ပသီလူမျိုးစုစကားဝိုင်းကို (မနာလိုအုပ်စုကတိုက်ခိုက်၍ဖျက်သိမ်းခံရခြင်း)- စမျက်နှာ( ၂ )

1305 ယောက် ကြည့်ပြီးပြီ

ဒီစကားဝိုင်းအတွက် ပြန်စာတွေပိတ်သွားပါပြီ

စကားဝိုင်းထဲက ပြန်စာတွေ

Permalink kotinmaung က December 19, 2011 – 10:21am တုန်းက ပြန်တဲ့စာ
 စလာမ်
      အခုလိုပြန်တင်ပေးတဲ့အတွက်ကျေးဇူးတင်ပါသည်။နောက်ထပ်မေးမဲ့ လူတွေအတွက်ပါ ရေးပေးခြင်ဖြစ်ပါတယ်။
သမိုင်းအထောက်အထားရှာနေတဲ့အချိန်မှာ ဘယ်လိုဘာသာစကားမျိုးနှင့်ပင်ဖြစ်စေ လက်ခံသွားဖြစ်ပါတယ်။အဲဒါနဲ့
ကျွန်တော် ဆွေးနွေးခန်းမှာ သမိုင်းအထောက်အထားများစုစည်းရအောင် – ခေါင်းစဉ်တပ်ပေးခြင်းဖြစ်ပါတယ်။
ဘာသာစကား တယောက်တည်းက အားလုံးတည်းအားမတတ်နိုင်ပါ။တတ်သူက မတတ်သူပူးပေါင်းကူညီရယူသွားဖြစ်တယ်။

ပသီလူမျိုးစု သမိုင်းအထောက်အထားများစုစည်းရအောင်

အားလုံးသမိုင်းအထောက်အထားစုစည်း

တင်ပေးဖို့မေတ္တာရပ်ခံပါသည်။

                             
ဝိုင်း က 11 နာရီအရင်က တုန်းက ပြန်တဲ့စာ

ကိုတင်မောင်ရေ … ကျွန်တော် အင်္ဂလိပ်စာမကျွမ်းလို့ မြန်မာဘာသာပြန်ပြီး တင်ပေးပါလို့ မေတ္တာရပ်ခံပါတယ် ……………🙂

အင်္ဂလိပ်လိုပဲ တင်နေမယ်ဆို မတင်ပါနဲ့တော့ ……… မျက်စိတွေလည်ပြီး ရှုပ်ကုန်ဦးမယ် ……….

Permalink kotinmaung က 10 နာရီအရင်က တုန်းက ပြန်တဲ့စာ
Delete

ဟုတ်ကဲ့ပါ။ – စလာမ်

လောလောဆယ်မေးခွန်းမေးထားတော အရေးပေါ်ဖြေနေရခြင်းပါ။ ဆရာမ ဒေါ် အ၀ိုင်း ပိုစ်လည်းဖတ်ဖူးလို့ ဆိုဒ်ထဲမှာ

credit ပေးပြီး သိမ်းထားပါကြောင်းကိုလည်း တဆက်တည်းအသိပေးပါသည်။ကိုယ်တိုင်ရေးရင်မြန်မာလိုရေးပေးပါမယ်။အခု

အနာဂါတ်အတွက်ပါရည်ရွယ်ပြီး ဆိုဒ်ထည့်သိမ်းသွားမှာမို့လို့ ရှိသမျှ ၊တွေ့သမျှ၊ ရသမျှ အထောက်အထားမှန်သမျှ အားလုံး

https://lumyochit.wordpress.com/    ဆိုဒ်ထဲမှာ သိမ်းသွားပါမယ်။အားလုံးဝိုင်းဝန်းကူညီဖို့မေတ္တာရပ်ခံပါတယ်။ အမျိုးသားရေးစိတ်ရှိတယ်သူ မရေးဘဲမနေ နိုင်ပါ။

ကျွန်တော်တို့ အောက်ကျ နောက်ကျဖြစ်နေတာက ကိုယ့်သမိုင်းကိုယ် မသိဘူး။မလေ့လာဘူး။အားလုံးသူ သိဖို့မှတ်ဖို့

လေ့လာဖို့ လိုနေပါတယ်။

ပါကိစ္စတန် နိုင်ငံလွတ်လပ်ရေးဖခင်ကြီး မစ္စတာ ဂျင်နား အူရ်ဒူစကား နားမလည်ဘူ။မပြောတတ်ဘူး။

ဒါပေမဲ့ သူကဘာပြော သလဲဆိုတော ပါကိစ္စတန် နိုင်ငံ ၏ ရုံးသုံး ဘာသာစကား သည် အူရ်ဒူ ဖြစ်ရမယ်။ဒါ

ဟာ ကျွန်တော်အတွက် မဟုတ်။အနာ ဂါတ်ပြည်သူအတွက် တစ်နေ့အသုံးတည့်လိမ်မည် ဆိုပြီး မိန်ကြားသွားတယ်။

ဒါနဲ့ ဆိုဒ်အမြဲအတွက်သိမ်းသွားမဲ့ ကိစ္စဖြစ်သည့်အတွက် အနာဂါတ်လူငယ်တွေ လက်ဆင့်ကမ်းနိုင်ရန် ရှိသမျှ

အထောက်အထား ရှာယူပြီး  https://lumyochit.wordpress.com/   ဆိုဒ်ထဲမှာ သိမ်းသွားမည်။တစ်ယောက်ကနားမ

လည်သော်လည်း အခြားတစ်ယောက်အတွက် အသုံးတည့်ပါလိမ်မည်။ အလုပ်များနေသည့်အတွက် အားလုံးဘာသာ

ပြန်ပေးဖို့ လည်းအချိန်မလောက်နိုင်ပါ။ကြိုးစားပါမယ်။  – စလာမ်

ကျေးဇူးတင်ပါသည်။

kotinmaung said:

စောစော ကစာတင်ပေးတာမဖျက်ရဘူး။ပြန်တင်ပေးစေချင်

ဝိုင်း said:

ကိုတင်မောင်ရေ … ကျွန်တော် အင်္ဂလိပ်စာမကျွမ်းလို့ မြန်မာဘာသာပြန်ပြီး တင်ပေးပါလို့ မေတ္တာရပ်ခံပါတယ် ……………🙂

အင်္ဂလိပ်လိုပဲ တင်နေမယ်ဆို မတင်ပါနဲ့တော့ ……… မျက်စိတွေလည်ပြီး ရှုပ်ကုန်ဦးမယ် ……….

Permalink kotinmaung က December 19, 2011 – 5:26pm တုန်းက ပြန်တဲ့စာ

Burmese Muslims during Amarapura Kings era

 

Muslims in Amarapura were about 20,000 families, at the time of Innwa (Ava) kingdom (1855 AD). Most of them were Sunni Muslims. The first mosque in Yangon was built in 1826 AD, at the end of first Anglo-Burmese Wars. It was destroyed in 1852 AD when the British attacked Yangon again.[96]

During the Konbaung dynasty Alaungpaya‘s attack of Mons near Pyay, Mon warrior Talapan was assisted by Muslim soldiers. Because of their artillery fire, a lot of Burmese soldiers were wounded and died.[105]

In 1755 Alaungpaya conquered Dagon and renamed it Yangon (meaning ‘The End of Strife’). Mon soldiers surrendered and four Muslim rich men also surrendered with the expensive presents, ammunitions and four warships.[99] Although conquered Yangon there are more battles to fight with Mons. So Alaungpaya rearranged the army. Pyre Mamet was one of the “Thwe Thauk Gyi” assigned to serve as the Royal Bodyguard.[106] Alaungpaya attacked Thanlyin or Syriam, and many Muslim artillery men were captured.[100] Alaungpaya captured four warships and Muslim soldiers. They were later allowed to serve him.[101] On the page 203 of the Twin Thin Teik Win’s Cronicles of Alaungpaya’s battles, it was recorded as only three warships.

After Alaungpaya captured Pegu, and at the parade, those Pathi Muslim soldiers were allowed to march with their traditional uniforms.[107] Four hundred Pathi Indian soldiers participated in the Royal Salute March.[108][109] King Bodawpaya Bodaw U Wine (Padon Mayor, Padon Min) (1781–1819) of the Konbaung Dynasty founded Amarapura as his new capital in 1783. He was the first Burmese King who recognized his Muslim subjects officially by the following Royal decree. He appointed Abid Shah Hussaini and assistants, Nga Shwe Lu and Nga Shwe Aye to decide and give judgment regarding the conflicts and problems amongst his Burmese Muslim subjects.[110] Abid Shah Hussaini burial place was well known as a shrine in Amarapura Lin Zin Gone Darga. Before Ramu and Pan War battles, Burmese army had a march. Among the Burmese army, Captain Nay Myo Gone Narrat Khan Sab Bo’s 70 Cavalry (horse) Regiment, was watched by Maha Bandula.[111] Burmese Muslim Horsemen were famous in that Khan Sab Bo’s 70 Cavalry (horse) Regiment. Khan Sab Bo’s name was Abdul Karim Khan and was the father of the Captain Wali Khan, famous Wali Khan Cavalry Regiment during King Mindon and King Thibaw. Khan Sab Bo was sent as an Ambassador to Indo China by Bagyidaw. During Bagyidaw’s reign, in 1824, Gaw Taut Pallin battle was famous. British used 10,000 soldiers but defeated. During that battle Khan Sab Bo’s 100 horsemen fought vigorously and bravely.[112] More than 1300 loyal brave Kala Pyo Muslims (means young Indian soldiers) were awarded with colourful velvety uniforms.[113]

When Konbaung Dynasty’s 8th. Tharrawaddy Min (King) marched Okkalapa, more than 100 Pathi Muslim Indian Cannoners took part.[114] There are also a lot of Muslim soldiers in other parts of the Tharrawaddy Min‘s army.

But during the Konbaung Dynasty’s 9th. Pagan Min 1846-52 there was a blemish in Muslim’s history. Royal Capital Amarapura‘s Mayor Bai Sab and his clerk U Pain were arrested and sentenced to death. U Pain was the one who constructed and donated the Taunthaman bridge with more than 1000 teak piles and is still in good condition. Although the real background or aim of building the bridge was not known, before the bridge was built, British Ambassador Arthur Fair’s ship could sailed right up to the Amarapura city wall but the bridge actually obstruct the direct access by British.

Credit:

http://webcache.googleusercontent.com/search?q=cache:VVcWbA-AwOcJ:d…

Permalink kotinmaung က December 20, 2011 – 12:39pm တုန်းက ပြန်တဲ့စာ
“ ဗမက မှ ပသီအမျိုးသားကွန်ဂရက် ”၁၉၆၂ ခုနှစ်၊မတ်လ မှ ၁၉၈၈ ခုနှစ် ကာလနိုင်ငံတော်အုပ်ချုပ်ခဲ့သည် လမ်းစဉ်ပါတီ ဥက္ကဌ ကြီး မှ လမ်းညွှန်ခဲ့ သည်(ပထမဆုံစရမှာက၊ကျွန်တောတို့ပြည်တွင်းမှာ လူမျိုးစုဘယ်လောက် ရှိသလဲ အဲဒီ လူမျိုးစုရဲ့ဇစ်မြစ် ၊အရင်း အမြစ် ဘယ်နည်းဘယပုံပေါက်ဖွါးလာကြသလဲ။
အထက်ပါ လမ်းညွှန်ချက်အား ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြိး ဌာန( ပုံစံရေးသွင်ရန်ညွှန်ကြားချက်(၉-၁၂-၁၉၇၂ ) ထုတ်လူမျိုးများ စာရင်း စာမျက်နှာ ၄၃ -။တွင် –

အမှတ်စဉ် (၁) မှ (၁၄၄) ထိ တိုင်းရင်းသားလူမျိုးများ၏ အမည်စာရင်းကိုကျေညာထားပါသည်။၎င်းအနက် မွတ်ဆလင် အမှတ်စဉ် ( ၁၃၇ မှ ၁၄၁ ) ထိကို ရွေးထုတ်၍အောက်တွင်ဖေါ်ပြပါသည်။

အမှတ်စဉ် (၁၃၇)။ – ဆလုံ (ပသျှူး)
အမှတ်စဉ် (၁၃၈)။ – ရခိုင် – စစ်တကောင်း – (မှတ်ချက် ။ ။ရိုဟင်ဂျာကိုရည်ညွှန်းခြင်းဖြစ်သည်။)
အမှတ်စဉ် (၁၃၉)။ – မြန်မာမွတ်ဆလင် – (မှတ်ချက် ။ ။ပသီ ကိုရည်ညွှန်းခြင်းဖြစ်သည်။)
အမှတ်စဉ် (၁၄၀)။ – ရခိုင် – ကမန်
အမှတ်စဉ် (၁၄၁)။ – မြေဒူး

၁။ – ၁၉၄၅ – ခုနှစ်တွင် အာဇာနည်ခေါင်းဆောင် ဆရာကြီး ဦးရာဇတ် ခေါင်းဆောင်ပြီး ဗမာမွတ်ဆလင်အမျိုး သား ကွန်ဂရက် ( ဗမက) ကိုဖွဲ့စည်း၍ (ဖဆပလ) တပ်ပေါင်းစုတွင် ပါဝင်ကာ လွတ်လပ်ရေးတိုက်ပွဲတွင် ပါဝင် ခဲ့သည်။
၂။ – ၁၉၄၅ – ခုနှစ်တွင် ကျင်းပသည့် “(ဖဆပလ) “အဖွဲ့ချုပ်ညီလာခံတွင် ဗမာမွတ်ဆလင်များကို တိုင်းရင်းသား လူနည်းစု တို့ရထိုက်သော အခွင့်အရေးများပေးရန် သဘောတူကြောင်းအဆိုကို ဒီးဒုတ် ဦးဘချို က တင်သွင်း
အတည်ပြုခဲ့သည်။
(၄-၂ ၁၉၄၂ ) – ခုနေ့ထုတ် “ ဒီဒုတ် ဂျာနယ် “ စာမျက်နှာ( ၃၁ ။ ၃၂ ၊ ၃၃ ) တွင်” ဖဆပလ “အဖွဲ့ချုပ်ကြီးက တိုင်းရင်း သား လူနည်းစုပြသနာဖြေရှင်းလိုက်ပြီ။ – —ဟူခေါင်းစဉ်အောက်တွင် ( မြန်မာနိုင်ငံလုံးဆိုင်ရာညီလာခံ သဘင် ကြီး တွင် အဆို အအမှတ် ၆ – ဖြစ်သော လူနည်းစု အရေးကို ဒီးဒုတ် ဦးဘချို ရှင်းလင်းချက် ။) အကြောင်း အ ကျယ် တ၀င်း ဖတ်ရှူလေ့လာနိုင်ပါသည်။
၃။ – ၁၉၄၈ ခုနှစှ်စ၍ ဖဆပလ အဖွဲ့ချုပ်က ဗမာမွတ်ဆလင် အမည် မှာ လူမျိုးအမည် နှင့် ဘာသာ အမည် တွဲဖက် ထားသဖြင့် ပြောင်းပေးရန်”( ဗမက ) “အဖွဲ့ချုပ်သို့အသိပေးခဲ့သည်။
၎။ – ၁၉၅၆ ခုနှစ်တွင် ၀န်ကြီးချုပ် ဦးနုက ဗမက ကို ဖျက်လျှင် ဖျက် ၊ မဖျက်လျှင် ဖဆပလ က” ဗမက “ ကို ပေးထား သည့်ဝန်ကြီးနေရာများ ရုပ်သိမ်းမည် ဟု ရာဇသံ ပေးလိုက်သည်။
၅။ – ၁၉၅၆ခုနှစ် စက်တင်္ဘာလ (၃၀) ရက်နေ့တွင် ဗမက ကိုဖျက်သိမ်းခဲ့သည်။
၆။ – မကျေနပ်သည့်ခေါင်းဆောင်အချို့က ၁၉၅၆ – ခုနှစ်အောက်တိုဘာလ (၁) ရက်နေ့မှ၍ “ဗမက(သစ်) “ကိုဖွဲ့စည်းခဲ့သည်။
၇။ – ၁၉၆၀ ခုနှစ်တွင် ဗမာမွတ်ဆလင်ဟူသော အမည်မှာ ပြည့်စုံသည့်အမည် မဟုတ်သဖြင့် “(ပသီ)လူမျိုး ပသီအမျိုးသားကွန်ဂရက် “ဟူ၍ အမည်ပြောင်းပြီး ၁၉၆၁ – ခုနှစ်မှစ၍ ပသီအမျိုးသားကွန်ဂရက် အဖြစ်ရပ် တည်ခဲ့သည်။
၈။ – ၁၉၆၃ ခုနှစ်တွင် တော်လှန်ရေးကောင်စီ မှငြိမ်းချမ်းရေးဖိတ်ခေါ်ခြင်းကို “ပသီအမျိုးသားဂရက်”မှ ပထမဆုံး ထောက်ခံခဲ့သည်။
၉။ – ၁၉၆၄ – ခုနှစ်တွင် တော်လှန်ရေးကောင်စီက အဖွဲ့အစည်းအားလုံးဖျကိသိမ်းရန် အမိန့်ထုတ်လိုက်သည့် အခါ “ ပသီအမျိုးသားကွန်ဂရက် “ကိုရပ်ဆိုင်းထားသည်မှာ ယနေ့တိုင်ဖြစ်သည်။

ချစ်ဦးPermalink ချစ်ဦး က December 20, 2011 – 12:51pm တုန်းက ပြန်တဲ့စာ

စလာမ်ပါခင်ဗျာ…..

