နှာဘုရား) ကျောက် စာ ကြောင်းရေ ၃၉-၄၀)’ငီ ငာ ပန်သိယ် ၁’ သက္ကရာဇ်၆၀၄ ခုထိုး၊ ညောင်ရမ်းမင်းကြီးသမီး (အိမ်ရာကျောင်းကျောက်စာ) တောင်ဖက်ကျောက်ချပ်၊ စာကြောင်းရေ ၅) တို့ဖြစ်သည်။ အစ္စလာမ်ဘာသာဝင်များကို ရည်ညွှန်း ခေါ်ဆိုသည့် လူမျိုးအခေါ်အဝေါ်များကို ကျောက်စာ များတွင် တွေ့ရှိရသည်ကိုအထောက်အထားပြ၍ အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ ပုဂံခေတ်ကပင် စတင်ရောက်ရှိနေပြီဟု အခိုင်အမာ ဆိုနိုင် ပါသည်။ ပေ၊ ပုရပိုက်တို့ကို စာရေးကိရိယာအဖြစ် ပုဂံခေတ်ကပင် စတင်အသုံးပြုခဲ့မည်ဟု ယုံကြည် ရသောကြောင့် ပေ၊ ပုရပိုက်တွင်ရေးသား ထားသော စာပေများရှိကောင်း ရှိနိုင် မည်ဖြစ် သော်လည်း ရှာဖွေရန် ခဲယဉ်းနေပါသည်။ ထို့ကြောင့်ပုဂံခေတ်တွင် မြန်မာမူပြုအစ္စလာမ်စာပေ မရှိဟု ယတိပြတ် မဆိုသာပါ။

(25)

ကုန်းဘောင်ခေတ် (အေဒီ ၁၇၂၅-၁၈၈၅)တွင် အစ္စလာမ်စာပေ အမြောက်အမြား တွေ့ရှိရ သည်။ ကုန်းဘောင်ခေတ်တွင် ကျမ်းတော်မြတ်ကုရ်အာန်အား မြန်မာဘာသာပြန်ဆိုမှုကို စတင်တွေ့ရှိရသည်။ ကျမ်းမြတ် ကုရ်အာန်သည် ကမ္ဘာ့ကုလသမဂ္ဂ ယူနက်စကို အတွင်းရေးမှူး များ အဖွဲ့ချုပ်က ထုတ်ပြန် ထားသော နိုင်ငံတကာစာပေ၌ အကျော်ကြားအထင်ရှားဆုံး စာအုပ်(၁၀၀)စာရင်း အရ ဘာသာ ရေးကဏ္ဍ၌တစ်အုပ်အပါအ၀င်ဖြစ်သည့် ကမ္ဘာ့ဂန္ထ၀င်စာပေ ကျမ်းတစ်ဆူဖြစ်ပါသည်။
[မောင်ဆုရှင်၊ ဂန္ထ၀င်စာပေဟူသည်၊ ဂန္ထ၀င်စာပေစာတမ်းများ (ပထမတွဲ)၊ စာ-၉၅၊ ရန်ကုန်၊ စာပေဗိမာန်၊၁၉၉၁]
(26)
ကုန်းဘောင်ခေတ်ဦးပိုင်းမှာ ကိုရမ်ကျမ်းကို မြန်မာဘာသာ မပြန်ဆိုရသေး လို့ အာရေဗျ ဘာသာ နဲ့ဖတ်နိုင်အောင် သင်ပေးတယ်။ နောက်ပိုင်းမှာ မြန်မာဘာသာနဲ့ ပြန်ဆိုစေခဲ့တယ်။
”[တတိယနှစ် ၀ိဇ္ဇာသင်တန်း (သမိုင်းသာမန်) သမိုင်းဘာသာပို့ချချက်များ၊ စာ-၃၇၊ မြန်မာနိုင်ငံသမိုင်း သင်ရိုး အမှတ်(၃၀၃)အတွဲ(၂)၊ တက္ကသိုလ်စာပေး စာယူသင်တန်း၊ စာစဉ် (၁၁၅) ၁၉၈၇၊ စက်တင်ဘာ]

ထို့ကြောင့် ကုန်းဘောင်ခေတ်ဦးပိုင်းအထိ အစ္စလာမ်ဘာသာဝင်များသည် ကျမ်းမြတ် ကုရ်အာန်ကို အရဗီ ဘာသာနှင့်ပင် လေ့လာခဲ့ကြသည်ဟု ယူဆနိုင်ပါသည်။ ကုန်းဘောင်ခေတ် အမရပူရမြို့တည် နန်းတည်ဘိုးတော် ဘုရားဗဒုံမင်း(သက္ကရာဇ် ၁၁၄၃-၁၁၈၀)လက်ထက်တွင် ကျမ်းမြတ်ကုရ်အာန် မြန်မာပြန်ဆိုမှုကိုစတင် တွေ့ရှိရသည်။ ဘာသာပြန်ဆိုသူ ပညာရှိကြီးမှာ ရွှေတောင်သာဂသူ ဆရာကြီးဦးနုဖြစ်သည်။
(27)

သံတော်ဦးတင်လွှာကျမ်းမှာ သက္ကရာဇ် ၁၁၇၈ ခုနှစ်တွင် ဘိုးတော် ဗဒုံမင်းထံတင်သွင်းသော ကျမ်း ဖြစ်သည်။ ဘိုးတော်ဘုရား(၁၁၄၃-၁၁၈၀)ခုလက်ထက်တွင် သာသနာပေါင်းစုံနှင့် စပ်လျဉ်း ၍ ဘုရင်ဧကရာဇ်က စူးစမ်းမေးမြန်းလေ့လာတော်မူရာတွင် အစ္စလာမ်သာသနာ အတွက် ဦးနုက ရေးသား တင် ဆက်သော အစ္စလာမ်သာသနာလျှောက်စာတမ်း ပင်ဖြစ်ပေ သည်။ [သံတော်ဦးတင်လွှာကျမ်း၊ ဇေယျကျော်ထင် ဗိုလ်မှူးဘရှင်၏ကျမ်းဦး စကား၊ စာ-(ဈ)၊ အစ္စလာမ်စာ ပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၆၀]

(28)
မွတ်စလင် များမြန်မာနိုင်ငံသို့ အဦးဆုံးရောက်ရှိသည့် နေရာနှင့် ကာလ မှာ ပထမမြန်မာနိုင်ငံ တော် ကြီး ဖြစ်သည့် ပုဂံခေတ်ခရစ်သကရာဇ် ၁၀၄၄ ခု ဟု မြန်မာ့ရာဇဝင်များတွင် မှတ်တမ်း တင်ထား သည်။ ဗျတ်ဝိ နှင့် ဗျတ္တ ဟု အမည်ရ သော ဗျတ်မျိုးနွယ်ဝင် အာရပ် သင်္ဘောသား နှစ်ဦး သည် ၎င်းတို့စီးနင်းလာသော သင်္ဘောပျက်ရာမှ ပျဉ်ချပ်တစ်ချပ် ကို အမှီပြု၍ သထုံအနီးရှိ မြန်မာ နိုင်ငံ ကမ်းခြေ တစ်ခုသို့ရောက်ရှိခဲ့သည်။
Ref : (“The Muslims of Burma” A study of a minority Group, by Moshe Yegar, 1972, Otto Harrassowitz. Wiesbaden, page 2, paragraph 3, line 1,2&3 )

