ဆွေးနွေးခန်းမှစောဒကနှင့်အဖြေ – (၁)

MMSY – ဆွေးနွေးခန်းတွင် မေးမြန်းချက် နှင့်ဖြေကြားချက်များ

မြန်မာ

မြန်မာဆိုတဲ့ ဝေါဟာရကို ဆန်းစစ်ကြည့်လျှင် အစောဆုံး သုံးနှုန်းခဲ့တာ ပုဂံခေတ်မှာလို့ ဆိုရမှာဖြစ်ပါ တယ်။ ဟုတ်တာ၊ မဟုတ်တာ အပထားလို့ ရှေ့လူများအဆိုအရ ပုဂံခေတ် နှောင်းပိုင်း တရုတ်ကျူးကျော်စစ်ကို ခုခံဘို့အတွက် ကျန်းမာသန်စွမ်း သူတွေ၊  မြန်မြန်မာမာလူတွေ ထွက်ကြလို့ ဆင့်ဆော်ရာကနေ ပေါ်လာတာလို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီအသုံးအနှုန်းဟာ အဲဒီ့နောက်ပိုင်း သိပ်ပြီး တွင်ကျယ်ခဲ့ဟန် မတူပါဘူး။ ပုံနှိပ်လုပ်ငန်းတွေ ပေါ်လာတဲ့ ကုန်းဘောင် ခေတ်နှောင်းပိုင်းကျမှ ပြန်ပေါ်လာတာကို တွေ့မိပါတယ်။

မြန်မာဝေါဟာရရဲ့ ဇာစ်မြစ်က တိဘက်ဗမာ မျိုးနွယ်စုဝင်တွေ့ရဲ့ မိမိနဲ့ စပ်ဆိုင် ရည်ညွန်းတဲ့ စကားဖြစ်ပါတယ်။ မြန် နဲ့ မာကို ပေါင်းစပ်ထားတဲ့ ဝေါဟာရဖြစ်ပါတယ်။ အဲဒီမှာ မာ ဆိုတာကို အထူးကြံဆစရာမလိုပဲ ဒီခေတ်အဓိပ္ပါယ်အတိုင်း မာချာခြင်း၊ သန်စွမ်းခြင်း စတဲ့ ချိနဲ့ပျောနွဲ့ခြင်းနဲ့ ဆန့်ကျင်ဘက်သဘောကို ဆောင်ပါတယ်။ တကယ်တော့ မာ စကားလုံးဟာ မြန် ဆိုတဲ့ စကားလုံးကို ၀ိဂြိုလ်ပြုတဲ့ ကြိယာဝိသေသန သဘောသာ ဖြစ်ပါတယ်။ အရင်းမူလ ပုဒ်က မြန် ပဲဖြစ်ပါတယ်။ မြန် ရဲ့ လုံးခြင်း အဓိပ္ပါယ် က ဒီနေ့ခေတ် နားလည်နေသလို လျင်ခြင်း၊ မြန်ခြင်း၊ သွက်လက်ခြင်း အဓိပ္ပါယ် မဆောင် ပါဘူး။ မိမိကိုယ်ကို ရည်ညွန်းတဲ့ လူ ဆိုတဲ့ အဓိပ္ပါယ်သာ ဆောင်ပါတယ်။

ဘာသာဗေဒ (Linguistic) သဘောအရ မျိုးနွယ်စုတွေရဲ့ ဆွေမျိုးဆက်နွယ် အနီး အဝေး ကို အခြေခံဝေါဟာရများ (Fundamental Word) တူညီမှု ပမာဏနဲ့ တိုင်းတာ ကြတယ်။ တူညီမှုများရင် ဆွေမျိုးဆက်နွယ်မှု နီးပြီး နည်းရင် ဝေးတယ်လို့ သတ်မှတ်ကြတယ်။ အခြေခံဝေါဟာရ ဆိုတာ ရေ၊ မီး၊ နေ၊ လ၊ အဖေ၊ အမေ၊ လူ၊ သစ်ပင်၊ တော၊ တောင်နဲ့ ကိန်းဂဏန်း အရေအတွက်စတဲ့ နိစ္စဓူဝ သုံးနှုန်းနေကြတဲ့ အခြေခံဝေါဟာရတွေကို ဆိုလိုပါ တယ်။ အိန္ဒိယ နယ်ခြား တောင်တန်းများ နဲ့ မြေပြန့်များမှာ နေထိုင်ကြတဲ့ တိဘက်ဗမာ မျိုးနွယ်စုဝင်  ချင်း၊ မီဇိုး၊ ဇိုမီး၊ ကသည်း၊ နာဂစတဲ့ အမျိုးအနွယ်တွေရဲ့ စကားမှာ လူ ဆိုတဲ့ ဝေါဟာရနဲ့ ပတ်သက်ပြီး ပြောဆို ရည်ညွန်းရာမှာ မုဋ္ဌဋ္ဌာန်လို့ ဆိုတဲ့ နှုတ်ခမ်းကို ပိတ်ပြီး ရွတ်ဆိုစဉ် နှုတ်ခမ်းဖျားမှာ ဖြစ်ပေါ်တဲ့  ကို အခြေခံတဲ့ အသံတွေ ဖြစ်နေကြပါတယ်။ မီ” “မင်” “မန်” “မာန်” “မီယန်” “မြန် စတဲ့ အသံများနဲူ့ ကို ရည်ညွန်းကိုယ်စား ပြုကြတယ်။ အနောက်ဖက် တောင်တန်းသားများတွေထဲက သူတို့ကိုယ် သူတို့ မီဇိုး၊ ဇိုမီးလို့ ခေါ်ဝေါ်ကြတဲ့ ဝေါဟာရတွေရဲ့ အဓိပ္ပါယ်ကတော့ တောင်ပေါ်လူ၊ သို့မဟုတ် တောင်ပေါ် သားလို့ ဖြစ်ပါတယ်။ (မီ= လူ+ဇို= တောင်)