တစ်ခုလောက် မေးချင်လို့ပါ……

မြန်မာ ဆိုသည့် အသုံးအနှုန်းကို ဦးတင်မောင် သိသလောက်ရှင်းပြပေးပါခင်ဗျာ။

ဗမာလူမျိုးကို =မြန်မာဟုခေါ်ခြင်းဖြစ်ပါသလား?

မြန်မာနိုင်ငံသားဖြစ်သူတိုင်းကို မြန်မာဟုခေါ်ခြင်းဖြစ်ပါသလား ?

ပသီ= ဗမာ ?

Permalink kotinmaung က December 20, 2011 – 4:37pm တုန်းက ပြန်တဲ့စာ

မြန်မာ

မြန်မာဆိုတဲ့ ဝေါဟာရကို ဆန်းစစ်ကြည့်လျှင် အစောဆုံး သုံးနှုန်းခဲ့တာ ပုဂံခေတ်မှာလို့ ဆိုရမှာဖြစ်ပါ တယ်။ ဟုတ်တာ၊ မဟုတ်တာ အပထားလို့ ရှေ့လူများအဆိုအရ ပုဂံခေတ် နှောင်းပိုင်း တရုတ်ကျူးကျော်စစ်ကို ခုခံဘို့အတွက် ကျန်းမာသန်စွမ်းသူတွေ၊ မြန်မြန်မာမာလူတွေ ထွက်ကြလို့ ဆင့်ဆော်ရာကနေ ပေါ်လာတာလို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီအသုံးအနှုန်းဟာ အဲဒီ့နောက်ပိုင်း သိပ်ပြီး တွင်ကျယ်ခဲ့ဟန် မတူပါဘူး။ ပုံနှိပ်လုပ်ငန်းတွေ ပေါ်လာတဲ့ ကုန်းဘောင် ခေတ်နှောင်းပိုင်းကျမှ ပြန်ပေါ်လာတာကို တွေ့မိပါတယ်။

မြန်မာဝေါဟာရရဲ့ ဇာစ်မြစ်က တိဘက်ဗမာ မျိုးနွယ်စုဝင်တွေ့ရဲ့ မိမိနဲ့ စပ်ဆိုင် ရည်ညွန်းတဲ့ စကားဖြစ်ပါတယ်။ မြန် နဲ့ မာကို ပေါင်းစပ်ထားတဲ့ ဝေါဟာရဖြစ်ပါတယ်။ အဲဒီမှာ မာ ဆိုတာကို အထူးကြံဆစရာမလိုပဲ ဒီခေတ်အဓိပ္ပါယ်အတိုင်း မာချာခြင်း၊ သန်စွမ်းခြင်း စတဲ့ ချိနဲ့ပျောနွဲ့ခြင်းနဲ့ ဆန့်ကျင်ဘက်သဘောကို ဆောင်ပါတယ်။ တကယ်တော့ မာ စကားလုံးဟာ မြန် ဆိုတဲ့ စကားလုံးကို ၀ိဂြိုလ်ပြုတဲ့ ကြိယာဝိသေသနသဘောသာ ဖြစ်ပါတယ်။ အရင်းမူလ ပုဒ်က မြန် ပဲဖြစ်ပါတယ်။ မြန် ရဲ့ လုံးခြင်း အဓိပ္ပါယ်က ဒီနေ့ခေတ် နားလည်နေသလို လျင်ခြင်း၊ မြန်ခြင်း၊ သွက်လက်ခြင်း အဓိပ္ပါယ် မဆောင်ပါဘူး။ မိမိကိုယ်ကို ရည်ညွန်းတဲ့ လူ ဆိုတဲ့ အဓိပ္ပါယ်သာ ဆောင်ပါတယ်။

ဘာသာဗေဒ (Linguistic) သဘောအရ မျိုးနွယ်စုတွေရဲ့ ဆွေမျိုးဆက်နွယ် အနီး အဝေးကို အခြေခံဝေါဟာရများ (Fundamental Word) တူညီမှု ပမာဏနဲ့ တိုင်းတာ ကြတယ်။ တူညီမှုများရင် ဆွေမျိုးဆက်နွယ်မှု နီးပြီး နည်းရင် ဝေးတယ်လို့ သတ်မှတ်ကြတယ်။ အခြေခံဝေါဟာရ ဆိုတာ ရေ၊ မီး၊ နေ၊ လ၊ အဖေ၊ အမေ၊ လူ၊ သစ်ပင်၊ တော၊ တောင်နဲ့ ကိန်းဂဏန်း အရေအတွက်စတဲ့ နိစ္စဓူဝ သုံးနှုန်းနေကြတဲ့ အခြေခံဝေါဟာရတွေကို ဆိုလိုပါတယ်။ အိန္ဒိယ နယ်ခြား တောင်တန်းများ နဲ့ မြေပြန့်များမှာ နေထိုင်ကြတဲ့ တိဘက်ဗမာ မျိုးနွယ်စုဝင်  ချင်း၊ မီဇိုး၊ ဇိုမီး၊ ကသည်း၊ နာဂစတဲ့ အမျိုးအနွယ်တွေရဲ့ စကားမှာ လူ ဆိုတဲ့ ဝေါဟာရနဲ့ ပတ်သက်ပြီး ပြောဆို ရည်ညွန်းရာမှာ မုဋ္ဌဋ္ဌာန်လို့ ဆိုတဲ့ နှုတ်ခမ်းကို ပိတ်ပြီး ရွတ်ဆိုစဉ် နှုတ်ခမ်းဖျားမှာ ဖြစ်ပေါ်တဲ့  ကို အခြေခံတဲ့ အသံတွေ ဖြစ်နေကြပါတယ်။ မီ” “မင်” “မန်” “မာန်” “မီယန်” “မြန် စတဲ့ အသံများနဲူ့ ကို ရည်ညွန်းကိုယ်စားပြုကြတယ်။ အနောက်ဖက် တောင်တန်းသားများတွေထဲက သူတို့ကိုယ် သူတို့ မီဇိုး၊ ဇိုမီးလို့ ခေါ်ဝေါ်ကြတဲ့ ဝေါဟာရတွေရဲ့ အဓိပ္ပါယ်ကတော့ တောင်ပေါ်လူ၊ သို့မဟုတ် တောင်ပေါ်သားလို့ ဖြစ်ပါတယ်။ (မီ= လူ+ဇို= တောင်)

ကျွန်တော်တို့ ဘိုးဘွားတွေရဲ့ မူလဒေသဟာ တိဗက်ကုန်းမြင့်ရဲ့ အရှေ့တောင်ပိုင်း ဒီနေ့တရုတ်ပြည် စီချွမ်ဒေသလို့ ဆိုပါတယ်။ ဗမာပြည်ထဲ ပြောင်းရွေ့နေထိုင်ရာ လမ်းကြောင်း နောက်ဆုံး စခန်းထောက်ဖြစ်တဲ့ ယူနန်နယ်သားများက ကျွန်တော်တို့ကို မြန်တင့် လို့ ခေါ်ကြပါတယ်။ ပုဂံပြည်ကို တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် တရုတ်တွေဟာ ဒီနေ့ဗမာပြည် အထက်ပိုင်းကို မီယန်ချန်-MienQan” လို့ အမည်သတ်မှတ်ပြီး တရုတ်အင်ပါယာထဲ သွတ်သွင်းကြောင်း ကြေငြာခဲ့ပါတယ်။ (ဒီအချက်ကို ကိုးကားပြီး ကူမင်တန် ထိုင်ဝမ်တရုတ်ပြည်က မြစ်ကြီးနား အပါအ၀င် ဗန်းမော် မျဉ်းတပြေးအထက် ဗမာပြည်ကို သူတို့ပိုင် အဖြစ် သတ်မှတ် တောင်းဆို နေတာဖြစ်တယ်။) စကားစပ်အနေနဲ့ တင်ပြရရင် အာသံမှာ ကျန်ခဲ့တဲ့ ရှေးမြန်မာ အဆက် အနွယ်များဟာ သူတို့နာမည်နောက်မှာ မျိုးနွယ်စုအမည် (Surname) အဖြစ် မာန် (Marn) ကို ထည့်ပြီး မျိုးနွယ်ကို ထိန်းသိမ်းနေကြတာပါ။ ရှမ်းတွေက မျိုးနွယ်စု အမည်အဖြစ် (Shyam) လို့ သုံးပြီး ထိန်းကြတယ်။ ဥပမာ- ရာမေ့ရှ်မာန် (Ramesh Marn) ထန်းအောင်ရှမ်း (Thang Ang Shyam) တို့ ဖြစ်တယ်။ သူတို့ဟာ ပထမ အင်္ဂလိပ်ဗမာစစ်ပွဲအပြီး ဗမာတွေ ပြန်ဆုတ်စဉ် ကျန်ခဲ့တဲ့သူတွေရဲ့ အဆက်အနွယ်တွေ ဖြစ်ပါတယ်။ သူတို့ဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့အတွက် နှစ်စဉ် ဗမာပြက္ခဒိန်အတိုင်းနှစ်သစ်ကူးပွဲတွေကို အတူဆင်နွှဲကြ တယ်။ ပွဲဆန်ဂံ (Pwe Sanghan) ဆိုတဲ့အမည်နဲ့ ဗာရမားဆိုတဲ့ ဘုံအမည်အောက်မှာ အတူ ဆင်နွှဲကြတာ ဖြစ်တယ်။ အခုတော့ သူတို့အကြားက ဘုံစကားဟာ အာသံစကား (Assamese) ဖြစ်တယ်။

ရှေးဦးပုဂံခေတ် ဘုရင်နဲ့ ဆိုင်တဲ့ အသုံးအနှုန်းဖြစ်တဲ့ မင်းစော၊ မင်းစိုး၊ စိုးမင်းဆိုတဲ့ ဝေါဟာတွေနဲ့ ပတ်သက်ပြီး ဆန်းစစ်ကြည့်ရင်လဲ လူဆိုတဲ့ အဓိပ္ပါယ်ကိုသာ ရည်ညွန်းနေ ပါတယ်။ ဒီမှာလည်း မင်း ဆိုတာ မင်၊ မီ၊ မာန်၊ မီယန် စတဲ့ ဝေါဟာရတွေရဲ့ အဓိပ္ပါယ် လူ ပဲဖြစ်ပါတယ်။ စော၊ စိုဝ်၊ စိုး ဆိုတာတွေကလည်း အသံသာကွဲပြီး အဓိပ္ပါယ်တူတဲ့ ဝေါဟာရတွေ ဖြစ်ပါတယ်။ စိုးမိုး ချုပ်ချာခြင်း၊ ကြီးမှုးခြင်းလို့ အဓိပ္ပါယ်ဆောင်ပါတယ်။ ဒါကြောင့် မင်းစော၊ မင်းစိုးဆိုတာ လူတို့ကို စိုးမိုးအုပ်ချုပ်သူ၊ လူထုရဲ့ အကြီးအမှုးလို့ အဓိပ္ပါယ် ဆောင်ပါတယ်။

အထက် တင်ပြခဲ့တဲ့ အချက်တွေအရ မြန်မာဝေါဟာရပါ မြန် ဆိုတာဟာ တိဗက်ဗမာ အနွယ်ဝင်တွေက ကိုယ့်ကိုကိုယ်ရည်ညွန်းတဲ့လူ ဆိုတဲ့ အဓိပ္ပါယ်သာဖြစ်ကြောင်း ကောက်ချက် ပြုနိုင်ပါတယ်။ ဒါကြောင့် သန်းစွမ်းမာချာတဲ့ လူများလို့ အဓိပ္ပါယ်ဆောင်တဲ့ မြန်မာ ဆိုတဲ့ ဝေါဟာရဟာ တိဗက်ဗမာမျိုးနွယ်စုဝင် မြေပြန့်နေ လူမျိုးစုကြီးကိုသာ ရည်ညွန်းကြောင်း ထင်ရှားပါတယ်။

ဗမာလား၊ မြန်မာလား

ဗမာ၊ မြန်မာ ရေးထုံး ကွဲလွဲချက်တွေဟာ ကိုလိုနီခေတ်ဦးပိုင်းမှာ စခဲ့တယ်လို့ လေ့လာ မိပါတယ်။ မြန်မာဆိုတဲ့ ဝေါဟာရဟာ ကုန်းဘောင်ခေတ်နှောင်း ပုံနှိပ်စက်များ ပေါ်လာစဉ် အတော် အသုံးတွင်နေပြီ ဖြစ်ပါတယ်။ တချို့ဆိုရင်  ကိုရရစ်ကာ နှစ်လုံးဆင့် ရေးချာနှင့် မြမ္မာ လို့ ရေးထားတာတွေတောင် ရှိပါတယ်။ ဗြိတိသျှအောက်ဗမာပြည် မော်လမြိုင်မြို့က ထုတ်တဲ့ ပထမဦးဆုံး သတင်းစာရဲ့ အမည်ဟာ မြမ္မာသီတင်းစာ လို့ ဖြစ်ပါတယ်။ ဗမာဆိုတဲ့ ရေးထုံးနဲ့ အသုံးအနှုန်းက အင်္ဂလိပ်တွေ ဗမာတပြည်လုံးကို သိမ်းပြီးနောက်ပိုင်း သူတို့နဲ့ အတူပါလာတဲ့ အိန္ဒိယတိုက်သားတွေ ရောက်လာမှ တွင်ကျယ်လာတယ်လို့ ယူဆပါတယ်။ သူတို့အမြင် အတိုင်း ဌာနေဗမာပြည်သားအားလုံးကို ချုံငုံခေါ်ဝေါ်တဲ့ အမည်ဖြစ်ပါတယ်။ ဗားရမားဝါလားလို့ဖြစ်တယ်။ အဲဒီ့အချိန်က အင်္ဂလိပ် ကိုလိုနီအုပ်ချုပ်ရေး ယန္တရားရဲ့ စာရေးစာချီက အစ ၀န်ထောက် အတွင်းဝန်အထိ အများစုဟာ အိန္ဒိယတိုက်သားတွေ ဖြစ်ပါတယ်။ အုပ်ချုပ်ခံ ဌာနေသားတွေက အုပ်ချုပ်သူတွေ နားလည်အောင် ဗားရမားဆိုတဲ့ စကားကို လိုက်ပြောရာကနေ ဗမာဆိုတဲ့အသုံး တွင်ကျယ်လာတယ်လို့ ယူဆရပါတယ်။ အဲဒီခေတ် ရှေ့ကာလ အရင်က ဗမာပြည်ထည်းမှာ ဗမာ မြန်မာဆိုတဲ့ အသုံးအနှုန်းက မတွေ့မိ သလောက်ပါပဲ။ ရှိခဲ့ရင်လည်း အတော်နည်းပါးပါလိမ့်မယ်။ ထိုအချိန်က အသုံးတွင်ခဲ့တာက နန်းစိုက်ရာ မင်းနေပြည် မြို့ရွာအမည်အတိုင်း ပုဂံသား၊ အင်းဝသား၊ တောင်ငူသား၊ ဓည၀တီသားလို့ ခေါ်ဝေါ်သုံးနှုန်းခဲ့ကြပါတယ်။ ဒီနေ့ခေတ်ထိ မဏိပူရ ကသည်းများက ဗမာကို အ၀ (အင်းဝ) (သို့မဟုတ်) ကဘော် (ကဘော်သား) လို့ ခေါ်နေ ကြဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ် မှတ်တမ်းများမှာလည်း အင်းဝ (Ava)၊ သန်လျင်စသည်ဖြင့် မြို့ရွာအမည်တိုင်းပဲ တွေ့ရ ပါတယ်။ အင်္ဂလိပ်တွေ အိန္ဒိယပြည်ကြီးကို သိမ်းပြီး အိန္ဒိယက တဆင့် ဗမာပြည်ကို ဆက်စပ်ထိတွေ့လာချိန်ကျမှပဲ ဗားမား (Burma) လို့ ရေးလာတာ ဖြစ်ပါတယ်။ ဒါကလည်း ဗမာရဲ့ ရင်းမြစ်ဖြစ်တဲ့ အိန္ဒိယတိုင်းသားတွေရဲ့ စကား၊ အခေါ်အဝေါ် (Bramah) ကို အင်္ဂလိပ်နားအကြားနဲ့ ရေးခဲ့ခြင်း ဖြစ်ဟန်တူပါတယ်။

 

Myanmar နဲ Burma စကားလုံး အသုံးအနုန်း

နေ့စဉ်ပြောဆို သုံးနှုန်းနေတဲ့ စကားလုံးတွေထဲမှာ အနက်အဓိပ္ပာယ် မထင်ရှားတာ၊ အသိရ ခက်ခဲ နက်နဲတာတွေ၊ ဝိဝါဒ ကွဲပြား အငြင်းပွားစရာတွေ အများအပြားရှိကြတဲ့အနက် အလွန် အရေးကြီးတဲ့ အငြင်းပွားစရာ စကားလုံးတလုံး အကြောင်းကို ဒီကနေ့ ပြောကြရအောင်ပါ။