(29)
အနော်ရထာမင်းကြီး (ခရစ် ၁၀၄၄-၁၀၇၇) လက်ထက် တွင် မြန်မာမွတ်စလင် စစ်သည် တော်များနှင့်ကိုယ်ရံတော် သက်တော်စောင့် တပ်များလည်း ရှိခဲ့သည်။ မင်းကြီးစွာစော်ကဲ နန်းစံ အုပ်ချုပ်သော မွန်(တလိုင်း) တို့ ၏ မြို့တော်မုတ္တမမြို့ အား အနော်ရထာမင်းကြီး စစ်ပြုတိုက်ခိုက်စဉ် မွတ်စလင် စစ်တပ်အရာရှိ နှစ်ဦးသည် အလွန် ပြင်းပြင်းထန်ထန် ခုခံ ကာကွယ် ခဲ့သည်။(Luce & Tin 1960, pp. 80-81)
(30)
တောင်ပြုန်းရွာသည် ငါးရက် ခန့်စည်ကားသော ပွဲတော်ကြီး ကို နှစ်စဉ် ကျင်းပရာဌာနေ တစ်ခု ဖြစ်လာသည်။ မန္တလေးမြို့မြောက်ဖက်၁၄ ကီလိုမီတာ အကွာရှိ တောင်ပြုန်း ရွာတွင် နတ်ကွန်း ပေါင်း ၇၀၀၀ ခန့်ရှိပြီးနတ်ကွန်း ၂၀၀၀ နီးပါးသည်ရွာ၏ အကျော်ကြားဆုံး မင်းသား ညီနောင်ဖြစ်ကြသည့် ရွှေဖျဉ်းကြီး နှင့် ရွှေဖျဉ်းလေး တို့အား ရည်စူးကိုးကွယ် ထား ခြင်း ဖြစ်သည်။( Various Myanmar History tax-books of Ministry of Education, Myanmar.)
(31)
ယနေ့တိုင် အယုံအကြည်ရှိသူများ သည်နတ်ကွန်း နှင့် ညီနောင်နှစ်ဦးတို့အား ကိုးကွယ်ကြ သည်။ ထို ကိုးကွယ်သူ များသည် မိရိုး ဖလာဗုဒ္ဓဘာသာဝင်များဖြစ်ကြသော်လည်း ဝက်သား ကို ရှောင်ကြသည်။ ယနေ့တိုင် နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပမြဲတောင်ပြုန်း ပွဲတော် သို့ သွားရောက်စဉ် ဘတ်စ်ကား (သို့) ကားပေါ်တွင် တစ်ဦးတစ်ယောက် မှဝက်သားကို သယ် ဆောင် သွားခြင်းမပြုရ ဟု ယုံကြည်ကြသည်။ကြေကွဲဖွယ်ရာ ကွပ်မျက်မှု ကို အကြောင်း ခံ သည့် အုပ်ချပ်နှစ်ချပ်စာ နေရာလွတ်ကို ယနေ့တိုင် မြင်တွေ့ရမည်ဖြစ်သည်။

( a b “The Muslims of Burma” A study of a minority Group,

by Moshe Yegar, 1972, Otto Harrassowitz. Wiesbaden.)
(32)
ညီနောင်နှစ်ဦး အား အညှိုးအတေးထားရှိသော သူတို့သည် စေတီ တွင် အုတ်နှစ်ချပ် စာ နေရာ ကို အနော်ရထာ မင်းကြီးမြင်သာစေရန် အလွတ်ထားခဲ့သည်။ အနော်ရ ထာမင်း ကြီးသည် အမှု သွားအမှုလာကို စုံစမ်းကြားနာ စစ်ဆေးေ တာ် မူပြီးနောက် ၎င်းညီနောင်နှစ်ဦး အား အမိန့် တော် မနာခံသည့် ပြစ်ဒဏ်မျှသာပေးရန် ရာဇသတ် ချမှတ်ခဲ့သည်။ သို့ရာတွင် ၎င်းညီနောင် တို့သည် ပြစ်ဒဏ် အစား သတ်ဖြတ် ခြင်းကို ခံခဲ့ရသည်။၎င်းတို့ကို သတ်ဖြတ် ပြီးနောက် အနော်ရထာ မင်း ကြီး၏ ဖောင်တော်သည် ရွေ့လျား ၍ မရပဲ ဖြစ်နေ ခဲ့သည်။ ဤသို့ ဖြစ်ရခြင်းမှာ ရွှေဖျင်းညီ နောင်တို့အား သတ်ဖြတ်ခြင်းကို မလိုလားသော မိတ်ဆွေ မင်းမှုထမ်း တို့၏ အသံတိတ် ဆန္ဒပြ ကန့်ကွက်ခြင်းကြောင့် လည်း ဖြစ်ဖွယ်ရာသည်။ ထိုစဉ်ကတော်ဝင် သင်္ဘောသားတို့ အများစုမှာ မွတ်စလင် များ ဖြစ်ကြသည်။အိန္ဒိယလူမျိုး နန်းတွင်းပညာရှိ ပုဏ္ဏားဖြူ ပုဏ္ဏားမည်း များက ရွှေဖျင်းညီနောင်တို့သည် အနော်ရထာ မင်း ကြီး အားသစ္စ္စာစောင့်သိစွာ အမှုတော် ထမ်း ခဲ့သော် လည်းမတရားသဖြင့် အပြစ်ပေး ခံရပြီး နတ် အဖြစ်သို့ ဘဝ ပြောင်းသွား၍ မကျေနပ် ချက် ကို ဖော်ပြ သည့်အနေဖြင့် တော် ဝင်ဖောင် တော်၏တက်မ ကို ဆွဲကိုင် ထားသောကြောင့် ဖောင်တော်ရွေ့လျားမရ ဖြစ်နေသည်ဟူ၍ လျှောက်တင် ကြသည်။ ထိုသို့လျှောက် တင်ကြ သောအခါ အနော်ရထာမင်းကြီးသည် ရွှေဖျဉ်းညီနောင်နှစ်ဦးအား ရည်စူး၍ နတ်ကွန်း ကြီး တစ် ခု ဆောက်လုပ်စေပြီး လူတို့အား ထိုညီနောင်ကို ကိုးကွယ်ပသ စေသည်။