ကျွန်တော်တို့ ဘိုးဘွားတွေရဲ့ မူလဒေသဟာ တိဗက်ကုန်းမြင့်ရဲ့ အရှေ့တောင်ပိုင်း ဒီနေ့တရုတ်ပြည် စီချွမ်ဒေသလို့ ဆိုပါတယ်။ ဗမာပြည်ထဲ ပြောင်းရွေ့နေထိုင်ရာ လမ်းကြောင်း နောက်ဆုံး စခန်းထောက်ဖြစ်တဲ့ ယူနန်နယ်သားများက ကျွန်တော် တို့ကို မြန်တင့် လို့ ခေါ်ကြပါတယ်။ ပုဂံပြည်ကို တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် တရုတ်တွေဟာ ဒီနေ့ဗမာပြည် အထက်ပိုင်းကို မီယန်ချန်-MienQan” လို့ အမည်သတ်မှတ်ပြီး တရုတ်အင်ပါယာထဲ သွတ်သွင်းကြောင်း ကြေငြာခဲ့ပါတယ်။ (ဒီအချက်ကို ကိုးကားပြီး ကူမင်တန် ထိုင်ဝမ်တရုတ်ပြည်က မြစ်ကြီးနား အပါအ၀င် ဗန်းမော် မျဉ်းတပြေးအထက် ဗမာပြည်ကို သူတို့ပိုင် အဖြစ် သတ်မှတ် တောင်းဆို နေတာဖြစ်တယ်။) စကားစပ်အနေနဲ့ တင်ပြရရင် အာသံမှာ ကျန်ခဲ့တဲ့ ရှေးမြန်မာ အဆက် အနွယ်များဟာ သူတို့နာမည်နောက်မှာ မျိုးနွယ်စုအမည် (Surname) အဖြစ် မာန် (Marn) ကို ထည့်ပြီး မျိုးနွယ်ကို ထိန်းသိမ်းနေကြတာပါ။ ရှမ်းတွေက မျိုးနွယ်စု အမည်အဖြစ် (Shyam) လို့ သုံးပြီး ထိန်းကြတယ်။ ဥပမာ- ရာမေ့ရှ်မာန် (Ramesh Marn) ထန်းအောင်ရှမ်း (Thang Ang Shyam) တို့ ဖြစ်တယ်။ သူတို့ဟာ ပထမ အင်္ဂလိပ်ဗမာစစ်ပွဲအပြီး ဗမာတွေ ပြန်ဆုတ်စဉ် ကျန်ခဲ့တဲ့သူတွေရဲ့ အဆက်အနွယ်တွေ ဖြစ်ပါတယ်။ သူတို့ဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့အတွက် နှစ်စဉ် ဗမာပြက္ခဒိန်အတိုင်း နှစ်သစ်ကူးပွဲတွေကို အတူဆင်နွှဲကြ တယ်။ ပွဲဆန်ဂံ (Pwe Sanghan) ဆိုတဲ့အမည်နဲ့ ဗာရမားဆိုတဲ့ ဘုံအမည်အောက်မှာ အတူ ဆင်နွှဲကြတာ ဖြစ်တယ်။ အခုတော့ သူတို့အကြားက ဘုံစကားဟာ အာသံစကား (Assamese) ဖြစ်တယ်။