ကဲ … ပထမဆုံးတော့ သမိုင်းဝင် တေးသီချင်းတပုဒ်ကို နားဆင်ကြည့်ကြပါစို့။

နောင်ဥဒါန်း ××× ဘယ်မပြေစရာ ××× ရာဇဝင်တင်ထား ××× မျိုးရိုးနွယ်သာ ××× ကမ္ဘာတခွင်မှာဖြင့် ××× ဗမာထင်ရှား ××× ဒို့ခေတ်တွင်မှ ××× ညံ့ကြတော့မှာလား ဒို့ဗဗာ – ဒို့ဗမာ ××× မဟုတ်လေသလား ××× (ဒို့ဗမာ – ငါတို့ ဗမာ) ×× (ဒါ – ငါတို့ဗမာ) ၂
နယ်ချဲ့တော်လှန်ရေးကို ရှေ့တန်းက ဦးဆောင်ခဲ့တဲ့ ဒို့ဗမာအစည်းအရုံးရဲ့ သမိုင်းဝင် အမျိုးသား ရေး လှုံ့ဆော် တေးသီချင်းကြီးပါ။ ဒီသီချင်းမှာ ဆိုသွားတဲ့ ဒို့ဗမာ ဆိုတာဟာ ပြည်မ မြေပြန့်ဒေသမှာ နေထိုင်တဲ့ အများစု လူမျိုးတမျိုးတည်းကို ပြောတာလား။ ဒါမှမဟုတ် ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ချင်း အပါအဝင် နိုင်ငံတခုလုံး အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးအားလုံးကို ဆိုလိုတာပါလား။ သောတရှင်တို့ ဘယ်လိုထင်ပါသလဲ။

ဒို့ဗမာအစည်းအရုံးသမိုင်း စာမျက်နှာ ၂၁၅ မှာ ဒို့မြန်မာ အစည်းအရုံး လို့ မခေါ်ဘဲ ဘာကြောင့် ဒို့ဗမာ အစည်းအရုံးလို့ ခေါ်သလဲ ဆိုတာကို ရှင်းလင်း ဖွင့်ဆိုထားပါတယ်။ မြန်မာ ဆိုတာဟာ ပြည်မ မြေပြန့်ဒေသမှာ နေထိုင်တဲ့လူမျိုးကိုသာ ခေါ်တာ ဖြစ်တယ်၊ မြန်မာပဒေသရာဇ်တွေ ပေးထားတဲ့နာမည် ဖြစ်တယ်၊ လူမျိုးကြီးဝါဒသဘော ပါဝင်တယ်၊ ဒါ့ကြောင့် လူမျိုးအားလုံး၊ တိုင်းရင်းသားအားလုံး ပါဝင်တဲ့ နိုင်ငံကို မြန်မာတမျိုးတည်းအပိုင်အဖြစ် သုံးနှုန်းတာဟာ မမှန် ကန်ဘူး၊ လူမျိုးအားလုံး အကျုံးဝင်တဲ့နိုင်ငံကို ဗမာနိုင်ငံ လို့ ခေါ်မှသာ ညီညွတ်မှန်ကန်မယ် လို့ အတိအလင်းဖွင့်ဆိုထားခဲ့ပါတယ်။

ကဲ … ဒီတော့ … ပညာရှင်တွေကရော ဘယ်လိုမြင်ပါသလဲ။ ဘာသာဗေဒပညာရှင် ဆရာ မောင်သာနိုးရဲ့ အမြင်ကတော့ …“ဗမာက မူလဗျ၊ ဗြဟ္မာ က လာတာကိုး။ ဗထက်ချိုက် ဟရစ် ဟ မ ဆင့်၊ ဗြဟ္မာ က လာတာကိုး။ ဗြဟ္မာ ကနေပြီးတော့ ဗမာ ဖြစ်သွားတာ။ အဲဒါကိုမှထပ်ပြီးတော့ ဗမာ ကို ဗထက်ချိုက်နဲ့ မ နဲ့ ပြောင်းပြီးတော့ မြန်မာ ဖြစ်သွားတာ။ အဲတော့ မြန်မာက ဒုတိယ၊ ဗြဟ္မာ ဆိုတဲ့ ဗမာက အဓိက ပင်မ ဖြစ်တယ်။ အဲလိုယူဆပါတယ်၊ ပညာရှိတွေ ယူဆကြတယ်။ အဲဒီ ဗမာနဲ့ မြန်မာ မှာက အင်္ဂလိပ်ခေတ်က ဝံသာနုခေတ်က ဒို့ဗမာအစည်းအရုံးခေတ်က သူတို့က ဗထက်ချိုက် မ ရေးချ မာကို ချင်းကော၊ ကချင်ကော၊ ကရင်ကော၊ မြန်မာကော အားလုံးအတွက် သတ်မှတ်တယ်။ မြန်မာကိုတော့ မြန်မာလူမျိုး (ကျနော်တို့၊ ခင်ဗျားတို့ပေါ့လေ) အတွက်ပဲ သတ်မှတ်တယ်။ အဲဒီလို အယူအဆရှိတယ်လို့ ကျနော့်ကို တလောဆီက သေဆုံးသွားတဲ့ ရေနံချောင်း သခင် ခင်ညွန့်က ပြောဖူးတယ်ဗျ။ အခု ပြောင်းပြန်ဖြစ်နေပြီ တဲ့ မြန်မာက ကချင်ရော၊ ကရင်ရော၊ ရှမ်းကောကို ခေါ်တာ။ ဗမာကမှ ဒီလူမျိုးလေးကို ခေါ်တာလို့ ဖြစ်နေတယ်။ ဒါဟာ ငါတို့ ဝံသာနုခေတ်ကဟာနဲ့ ပြောင်းပြန်လို့ သခင် ခင်ညွန့်က ပြောတယ်ဗျ။ ဒီခေတ်ကျမှ ဘယ်လိုလုပ်ပြီးတော့ ပြောင်းပြန်ဖြစ်သွားသလဲ မသိဘူး”

ဒါတွေကို ပြောင်းပြန် လှန်ပစ်သူအဖြစ် အများ နားလည်ထားကြတာကတော့ သွားလေသူ ဗိုလ်ချုပ်နေဝင်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်နေဝင်းရဲ့ ဗမာစာ ဗမာစကားမှာ ဝင်ရောက်စွက်ဖက် ပါဝင်မှုတွေအနက်ကတခုဖြစ်ပါတယ်။

ဗိုလ်ချုပ်နေဝင်းရဲ့ ဒီအမွေကို သူ့ရဲ့လက်ရင်း တပည့်လို့ ပြောဆိုလေ့ရှိကြတဲ့ ဗိုလ်ချုပ် ခင်ညွန့်က နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ၁၉၈၉ ခုနှစ်မှာ အသုံးပြုခဲ့ပါတယ်။ တိုင်းရင်းသား လူမျိုးအားလုံး အပါအဝင်ဖြစ်တဲ့ နိုင်ငံကို မြန်မာလို့ သုံးရမယ်၊ ပြည်မက လူမျိုးကို ဗမာလို့ သုံးရမယ် ဆိုပြီးတော့ အဓိပ္ပာယ်ပြောင်းပြန် သတ်မှတ်ပြီးတော့ သုံးစွဲဖို့ အမိန့် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်သားသမဂ္ဂများအဖွဲ့ချုပ်ကို လူမျိုးစု တစုတည်းရဲ့အဖွဲ့ အဖြစ် သေး သိမ်အောင် လုပ်ပြီး ကျောင်းသားတွေကိုလည်း သဘောထား ကွဲလွဲမှုဖြစ်အောင် သွေးခွဲခဲ့တဲ့ လုပ်ရပ်အဖြစ်အဲဒီအချိန်ကလူသိများခဲ့ပါတယ်။

(ဦးသာနိုး အသံ) “ကျနော်ကတော့ ဒို့ဗမာအစည်းအရုံးကို ထောက်ခံတယ်၊ စာပေရေး အရတော့ ထောက်ခံတယ်ဗျာ၊ ဘာကြောင့်လဲဆိုတော့ ခုနပြောသလိုပဲ ဗမာဆိုတဲ့ ဗထက်ချိုက် မာ က ဗြဟ္မာ က လာတာ။ ဗြဟ္မာ ဆိုတာက ပါဠိပေါ့ဗျာ။ အိန္ဒိယမှာလည်း ခုထက်ထိပဲ မြန်မာကို ဗြမ္မာ ခေါ်ကြတာပဲ။ ဗမာစာကို ဘာရမီ လို့ခေါ်တယ်။ မြန်မာစကားဆိုရင် ဘာရမီဘာသာ လို့ ခေါ်တယ်ဗျ။ ဗမာက သာလျှင် တပြည်လုံးကို ခြုံတဲ့အမြင် ဖြစ်တယ်။ မြန်မာက ခင်ဗျားတို့၊ ကျနော်တို့ အပါအဝင် ရန်ကုန်၊ မန္တလေးက လူတစုကို ခေါ်တာ။ ရှမ်း၊ ကချင် မပါဘူး”

အီလွီနွိုက် တက္ကသိုလ်က အငြိမ်းစား မြန်မာစာ ပါမောက္ခ ဆရာ ဦးစောထွန်းကတော့ ထိုင်းနိုင်ငံ မှာလည်း ဗမာလူမျိုးကို ဖမာ လို့ ခေါ်တာကိုလည်း စဉ်းစားစရာအဖြစ် ထောက်ပြပါတယ်။ ဒါ့အပြင်…(ဦးစောထွန်း အသံ)“ပါဠိအဘိဓာန် ထဲမှာဆိုရင် မြန်မာပြည် ဆိုတာကို ဗြဟ္မာ ဒေသ ဆိုပြီးတော့ ဗြဟ္မာ ဆိုပြီးတော့ ပြတာရှိတယ်။ နောက် ဆရာတော်ကြီးတွေက ဗြဟ္မာလို့ ရေးကြတာတွေ ရှိတယ်။ အဲဒီကနေပြီးတော့ အသံ ပြောင်းပြီးတော့ ဗမာ လို့ ဖြစ်မယ်ဆိုလည်းပဲ ဖြစ်ခွင့်တော့ ရှိတာပဲ”ပုဂံခေတ် မှာတော့ မြေပြန့်နေလူမျိုးကို မြန်မာ အဖြစ် ကျောက်စာ ရေးထွင်းခဲ့တဲ့ အထောက်အထား တွေခဲ့ရတာကိုလည်းဆရာဦးစောထွန်းက အခုလို ပြောပြပါတယ်။

“မွန်တွေက သူတို့ ကျောက်စာတွေ ထိုးတာ ရှိတယ်။ မွန်ကျောက်စာထဲမှာ ကျန်စစ်သား လက်ထက်က လူတွေအကြောင်း ပြောတော့ ဗမာတွေကို သူတို့က မရမာ လို့ ပဲ သူတို့ ပြောတာပါပဲ”ဟုတ်ကဲ့ဆရာ၊ တိုင်းရင်းသား လူမျိုးအားလုံးကို မြန်မာလို့ သုံးခဲ့တာမျိုးရော အထောက်အထား တွေ့မိခဲ့သလားဆရာ။

“သမိုင်းကြောင်းအရကတော့ မြန်မာဆိုတာလည်း ဗမာ၊ ဗမာဆိုတာလည်း မြန်မာ ဖြစ်ခဲ့တော့ တိုင်းရင်းသား အားလုံးကို ခြုံပြီးတော့ မြန်မာလို့ ခေါ်တာမျိုးတော့ ရှိတယ်လို့ မပြောနိုင်ဘူးလေ။ ဒါကတော့ နောက်မှ နိုင်ငံရေးအရ သတ်မှတ်ချက် တခုပေါ့လေ”

ကဲ … ဒီတော့ ဗမာ၊ မြန်မာ ဆိုတဲ့ အသုံးအနှုန်းဟာ နိုင်ငံရေး ပယောဂကြောင့် ကပြောင်း ကပြန် ဖြစ်ခဲ့ရတယ်ဆိုတာ ရှင်းလင်းပြီ ထင်ပါရဲ့နော်။နောင်တချိန်မှာ နိုင်ငံရေးပယောဂ ကင်းကင်းနဲ့ ပညာရှင်တွေ စုဝေး တိုင်ပင်ပြီးတော့ အများပြည်သူရဲ့ သဘောတူညီချက်ပါ ရယူ ဆုံးဖြတ်သင့်တဲ့ ကိစ္စမျိုးလို့ ထင်မိပါတယ်။

မူရင်း  ဘီဘီစီစာစီစာရိုက် – မျိုးဆက်သစ် စာစီစာရိုက်၊ စာအုပ် ၀န်ဆောင်မှုလုပ်ငန်း

မြန်မာစာဘယ်ကစသလဲ

  မာတီကို မ၀င်ဖြစ်တာလဲ ကြာပါပြီ။ ဘာဖြစ်နေလို့လဲ ဆို ပျင်းနေလို့ပါ။ ဒီနေ့ Gtalk တက်ရင်း သူငယ်ချင်းပဲထားပါတော့… ဘုန်းဘုန်းတပါးနဲ့ စကားစပ်မိရင်း မြန်မာစာအကြောင်း ပြောဖြစ်တယ်။ အဲဒီမှာပြောရင်းနဲ့ ငြင်းကြခုံကြ (အဲ) ဆွေးနွေးရင်း ဘုန်းဘုန်းကမေးတယ်။ ” ဒကာကြီး မြန်မာစာဟာ ဘယ်ကဆင်းသက်လာသလဲတဲ့” ။ ကျနော်ကလဲ ယောင်ဝါးဝါးနဲ့ ” သက္က ဘာသာကနေ ဆင်းသက် လာတယ်လို့ထင်ပါတယ်ဘုရား ” လို့ဖြေလိုက်တယ်။ အဲဒီလိုလဲဖြေရော ဘုန်းဘုန်းက ရာဇကုမ္မာရ ကျောက်စာနဲ့ ကျနော့်ကိုကိုင်ထုတော့တာပဲ။ ပုဂံခေတ် အနော်ရထာမင်းလက်ထက်မှာ မြန်မာစာပေနဲ့ ရေးသားထားတဲ့ အထင်ကရ ကျောက်စာ၊ပေစာ တွေမရှိတဲ့အကြောင်း၊ ရှင်အရဟံကြွလာပြီးမှ သထုံ မနူ ဟာမင်းထံကနေ ပဠိကတ်သုံးပုံနဲ့စာပေကျမ်းဂန်တွေကို အဓ္ဓမပင့်ဆောင်လာပြီး မြန်မာစာ ပေဖြစ်ပေါ်လာတယ်ဆိုတဲ့အကြောင်း၊ကျန်စစ်သားမင်းရဲ့သား ရာဇကုမ္မာရမင်းသား အလူမှာ ရေးထား တဲ့ ရာဇကုမ္မာရ ကျောက်စာကို အကိုးအကားပြပြီး မြန်မာစာပေသည် မွန်စာပေ ကနေဆင်း သက်လာတယ် ဆိုတာကို အတည်ပြုပြောပါတယ်။ ကျနော်ကလည်း ဒါဟာ မဟုတ်နိုင်ကြောင်း၊ အနော်ရထာဘုရင်ကနေ မနူဟာမင်းကို ပုဂံမှာကိုးကွယ်ကြည်ညိုရန်အတွက် သံအဖွဲ့နဲ့ ပဠိကတ် တပုံခွဲဝေပင့်ဆောင်လိုသည့်မေတ္တာရပ်ခံသည့်  စာလွှာပေးခဲ့ရာမှာ ဘယ်ဘာသာကို အသုံးပြုခဲ့ သလဲ နှင့် မြန်မာစာသည်” ဥပမာ ကိုရီးယားဗျဉ်း၊သရ ကို ဆယ်ဂျုံးဘုရင်ကတည်ထွင်ခဲ့သလို မြန်မာ ဗျဉ်း၊သရ ကိုဘယ်သူ တည်ထွင်ခဲ့တာလဲ ” စသည်တို့လို ကပ်ရပ်ပြီး ငြင်း (အဲ) ဆွေးနွေးခဲ့ပါတယ်။ ဘုန်းဘုန်းကလဲ သံအဖွဲ့ နဲ့စာပေးတာမဟုတ်ကြောင်း၊စကားဖြင့်သာ မေတ္တာရပ်ခံခြင်းဖြစ်ကြောင်း၊ တည်ထွင်သူကို ကျမ်းဂန်တို့တွင်ပြန်လည်လေ့လာရမည့်အကြောင်းပြောရင်း သက္ကဘာသာ မှ မွန်စာ ၊ မွန်စာ မှ မြန်မာစာ ဆင်းသက်လာတယ်လို့ မတင်မကျနဲ့ ကွန်နက်ရှင်ကို အကြောင်းပြပြီး ဆီးယူ လိုက်ရပါတယ်။ စိတ်ထဲမှာတော့ တကယ့်မတင်မကျကြီးကို ဖြစ်နေတာပါ။ အရင်တုန်းကတော့ ဒေါက်တာသန်းထွန်းရဲ့ သမိုင်းစာအုပ်တွေမှာ ဖတ်ဖူးသလိုလို ရှိပေမယ့် မမှတ်ထားမိဘူး။ ရာဇကုမ္မာရ ကျောက်စာကိုလဲ ဖတ်စာထဲမှာသင်ဘူးပေမယ့် မမှတ်မိဘူး။ မမှတ်မိတာလဲ မပြောနဲ့လေ။ ၆တန်းကနေ ၁၀တန်းအောင်တဲ့အထိ ကိုယ့်ဘာသာ ဘယ်လိုအောင်လာမှန်းတောင် သိတာမဟုတ်   ဘူး။ အကပ်အရပ်တွေ တွေနဲ့တကယ့်ယောင်ဝါးဝါးအောင်လာတာ။ စာတော်တာတွေ ကြွှားသလိုဖြစ် သွားတယ်။ ဒါနဲ့ ရှိသမျှစာအုပ်တွေ ပြန်ရှာဖတ်တယ်။ ကျေနပ်လောက်တဲ့ အဖြေမရဘူး။ နောက်ဆုံးအကြံကုန်တာနဲ့ Google လိုက်တော့ Wiki မှာလဲ တိတိကျကျ မတွေ့။ ကိုညီလင်းဆက် တင်ထားတဲ့စာအုပ်ကလဲ ဒေါင်းမရ။ မသက်ဇင် တင်ထားတဲ့ မြန်မာစာပေ ခရီးအစ        ဆိုတဲ့ပို့ဒ် ကို တွေ့ တော့မှ အနည်းငယ် ဒီလိုပါလားလို့ သိသလိုလိုဖြစ်သွားတော့တယ်။ ကျနော်လိုမယောင် ရအောင် သူများပို့ဒ် ကိုပထမဆုံးအနေနဲ့ ကူးယူဖော်ပြလိုက်ပါတယ်။ ပိုင်ရှင်ကိုတော့ ညွှန်းဆိုထားလို့ နောက်မှခွင့်တောင်းတော့မယ်။