(Online Burma/Myanmar Library )
(33)
မွတ်စလင် များမြန်မာနိုင်ငံသို့ အဦးဆုံးရောက်ရှိသည့် နေရာနှင့် ကာလ မှာ ပထမမြန်မာနိုင်ငံ တော်ကြီးဖြစ်သည့်ပုဂံခေတ်ခရစ်သက္ကရာဇ် ၁၀၄၄ ခု ဟု မြန်မာ့ရာဇဝင်များတွင် မှတ်တမ်း တင် ထားသည်။ ဗျတ်ဝိ နှင့် ဗျတ္တ ဟု အမည်ရသော ဗျတ်မျိုးနွယ်ဝင်အာရပ် သင်္ဘောသား နှစ်ဦး သည် ၎င်းတို့စီးနင်းလာသော သင်္ဘောပျက်ရာမှ ပျဉ်ချပ်တစ်ချပ်ကို အမှီပြု၍ သထုံ အနီးရှိ မြန်မာနိုင်ငံ ကမ်းခြေ တစ်ခုသို့ရောက်ရှိခဲ့သည်။

(“The Muslims of Burma” A study of a minority Group,

by Moshe Yegar, 1972, Otto Harrassowitz. Wiesbaden, page 2,

paragraph 3, line 1,2&3 )
(34)
ဗျတ် ညီနောင်နှစ်ဦးအကြောင်းဖော်ပြထားသော မြန်မာ့ရာဇဝင် မှတ်တမ်း တစ်ခု တွင်မူ ထိုညီ နောင်သည် ၎င်းတို့ခိုလှုံနေထိုင်ရာ ဘုန်းကြီးကျောင်းရှိ၎င်းတို့အားခိုလှုံခွင့်ပေးခဲ့ သော ဘုန်း ကြီး ဆွမ်းစားရန် စီစဉ်ထားသော ဇော်ဂျီအသေ(ဇော်ဂျီ ရုပ်ကလာပ်) ၏ အသားကို စားပြီး နောက် ဆင်ပြောင်ကြီး တစ်ကောင်မျှ ခွန်အားကို ရရှိခဲ့ သည် ဟု မှတ်တမ်းတင်ဖော်ပြ ထား သည်။ သထုံ ဘုရင်သည် ထိုညီနောင်တို့အား စိုးရိမ်ထိတ်လန့်သဖြင့် အကြီးဖြစ်သူအား၎င်း ၏ ဇနီးမယား ၏အိမ်တွင် အိပ်ပျော်နေခိုက် လုပ်ကြံသတ်ဖြတ် ခဲ့သည်။ညီငယ်ဖြစ်သူ သည် ပုဂံသို့ ထွက်ပြေး လွတ်မြောက်သွားပြီးအနော်ရထာမင်းကြီးအပါးတော်တွင်ဝင် ရောက်ခို လှုံ ခစားခဲ့သည်။သူသည် ပုဂံမြို့ နှင့် မိုင်ပေါင်းအတန်ငယ် ကွာဝေးသော ပုပ္ပါး တောင်သို့ တစ် နေ့ လျှင် ဆယ်ကြိမ် သွား၍ ပန်းများကိုယူလာရလေ့ရှိသည်။ ပုပ္ပါးရှိ မိန်းမပျိုတစ်ဦး နှင့် အကြောင်း ပါ၍ ရွှေဖျင်းညီနောင်ဟု အမည်တွင်ခဲ့သော သားနှစ်ယောက်ထွန်းကားခဲ့သည်။
( Pe Maung Tin and G.H.Luce, The Glass Palace Chronicle of the Kings of Burma)
(35)
အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း(၁၀၀၀)ကျော် (၁၂၀၀) ခန့်ကစ၍ အုပ်စုလိုက်လည်းကောင်း၊ တစ်ဦးချင်းနှစ်ဦးချင်းအားဖြင့်လည်းကောင်းပျံ့နှံ့ဝင် ရောက် ခဲ့ပါ သည်။ သမိုင်း အထောက်အထားများအရ အစ္စလာမ် ဘာသာမြန်မာနိုင်ငံသို့ စတင်ရော က် ရှိ လာ ခဲ့ပုံမှာ ပြည်ပ အစ္စလာမ်သာသနာပြုများက မြန်မာ နိုင် ငံသို့လာရောက်
သာသနာပြု သဖြင့် ရောက် ရှိလာခဲ့ခြင်း မျိုး မဟုတ်ပါ။ မြန်မာနိုင်ငံသို့ အစ္စလာမ်ဘာသာ ရောက်ရှိလာ ပုံနှင့် ပတ်သက်၍အောက် ပါသမိုင်း မှတ်တမ်း အထောက် အထားများ အရ လေ့လာသိရှိပါသည်။ နိုင်ငံတော်အစိုးရကထုတ်ဝေသော(စာမူခွင့်ပြုချက်-၃၄/၉၇(၃)၊ ပထမအကြိမ်ပုံနှိပ်) သောသာသနရောင်ဝါထွန်း စေဖို့ စာအုပ်စာမျက်နှာ (၆၅-၆၈)နှင့်(၇၁-၇၃ )မှ ကူးယူဖေါ်ပြခြင်းဖြစ် ပါသည်။)

(36)
အေဒီ ၁၄-ရာစုနှစ်များအတွင်း စုမားတြား၊ ဂျာဗား၊ မာလာယု ကျွန်းဆွယ်များ မှ တစ်ဆင့် အာရဗ် ကုန်သည်များသည်မြိတ်မြို့သို့ရောက် ရှိနေကြပြီးဖြစ် သည်။ (ဦးခင်မောင်ကြီး မြန်မာပြန်၊ မောရစ်ကော လစ်ရေး Into HiddenBurma စာ-၂ )
(37)
သက္ကရာဇ် ၈-ရာစုအတွင်းက ပုဂံဘုရင်ပိတ်သုံမင်းလက်ထက် သထုံ၊ မုတ္တမဒေသများသို့ အာရဗ် ကုန်သည်များရောက်ရှိဝင်ထွက် သွားလာလေ့ရှိကြောင်း အာရဗ်သင်္ဘောများသည် အနောက်ဘက် ဒမတ်စတကတ် ကျွန်းမှအရှေ့အိန္ဒိယ ကျွန်းစု များနှင့် တရုတ်ပြည်မအထိ အာရဗ်များ ခရီးပေါက်ရောက်ပြီးဖြစ်ကြောင်းဖော်ပြထား သည်။(ဦးကြည်၊ ဘီအေ၊ ရာဇ၀င် ဂုဏ်ထူး ရေး၊ မြန်မာရာဇ၀င် မှသိကောင်းစရာများ၊ စာ ၁၅၆-၁၅၇)
(38)
တပင်ရွှေထီး လက်ထက် သက္ကရာဇ် ၈၉၇ က ဟံသာဝတီသို့ စစ်ချီရာ ပသီကုလား ပန်းသေး တို့ တစ်ဖက်မှ တိုက်ခိုက်ခုခံခြင်း (မှန်နန်းရာဇ၀င်(ဒုတိယတွဲ) စာ ၁၈၆) အရလည်းကောင်း သမိုင်း သုတေသီ ပညာရှင် များ၏ ရေးသားပြုစုထားသော မှတ်တမ်းများအရ အစ္စလာမ် ဘာသာ သည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော် ၁၂၀၀ ခန့်မှစ၍ရောက်ရှိ အခြေချ နေထိုင် ခဲ့ကြကြောင်း သိရှိရပါသည်။