”  မြန်မာပေ ခရီးအစ

ပထမဆုံးမြန်မာစာပေကိုရေးသား ကြသော စာရေးဆရာ များသည် ပုဂံပြည်သူပြည်သားများဖြစ်သည် ဗုဒ္ဓ ဘုရား ရှင်ကို ကြည်ညိုခြင်း သည်းထန်နေ သဖြင့် စေ တီ ဘု ရား တည်ခြင်း ရေစက် သွန်း လှူ ဒါန်းခြင်း တို့ တွင် စာ ရေး ချင် စိတ် အဖြစ် ပုဂံ သား စာရေး ဆရာများ သည်ကျောက် စာအဖြစ်ရေးသားကြကုန်သည်။ ကျောက် စာ များသည် ပုဂံသား တို့၏ သဒ္ဓါ စေ တ နာ တို့ကို ငှင်း ထို ခေတ်က အလေ့အထ များ ကို ငှင်း ဖေါ်ပြ သည့် စာ များဖြစ်ကြသည်။မြန်မာ စာပေ သမိုင်းကို လေ့လာ သူ တိုင်းသည် ပုဂံေ ခတ် ကျောက်စာ များ နှင့် ခရစ် နှစ် ရှစ် ရာစု မှ ကိုး ရာစု ကျော် ခေတ် က စာ တို့ ၏ သိမ်မွေ့ ခန့်ညား မှု များ အား သိကြ ပေ လိမ့်မည်။ အိန္ဒိယနိုင်ငံတွင် ဂေါတမ ဗုဒ္ဓ ပရိနိဗ္ဗာန်စံလွန်ပြီး မှ ကျန် ရစ် သော ဓါတ်တော်အချို့ ကို ထည့်သည့်အိုး တွင် စာ စ တင် တွေ့ဖူြး ပီး။ ပီပြဝ အိုးဟု ခေါ် သည် ခရစ် မ ပေါ်မီ လေးရာစုက ပီပြဝ အိုး စာမျိုးမှ ယနေ့ မြန်မာနိုင်ငံ သုံး အက္ခရာ ဆင်း သက် လာသည်။ရန်ကုန်မြို့ ယဉ်ကျေးမှု ဗိမာန် ညွှန်ကြား ရေး ဝန် ဟောင်းဦးသာမြတ် နှင့် မန္တလေး ရှေးဟောင်း သုတေသန ဌာန အထူးအရာရှိ ဦးမြက။ မြန်မာနိုင်ငံ ရောက် အက္ခရာ ပုံစံ ရွေ့ လျော ပြောင်းလဲပုံကို ဇယား နှင့် တကွ ရှင်းလင်း ပြသကြသည်။ ဗြဟ္မီ ၊ ကဒံဗ ၊ ပျူ ၊ ရှေးနှင့် ယခုမြန်မာစာဟူ ၍ ငါး မျိုး ပါရှိသည်။

စာကိုး
ရသစာပေ အဖွင့်နှင့်နိဒါန်း ဆရာဇော်ဂျီ စာမျက်နှာ ၉ မှ ၁၃ အထိခေတ် ဟောင်းမြန်မာ ရာဇဝင် ဒေါက်တာသန်းထွန်း စာမျက်နှာ ၁၂၇ မှ ၁၃၃ ထိဆက်လက်လေ့လာရန် ကျမ်းညွှန်းမြ၊ ရှေးဟောင်း မြန်မာအက္ခရာစာတမ်း ( ပဏမခန်း )သာမြတ်၊ မွန်-မြန်မာအက္ခရာသမိုင်း၊ ရန်ကုန်၊ ၁၉၅၅-၆

ချစ်ဦး said:

စလာမ်ပါခင်ဗျာ…..

တစ်ခုလောက် မေးချင်လို့ပါ……

မြန်မာ ဆိုသည့် အသုံးအနှုန်းကို ဦးတင်မောင် သိသလောက်ရှင်းပြပေးပါခင်ဗျာ။

ဗမာလူမျိုးကို =မြန်မာဟုခေါ်ခြင်းဖြစ်ပါသလား?

မြန်မာနိုင်ငံသားဖြစ်သူတိုင်းကို မြန်မာဟုခေါ်ခြင်းဖြစ်ပါသလား ?

ပသီ= ဗမာ ?

Permalink kotinmaung က December 20, 2011 – 5:24pm တုန်းက ပြန်တဲ့စာ

ပသီ= ဗမာ ?

Burmese Muslims are also called Pathi in Myanmar. See Islam in Myanmar.

ပသီလူမျိုးဆိုသည်မှာ  –

ဘိုးတော်မင်းတရားကြီးထုတ်ပြန်သော အမိန့်တော်ပြန်တမ်းတွင် ” အာဗစ်ရှာဟို သနဒီ တပြည် င ရွှေငူ ၊ ငရွှေအေး တို့ကနိုင်ငံတော်တွင်း အရပ်ရပ်မြို့ရွာများရှိ ပသီကုလားတို့ကို ၎င်းတို့ဘာသာကျွမ်း ကျင်သည့် အတိုင်း အာဗစ်ရှာဟိုသိန္ဒီတပြည့်တို့ပြသရာ နာခံစေ။ရခိုင်ပြည်လေးမြို့ကျေးရွာများမှာ ရှိနေကြသည့် ပသီ ကုလား တို့တွင် ဘာသာတရားစကားများကိုအရပ်ရပ် ပသီကုလား နည်းတူ အာဗစ်ရှာဟိုသိန္ဒီ တပြည့်များက စစ်ကြောစီရင်စေ။”

(နာခံတော် ဘယကျော်ထင်ပြန်သည်။)

ပသီ´´-မြန်မာမွတ်စလင်မ်လူမျိုးPar-thi, Far-si

ပသီလူမျိုးတို့မှ လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်ကာလကပင် မြန်မာနိုင်ငံတွင် တည်ရှိခဲ့ကြောင်း တရုတ်နိုင်ငံ မန်ချုးမှတ်တမ်းနှင့် မှန်နန်းရာဇ၀င်နှင့် ကုန်းဘောင် ဆက်မဟာရာဇ၀င်များ တွင် ပါရှိသည်။အေဒီ ၁၂၂၁-ခု၊ အနော်ရထာမင်းတည်ထောင်ခဲ့သည့် ပုဂံနေပြည်တော် ယိမ်းယိုင်လာ၍ နိုင်ငံတော်ရေပိုက်

နက်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ဆောင်ရွက်နေရသည့် ပသီတပ်မှ၊ မိမိတို့ကြမ္မာ မိမိတို့ကိုယ်တိုင် ဖန်တီးမည့် အခြေအနေသို့ရောက်ရှိလာကာ ပုသိမ်ဟုခေါ်မည့်ဒေသတွင် ပသီမြို့ပြနိုင်ငံ ပသီမင်းဆက်(၃)ဆက်၊(၁၂)နှစ်တိုင်တိုင် တည်ထောင်အုပ်ချုပ်ခဲ့သည်။
ကရင်တို့မှ ၀ိန့်ပသီ၊ ဝေ့ပသီဟူ၍လည်းကောင်း၊ မွန်တို့မှ ဒုံးပသီ၊ဥုင်းပသီ ဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။
ဝိဋဋူပနှင့် သာကီဝင်တို့ မသင့်မတင့်ဖြစ်၍ စစ်ခင်းကြသည်တွင် သာကီဝင် ဓဇရာဇာမင်း၊ မဇ္ဈိမဒေသမှ စွန့်ခွာလာ သကဲ့သို့တပ်မှူး၊ဗိုလ်မှူး၊ ၀န်ကြီး၊ ပညာရှိတပ်သား မကျန် နန်းမျိုးနွယ် (၃၇၀၀) တို့အစုခွဲကာ အင်းဝဘုရင် စနေမင်းထံ သစ္စာနှံကာခိုလှုံခဲ့ကြသည်။
တောင်ငူ၊ ရမည်းသင်း၊ ယင်းတော်၊ မိတ္ထီလာ၊ စည်သာ၊ ဒီပဲယင်း၊ ညောင်းရမ်း၊ ပင်းတလဲ၊ တဘက်ဆွဲ၊ ဘောဓိ၊ စည်ပုတ္တရာ၊မြေထူးတွင် အစုခွဲနေထိုင်သူတို့မှာ မင်းမှုထမ်းရင်း အမြှောက်တပ်၊ သေနတ်တပ်၊ မြင်းတပ်၊

ကိုယ်ရံတော်တပ်၊ ကင်းတားကုလားပျိုတပ်၊ စာဆိုများ ကုန်သည်တော်များအဖြစ် အမှုတော်ထမ်းရွက်ခဲ့ကြသည်။
ref : ဆရာမာဃပုသိမ်ရာဇ၀င်၊ စာမျက်နှာ၁၃၇

ချစ်ဦး said:

စလာမ်ပါခင်ဗျာ…..

တစ်ခုလောက် မေးချင်လို့ပါ……

မြန်မာ ဆိုသည့် အသုံးအနှုန်းကို ဦးတင်မောင် သိသလောက်ရှင်းပြပေးပါခင်ဗျာ။

ဗမာလူမျိုးကို =မြန်မာဟုခေါ်ခြင်းဖြစ်ပါသလား?

မြန်မာနိုင်ငံသားဖြစ်သူတိုင်းကို မြန်မာဟုခေါ်ခြင်းဖြစ်ပါသလား ?

ပသီ= ဗမာ ?

electricPermalink electric က December 20, 2011 – 7:21pm တုန်းက ပြန်တဲ့စာ

ပသီဆိုတာသမိုင်းမှာအထက်အထားစုံစုံလင်လင်ရှိနေတာကတော့အမှန်ပါ

ဒါပေမယ့်..ဒီခေတ်မှာပသီဆိုတာဘယ်လိုဆုံးဖြတ်မလဲ..ပသီဆိုတာကိုက

ကပြားပါ..ကပြားဆိုတော့ပြောဖို့အတော်လဲခက်တယ်..အရင်ခေတ်တွေက

မွတ်စလင်မ်မှန်ရင် ပသီ လို့ဘဲခေါ်တာလေ..ပထန်ဘဲဖြစ်ဖြစ်..ဘင်္ဂါလီဘဲ

ဖြစ်ဖြစ်..ကျူလီယာဘဲဖြစ်ဖြစ်…စွရ်သီဘဲဖြစ်ဖြစ်..ပသီပါဘဲ….

အခုလူတွေထင်နေတာက..ဗမာလူမျိုး..အစ္စလာမ်ဘာသာပေါ့။။အဲဒီလို

ပြောရင်ဒီနေ့မှာ ဗမာအစစ်ပါလို့ပြောနိုင်တဲ့မွတ်စလင်မ်သိပ်များများ

စားစားမရှိပါဘူး…ဘယ်သူကဘဲကျနော်ပသီပါ..ခင်ဗျားပသီပါလို့

ပြောပြော…ပသီဆိုတာဘယ်လိုလူမျိုးကိုခေါ်နိုင်မလဲဆိုတာ

ခွဲခြားဖို့ခက်နေဆဲပါ

Permalink kotinmaung က December 20, 2011 – 7:35pm တုန်းက ပြန်တဲ့စာ

Salam


အဲဒီကိစ္စ ဥပဒေ ပြဌာန်းချက်အတိုင်းလုပ်ဆောင်သွားရမယ်။

ခေါင်းအေးအေးထားပြီးစဉ်းစားတတ်ရင်အဖြေထွက်ပါတယ်။

အဲဒါကြောင်းအထောက်အထားများရှာဖွေစုဆောင်းနေခြင်းဖြစ်ပါတယ်။

ကျေးဇူးပါ။


====================================


၁၉၈၂  ခုနှစ်ခု နိုင်ငံသား ဥပဒေ

၁၉၈၂ ခုနှစ်၊မြန်မာနိုင်ငံသားဥပဒေအခန်း( ၂ )တွင် နိုင်ငံသားဖြစ်ခြင်းနှင့်စပ် လျဉ်း ၍အောက်ပါအတိုင်းဖေါ်ပြထားသည်။

ပုဒ္မ –  ၃ – နိုင်ငံတောတွင်ပါဝင်သောနယ်မြေတစ်ခုခု`၌ မ်ြမာ သက္ကရာဇ် ၁၁၈၅ ခှုစ် ခရစ်သက္ကရာဇ် ၁၈၂၃ -ခု မတိုင်မီကာလမှစ၍ပင်ရင်းနိုင်ငံအဖြစ်အဖြစ်အမြဲနေထိုင်ခဲ့သော ကချင်၊ကယား၊ကရင်၊ချင်း ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားများနှင့်မျိုးနွယ်စုများသည် မ်ြမာနိုင်ငံသားဖြစ်သည်။

 ပုဒ္မ – ၄ – မည်သည့်မျိုးနွယ်စုသည်တိုင်းရင်းသားဖြစ်သည် မဖြစ်သည်ကို နိုင်ငံတော်ကောင်စီ(ယခု ပြည် ထောင်စုအစိုးရ) က ဆုံးဖြတ်နိုင်သည်။

ပုဒ္မ – ၅ –  တိုင်းရင်းသားတိုင်းသည်လည်ကောင်း၊တိုင်းရင်းသားမိဖ နှစ်ပါးမှမွေးဖွါးတိုင်းသည်လည်း

ကောင်း  မွေးရာပါနိုင်ငံသားဖြစ်သည်။

ထိုဥပဒေ အခန်း(၈)တွင်   အထွေထွေက`ဏ္ဍပြဌာန်းထားပါသည်။

အထွေထွေက`ဏ္ဍ ပါ ပုဒ္မ – ၇၅ – ဤဥပဒေပြဌန်းချက်များကို ဆောင်ရွက်နိုင်ရန်အလို့ငှါ ဝန်ကြီးအဖွဲ့ သည်လို အပ်သောလုပ်ထုံးလုပ်နည်းများကို နိုင်ငံတော်ကောင်စီ (ယခု ပြည် ထောင်စုအစိုးရ)  ၏

သဘောတူညီချက်ဖြင့် ထုတ်ပြန်ရမည်ဟူ၍ဖြစ်သည်။

တိုနိုင်ငံ သားဥပဒေ ပုဒ္မ ၇၅  ပါလုပ်ပိုင်ခွင့်အရ ဝန်ကြီးအဖွဲ့၏အမိန့်ကြေညာစာအမှတ်  ၁၃/၈၃ ဖြင့် (၂၀-၉-၈၃) နေ့ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံသားဆိုင်ရာ လုပ်ထုံးနည်းများ (နိုင်ငံသား ဆိုင်ရာလုပ်ထုံးနည်း) ၏ အခန်း (၂) နိုင်ငံသားဖြစ်ခြင်း အခန်းတွင်  – အပိုဒ် – ၄-  ၁၈၂၄ ခှုစ်တွင် အင်္ဂလိပ် မြန်မာ ပထမစစ်ပွဲဖြစ်ပွါးခဲ့သည်။ ထိုကာလ၏နောက်ပိုင်း နိုင်ငံခြားသားအများအပြားမြန်မာနိုင်ငံ တော် အ တွင်း သို့ ဝင်ရောက် နေထိုင်လာ ခဲ့ကြ သည်။ ထို့ကြောင်း မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်၊ ခရစ် သက္ကရာဇ် ၁၈၂၃ ခု မတိုင်မီ ကာလ ကို ပိုင်းခြားသတ်မှတ်ခြင်းဖြစ်သည်။

အပိုဒ် – ၅ – တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဇမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့်လူမျိုးများပင်ဖြစ်စေကာမူ နိုင်ငံ တော် တွင်ပင်ရင်းနေထိုင်ခြင်းမရှိဘဲ အခြားနိုင်ငံတော်တွင် ပင်ရင်နိုင်ငံအဖြစ်အမြဲနေ ထိုင်ကြ သူ များ သည်  တိုင်းရင်း သား မဟုတ်ပါ။ ၁၈၂၃ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံတော်အတွင်းသို့ဝင်ရောက်နေထိုင်ကြသော အမည်တူ မျိုးနွယ်စု များသည်လည်း တိုင်းရင်းသားမဟုတ်သည့်အပြင် မွေးရာပါ နိုင်ငံ သားလည်းမဟုတ်ပါ။

အပိုဒ် – ၇ – တွင်ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ နိုင်ငံတော်ဖွဲစည်းပုံ အခြေခံဥပဒေ ၁၄၅  ၊ပုဒ္မ ခွဲ (ခ)အရအခြေခံ ဥပဒေအာဏာတည်သည့်  ၁၅ -၁၀ – ၈၂ (ယခု ၂၀၀၈ ခု ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ)နေ့တွင် နိုင်ငံသားဖြစ်ပြီး သူများသည် နိုင်ငံသားများဖြစ်ကြသည်။ စသည်ဖြင့်ဖေါ်ပြထားသည် ကိုတွေ့ ရှိရသည်။

electric said:

ပသီဆိုတာသမိုင်းမှာအထက်အထားစုံစုံလင်လင်ရှိနေတာကတော့အမှန်ပါ

ဒါပေမယ့်..ဒီခေတ်မှာပသီဆိုတာဘယ်လိုဆုံးဖြတ်မလဲ..ပသီဆိုတာကိုက

ကပြားပါ..ကပြားဆိုတော့ပြောဖို့အတော်လဲခက်တယ်..အရင်ခေတ်တွေက

မွတ်စလင်မ်မှန်ရင် ပသီ လို့ဘဲခေါ်တာလေ..ပထန်ဘဲဖြစ်ဖြစ်..ဘင်္ဂါလီဘဲ

ဖြစ်ဖြစ်..ကျူလီယာဘဲဖြစ်ဖြစ်…စွရ်သီဘဲဖြစ်ဖြစ်..ပသီပါဘဲ….

အခုလူတွေထင်နေတာက..ဗမာလူမျိုး..အစ္စလာမ်ဘာသာပေါ့။။အဲဒီလို

ပြောရင်ဒီနေ့မှာ ဗမာအစစ်ပါလို့ပြောနိုင်တဲ့မွတ်စလင်မ်သိပ်များများ

စားစားမရှိပါဘူး…ဘယ်သူကဘဲကျနော်ပသီပါ..ခင်ဗျားပသီပါလို့

ပြောပြော…ပသီဆိုတာဘယ်လိုလူမျိုးကိုခေါ်နိုင်မလဲဆိုတာ

ခွဲခြားဖို့ခက်နေဆဲပါ

Permalink kotinmaung က December 21, 2011 – 9:13am တုန်းက ပြန်တဲ့စာ

မြန်မာမှုစာပေ မှ ပသီအကြောင်းအရာများ

 

မြန်မာမှုပြု အစ္စလာမ်စာပေ (မောင်သန်းဝင်း-ရန်ကုန်တက္ကသိုလ်)
မြန်မာဟူသည် မြန်မာနိုင်ငံတွင် နှစ်ကာလရှည်ကြာစွာ အစဉ်အဆက် အခြေစိုက်နေထိုင်ခဲ့သော တိုင်းရင်း သားလူမျိုးကို ဆိုလိုသည်။ အစ္စလာမ်ဟူသည် ‘ငြိမ်းချမ်းခြင်း’၊ ‘အမိန့်နာခံခြင်း’ဟု အဓိပ္ပာယ် ရ သည်။ အလ္လာဟ်နှင့် အလ္လာဟ့်တမန်တော် မုဟမ္မဒ်သခင်(ဆွ)၏ အဆုံးအမများကို နာခံခြင်း ဖြစ် သည်။ ဤသို့နာခံ ခြင်းဖြင့် ငြိမ်းချမ်းသောဘ၀ကို တည်ဆောက်နိုင်သည်။ အစ္စလာမ် သည်ပြီး ပြည့်စုံသော ဘာသာသာသနာ အယူဝါဒလမ်းစဉ်ဖြစ်သည်။ စာပေဟူသည် ‘အကြောင်းအရာ၊ အတွေ့ အကြုံ၊ အတွေးအခေါ်၊ အဖြစ်အပျက် တို့ကို ရေးသားပုံနှိပ်ထားချက်’ ဖြစ်သည်။ မြန်မာမှုပြု အစ္စလာမ် စာပေ ဆိုသည်မှာ မြန်မာစာပေဖြင့်ရေးသားထားသော ဘာသာရေးဆိုင်ရာ အကြောင်းအရာ၊ အတွေးအခေါ်တို့ကို ဆိုလိုပါသည်။

အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ ပုဂံခေတ်အစောပိုင်း ကာလကပင်ရောက်ရှိခဲ့သည်။ ‘အစ္စလာမ် ဘာသာသည် ခရစ်ယာန်ထက်စောပြီး မြန်မာပြည်သို့ ရောက်ရှိခဲ့သည်ဟု ယူဆနိုင်သည်။ ပုဂံ ကျောက် စာ အချို့တွင် ”ပန်သိယ်”” ပ သည်” ဟုရေးသားထား သဖြင့် ပုဂံခေတ်ကပင် အစ္စလာမ် ဘာသာဝင် များရှိလိမ့်မည်ဟု ဆိုနိုင်ပေသည်။

[ဒေါ်တင့်စိန်၊ကုန်းဘောင်ခေတ်ယဉ်ကျေးမှုနိဒါန်း၊ တက္ကသိုလ်ပညာ ပဒေသာ စာစောင်၊ ရန်ကုန်၊ တက္ကသိုလ်များပုံနှိပ်တိုက်၊အတွဲ၃၊အပိုင်း၎၊စာ-၇၅၊၁၉၇၃၊ဇူလိုင်။]

ထိုအဆိုကို ခိုင်မာစေသည့် အထောက်အထားတစ်ရပ်ကိုလည်း ဤသို့တွေ့ရှိရပါ သည်။ ‘ပုဂံခေတ်၏ အစောပိုင်းကာလ ပိတ်သုံမင်း(အေဒီ ၆၅၂-၆၆၀)လက်ထက်တွင် အာရပ်လူမျိုး ကုန်သည် တို့သည် သထုံ၊ မုတ္တမအစရှိသော ဆိပ်ကမ်းမြို့များသို့ရောက်ရှိလာခဲ့ကြသည်။ အာရပ်သင်္ဘော များ သည် အနောက်ဘက် မဒဂတ်စကားကျွန်းမှ အရှေ့အိန္ဒိယကျွန်းစုများနှင့် တရုတ်ပြည်အထိ သွားလာ လျက် မြန်မာ ပြည်သို့လည်း ၀င်ထွက်ခြင်းပြုခဲ့ကြသည်။

[ဦးကြည် (ဘီအေ) ရာဇ၀င်ဂုဏ်ထူး၊ မြန်မာရာဇ၀င်သိအပ်ဖွယ်ရာအဖြာဖြာ၊ စာ-၈၁-၈၃၊ မန္တလေး၊ ပိဋကတ်တော်ပြန့်ပွားရေး၊၁၉၅၀။]

ဤသို့ဖြင့် သမိုင်းသုတေသီ ပညာရှိများရေးသားပြုစုထားသည့် ခိုင်မာသော အထောက်အထား မှတ်တမ်း များအရ အစ္စလာမ် ဘာသာသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း(၁၃၀၀)ကျော်မှ စတင်ရောက် ရှိခဲ့ကြောင်း သိရပါသည်။မြန်မာပြည်ဖွား အစ္စလာမ်ဘာသာဝင်များသည် ဘာသာရေး သွန်သင်ချက်များကို မြန်မာစာပေဖြင့် ဖြန့်ချိတင်ပြခဲ့ပါသည်။ ထို့ကြောင့် မြန်မာစာပေဖြင့် ရေးထား သော အစ္စလာမ်ဘာသာရေးဆိုင်ရာ စာပေ ကျမ်းဂန်များ၊ စာအုပ်စာတမ်းများ ပေါ်ထွက်လာခဲ့ရသည်။ ဤတွင် ဘာသာရေးသက်သက်စာပေနှင့်ဘာသာရေးကို အခြေခံထားသောစာပေများ ပါဝင်ပါသည်။ ဘာသာရေးသက်သက်စာပေတွင် ကျမ်းတော်မြတ်ကုရ်အာန်၊ ဟဒီးစ်(တမန်တော်မြတ်၏ အဆုံးအမ သြ၀ါဒ တော်များ)၊ စီရာသ်(တမန်တော်မြတ်၏ ဘ၀ဖြစ်တော်စဉ်) စသည့်ကျမ်းများပါဝင်သည်။ ဘာ သာ ရေးအခြေခံစာပေတွင် ဘာသာရေးဆိုင်ရာ အဆုံးအမကိုအခြေခံ၍ ရေးသားထားသော ၀တ္ထု၊ ကဗျာများ ပါဝင်သည်။ ဤသင်ခန်းစာတွင် မြန်မာစာပေသမိုင်းတစ်လျှောက် ပေါ်ထွက်ခဲ့သော ကျမ်းဂန် စာပေများ၊ စာစောင်မဂ္ဂဇင်းများကို လက်လှမ်းမီသမျှလေ့လာတင်ပြပါမည်။မြန်မာစာပေနယ်ပယ် ကျယ်ပြန့် ရေး၊ မွတ်စလင်လူငယ်များ စာပေ လေ့လာဖတ်ရှုလိုစိတ် ထက်သန်လာရေး၊ အစ္စလာမ် စာပေ အမွေအနှစ်များ ထိန်းသိမ်းရေးတို့အတွက် ရည်သန်ရှေးရှု၍ ပြုစုရခြင်းဖြစ်ပါသည်။

ကျမ်းတော်မြတ်ကုရ်အာန်၏ စာပေဆိုင်ရာလမ်းညွှန်ကုရ်အာန် ကျမ်းလာ အာယတ်တော်များတွင် အဦးအစ ပထမကျရောက်ခဲ့သော အာယတ်တော်မှာ’အစ်က်ရာအ်’ ‘ဖတ်’ဟူ၍ ဖြစ်သည်။ စူရဟ်(အလတ်က်)၉၆း အာယတ် ၁ တွင် -”အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ နာမတော်ဖြင့် ဖတ်လော့” ဟု ဖော်ပြထား၏။ ထို့အပြင်ဖတ်၊ သင်၏အရှင်သည် အလွန်ရက်ရောသော အရှင်ဖြစ်သည်။ (ကုရ်အာန် ၉၆း၃)ထိုအရှင်သည် ကလောင်ဖြင့် သင်ကြား ပေး၏။(ကုရ်အာန်၉၆း၎)

ထိုအရှင်သည် လူသားအား ထိုသူမသိသော အရာမှန်သမျှကို သင်ကြားပေး၏။ (ကုရ်အာန် ၉၆း၅) ဟူ၍လည်း ဆိုထားပါသည်။စူရဟ်(ရဟ်မာန်) ၅၅ အာယတ်တော် ၃ နှင့် ၄ တွင်လည်း-‘ထိုအရှင်မြတ် သည်ပင် လူသားအား ထင်ရှားဖြစ်ပေါ်စေတော်မူခဲ့၏။ထိုအရှင်မြတ်သည်ပင် လူသားအား စကားပြော ဆိုမှုကို သင်ပေးတော်မူခဲ့၏’ဟူ၍ မိန့်ချွေထားပါသည်။တစ်ဖန်ကျမ်းမြတ်ကုရ်အာန်တွင် စူရတွလ် ကလာမ်(စူရဟ် ၆၈)ကလောင်တံကဏ္ဍဟူ၍ သီးခြားကဏ္ဍတစ်ရပ်ပါဝင်ပါသည်။’နူးန်၊ (ငါအရှင်မြတ် သည်) ကလောင်ကိုလည်းကောင်း၊ ရေးမှတ်ကြသည်တို့ကိုလည်းကောင်း သက်သေ ထူတော်မူ၏။ (ကုရ်အာန် ၆၈း၁)ဟူ၍ ပါရှိပြန်ရာ ကုရ်အာန်က စာပေ အရေးအသားနှင့် ဖတ်ရှုခြင်းကို အားပေး ထားကြောင်းသိရသည်။

စာပေသည် ဘာသာစကားကို မြင်သာအောင် အက္ခရာဖြင့် မှတ်တမ်းတင်ရာမှ ဖြစ်ပေါ်လာ သည်။ ဘာသာစကား၊ ရေးသားခြင်း၊ ဖတ်ရှုခြင်းတို့သည် ဆက်စပ်လျက်ရှိသည်။ အလ္လာဟ်အရှင်မြတ်သည် လူသားအား စာပေအက္ခရာအရေးအသားများနှင့် အတတ်ပညာမှန်သမျှကို တီထွင်ဖန်တီးမှု၊ လေ့လာ သင်ယူတတ်မြောက်နိုင်မှုဟူသည့် ဗီဇစွမ်းရည်ထူးများ ထည့်ပေးထားသည်။

ကျမ်းမြတ်ကုရ်အာန်က ခေတ်တိုင်း၌ လူသားတိုင်းအတွက် စာဖတ်ရန် ပထမဆုံး၊ အရေးအကြီးဆုံး တာဝန်ကြီးတစ်ရပ်အဖြစ် မလုပ်မနေရ ပြဋ္ဌာန်းသတ်မှတ်ထား၏။ မည်သည့် ဘာသာရေးဆိုင်ရာ စာပေ ကျမ်း ဂန်တွင်မှ ဤသို့သီးသန့်ညွှန်ကြားချက်မရှိပါ။ ဤသည်ပင် အစ္စလာမ်တရား၏ ထူးခြားပြည့်စုံမှု ဖြစ်သည်။ စာမဖတ်သူသည် မတတ်၊ မတတ်သူသည် မတိုးတက်နိုင်။ ထို့ကြောင့် လူသားတိုင်း သိအောင်၊ တတ်အောင် တိုးတက်အောင် စာများများဖတ်ရန်၊ အလ္လာဟ်အရှင်မြတ်က အမိန့်ပေး ထားသည်။ အမြဲဖတ်မှတ် လေ့လာနေသူအား အလ္လာဟ်အရှင်မြတ်က အသိဥာဏ်ပညာ ဗဟုသုတ များကို ရက်ရောစွာ ဖွင့်ပေးပါလိမ့်မည်။ သို့မှသာ လူတို့၏ အသိဥာဏ်ပညာနှင့် နာမ်ပိုင်းဆိုင်ရာ ကိုယ်ရည်ကိုယ်သွေးများမြင့်မားလာပါမည်။

တမန်တော်မြတ်၏ စာပေဆောင်ရွက်ချက်အစ္စလာမ်သာသနာ မထွန်းကားမီ အမိုက်ခေတ်တွင် အာရေဗျ ၌ စာရေးစာဖတ်အစဉ်အလာ လုံးဝမရှိပါ။ အစ္စလာမ်က အရေးအဖတ်ကို အထူးဦးစား ပေးသည်။ တမန်တော်မြတ်လက်ထက်တော်၌ အလ္လာဟ် အရှင်မြတ်ထံမှ ကျရောက်လာသောဝဟီများ ရေးမှတ်ရန်၊ စာပေးစာယူ ပြုလုပ်ရန်၊ စာချုပ်ချုပ်ဆိုရန်၊ အမိန့် ညွှန်ကြားလွှာများ ထုတ်ရန် စာရေးစာဖတ် အရေးကြီးကြောင်း သိခဲ့ရသည်။ တမန်တော်မြတ်၏ဗလီအနီး အဆွဟာဗိဆုဖ်ဖဟ်တွင် အစ္စလာမ့်ဗဟုသုတရှာမှီးသော တပည့်သာဝကများအား အရေးအဖတ် သင်ကြားစေ ခဲ့သည်။ အရေးအဖတ်တတ်သော သာဝကကြီးများအား စာရေးစာချီ ခန့်သည်။

ဟစ်ဂျရီ၂-ခုနှစ်တွင်ဖြစ်ပွားသော ဗဒရ်စစ်ပွဲ၌ ရန်သူသုံ့ပန်း (၇၀)ဖမ်းဆီးရမိသည်။ သုံ့ပန်းများအနက် တစ်ဦးလျှင်လျော်ကြေးငွေလေးထောင် ပေးနိုင်သော သူများအား လွှတ်ပေးသည်။ ၎င်းတို့အနက် အချို့က ဆင်းရဲနွမ်းပါး၍ လျော်ကြေးမပေးနိုင်ကြ။ သို့ရာတွင် အရေးအဖတ်တတ်ပါက အစ္စလာမ့် ရင်သွေးကလေး (၁၀)ယောက်အား အရေးအဖတ်သင်ကြားပေးလျှင်လည်း သုံ့ပန်းအဖြစ်မှ လွတ်လပ် ခွင့် ပေးခဲ့သည်။ ဤသို့ဖြင့် စာမတတ်သူ ပပျောက်အောင် ဆောင်ရွက်ခဲ့သည်။ ကမ္ဘာပေါ်တွင် စာ မတတ်သူပပျောက်ရေးလှုပ်ရှားမှုကို အစ္စလာမ်က ပထမဦးဆုံးစတင်ခဲ့သည်။