(39)
ဓမ္မစေတီမင်း ပုသိမ်ကို တိုက်ခိုက်သိမ်းယူပြီးနောက် သူဋေးသူကြွယ်များ၊ကုန်သည်များ ၊ ကု လား ပသီများသည် လက်ဆောင် ပစ္စည်း များဆက်သ ကြသည်ဟု ရာဇဝင်ဟောင်းများ တွင် တွေ့ရကြောင်း ၊ပသီတွင် ကုလားပသီမင်းမျှ အုပ်စိုးရုံမျှမက လူဦးရေအားဖြင့် လည်းအများ အပြား ရှိကြဟန်တူသည်ဟုဆိုထားသည်။ (ဆရာမာဃ၏ ပုသိမ်ရာဇဝင် စာမျက်နှာ ၁၅၇)

(40)
၁၇ ရာစု အလယ်(၁၆၄၇) ခှုစ်တွင် အင်္ဂလိပ်အရှေ့ အိန္ဒိယ ကုမ္ပဏီက မြန်မာနိုင်ငံ`၌ ကုန် တိုက်ဖွင့်၍မွတ်ဆလင်များ မှတဆင့်ကူးသန်းရောင်းဝယ် မှုပြုလုပ်ခဲ့သည်။
(D.G.E. Hall Early English Intercourse with Burma P . 32,Ibid p.25 ,Ibid p. 87)

(41)
အနောက်လွန်မင်းသန်လျင်ကိုအောင်နိုင်ပြီး နောက် ယခင်ပေါ်တူဂီတို့အုပ်စိုးခဲ့ သော ကူးသန်း ရောင်းရောင်းဝယ်ရေးသည် မွတ်ဆလင်လက်သို့ရောက်ရှိသွားသည်။

(Aoyage of Floristhothu Indies p.119)

(42)
၁၇၅၆ ခုနှစ်တွင် သန်လျင်မြို့ကိုအလောင်းဘုရားအောင်တော်မူရာတွင် ဖမ်းစီးသောသုံ့ပန့် များတွင် ကုလားသင်္ဘော ခလာသီများ လည်းပါဝင်သည်။ရန်ကုန် ရောက်ပြီးသွေးသောက်ကြီး ခန့်ရာတွင် ပီယာမဟာမတ် တို့အပါ အစ္စလာမ်ဘာသာဝင် (၂) ဦးပါဝင် သည်ကို တွေ့ရသည်။ (Konbanzet Mahayazawindawgyi (KBZ) Vol.1,p.187)

(43)
အလောင်းဘုရားလက်ထက် အစ္စလာမ်ဘာသာဝင်များကို အရေးကြီးသော ဘုရင့်သက် တော်စောင့်ခန့်ထားသည်သာမက ကုလားပျိုသေနတ်စု ကိုဖွဲ့စည်းသည်။ ၁၇၅၈ ခုနှစ်တွင် ဘုရင့်ကောင်းမှုဌာပနာတော် ထွက်တော်မူခန်း`၌် ကုလားပျိုသေတ် စုများလည်း ပါဝင် သည်။(Konbanzet Mahayazawindawgyi (KBZ) Vol.1,p.254)

(44)
မင်းတုန်းမင်းတရားလက်ထက် တွင်ရွှေ လင်္ကျာတပ်၏ အမှုထမ်းတို့မှာ အစ္စလာမ် ဘာသာဝင်များဖြစ်သည်။(An account of Burmese Published on the centenary of the founding of Mandalay U Ba U p.8 ,(from now be refrrence U Ba U)

(45)
၁၇၆၄ ခုနှစ်တွင် ယိုးဒယားသို့ချီတက်တော်ရမူသောမြန်မာ တပ်များတွင် ကုလားဗိုလ်တပ် တပ်လည်းပါဝင်ခဲ့သည်။(Konbanzet Mahayazawindawgyi (KBZ) 1373)

(46)
ဘိုးတော်ဘုရားနန်းတက်ပြီးစ (၁၇၈၂)ခုတွင်မင်းလောင်း ငမြတ်ဖုန်း ရှမ်းအမျိုးသား တစ် ယောက် သည် လူအင်အား (၂၀၀၀)နှင့် ညဘအချိန်တိတ်တဆိတ် ရွှေနန်းတော် ကို ဝင် ရောက်စီးနင်း ချိန်တွင် ရွှေနန်းတော်တာဝန်ကျဝန်သူ ကုလားပျို အစုလည်း ခုခံတိုက်ခိုက် ခဲ့သည်။ (Ibid 554)

(47)
ဗဒုံမင်းခေါ် ဘိုးတော်ဘုရားသည် (၁၇၈၃) ခှုစ်တွင်အမရပူရ ကိုတည်ထောင်ရာ`၌ အစ္စလာမ်ဘာသာဝင်များလည်းပါဝင်ခဲ့သည်။၎င်းတွင် ကုလားဝန်၊ကုလားစာရေးနှင့်

ရွှေလက်ယာ အစုသားများပါဝင်ခဲ့သည်။(Parabike No.509 , Bernard library)

(48)
တရုတ်ပြည်မွန်ဂိုမင်းဆက်(ယွန်မင်းဆက်) ရာဇ၀င်များအရ တရုတ်ပြည်ယူနန်ပြည်မှ တဆင့်မြန်မာနိုင်ငံသို့အစ္စလာမ်ဘာသာဆက်မိသညိ။ ရောက်ရှိလာသည်။
The Mongol or Yuan Dynasty (1280-1368)

(49)

စိုင်ယဒ်အလ်ရှမ်ရွတ်ဒင်န် သည် ယူနန်ပြည်နယ်ကိုငြိမ်ဝပ်အောင်အုပ်ချုပ်ခဲ့သည်။၎င်း၏သား နဇဥဒ္ဒင် သည်မွန်ဂိုတိုမြန်မာနိုင်ငံကို ပထမအကြိမ်ဝင်ရောက်တိုက်ခိုက်စဉ်( ၁၂၈၅ – ၈၇ ) က မွန်ဂိုတပ်များကိုကွပ်ကဲသော စစ်ဇိုလ်ချုပ်ဖြစ်သည်။