တမန်တော်မြတ်သည် မဒီနာမြို့တွင် ယဟူဒီများနှင့် ဆက်ဆံတော်မူခဲ့သည်။ ၎င်းတို့၏ ဘာသာစကား မှာသွိဗ်ရာနီ (HEBREW)ဖြစ်သည်။ ထို့ကြောင့် တမန်တော်မြတ်က သာဝကကြီး ဣဗ်နု ဆာဗိတ် အား(HEBREW) ဘာသာစကားကိုသင်ယူစေသည်။ ထို့ပြင် ထိုစဉ်ကရေပန်းစားခဲ့သောေ ခတ်မီ ဘာသာ စကားဖြစ်သည့် ရောမ ဘာသာစကားနှင့် ဆီးရီးအက် ဘာသာစကားတို့ကိုလည်း သင်ကြား စေသည်။

‘ပညာကို ပုခက်တွင်းမှ သင်္ချီုင်းထိရှာဖွေကြ’ ‘ပညာသင်ကြားခြင်းသည် မွတ်စလင်အမျိုးသား၊ အမျိုး သမီး တိုင်းအပေါ်တွင် တာဝန်တစ်ရပ်ဖြစ်သည်။’ဟူသော သြ၀ါဒတော်များအရ ဘာသာစကားနှင့် စာပေ ပညာကို တမန်တော်မြတ်က အလေးထားကြောင်း ထင်ရှားလှပါသည်။မြန်မာ အက္ခရာနှင့် စာပေအရေးအသားပညာမြန်မာစာပေနှင့် ယဉ်ကျေးမှုအစုစုမှာ အများအားဖြင့်မြန်မာတို့က စတင်ခြင်းမျိုးမဟုတ်ဘဲ တိုင်းတစ်ပါး မှယူ၍ မြန်မာမှုပြုထားခြင်းဖြစ်သည်။မြန်မာ အက္ခရာ သည် အိန္ဒိယနိုင်ငံသုံးဗြဟ္မီအက္ခရာမှ ဆင်းသက်လာသည်။ဗြဟ္မီအက္ခရာမှပွားလာသော အိန္ဒိယတောင်ပိုင်း သုံး အက္ခရာများအနက် မြန်မာပြည်တွင့်တွေ့ရသော အက္ခရာမှာ တေလုဂူကနဍီ အက္ခရာဖြစ် သည်။ ထိုတေလုဂူကနဍီ အက္ခရာမှ ပျူ၊ မွန်၊ မြန်မာအက္ခရာတို့ဆင်းသက်လာသည်။ကျောက်စာ၊ မင်စာ၊ အုတ်ခွက်စာအထောက်အထား၊ ရှေးဟောင်းသုတေသနအထောက် အထားများအရ မြန်မာတို့သည် ကရင်၊ ကမ်းယံ၊ ချင်း၊ ပျူ၊ မွန်၊ တောင်သူ၊ လ၀၊ ရှမ်း၊ သက်လူမျိုးများနှင့် ရောထွေး နေထိုင်ခဲ့ ကြောင်း သိရသည်။ မြန်မာတို့ ရောနှောဆက်ဆံနေသော အခြားလူတို့တွင် စာပေအရေးအသားရှိနေပြီ ဖြစ် သော လူမျိုးတို့ပါဝင်နေသည်။ ထိုသူတို့မှာ တိုင်းရင်းသားတို့တွင် ပျူနှင့်မွန်ဖြစ်သည်။ နိုင်ငံခြားသား တို့တွင် ကုလားအမျိုးမျိုးတို့ဖြစ်ကြ၏။ အမှန်မှာ စာပေအရေးအသားပညာကို ထိုကုလားများထံမှပင် တိုင်းရင်းသားများက သင်ယူခဲ့ကြသည်။

[ ဦးဝန်(မင်းသုဝဏ်) မြန်မာနိုင်ငံရှေးခေတ် ဘာသာပြန် သမိုင်းချုပ်၊ ဘာသာပြန်စာပေစာတမ်း၊ စာ-၂၊ စာပေဗိမာန်၊ ရန်ကုန်၊ ၁၉၇၀]

ပုဂံခေတ်တွင် မြန်မာမှုပြု အစ္စလာမ်စာပေဟူ၍ သီးခြားမတွေ့ရပါ။ မြန်မာနိုင်ငံသို့ အစ္စလာမ် သာသနာသည် ပုဂံခေတ်ကပင် စတင်ရောက်ရှိနေပြီ ဖြစ်သောကြောင့် အစ္စလာမ်စာပေများလည်း ရောက်ရှိလာနိုင်သည်။ ပုဂံခေတ် မြန်မာစာပေတွင်’ကျောက်စာ’များကိုသာ အများဆုံးတွေ့ရသည်။ ကမ္ဘာပေါ်တွင် ကျောက်စာရေး ထိုးသည့်အလေ့အထကို အီဂျစ်လူမျိုးများက စတင်သည်။ အီဂျစ်နှင့်အခြားမြေထဲပင်လယ်ဒေသများတွင် တွေ့ရသည့် ကျောက်စာများမှာ ရှေးအကျဆုံးဖြစ်သည်။ ပုဂံခေတ်၌ပင် အရဗီဘာသာနှင့် ရေးထိုးထားသော ကျောက်စာ များရှိသည်ဟု သိရှိသည်။ ၁၉၆၉ ခုနှစ်ကစစ်တွေခရိုင် မြို့ဟောင်းမြို့(မြောက်ဦးမြို့)နန်းရာကုန်း အရှေ့ဘက် သရက်အုပ်ရွာမှရသော အလျား ၃ပေခွဲ၊အနံ ၂ပေ၊ စာကြောင်းရေ၈ကြောင်းပါသည့်ရှးဟောင်းပါရှားနှင့်အူရ်ဒူဘာသာစာ ရောပြွန်းရေးထိုးထားသော ကျောက်စာတစ်ချပ်ကို တွေ့ရသည်။ ရှေးရခိုင်မင်း လက်ထက်က ရွှေချိန် ၂၃တန် ပိဿာ၁၄၂၉၁ ကို မြှုပ်နှံသည့်အခါ ရေးထိုးခဲ့သည့် ကျောက်စာဟု သိရသည်။ (၂၉-၁၁-၆၉ နေ့ထုတ် ဗိုလ်တထောင်သတင်းစာ စာ-၅)ထိုအချက်ကို အထောက်အထားပြု၍ မြန်မာနိုင်ငံ၌ ရှေးခေတ်ဘုရင်မင်းများ အုပ်စိုးစဉ်က အရဗီ၊ ပါရှား၊ အူရဒူကျောက်စာများ ရှိလိမ့်မည်ဟု ခန့်မှန်း နိုင်သည်။

ပုဂံကျောက်စာအချို့တွင် ပသီ၊ ပန်းသေး ဟူသော ဝေါဟာရများကိုတွေ့ရသည်။ သာဓကအားဖြင့် ‘သ္မီ မြက်ရ ပသီ’ သက္ကရာဇ် ၅၈၅ခုထိုး၊ မင်းအနန္တသူ (လေးမျက်နှာဘုရား) ကျောက်စာကြောင်းရေ ၃၉-၄၀)’ငီ ငာ ပန်သိယ် ၁’ သက္ကရာဇ် ၆၀၄ ခုထိုး၊ ညောင်ရမ်းမင်းကြီးသမီး (အိမ်ရာကျောင်းကျောက်စာ) တောင်ဖက်ကျောက်ချပ်၊ စာကြောင်းရေ ၅) တို့ဖြစ်သည်။ အစ္စလာမ်ဘာသာဝင်များကို ရည်ညွှန်း ခေါ်ဆိုသည့် လူမျိုးအခေါ်အဝေါ်များကို ကျောက်စာများတွင် တွေ့ရှိရသည်ကို အထောက်အထားပြ၍ အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ ပုဂံခေတ်ကပင် စတင်ရောက်ရှိနေပြီဟု အခိုင်အမာ ဆိုနိုင် ပါသည်။ ပေ၊ ပုရပိုက်တို့ကို စာရေးကိရိယာအဖြစ် ပုဂံခေတ်ကပင် စတင်အသုံးပြုခဲ့မည်ဟု ယုံကြည် ရသောကြောင့် ပေ၊ ပုရပိုက်တွင်ရေးသား ထားသော စာပေများရှိကောင်း ရှိနိုင်မည်ဖြစ်သော်လည်း ရှာဖွေရန် ခဲယဉ်းနေပါသည်။ ထို့ကြောင့် ပုဂံခေတ်တွင် မြန်မာမူပြုအစ္စလာမ်စာပေ မရှိဟု ယတိပြတ်မဆိုသာပါ။

ရှေးအကျဆုံး တွေ့ရှိရသော အစ္စလာမ်စာပေမှာ ညောင်ရမ်းခေတ် (အေဒီ ၁၅၉၇-၁၇၅၁) စနေမင်း လက်ထက် (အေဒီ ၁၆၉၈-၁၇၁၄)တွင် ဖြစ်သည်။ ရုံးစာပေလက်ရေးမူ ကျမ်းများဖြစ်သည်။ ၎င်းတို့မှာ –

၁။ ဆုတောင်းကျမ်း (အရဗီ၊ မြန်မာ၊ အဓိပ္ပာယ်နှင့်တကွ)

၂။ သစ၀ုဖ်ကျမ်း (မြန်မာ)

၃။ ခွပ်သဗဟ်ကျမ်း (အရဗီမြန်မာ အဓိပ္ပာယ်နှင့်တကွ)

၎။ သရာဝီဟ်နမာဇ်ထူးမြတ်ကြောင်း (မြန်မာ)

၅။ မော်လူးဒ်ရှရီးဖ် (မြန်မာ) ဟူသည့် ကျမ်းများဖြစ်သည်။ ပြုစုရေးသားထားသူ၏ အမည်၊ ပါရှိသော အကြောင်းအရာနှင့် ဘာသာပြန်ဖြစ်ပါကလည်း မည်သည့်ဘာသာစကားမှ ပြန်ဆိုသည် စသည်တို့ကို မသိရှိရပါ။

[ဦးခင်ရွှေ၊ အစ္စလာမ်စာပေပြခန်းမှတ်တမ်း၊ အစ္စလာမ်စာစောင် ၁၉၅၇ခု၊ ဖေဖော်ဝါရီ၊ စာ-၅၅]

ကုန်းဘောင်ခေတ် (အေဒီ ၁၇၂၅-၁၈၈၅)တွင် အစ္စလာမ်စာပေ အမြောက်အမြား တွေ့ရှိရသည်။ ကုန်းဘောင်ခေတ်တွင် ကျမ်းတော်မြတ်ကုရ်အာန်အား မြန်မာဘာသာပြန်ဆိုမှုကို စတင်တွေ့ရှိရသည်။ ကျမ်းမြတ် ကုရ်အာန်သည် ကမ္ဘာ့ကုလသမဂ္ဂ ယူနက်စကိုအတွင်းရေးမှူးများ အဖွဲ့ချုပ်က ထုတ်ပြန် ထားသော နိုင်ငံတကာစာပေ၌ အကျော်ကြားအထင်ရှားဆုံး စာအုပ် (၁၀၀)စာရင်းအရ ဘာသာ ရေးကဏ္ဍ၌တစ်အုပ်အပါအ၀င်ဖြစ်သည့် ကမ္ဘာ့ဂန္ထ၀င်စာပေ ကျမ်းတစ်ဆူဖြစ်ပါသည်။

[မောင်ဆုရှင်၊ ဂန္ထ၀င်စာပေဟူသည်၊ ဂန္ထ၀င်စာပေစာတမ်းများ (ပထမတွဲ)၊ စာ-၉၅၊ ရန်ကုန်၊ စာပေဗိမာန်၊၁၉၉၁]

ကုရ်အာန်ကျမ်းကို အစ္စလာမ်ဘာသာဝင်တို့က အမြဲရွတ်ဖတ်သရဇ္ဈာယ်ခြင်းပြုကြသည်။ ဤသည်ကို ရည်၍ စာပေလေ့လာသူတို့က ယင်းကျမ်းသည် ကမ္ဘာပေါ်ရှိ လူဦးရေအများဆုံး ဖတ်ရှုသော ကျမ်း ဖြစ်သည်ဟု ဆိုစမှတ်ပြုကြပါသည်။

[မောင်ထင်၊ အာရပ်စာပေသမိုင်း၊ ကမ္ဘာ့စာပေအညွှန်း (အိန္ဒိယ၊ အီရန်၊ အာရပ်စာပေသမိုင်း) စာ-၉၁၊ ရန်ကုန်၊စာပေဗိမာန်၊၁၉၇၄]

ဤမျှ ကျယ်ပြန့်မှုရှိသော ကျမ်းမြတ်ကုရ်အာန်ကို မြန်မာဘာသာသို့ ပြန်ဆိုသည့် အထောက် အထားအား ဤသို့တွေ့ရှိရသည်။”ဗဒုံမင်းလက်ထက် ကျမ်းစာစုဆောင်းဖို့ အိန္ဒိယကို လွှတ်တဲ့အခါ အစ္စလာမ်ဘာသာနဲ့ ပတ်သက်တဲ့ စာပေများလည်း စုဆောင်းခဲ့တယ်။ အစ္စလာမ်ဘာသာ အကျဉ်း ချုပ်ကျမ်းပါလာ လို့ ဒီကျမ်းကတစ်ဆင့် ကိုရမ်ကျမ်းရဲ့ အနှစ်သာရ အဆီအနှစ်များကို သိရှိရတယ်။

ကုန်းဘောင်ခေတ်ဦးပိုင်းမှာ ကိုရမ်ကျမ်းကို မြန်မာဘာသာ မပြန်ဆိုရသေး လို့ အာရေဗျ ဘာသာ နဲ့ဖတ်နိုင်အောင် သင်ပေးတယ်။ နောက်ပိုင်းမှာ မြန်မာဘာသာနဲ့ ပြန်ဆိုစေခဲ့တယ်။

”[တတိယနှစ် ၀ိဇ္ဇာသင်တန်း (သမိုင်းသာမန်) သမိုင်းဘာသာပို့ချချက်များ၊ စာ-၃၇၊ မြန်မာနိုင်ငံသမိုင်း သင်ရိုး အမှတ်(၃၀၃) အတွဲ(၂)၊ တက္ကသိုလ်စာပေး စာယူသင်တန်း၊ စာစဉ် (၁၁၅) ၁၉၈၇၊ စက်တင်ဘာ]

ထို့ကြောင့် ကုန်းဘောင်ခေတ်ဦးပိုင်းအထိ အစ္စလာမ်ဘာသာဝင်များသည် ကျမ်းမြတ်ကုရ်အာန်ကို အရဗီ ဘာသာနှင့်ပင် လေ့လာခဲ့ကြသည်ဟု ယူဆနိုင်ပါသည်။ ကုန်းဘောင်ခေတ် အမရပူရမြို့တည် နန်းတည်ဘိုးတော် ဘုရားဗဒုံမင်း(သက္ကရာဇ် ၁၁၄၃-၁၁၈၀)လက်ထက်တွင် ကျမ်းမြတ်ကုရ်အာန် မြန်မာပြန်ဆိုမှုကိုစတင် တွေ့ရှိရသည်။ ဘာသာပြန်ဆိုသူ ပညာရှိကြီးမှာ ရွှေတောင်သာဂသူ ဆရာကြီးဦးနုဖြစ်သည်။

ဆရာကြီးဦးနုသည် အသက်(၂၉)နှစ်အရွယ်ကစ၍ ကျမ်းစာများကို စတင်ပြုစုရေးသားသည်။ ထိုသို့ ကျမ်းများရေးသည့်အခါ အရဗီစာပေအချို့ကို မြန်မာဘာသာပြန်ဆိုမှုပြုရပါသည်။ ဆရာကြီးဦးနု၏

၆ – ခန်းကျမ်း ပထမအခန်းအစတွင် ”ယခုပြုစုအံ့သည်မှာ (နမာဇ်)တွင် ဘတ်ရွတ် သရဇ္ဈာယ် သည့် (အရ်ဗျီ)ဘာသာကို မြန်မာဘာသာသို့ ပြန်ဆိုပါမည်။ စိတ်၌အကြံရှိသည်မှာ နှစ်လများလှပြီ။ ခုံမင်းမောင်ဥ တောင်းပန်သည်လည်း ရှစ်နှစ်ကျော်ပြီ။ ပြန်ဆိုရာ အဓိပ္ပါယ်ကျန်ြွကင်းမှားယွင်းရှိလျှင် ပညာရှိသောသူတို့ပြင်တော်မူကြပါ။ (အာယတ်) များလည်းပါသည်ဖြစ်၍ အဓိပ္ပါယ်မကုန်နိုင်ရာ၊ ကျွန်ုပ် ဥာဏ်ဝင်စားနိုင် သရွေ့သာဖြစ်နိုင်ရချေသည်”

[ဦးနု၏ ၆ ခန်းကျမ်း၊ ငါးစောင်တွဲကျမ်း၊ စာ-၂၀၅၊ ရန်ကုန်၊ လောကပါလ ပိဋကတ်ပုံနှိပ်တိုက်၊ ၁၉၃၁]ဟု ရေးသား ထားသည်။ အရဗီဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုကြောင်းခိုင်လုံသော အထောက်အထား တစ်ရပ်ဖြစ်သည်။ ဆရာကြီးဦးနု၏ သုံးခန်းကျမ်း၊ ခြောက်ခန်းကျမ်း၊ ၃၅ခန်းကျမ်း၊ သံတော်ဦးတင်လွှာကျမ်း တို့တွင် ကုရ်အာန်အာယတ်တော်များကို ကိုးကား၍အရဗီမူရင်း နှင့် တကွ မြန်မာ အသံထွက်၊ မြန်မာဘာသာ ပြန်ဆိုချက်များ ရေးသားထားသည်ကို နေရာအတော် များများ တွင်တွေ့ရှိရသည်။

စာဆိုတော်ဦးနု (၁၇၆၂-၁၈၂၂)သည် ရမ္မာဝတီမြို့ဝန်ဖြစ်သည်။ဘုရင့်အထောက် တော် တစ်ဦးလည်း ဖြစ်သည်။ ရွှေတောင်သာဂသူဘွဲ့ချီးမြှင့်ခံရသည်။ သာသနာ့ဘွဲ့အမည်မှာ မုဟမ္မဒ်ကာစင်မ် ဖြစ်သည်။ ‘ကာစင်မ်’၏အဓိပ္ပာယ်မှာ ဖြန့်ချိသူ၊ ဖြန့်ဝေသူ ဟူ၍ဖြစ်သည်။ ဗဒုံမင်း၏တာဝန်ပေးချက်အရ အိန္ဒိယနိုင်ငံသို့သွားကာစာပေကျမ်းဂန်များ သယ်ပေးခဲ့သည်။ ပေ ပုရပိုက်မူ ၁၀၀ကျော်နှင့် ကျမ်း ပေါင်း( ၁၇၇ကျမ်း ) ဆောင်ယူပေးခဲ့ကြောင်း သိရသည်။ ကျမ်းပေါင်း ၆၀ ကျော်ရေးသားခဲ့သည်။ ၁၁ ခန်းကျမ်း(၁၇၉၀)၊ ၃ခန်းကျမ်း (၁၇၉၄)၊ ဘင်္ဂလားသွားမှတ်တမ်းလင်္ကာ ၅၅ ပိုဒ်(၁၈၀၅)၊ ၇ ခန်းကျမ်း (၁၈၀၇)၊ ၆ ခန်းကျမ်း(၁၈၁၂)၊ ပညတ်ခွဲတမ်း ၁၆ ပိုဒ် လင်္ကာကျမ်း (၁၈၁၃)၊ ၃၅ ခန်းကျမ်း(၁၈၁၄)၊ သံတော်ဦးတင်လွှာကျမ်း (၁၈၁၆)တို့မှာ ပုံနှိပ်ပြီးဖြစ်သည်။ ထို့အပြင် မိအ်ရာဂ်ျခန်းကျမ်းစာခေါ် ပျို့ကျမ်းတစ်စောင်ကိုလည်း ရေးခဲ့သည်။ ပိုဒ်ရေပေါင်း (၂၈၈)ပိုဒ်ပါဝင်သည်။ လက်ရေးမူ အဆင့်၌သာရှိသည်။

ထိုကျမ်းများအနက် ၃ ခန်းကျမ်း၊ ၆ ခန်းကျမ်းတို့သည် ယုံကြည်မှုအကြောင်းကို အဓိက ဖော်ကျူးထားသည်။ အရဗီမှ မြန်မာဘာသာသို့ တိုက်ရိုက်ပြန်ဆိုသော နိဿယမျိုးဖြစ်သည်။ ၁၁ ခန်းကျမ်းနှင့် ၃၅ခန်းကျမ်းမှာ အစ္စလာမ်၏အခြေခံမဏ္ဍိုင်ကြီး ၅ ရပ်နှင့် ကျင့်ရန်ကြဉ်ရန်တို့ကို ခွဲခြား လမ်း ညွှန်ထားသောကျမ်းဖြစ်သည်။ ပညတ်ခွဲတမ်း ၁၆ ပိုဒ်လင်္ကာကျမ်းမှာ ၀တ်ပြုမှုဆိုင်ရာကို ဖွဲ့ဆိုထားသည်။

ဘင်္ဂလားသွားမှတ်တမ်းလင်္ကာကြီးမှာ ခရီးသွားမှတ်တမ်းဖြစ်ပြီး မြန်မာစာပေလောက၌ စာပေ တစ် စောင် တစ်ဖွဲ့အနေနှင့် အစောဆုံးတွေ့ရသော မှတ်တမ်းဖြစ်သည်။ နိုင်ငံရေး၊ သမိုင်းရေး၊ ဘာသာ ရေး၊စီးပွားရေးနှင့် ယဉ်ကျေးမှု အစုစုကို ပေါင်းစပ် ရေးထားသည်။ တရားသံဝေဂနှင့် ဆုံးမ စကားများလည်း ပါဝင်သည်။ ရာဇ၀င် အထောက်အထားဖြစ်နိုင်သည့် အချက်အလက်ပါရှိခြင်း၊ ဗြိတိသျှနယ်ချဲ့စနစ်၏ အန္တရာယ်ကို စာပေမှတစ်ဆင့် အစောဆုံးတင်ပြအသိပေးခြင်း၊ မြန်မာစာပေတွင် အစ္စလာမ်ဘာသာရေး၊ တရားသဘောကို ထည့်သွင်းတင်ပြခြင်း၊ ခရီးသွားခြင်းအကြောင်းကို ကဗျာ လင်္ကာဖြင့် မှတ်တမ်းတင်ရေးဖွဲ့ထားခြင်းတို့မှာ ဤမှတ်တမ်းကြီး၏ ထူးခြားချက်များဖြစ်၏။

သံတော်ဦးတင်လွှာကျမ်းမှာ သက္ကရာဇ် ၁၁၇၈ ခုနှစ်တွင် ဘိုးတော် ဗဒုံမင်းထံတင်သွင်းသော ကျမ်းဖြစ်သည်။ ဘိုးတော်ဘုရား (၁၁၄၃-၁၁၈၀)ခုလက်ထက်တွင် သာသနာပေါင်းစုံနှင့်စပ်လျဉ်း၍ ဘုရင်ဧကရာဇ်က စူးစမ်းမေးမြန်းလေ့လာတော်မူရာတွင် အစ္စလာမ်သာသနာ အတွက် ဦးနုက ရေးသား တင် ဆက်သော အစ္စလာမ်သာသနာ လျှောက်စာတမ်းပင်ဖြစ်ပေသည်။ [သံတော်ဦးတင်လွှာကျမ်း၊ ဇေယျကျော်ထင် ဗိုလ်မှူးဘရှင်၏ကျမ်းဦး စကား၊ စာ-(ဈ)၊ အစ္စလာမ်စာ ပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၆၀]

ဤနေရာတွင် အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်၏ အတွင်းရေးမှူးချုပ်လည်းဖြစ်၍ မြန်မာ့ သမိုင်းပညာရှိတစ်ဦးလည်းဖြစ်သော ဇေယျကျော်ထင်ဗိုလ်မှူးဘရှင်၏ အဆိုအမိန့်မှာလည်း မှတ်သား ဖွယ် ဖြစ်ပါသည်။ သံတော်ဦး တင်လွှာကျမ်း၏ ကျမ်းဦးစကားတွင် ‘အစ္စလာမ်ဘာသာဝင် မြန်မာစာပေ သမိုင်း’ ဟူသောခေါင်းစဉ်ဖြင့်- ”မြန်မာစာပေသမိုင်းတွင် အစ္စလာမ်သာသနာကို အခြေပြုသည့် စာကောင်း ပေကောင်းများပေါ်ပေါက် ခဲ့သည့် ခေတ်ရှိသည်ဟုဆိုလျှင် သာမန်အားဖြင့် သံသယဖြစ်ကြ ပေလိမ့်မည်။ စကားမြေသာမက ပျို့ ကဗျာ လင်္ကာများပင် ထွန်းကားခဲ့သည် မှန်သော်လည်း ထိုစာပေတို့မှာ မွတ်စလင်မ်မဟုတ်သော စာဖတ်ပရိတ်သတ်၏ လောကကိုထားဘိဦး။ မွတ်စလင် စာဖတ်ပရိတ်သတ်လောက၌ပင် ကျယ်ပြန့်စွာ ထင်ပေါ်သင့်သလောက် ထင်ပေါ်ခြင်းမရှိခဲ့ပေ။”ဟူ၍ ဖော်ပြထားရာ အလွန်မှန်သောအဆိုအမိန့် ဖြစ်ပါသည်။ အစ္စလာမ်စာပေများကို ရှာဖွေလေ့လာ ဖတ်ရှု သင့်ပါသည်။ သမိုင်းအရ တန်ဖိုးမဖြတ်နိုင်သော စာပေ အမွေအနှစ်များဖြစ်ပါသည်။ ထိုစာပေများက မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်တို့အတွက် သမိုင်း အထောက်အပံ့ကောင်းများ ပေးနိုင်ပါလိမ့်မည်။

ထို့အပြင် စာဆိုတော်ဟာဂျီမှန်(၁၈၃၄-၁၉၀၅)၏ မြတ်ဆုရလင်္ကာကျမ်းမှာ ထင်ရှားပါသည်။ မန္တလေး ရတနာပုံပထမ မြို့တည်နန်းတည် မင်းတုန်းမင်းတရားကြီး လက်ထက် သက္ကရာဇ်(၁၂၂၇)ခု တန်ဆောင်မုန်း လပြည့်ကျော်(၃)ရက် အင်္ဂါနေ့တွင် ပြုစုခဲ့သည်။ ပိုဒ်ရေ(၇၂)ပိုဒ်နှင့် သံပေါက်လင်္ကာ ၁၆၈ပုဒ်ပါဝင်သည်။ ၁၉၆၀ ခုနှစ်တွင် မန္တလေးမြို့၊ မန်းညွန့်ပုံနှိပ်တိုက်က ပုံနှိပ်ထုတ်ဝေသည်။ သစောင်ဝုဖ်နှင့် စပ်လျဉ်း၍ မော်လာနာ ရူမီသခင်ကြီး၏ မဆ်န၀ီကျမ်းကို မှီးကာ လင်္ကာဖွဲ့ ထားခြင်းဖြစ်သည်။ ဖွေကာ အပ်ကဗရ်ကျမ်းနှင့် စွလာတုလ် အာရေဖွီကျမ်းများလည်း ပြုစုခဲ့သည်။

ကိုလိုနီခေတ်အတွင်း မြန်မာစာပေနှင့် အူရဒူစာပေတိုက်ပွဲမှာလည်း ထူးခြားချက်တစ်ရပ်ဖြစ်သည်။ ၁၈၂၄ သူ့ကျွန်ဘ၀ရောက်ချိန်မှစ၍ အိန္ဒိယသား အစ္စလာမ်ဘာသာဝင်များ မြန်မာပြည်သို့ ရောက်လာ သည်။ ၁၉၁၅တွင် ၎င်းတို့ဦးဆောင်၍ မွတ်စလင်ပညာရေးအဖွဲ့ချုပ်ကြီးဖွဲ့သည်။ မြန်မာနိုင်ငံရှိ ဘာသာရေး စာသင်ကျောင်းများတွင် အူရဒူစာကို အဓိကထားသင်ရန် ဆုံးဖြတ်သည်။ ၁၉၂၉ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပသော ပဲခူးမြို့ညီလာခံကြီး၌ အူရဒူစာကို အဓိကထားသော အုပ်စုနှင့် မြန်မာစာကို အဓိကထားသောအုပ်စုအယူအဆ ကွဲခဲ့ကြသည်။ နောက်ဆုံးတွင် မြန်မာစာကို အဓိက ထားသော အုပ်စုကသာ အားသာခဲ့သည်။ အစ္စလာမ်က လူမျိုးအသီးသီး၏ ဘာသာစာပေနှင့် ယဉ်ကျေးမှုကို အလေးထားသည်။ အသိအမှတ်ပြုသည်။လူသားမျိုးနွယ် အုပ်စုတိုင်းအတွက် ရစုလ် တမန်တော်တစ်ပါး ပွင့်ရောက်ခဲ့သည်ဟူသော ကျမ်းမြတ်ကုရ်အာန်(၁၀း၄၇)အရ -လူသားမျိုးနွယ် တိုင်း၏ ဘာသာစာပေတိုင်းကို လေးစားရမည်။ ယုတ်ညံ့နိမ့်ကျသောဘာသာစကားဟူ၍မရှိ။ ယနေ့ကမ္ဘာပေါ်ရှိ ဘာသာဗေဒ ပညာရှင်များကလည်း ဤအယူအဆကိုလက်ခံထားသည်။

ကိုလိုနီခေတ် ကောဇာသက္ကရာဇ် ၁၂၄၂ ခု(၁၅၅၀)သီပေါမင်း လက်ထက်တွင် ကျောက်ရုံးတော် အုပ်မင်း ပတ္တမြားကျောက်ကုန်သည် ပညာရှင် ပလီတကာဟာဂျီဦးမိုးက နမားဇ်ဖတ်နည်း နိသျည်း ကျမ်း တစ်အုပ်ကို မြန်မာအရဗီနှစ်ဘာသာဖြင့် ဘုံဘေမြို့တွင် ရိုက်နှိပ်ခဲ့သည်။ စာအုပ်အမည်မှာ ‘အဟ်ကာမွတ် ဆွလာတ်’ဖြစ်သည်။ ယင်းထက်အလျင်ကလည်း မန္တလေး ဂရာနာအဖွဲ့မှ ဖတ္တ၀ါဓမ္မသတ် ကျမ်းစာကို ကလကတ္တားမြို့တွင် ရိုက်နှိပ်ခဲ့ သည်။ ၁၈၉၂ တွင် ရှိတ်အစ္စမာအင်၏ ဖကီများကျင့်စဉ်၊ ၁၈၉၃တွင် ရှမ်စွတ်ဒိန်၏ နဆီဟတုလ်အစ္စလာမ်၊ ၁၉၃၀ တွင် ခလီဖွာဟ်ဦးမြစ်၏ အန္န၀ါရေဗျစ္စမျစ်လာကျမ်းနှင့် အပ်စရားရေစူရဟ်ဖွာတေဟဟ်ခေါ် အလ်ဟမ် တဖ်စီရ် နှစ်ကျမ်းတွဲ၊ ၁၉၃၁တွင် စစ်ကိုင်းမြို့ မင်လမ်းမြောက်ရပ်နေ မုဟမ္မဒ်အီစာ၏ တမ်ဗျီယွလ် မုအမျေနီကျမ်း တို့ထွက်ပေါ်လာသည်။ထိုကျမ်းတွင်လင်္ကာသံပေါက်၃၉ပိုဒ်ပါဝင်သည်။

၁၉၃၂ ခုနှစ်တွင်ဦးလှတင်၏ ‘မုဟရ်ရမ်နာမာနှင့် ရှဟာဒတ်ဗယမ်’ထွက်လာသည်။ မန္တလေးမြို့ ချွေတာရေး ပုံနှိပ်တိုက်မှ ထုတ်ဝေခဲ့သည်။ အရဗီ၊ ဖာရစီ၊ ဟင်ဒီ၊ အူရဒူဘာသာများမှ ပေါင်းစည်း၍ မြန်မာ ဘာသာသို့ပြန်ဆိုထားခြင်းဖြစ်သည်။ ဦးလှတင်သည် အစိုးရမင်းတို့၏ ဂုဏ်ထူးဆောင် လက်မှတ်ရမြန်မာစာညွန့်ပေါင်းကျမ်းပြုစုရေး အဖွဲ့တော်ဝင်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

[တက္ကသိုလ်နန္ဒမိတ်၊ အရဗျီမှ မြန်မာ ဘာသာသို့ပြန်ဆိုခြင်း၊ မြ၀တီမဂ္ဂဇင်း၊ စာ-၁၅၉၊ ၁၉၆၈၊ ဇန်န၀ါရီ]

၁၉၄၇ တွင် ဦးထွန်းကြွယ်က အရကနွလ် အစ္စလာမ်(အစ္စလာမ်အဓိက ကျင့်စဉ်ကျမ်း)ကို ပြုစုခဲ့သည်။ ဦးထွန်းကြွယ်သည် အစ္စလာမ်ပေါင်းချုပ်ကျမ်းဖြင့် အစ္စလာမ်စာပေ လောကတွင် ထင်ရှားပါသည်။

ကုရ်အာန်ကျမ်းမြတ်၏ပထမဦးဆုံး ဘာသာပြန်ကျမ်းကို ပထမကမ္ဘစစ်ကြီး မဖြစ်မီ ၁၉၁၂ ခုနှစ်က ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဘာသာပြန်ဆိုသူမှာ မန္တလေးမြို့၊ ရွှေဘုန်းရှိန်ရပ်၊ ရှမ်းစုစာတိုက် အနီးနေ ဟာဂျီ နုရွတ်ဒင်န် ခေါ်ဟာဂျီလူဖြစ်သည်။ မြိရ်ဇာဟိုင်ရသ်ရေးသားသော အုရ်ဒူ ဘာသာပြန် မှတဆင့် မြန်မာဘာသာပြန်ဆိုခြင်း ဖြစ်သည်။ ထိုမြန်မာဘသာပြန် ကုရ်အာန်ကျမ်းများကို သူဌေးကြီး K.I.H ဦးဘအိုက အခမဲ့ ဓမ္မဒါနပြုခဲ့သည်။ အရဗီမူရင်းမပါဘဲ အဓိပ္ပာယ်သက်သက်နှင့်အတူ အာယတ်တော်ကျရောက်ခဲ့သည့် နောက်ခံသမိုင်းပါ ပါဝင်သည်။ လေ့လာသူများ ပိုမိုးပြည့်စုံစွာ လေ့လာနိုင်ရန် ဟာဂျီလူသည်သူ၏ မြန်မာဘာသာပြန် ကုရ်အာန်ကျမ်းကို အရဗီမှ တိုက်ရိုက်ပြန် ဆိုကာ ဒုတိယအကြိမ် အစအဆုံး ပြန်လည်ရေးသား၍ ၁၉၃၈တွင် ရိုက်နှိပ်ထုတ်ဝေခဲ့သည်။