(For the Biographies of the three official see Yunamshih chapter 125 , and for the Mongol invasion of Burma G.H. luce Early Syam . Journal of Siam Society (Vol.xLvi part 2 )

(50)

မွန်ဂိုမင်းလက်ထက် ပုဂံပြည်ကို မွန်တို့က (၃)ကြ၇ိမ် ၀င်ရောက်တိုက်၍ မြန်မာပြည် မြောက် ဖက်တွင် (၁၃၀၃ )ခု အထိ အုပ်ချုပ်ခဲ့သည်။ထိုအချိန်ကပင် အစ္စလာမ်ဘာ သာသည် တရုတ်ပြည် ဖက်မှမြန်မာနိုင်ငံဆက်စပ်မိသည်။

(The Mongol Set up Cheng-mien -Province about Katha and Bhamon

district west of Irrawady river.It was abolished only in 1303 )

(51)
၁၄၂၉ – ခုနှစ်တွင် ရခိုင်ဘုရင်နရမိတ်လှ ကို နန်းတင်ပေးရန် စေလွှတ်ခြင်းခံရသော စစ်ဗိုလ်ချုပ်ဝလီခန် (ဥလုံခင်) သည်နရမိတ်လှကို သစ္စာဖေါက်ပြီး တစ်ျနှစ်ကျော်ဖမ်းစီးချုပ်

နှောင်ထား ကာ စစ်ဗိုလ်ချုပ်ဝလီခန် (ဥလုံခင်) ကရခိုင်ပြည်ကို အစ္စလာမ်တရားဓမ္မ နှင့် အညီ တရားစီရင်ရေးစနစ်ကိုကျင့်သုံးခဲ့သည်။
က- (Bangla District Gezetteer, Chittagong ,Page-63,AD 1798)
ခ – (Harvey Outline of Burmese History , Page-97)
(52)
ရန်ကုန်တက္ကသိုလ် သမိုင်းဌာန ပါမ္ခောဖြစ်ခဲ့သူ G.H. Luce က ၁၄ ရာစု ချင်းတွင်းမြစ် ကျောက်စာတွင် ရခိုင်မင်းများသည်အိန္ဒိယ ဘွဲ့ အမည်ရှိကြပြီး မူဆလင်များဖြစ်သည် ဟုဆိုထားသည်။ ( ဘုရင် များ သည် မွတ်ဟုတ်မဟုတ် တပ်အပ်သေချာမပြောနိုင်သော်လည်း ပြည်သူထုများတွင် မွတ်ဆလင် ရှိနေသည်မှာ ထင်ရှားသော သာဓကပင်ဖြစ်သည်။)
(G.H Luce . Phases of Pre Pagan Burma, Language History စာအုပ် Page- 95. Oxford University 1985)
(53)
၁၆၆၃ ခုနှစ် ရခိုင်ဘုရင်သုဓမ္မလက်ထက် ဘင်္ဂလားမှ ရခိုင်ဒေသ သို့ခိုလုံလာကြသော ရှားရှူးဂျား၏ နောက်လိုက်များလေးသည်တော် တပ်တွင် သွပ်သွင်းပြီး တစ်လလျှင် လခ ရူပီငွေ 4 Rs ခဲ့သည်။ ကမန် ဆိုသောစကားသည်ပါရှန်စကားဖြစ်၍် (လေး) = Bow ဟုအဓိပ္ပါယ်ရသည်။
၁။ -ကမန်လူမျိုးသမိုင်း ၊ကမန်ဒီကရေစီအဖွဲ့ချုပ် (၁၉၉၀)
၂။- Hla Tun Pru .The Fall of the great Arkanese Empire
(54)
၁၆၆၆ – ခုနှစ်မှ ၁၇၁၀ ထိ ရခိုင်ပြည်၏ နိုင်ငံရေးသည် ကမန်လက်ထဲတွင်ရှိ ၍ ဘုရင်များကို သူတို့ သဘော ဆန္ဒအလျောက်နန်းတင်ခြင်း၊ဖြုတ်ချခြင်းများ ပြုလုပ်နိုင်သည် ထိ ကမန်မွတ် ဆလင်တို့မှာ အင်အား ရှိခဲ့သည်။
(က- Harvey, Outline Burmese History Page 96,97)
(ခ- Moshe Yegar ,The Muslim of Burmese Page 35 )
(55)
အာရဗ်တို့သည် ဂျာဗား၊စုမတြား၊မလက္ကား၊မြန်မာ၊ရခိုင် စသည့် တောင်အာရှ နှင့် အရှေ့တောင်အာရှတွင် ခရစ်သက္ကရာဇ်အစော ပိုင်းမှ၍ ကုန်သွယ်ကိုလိုနီ များထူ ထောင်ခဲ့သည်။
(Nafis Ahamed (P.hd.) Muslim Contribution to the geography, Page 121 )

(56)
ရခိုင်ဘုရင်များသည်ဗုဒ္ဓဘာသာဝင်များဖြစ်သော်လည်းဗြဟ္မဏ၊ခရစ်ယန်၊အစ္စလာမ်

ဘာသာမျာကိုလွတ်လပ်စွာကိုးကွယ်ခွင့်တရားဟောခွင့်ပြုထားကြောင့်၊ဝေသာလီကျောက်

လှေကားနျင့်မြောက်ဦးခေတ်မှစ၍ ခရစ်ယန်နှင့်အစ္စလာမ်ဘာသာ အဆောက်အဦးဆောက် လုပ်ခွင့်ပေးထား သည်ဟုဆိုသည်။ (မဆလ ပါတီဌာနချုပ်၊၁၉၇၆ ဇူလိုင်လ ထုတ် တိုင်းရင်း သားရိုးရာဓလေ့ထုံးစံများ(ရခိုင်)စာမျက်နှာ ၁၄၉၊၁၅၀)
(57)
ဒေလီ အက်ဘာရ် (Akbar) ဘုရင် (၁၅၅၆-၁၆၀၆) သည် အေဒီ ၁၅၇၆ တွင်ဘင်္ဂလားကို အပြီး အပိုင်သိမ်းယူသော အခါဂေါ်ရီပထန်မြောက်များ စွာ တို့သည် ရခိုင်ဒေသ သို့ခိုလှုံ လာကြ သည်။ ရခိုင်ဘုရင်ကလည်း ခိုလှုံလာကြသောပထန်များအား ရက်ရောစွာလက်ခံပြီး ရာထူးနေ ရာ၊မြို့ စား၊နယ်စား ခန့်အပ်ခဲ့သည်။

( Dr. Kanungo ,The History ofChittagong Vol.!, 197 P )

(58)