မြန်မာစာပေသမိုင်းတွင် တစ်အုပ်တည်းသော အရဗီအင်္ဂလိပ် မြန်မာအဘိဓာန်ကြီးကို ၁၉၄၁တွင် ထုတ် ဝေခဲ့သည် ဒေါက်တဟာဂျီ အပ္ပဒူလ်ဂဖူရ်ခေါ် ဦးဘချို မော်လ၀ီမုဟမ္မဒ် ရာဟမတွလ္လာဟ်ဆပ်၊ မော်လ၀ီ အပ္ပဒူရာမာန်နဒ၀ီဆပ်တို့က ဘာသာပြန်ဆိုသည်။ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဘာသာရပ် ပါမောက္ခဆရာကြီး ခါန်ဆာဟစ်ဘ်အဟ်မဒ်ကာစင်မ်က ကြီးကြပ်စစ်ဆေးသည်။ စင်္ကာပူမြို့ အငြိမ်းစားတရားသူကြီး အလ်ဟာဂ်ျ ဟာဖိဇ်ဂိုလမ်ဆာရ်ဝါန်(M.A)၏ အင်္ဂလိပ်ဘာသာဖြင့် ပြုစုခဲ့သည့် အရဗီအင်္ဂလိပ် အဘိဓာန်ကိုအခြေခံ၍ မြန်မာပြန်ဆိုဖြည့်စွက်ထားခြင်းဖြစ်သည်။

ဒုတိယမြောက် မြန်မာဘာသာပြန်ကို သီရိပျံချီ ဦးဘစိန်က ပြုစုခဲ့သည်။ မစ္စတာပစ်(က်)သောလ်၏ အင်္ဂလိပ်ဘာသာပြန် ကုရ်အာန်ကို အခြေခံပြုစုထားသည်။ ၁၉၆၂ ခုနှစ်တွင် ပေါ်ထွက်ခဲ့သည်။ အရဗီစာကိုယ်မပါ မြန်မာဘာသာပြန်သက်သက်ဖြစ်သည်။ တတိယမြောက် မြန်မာဘာသာပြန်ကို သီရိပျံချီ ဆရာကြီးဃာဇီနှင့် မောင်လာနာ မက္ကဆူးဒ်အဟ်မဒ်ခန်တို့က ဘာသာပြန်ဆိုခဲ့ကြသည်။ ၁၉၅၀ ခုနှစ်တွင် စတင် ရေးသားသည်။ ကျမ်းမြတ်ကုရ်အာန် မြန်မာဘာသာပြန် ၁၀စောင်တွဲ ၃ တွဲထုတ်ဝေသည်။ ၁၉၇၇မှ ၁၉၈၀ခုနှစ်အတွင်းဖြစ်သည်။ အကျယ်ပြန်ဆိုချက် အလင်းပြန်ကျမ်း အစောင် ၃၀ ကိုလည်းထုတ်ဝေသည်။ ၁၉၅၄ ခုနှစ်ကစပြီး ၁၉၉၂ခုနှစ်တွင် အတွဲအစအဆုံး ပုံနှိပ်ထုတ်ဝေပြီးဖြစ်သည်။ အရဗီမြန်မာယှဉ်တွဲဖော်ပြထားသည်။

မော်လာနာမုဟမ္မဒ်မူစာ(မဇွာဟေရီ)ကလေည်း မုသွေ့ဟွလ်ကုရ်အာန်ဟူသော ကုရ်အာန်ကျမ်းမြတ်၏ မြန်မာဘာသာပြန်ကို အစောင် ၂၁ မှ ၃၀အထိ ပြန်ဆို၍ ၁၉၇၅နှင့် ၇၆ ခုနှစ်တွင် ပုံနှိပ် ထုတ်ဝေ ခဲ့သည်။ ဆရာကြီးမောင်လာနာ မက္ကဆူးဒ်အဟ်မဒ်ခန်းကလည်း ကုရ်အာန် ဘာသာပြန်ကျမ်း အစ အဆုံး ပြန်ဆိုရေးသား၍ စာကူးစက်ဖြင့်ထုတ်ဝေခဲ့သည်။ မောင်ဒူဒီ၏ တဖဟီးမုလ်ကုရ်အာန်ကို ဘာသာပြန်ဆို ထားခြင်းဖြစ်သည်။

မျက်မှောက်ခေတ်တွင် ဟဒီးဆ်(တမန်တော်မြတ်၏သြ၀ါဒ)၊ စိရတ်(တမန်တော်မြတ်၏ အတ္ထုပ္ပတ္တိ) နှင့် ကျင့်ရန်ကြဉ်ရန် ဘာသာရေးသက်သက် စာပေတို့မှာ အမြောက်အမြားပင် ထုတ်ဝေလျက်ရှိပါ သည်။ ဘာသာရေး ပညာရှိကြီးများဖြစ်သည့် မော်လ၀ီဟစံရှား၊ ဦးရွှေယွန်း(မြိတ်)၊ မုဖ်တီဆွာလေအမီနီ၊ မော်လာနာအိဗ်ရာဟင် (မော်လမြိုင်)၊ သီရိပျံချီ အလ်လာမဟ်ဃာဇီ မုဟမ္မဒ်ဟာရှင်၊ မော်လာ နာနူးရ်မုဟမ္မဒ် (ကမ္ဘာ့အလင်း)၊ အလ်ဟာဂ်ျ မော်လာနာ ဟာရှင်ဆာနီဦးကျော်အေး၊ မော်လာနာမူဆာ (မဇွာဟေရီ)၊ မော်လာနာ ဦးခင်မောင်ကြီး၊ မော်လာနာ ဦးခင်ရွှေ၊ ဆရာကြီးစီအေ ဦးဗလွင်၊ ဆရာကြီး အမ်အေဂနီ၊ ဆရာကြီးဓူဝံဂနီ၊ ဆရာကြီးဦးအဟ်မဒ်၊ သီရိပျံချီ ဦးဘစိန်၊ သီရိပျံချီ ဦးဘသောင်း၊ ဒဂုန်သိန်းနှင့် သမိုင်းပညာရှိ များဖြစ်သည့် ရွှေဘိုဦးဘဦး၊ ရှေ့နေဦးမြ၊ဆရာချယ်၊ ဗိုလ်မှူးဘရှင်တို့၏ ဘာသာရေးနှင့် သမိုင်းဆိုင်ရာ စာပေများအမြောက်အမြားပင်ဖြစ်ပါသည်။ မျက်မှောက် ခေတ်တွင် ထုတ်ဝေလျက်ရှိသော ဘာသာရေး စာပေမှ အချို့ကိုဖတ်ရှုလေ့လာရန် စာအုပ်စာရင်းအဖြစ် ဤသင်ခန်းစာ၏ နောက်ဆက်တွဲတွင် ဖော်ပြထား ပါသည်။

မြန်မာမှုပြု အစ္စလာမ်စာပေနယ်ပယ်တွင်ဝတ္ထုများ၏ အင်အားမှာလည်း မသေးလှပါ။ ၁၈၈၉တွင် မုဟမ္မဒ်ရှမ်ရှုဒင်ခေါ် စာရေးမောင်ဘိုးခင်၏ ဟာတင်တာယီဝတ္ထုထွက်ပေါ်လာသည်။ မြန်မာစာပေ သမိုင်းတွင် ပထမမြန်မာ ကာလပေါ်ဝတ္ထုဟု အသိအမှတ်ပြုထားသော ဂျိမ်းစ်လှကျော်၏ မောင်ရင်မောင် မမယ်မ၀တ္ထုမှာ ၁၉၀၄ တွင်ပေါ်ထွက်ခဲ့သည်။ ဟာတင်တာယီဝတ္ထုမှာ မြန်မာကာလ ပေါ်ဝတ္ထု၏ သန္ဓေတည်ရာဖြစ်သည်။”မြန်မာစာပေသမိုင်းတွင် ၁၈၈၉ခုနှစ်၌ မြန်မာမွတ်စလင် မောင်ဖိုးခင်ခေါ် မူဟာမက်ရှမ္မရှုဒင်သည်အရဗီဘာသာမှ ဟာတင်တာယီဝတ္ထုကို ဘာသာပြန်သည်။ (အီစွတ်ပုံပြင် ဘာသာပြန်လည်းရှိသည်။ သို့သော်ယင်းမှာဝတ္ထုရှည်အဖွဲ့၌ အကျုံးမ၀င်) ၁၉၀၂ ခု၌လည်းခရစ်ယာန်သာသနာပြုအဖွဲ့ဝင်တစ်ဦးက ရောဘင်ဆန်ကရူးဆိုး ၀တ္ထုကိုဘာသာပြန်သည်။ ၁၉၀၄ခုနှစ်တွင် ဂျိမ်းစ်လှကျော်က ဒူးမား၏မွန်တီခရစ္စတို မြို့စားကြီးကိုမှီး၍ မောင်ရင်မောင် မမယ်မကို ရေးသည်။ မောင်ရင်မောင် မမယ်မကို နှောင်းလူတို့အသိများသောကြောင့် ယင်းကိုပင် အနောက် တိုင်းနိုဗယ်အဖွဲ့တွင် အကျုံးဝင်သောပထမကာလပေါ်ဝတ္ထုဟုမှတ်ယူလျက်ရှိကြ၏။ စင်စစ် အဆိုပါဝတ္ထု အဖွဲ့၏ ကလလရေကြည်တည်ခြင်းကို အစရှာကြည့်လျှင် ဟာတင်တာယီနှင့် ရော်ဘင်ဆန် ကရူးဆိုးတို့ ၌ ရှာ၍တွေ့သည်။ ဟာတင်တာယီကို အာရဗီဘာသာမှတစ်ဆင့် ယူသည့် တိုင်အောင်ထိုအဖွဲ့သည် အနောက်တိုင်း နိုဗယ်အဖွဲ့၌ အကျုံးဝင်သည်။”

[မောင်ထင်၊ တရုတ်နှင့်ဂျပန်စာပေသမိုင်း၊ ကမ္ဘာ့စာပေအညွှန်း၊ စာ-၂၂၁၊ ရန်ကုန်၊ စာပေဗိမာန်၊ ၁၉၇၆]

၁၈၉၆တွင် ဒေါက်တာရှိတ် အဗ္ဗဒူရာမန်၏ပသီပုံပြင် ၀တ္ထုကြီးထွက်ပေါ်လာသည်။ မြန်မာစာ ပေနယ် တွင် ယနေ့တိုင်သြဇာကြီးမားလျက်ရှိပါသည်။ ”လွန်ခဲ့သောနှစ်တစ်ရာခန့်က မြန်မာစကားပြေ အရေး အသားအဖြစ် တန်ဖိုးရှိလှသည့်အပြင် မြန်မာမှုများထင်ဟပ်နေသော စာပေလက်ရာအဖြစ်လည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။”

[မောင်ခင်မင်(ဓနုဖြူ)၊ပသီပုံပြင်အရေးအသား၊ငွေတာရီမဂ္ဂဇင်း၊၁၉၉၆၊ဇန်န၀ါရီ]

၁၈၉၈တွင်မောင်လာအလီသခင်ဝတ္ထု၊ ၁၈၉၈တွင် မုဟမ္မဒ်ကာဆင်နှင့် မုဟမ္မဒ်ယူဆွပ်တို့၏ဘာဂို ဘဟာရ်ဝတ္ထု၊ ၁၉၀၂တွင် မောင်ကာဆင်၏ အမြိရ်ဟမ္မဇာ ၀တ္ထုရာဇ၀င်တော်ကြီး၊ ၁၉၀၄တွင် ဦးကာဆင်၏ ယူဆွဖ်ဇုလိုင်ခါ မင်းသားမင်းသမီး ဇာတ်နိပါတ်ဝတ္ထုတော်ကြီး၊ ၁၉၀၇တွင် ဦးမြစ် နှင့်ဦးမြ၏ အမြိရ်ဟမ္မဇာ ၀တ္ထုရာဇ၀င်တော်ကြီး၊ ၁၉၀၇တွင် ဦးမြစ်၏ ယူဆွဖ်နဗျီကစ်ဆွာ ၀တ္ထုတော်ကြီး၊ ၁၉၀၉ခုနှစ်တွင် စာဆိုတော် ဟာဂျီမှန်၏ သားမောင်ကြင်ရေးသည့် ကစ်စွာစွလ် အမ်ဗြေယာကျမ်းတို့ ထွက်ပေါ်လာသည်။ ၁၉၁၁ တွင် စာဆို အများစုပေါင်းရေး၍ မောင်လှတင် တည်းဖြတ်သည့် ဘီဘီခတီဂျာ သခင်မ၀တ္ထုတော်ကြီးထွက်ခဲ့ပါသည်။ ”တို့ဗမာမွတ်စလင်မ် စာရေး ဆရာကြီးများ၏လက်ရာအဖြစ် လူသိနည်းပါးသည့်အပြင် စာပေလောကတွင် ဘာသာပြန် ၀တ္ထုများ အဖြစ် ထင်ရှားသင့်သလောက် မထင်ရှားခဲ့သည်မှာ ၀မ်းနည်းဖွယ် ကောင်းလှပေသည်။

” [သီရိပျံချီ ဦးသာမြတ်၊ တို့ဗမာမွတ်စလင်ကြီးများ၏ လက်ရာများ၊ မြ၀တီမဂ္ဂဇင်း၊ ၁၉၅၉၊ ဖေဖော်ဝါရီ]

Credit :

http://webcache.googleusercontent.com/search?q=cache:aQ6_U6k5OlMJ:w…

ဝိုင်းPermalink ၀ိုင်း က December 21, 2011 – 10:32am တုန်းက ပြန်တဲ့စာ

စလာမ် ကိုတင်မောင်ရေ ………..

ဝမ်းအိုဝမ်း(ဦး)ကျော်ဝင်းမောင်ရေးတဲ့ “တိမ်ကောပျောက်ကွယ်နေသော ပသီလူမျိုးစုအမည်ကို ပြန်လည် ဖော်ထုတ်ခြင်း” ဆိုတဲ့ စာအုပ်လေးရှိရင် / မရှိရင်လည်း ရှာဖွေပြီး တင်ပေးပါဦး ……. မကြာသေးခင်ကမှ ထုတ်ထားတာလို့ သိရပါတယ် …..

မောင်လျှောက်(မြယာမြေ)Permalink မောင်လျှောက်(မြယာမြေ) က December 21, 2011 – 12:00pm တုန်းက ပြန်တဲ့စာ

ဝမ်းအိုဝမ်း(ဦး)ကျော်ဝင်းမောင်ရေးတဲ့ “တိမ်ကောပျောက်ကွယ်နေသော ပသီလူမျိုးစုအမည်ကို ပြန်လည် ဖော်ထုတ်ခြင်း” စာအုပ်က မမလ ၆၄ နှစ်စာစောင်မှာပါတာ၊ I ဆီမှာတော့ရှိတယ်။စာရိုက်ဖို.ကIအချိန်မရှိလို.ပါ။လိုအပ်ရင်ဆက်သွယ်လိုက်ပါ။

မောင်လျှောက်(မြယာမြေ)Permalink မောင်လျှောက်(မြယာမြေ) က December 21, 2011 – 12:20pm တုန်းက ပြန်တဲ့စာ

လူကြီးမင်းပြောသောInformationမှားနေပါသည်။

electric said:

ပသီဆိုတာသမိုင်းမှာအထက်အထားစုံစုံလင်လင်ရှိနေတာကတော့အမှန်ပါ

ဒါပေမယ့်..ဒီခေတ်မှာပသီဆိုတာဘယ်လိုဆုံးဖြတ်မလဲ..ပသီဆိုတာကိုက

ကပြားပါ..ကပြားဆိုတော့ပြောဖို့အတော်လဲခက်တယ်..အရင်ခေတ်တွေက

မွတ်စလင်မ်မှန်ရင် ပသီ လို့ဘဲခေါ်တာလေ..ပထန်ဘဲဖြစ်ဖြစ်..ဘင်္ဂါလီဘဲ

ဖြစ်ဖြစ်..ကျူလီယာဘဲဖြစ်ဖြစ်…စွရ်သီဘဲဖြစ်ဖြစ်..ပသီပါဘဲ….

အခုလူတွေထင်နေတာက..ဗမာလူမျိုး..အစ္စလာမ်ဘာသာပေါ့။။အဲဒီလို

ပြောရင်ဒီနေ့မှာ ဗမာအစစ်ပါလို့ပြောနိုင်တဲ့မွတ်စလင်မ်သိပ်များများ

စားစားမရှိပါဘူး…ဘယ်သူကဘဲကျနော်ပသီပါ..ခင်ဗျားပသီပါလို့

ပြောပြော…ပသီဆိုတာဘယ်လိုလူမျိုးကိုခေါ်နိုင်မလဲဆိုတာ

ခွဲခြားဖို့ခက်နေဆဲပါ

Follow – ပြန်စာအသစ်တခုတက်တိုင်း မေးလ်လာစေချင်လျင် Follow ဆိုသည်ကို နှိပ်ပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s