ပဲခူးမြို့တွင်(၁၆၁၇) `၌ ဆင်မြူရယ် ရှိတ် အနိစ္စရောက်၍၎င်း၏ပစ္စည်းများကို ၎င်းအား ဆက်ခံ တောင်းလာမှ ပေးရန် မြန်မာဘုရင်က သိမ်ဆည်းထားသည် ဆိုသော သတင်းကို ပဲခူမြို့မှပြန် လာ သော မွတ်ဆလင်ကုန်သည် များ က အိန္ဒိယ ကုမ္ပဏီ မဆူလီပထန်ရှိ ကုန်တိုက် သို့ အကြောင်း ကြားခဲ့သည်။(ဆိုလိုရင်းမှာ ပဲခူးမြို့တွင်(၁၆၁၇) ခု ကတည်းမွတ်ဆလင်ရှိ နေ ကြောင်း ထင်ရှားသည်။)
(D.G.Hall Early English Intercourse with Burma p.34 )

(59)

ကျန်စစ်သားမင်းနန်းသစ်တည်ဆောက်ပွဲ`၌ မြန်မာ သီချင်း၊မွန်သီချင်း၊ ကုလားသီချင်းများ သီဆိုကြ ဟန်ရှိသည်။ ပုဂံကျောက်စာတွင်မြန်မာ ပန်တျာ ၊ကုလားပန်တျာ ၊မြန်မာစည်၊ ကုလားစည်၊ မြန်မာ ကခြိယ်သည် ၊ ကုလား ကခြိယ်သည် ဟုရေးထိုးဖေါက်ကြသည်။ ပုဂံကျောက်စာ အထောက် အထားများအရ ကုလားပန်တျာ၊ ကုလားစည်၊ကုလားကခြိယ်များ ကုလားများ၊ ကုလားကျွန်များ ပုဂံခေတ် ပျူမြန်မာနိုင်ငံတွင် နေထိုင်ကြောင်းတွေ့ရသည်။
( ဘုန်းတင့်ကျော်၊ ပိတောက်ပွင့် သစ် ၊အနုပညာမဂ္ဂဇင်း အမှတ်(၁၆) ဖေဖေါ်ဝါရီလ -၂၀၀၈ )

(60)

ကောဇ သက္ကရာဇ် (၆၉၅) ခုတွင် အရှေ့ဘက်ရှိ သက်တို့သည် တောင်စဉ်ကျေးရွာများဖျက်စီး နေသည် ကို ချေမုန်းရန်စစ်ကြော င်းအမျိုးမျိုးခွဲ၍ချီတက်ရာ`၌ အမတ်ကြီး(စနဲ)ပါသောစစ် ကြောင်း ကိုယ်တော် သူရဲ ၂၀၀၀၀ (နှစ်သောင်း) ၊ ကုလား၃၀၀၀၀(သုံးသောင်း) ၊ဘီပေါင်း ၅၀၀၀၀(ငါးသောင်း) နှင့်အတူ မအီလမ်းမှ စစ်ချီတက်သည်ဟု တွေ့ရှိရသည်။
(ရက္ခပူရ ကြေးမုန်ကျမ်း စာမျက်နှာ ၉၇ ၊၉၈ ၊စာမူခွင့်ပြုချက်အမှတ်၃၇၁ / ၂၀၀၄(၇) )

>>>အပိုင်း(၂) သို့ ဆက်လက်ဖေါ်ပြပါမည်>>>

Permalink kotinmaung က January 6, 2012 – 10:33pm တုန်းက ပြန်တဲ့စာ

စလာမ်
ပသီ အကြောင်းဘာမှ မသိဘဲ စိတ်ဝင်စားတာ ကောင်းပါတယ်ဆို့တဲ့စကား။ပသီအတု နှင့်တွေ့ ရင် စိတ်ပျက်သွား လိမ်မည်။

ဒီဇင်္ဘာ ၂၅ ရက် (ဗိုလ်မှူးဗရှင် ၏ ၉၇ နှစ်မွေးနေ့ ကို ဒေါ်စောရွှေခန်းမ တွင်ကျင်းပလို့ကျွန်တော်တက်ရောက်ခဲ့ပါတယ်။ မိတ်ဆွေတစ်ယောက်က ယနေ့တက်ကြွစွာလှုပ်ရှားနေတဲ့ ပသီခေါင်းဆောင် တစ်ယောက်နှင့်မိတ်ဆက်ပေးလိုက်ပါတယ်။ သူနှင့် ဆွေးနွေးချင်လို့ အချိန်ယူပြီး တရက် သူ့အိမ်ထိ လိုက်သွားတယ်။လိုက်သွားတာလည်း သူလက်ထဲမှာ (၀မ်အိုဝမ်

ကျော်ဝင်းမောင်း ရေး တဲ့ တိမ်မြုပ်နေသော ပသီလူမျိုးအကြောင်း) စာအုပ်ကို တွေ့မိလို့ သွားတာပါ။အကြာကြီးသူနှင့်

တွေ့ဖြစ်တယ်။ ပသီ စာအုပ်  ခဏလေး စာမြည်းခွင့်ပြုဖို့တောင်းဆိုပါတယ်။။ကျွန်တော် ပသီစာတမ်းတစ်ခုပြုစုနေလို့ပါ

လို့ မိတ် ဆက်စကားလည်းပြော ထား သေးပါတယ်။လုံဝကြည့်ခွင်မရခဲ့ဘူး။တခြားဘာတခုမှလည်း အကူအညီ မရခဲ့ဘူး။

သူကိုယ်တိုင်လည်း ပသီအစစ်မဟုတ်ဘူး။ကျွန်တော် ရေးထားတဲ့ဟာကိုတောင်းပါတယ်။သူ့ကို ကျွန်ရေးတဲ့စာတွေကို

ပသီဝပ်ဆိုဒ် မှ တိုက်ရိုက်ကူးယူနိုင်ကြောင်းလိပ်စာပေးပြီး ထွက်လာပါတယ်။ သူ့ဇစ်မြစ်ကို လေ့လာကြည့်တော သူပသီ အစစ်မဟုတ်ဘူး။အတုအယောင် ဒေါင်းယောင်ဆာင်သောကျီး ဖြစ်နေတယ်။တစ်နေ့( ငါးခူးမ တစ်ကောင်နဲ့ တစ်လှေ

ပုပ်သွားလိမ်မည်။) ဆိုတာ ကျွန်တော်တွေးမိတယ်။သူ့လိုလူတစ်ယေက် ကပသီလူမျိုးကို ဦးဆောင်မယ်ဆိုတာလည်း

လုံ့ဝမဖြစ်နိုင်ပါဘူး။အမည် မဖေါ်ပြတောဘူး။ကူညီတာနှင့် ပသီအယောင်ဆောင် လုပ်တာမတူပါဘူး။- စလာမ်

aungkhaing said:

ပသီအကြောင်းက အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်။

ဘာမှမသိပေးမဲ့ ပြောသံအရမ်းကြားရတယ်။

ပသီလူမျိုးတယောက်လောက်ကို အပြင်မှာ မြင်ဖူးချင်တယ်။

Permalink kotinmaung က January 6, 2012 – 10:42pm တုန်းက ပြန်တဲ့စာ
ဦးနေ၀င်းအစိုးရလက်ထက် မြန်မာနိုင်ငံရှိလူမျိုးစုများကို
အမျိုးမျိုးကွဲလွဲစွာဖေါ်ပြခဲ့ခြင်း

၁။ – ပြည်ထောင်စုမြန်မာနိုင်ငံတွင် ၁၉၆၇ – ခု သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ

(၂၆)သန်းရှိခဲ့ပြီးလူမျိုးစု (၇၀) ဟုဖေါ်ပြခဲ့သည်။
၂။ – ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန ပုံစံ ရေးသွင်းရန်ညွှန်ကြားချက် (၉- ၁၂- ၁၉၇၂ )
ထုတ် လူမျိုးများစာရင်းစာမျက်နှာ (၄၃) တွင် -တိုင်းရင်းသား လူမျိုးများ ( ၁၄၄ ) မျိုး
ဟုဖေါ်ပြခဲ့သည်။
၃။ – ၁၉၇၃ -ခု သန်းခေါင်စာရင်းကောက်ယူရေးကျေညာချက် လှုံဆော်ရာ တွင်
လူမျိုးစု ( ၂၉ ) မျိုး ဟုလူမျိုးစုစာရင် ဖေါ်ပြခဲ့သည်။
၎။ – ယခု အခါနောက်ဆုံး ( ၁၃၅ ) မျိုး ဟု ပြဌာန်းထားသည်။
        ဤ ကဲ့သို့အာဏာရှင်အစိုးရက သူသဘော အလိုကျလုပ်ပြီး
အစ္စလာမ် ဘာသာကိုချန်တာခြင်ဖြစ်သည်။
Permalink kotinmaung က January 6, 2012 – 10:56pm တုန်းက ပြန်တဲ့စာ

အာနည်ခေါင်းဆောင် ဦးရာဇတ်၏လကမှတ်မူရင်းနှင့်တကွ

ကျွန်တော်တို့သည်မိမိကိုယ်ကိုလူနည်းစုလို့သဘောမထား၊

လူများနှင့်ပေါင်းလိုက်တယ်။  …..

……ဟု ဦးရာဇတ်က ပြောကြားခဲ့သည်။

Bigot General Ne Win’s

anti-Muslim/Indian/

Chinese xenophobic

policy guidline speech

Vs General Aung San’s

promise to them

December 22, 2011

Bigot General Ne Win‘s anti-Muslim/Indian/Chinese xenophobic policy guidline speech Vs General Aung San‘s promise to them.

And U Razak was virtually tricked by his colleagues.

Whether Majourity or minority or an individual only i.e. even if ONE citizen alone, IN TRUE DEMOCRACY, ALL have equal rights. If we get EQUAL RIGHTS only, we will be happy, all will satisfy and there may be lasting piece. We need to practice MARITOCRACY.

We felt that we, Burmese Muslims were persuaded or tricked to call ourselves Myanmar. So we regarded or enlisted as Race=Myanmar, Religion Islam and became Myanmar (Burmese) Muslims. But Gen Ne Win started an anti-Islam campaign by calling us Kalas, Kala dein, Hybrids, Mi Ma sit Pha Masit although he was same as us and conceiled (many knew but scared to reveal) that he was a Burmese-Chinese Hybride or Ka Pyar.

Permalink kotinmaung က January 6, 2012 – 11:00pm တုန်းက ပြန်တဲ့စာ

ရခိုင်ပြည်မှအရဗီကျောက်စာမှတ်တမ်း – ၂ ခု

(ကော်နက်ရှင်ကောင်းလျှင်ကျောက်စာကိုဖတ်နိုင်ပါသည်။)

Image

Inscription I is clearly a record of the completion of the tomb of one Akalkhan on a date between the 13th and 23rd Muharram in the year 900 and on the day of the funeral feast held on the 40th day after “his death.  The doubtful words, underlined, would not seriously alter the meaning.

The Second inscription is more interesting, but unfortunately very difficult to decipher satisfactorily. Words underlined in the transcription are doubtful and certain other words are totally unreadable.  We must await a better photograph or stampage before a coherent sense can be obtained of this epigraph.  My translation and comments are purely tentative.  Words in italics represent my own interpretation of apparently unintelligible words in the text.

Line  I: Farmsn  of  the  high  and august authority :The humble Kawal Khan, trader ( Karbari ), with ( his ) son (and) small … … daughter (girl),

Line II: has asked for the help of the Sultan Nssir b. Mansnr Shah, may his kingdom endure  (that ?) if excess ……which remain is given,

Line III:  I (we) would carry to freedom… Order is issued that …husband be not separated (?) ‘, No one call the sons of these to task ….

Line IV:            son of Bahmud of Rakhang to give the girl in the presence of the party and Kabdes Manik, Huba Manik, son of Rangaz Jahan,

Line V:             Jangiz Man (ik) son of Anik, should accompany them to Zaznagar… …; on another side  …… Abisar Patra, Kalu. Patra, Kamal Din

Line VI:            Patra, Branka Bir Patra, Gosaimia … …, in the presence of (all ?) these ; …… decreed (?) If any one………

Line VII:           he will ………; this (writing) … … on the … … of Qadi ‘Ata Malik.  Therefore whoever does not heed this word will  loose faith in the two worlds.  Dated on the 19th of the month of Ramadan, Year 900. ( 1494-95 A.D, )

It will be useless and premature to comment on this very imperfect text.  But the names of the Sultan Nssir ibn Mansur, (L.II),Qadi ‘Ata Malik and the date 900 (L. VII) admit of no doubt.  Who could  be  this  Sultan ?  No  Arakanese King is known who called himself by this name.2

Qadi ‘Ata Malik  of the  inscription cannot  be identified with Makhdum Shaikh al-Masha’ikh Maulana ‘Ata Wahid al-din who is mentioned in Bengal inscriptions ranging in date from 1363 to  1512  and  who apparently died before 1363 in Devikot ( Dinajpur, now in West Bengal).3

1.       An indication of the epigraphic materials lying in Arakan is provided by the Sanskrit inscriptions published by E. H. Johnstooe in the BLSOAS XI, 1943-46, p, 35T sq-

2.       For   a  list  of   the  Arakanese  kings  using  Muslim  regnal  name  see Harrison : Arakan, in Ency. 1sl. new edition.

3.       Dani  A. H.: Bibliography of the  Muslim Inscriptions of  Bengal,  in JASP, II 1957, Appendix, inscription nos. 14, 55, 70 and 105.

Credit :

http://www.kaladanpress.org/v3/index.php?option=com_content&vie…

Permalink kotinmaung က on Sunday တုန်းက ပြန်တဲ့စာ

  ရခိုင်ပြည်ရှိ ဘာသာရေး အဆောက်အဦးအချို့


ဆရာဦးဘိုးချယ်(ဆရာချယ် )က ရှေးဟောင်းအတ္ထုပတ္တိ  စာအုပ်တွင် –


ယခုအခါမွတ်သုသာန်လွန်ခဲ့သော ခရစ်သက္ကရာဇ် “၁၇၀၀ – ၁၈၀၀ “ကျော်လောက်အတွင်းက ဆောက်လုပ်ထား

ခဲ့သော မူစာဒေဝန်  ဗလီ နှင့် ခရစ်သက္ကရာဇ် ၁၇၆၈ – လောက်က ဆောက်လုပ်လျက် ယခုအခါ သမယထိ လူမျိုးမရွေး၊

ဘာသာမရွေး ကြည်ညို ကိုင်းရှိုင်းခံနေသော “ဘဒ္ဒါရမကန်ခေါ် ဗုဒ္ဓေါမော်ဂူ  နှင့်ာဗလီ “၊ မြောက်ဦး (ယခင်-မြို့ဟောင်း)

နှင့်တစ်ကြိမ်တည်းဆောက်လုပ်ခဲ့သော“ စန္ဒီခန် သို့မဟုတ် သင်းသီး ဗလ”ီ ကိုထောက်ရှုခြင်းအားဖြင့် မွတ်ဆလင်များသည်

ရခိုင်ပြည်တွင် ပင်ရင်းဒေသအဖြစ်ဝင်ရောက်နေထိုင်သည်မှာ လွန်ခဲ့သောနှစပရိစ္ဆေဒ ရှည်လျားခဲ့ကြောင်းကောင်းစွာ သိရှိ

နိုင်သည်။

ရခိုင်ပြည်ပေါက်တောမြို့နယ်၊ကျောက်တော်မြို့နယ်၊မင်းပြားမြို့နယ်များတွင် ထိုမွတ်ဆလင်များမှ ဆင်းသက်လာသော ရခိုင်မွတ်ဆလင်တို့သည် လယ်ယာကိုင်းကျွန်း လုပ်ကိုင်စားသောက်ကာ ရှေးဆန်ဆန် ထေိုင်ကြသည်ကိုတွေ့ရပေသတည်း ဟု ရေးသားထားကြောင်း ကို  တိုင်းရင်းသားလူမျိုးစုဘဝသစ် ထူထောင်ရေးပါတီထုတ် (တိုင်းရင်းသတင်းလွှာ စာမျက်နှာ-

၄၄- ၄၅ ) ၊ကင်းလွှတ်ခွင့်အမှတ်(န/သ – ၀၈၅)  စာအုပ်တွင် ကိုးကားဖေါ်ပြသည်။

Permalink kotinmaung က on Sunday တုန်းက ပြန်တဲ့စာ

ရခိုင်မင်းများသည် မွတ်ဆလင်များဘွဲ့အမည် ခံယူပြီး အုပ်ျုပ်သည့်အတွက် အယူမသည်းခြင်း၊ တိုင်းပြည် စည်းလုံးမှု

ပို၍ ရရှိခဲ့သည်။ရှေးရခိုင်မင်းများသည်အမြော်အမြင်ကြီးမားကြောင်းကို ဖေါ်ပြခဲ့သည်။

ရခိုင်ဘုရင်များသည် ဗုဒ္ဓဘာသာ ၊ အစ္စလာမ်ဘာသာ ၊မကွဲခြားဘဲမျှမျှတတအုပ်ချုပ်ခြင်း၊ ဘာသာရေး လွပ်လတ်ခွင်

့ပေးခြင်း ၊ဘုရင်ကိုယ်တိုင် တိုင်းပြည်စည်းလုံးရေးအတွက် အစ္စလာမ် အမည်ဘွဲ့ ကိုခံယူခြင်း ရှေးရခိုင် ဘုရင်များ၏ အမြော်အမြင်ကြီးမားပုံကိုစံနမူနာ ယူစရာဖြစ် သည် ဟု ဦးကြည်(B.A )ရေးမြန်မာ ရာဇဝင်သိမှတ်ဖွယ်ရာအဖြာဖြာကို

ကိုးကား ၍တိုင်းရင်း သားလူမျိုးစု သတင်လွှာက ရေသားဖေါ်ပြထားသည်။

THE ARAKANESE KINGS WITH MUSLIM NAMES AND TITLES

According to former Chairman of Historical Commission, Burma, Lt. Col. Ba Shin’s “Coming of Islam to Burma 1700 AD”, Min Sawmon as Solaiman Shah, the founder of Mrauk-U dynasty and his successor were greatly influenced by Islamic culture. The practice of adopting a Muslim name or title by the Arakanese kings continued for more than two hundred years (1430 – 1638). This titles which appeared in Arabic script / Persian Kufic on their coins is given below:

SL. No.  Names of the kings                   Muslim Names              Reigning period

  1. Narameikhla (a) Sawmon         Solaiman Shah              1430-1434 AD.
  2. Meng Khari (a) Naranu              Ali Khan                        1434-1459
  3. Ba Saw Pru                               Kalima Shah                  1459-1482
  4. Dawlya                                      Mathu Shah                   1482-1492
  5. Ba Saw Nyo                              Mohammed Shah          1492-1493
  6. Ran Aung                                  Noori Shah                    1493-1494
  7. Salimgathu                                Sheik Abdullh Shah      1494-1501
  8. Meng Raza                                Ilias Shah  – I                1501-1513
  9. Kasabadi                                   Ilias Shah  – II                1513-1515
  10. Meng Saw Oo                            Jalal Shah                    1515
  11. Thatasa                                     Ali Shah                        1515-1521
  12. Min Khaung Raza                      El-Shah Azad                1521-1531
  13. Min Bin (a) Min Pa Gri                Zabuk Shah                 1531-1553
  14. Min Dikha                                  Daud Khan                    1553-1555
  15. Min Phalaung                            Sikender Shah               1571-1591
  16. Min Razagri                               Salim Shah – I                1593-1612
  17. Min Khamaung                          Hussain Shah                1612-1622
  18. Thiri Thudama                            Salim Shah  – II             1622-1637

Ref :

Lt. Col. Ba Shin, Coming of Islam to Burma 1700 AD, op. cit., P.5; Dr. Qanungo, A History of Chittagong, Vo. 1, op. cit., P. 233, 239, 250 & 271; Moshe Yegar, The Muslims of Burma, 1972, op. cit., P.19; Siddiq Khan, op. cit., PP. 248-249;  Harvey, op. cit., P140; D.G.E Hall, op. cit., P.330; ABM Habibullah, Arakan in Pre-Mughal History of Bengal, JASB, 1945, PP. 34-35.

အဘစွာPermalink အဘစွာ က on Sunday တုန်းက ပြန်တဲ့စာ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s