ရှေးဦးပုဂံခေတ် ဘုရင်နဲ့ ဆိုင်တဲ့ အသုံးအနှုန်းဖြစ်တဲ့ မင်းစော၊ မင်းစိုး၊ စိုးမင်းဆိုတဲ့ ဝေါဟာတွေနဲ့ ပတ်သက်ပြီး ဆန်းစစ်ကြည့်ရင်လဲ လူဆိုတဲ့ အဓိပ္ပါယ်ကိုသာ ရည်ညွန်းနေ ပါတယ်။ ဒီမှာလည်း မင်း ဆိုတာ မင်၊ မီ၊ မာန်၊ မီယန် စတဲ့ ဝေါဟာရတွေရဲ့ အဓိပ္ပါယ် လူ ပဲဖြစ်ပါတယ်။ စော၊ စိုဝ်၊ စိုး ဆိုတာတွေကလည်း အသံသာကွဲပြီး အဓိပ္ပါယ်တူတဲ့ ဝေါဟာရတွေ ဖြစ်ပါတယ်။ စိုးမိုး ချုပ်ချာခြင်း၊ ကြီးမှုးခြင်းလို့ အဓိပ္ပါယ်ဆောင်ပါတယ်။ ဒါကြောင့် မင်းစော၊ မင်းစိုးဆိုတာ လူတို့ကို စိုးမိုးအုပ်ချုပ်သူ၊ လူထုရဲ့ အကြီးအမှုးလို့ အဓိပ္ပါယ် ဆောင်ပါတယ်။

အထက် တင်ပြခဲ့တဲ့ အချက်တွေအရ မြန်မာဝေါဟာရပါ မြန် ဆိုတာဟာ တိဗက်ဗမာ အနွယ်ဝင်တွေက ကိုယ့်ကိုကိုယ်ရည်ညွန်းတဲ့လူ ဆိုတဲ့ အဓိပ္ပါယ်သာဖြစ်ကြောင်း ကောက် ချက် ပြုနိုင်ပါတယ်။ ဒါကြောင့် သန်းစွမ်းမာချာတဲ့ လူများလို့ အဓိပ္ပါယ်ဆောင် တဲ့ မြန်မာ ဆိုတဲ့ ဝေါဟာရဟာ တိဗက်ဗမာမျိုးနွယ်စုဝင် မြေပြန့်နေ လူမျိုးစုကြီးကိုသာ ရည်ညွန်း ကြောင်း ထင်ရှားပါတယ်။

ဗမာလား၊ မြန်မာလား

ဗမာ၊ မြန်မာ ရေးထုံး ကွဲလွဲချက်တွေဟာ ကိုလိုနီခေတ်ဦးပိုင်းမှာ စခဲ့တယ်လို့ လေ့လာ မိပါတယ်။ မြန်မာဆိုတဲ့ ဝေါဟာရဟာ ကုန်းဘောင်ခေတ်နှောင်း ပုံနှိပ်စက်များ ပေါ်လာစဉ် အတော် အသုံးတွင်နေပြီ ဖြစ်ပါတယ်။ တချို့ဆိုရင်  ကိုရရစ်ကာ နှစ်လုံးဆင့် ရေးချာ နှင့်  မြမ္မာ လို့ ရေးထားတာတွေတောင် ရှိပါတယ်။ ဗြိတိသျှအောက်ဗမာပြည် မော်လမြိုင်မြို့က ထုတ်တဲ့ ပထမဦးဆုံး သတင်းစာရဲ့ အမည်ဟာ မြမ္မာသီတင်းစာ လို့ ဖြစ်ပါတယ်။ ဗမာဆိုတဲ့ ရေးထုံးနဲ့ အသုံးအနှုန်းက အင်္ဂလိပ်တွေ ဗမာတပြည်လုံးကို သိမ်းပြီးနောက်ပိုင်း သူတို့နဲ့ အတူပါလာတဲ့ အိန္ဒိယတိုက်သားတွေ ရောက်လာမှ တွင်ကျယ်လာတယ်လို့ ယူဆပါတယ်။ သူတို့အမြင် အတိုင်း ဌာနေဗမာပြည်သား အားလုံးကို ချုံငုံခေါ်ဝေါ်တဲ့ အမည်ဖြစ်ပါတယ်။ ဗားရမားဝါလားလို့ဖြစ်တယ်။ အဲဒီ့အချိန်က အင်္ဂလိပ် ကိုလိုနီအုပ်ချုပ်ရေး ယန္တရားရဲ့ စာရေးစာချီက အစ ၀န်ထောက် အတွင်းဝန်အထိ အများစုဟာ အိန္ဒိယတိုက်သားတွေ ဖြစ်ပါတယ်။ အုပ်ချုပ်ခံ ဌာနေသား တွေက အုပ်ချုပ်သူတွေ နားလည်အောင် ဗားရမားဆိုတဲ့ စကားကို လိုက်ပြောရာကနေ ဗမာဆိုတဲ့အသုံး တွင်ကျယ်လာတယ်လို့ ယူဆရပါတယ်။ အဲဒီခေတ် ရှေ့ကာလ အရင်က ဗမာပြည်ထည်းမှာ ဗမာ မြန်မာဆိုတဲ့ အသုံးအနှုန်းက မတွေ့မိ သလောက်ပါပဲ။ ရှိခဲ့ရင်လည်း အတော်နည်းပါးပါလိမ့်မယ်။ ထိုအချိန်က အသုံးတွင်ခဲ့တာက နန်းစိုက်ရာ မင်းနေပြည် မြို့ရွာအမည်အတိုင်း ပုဂံသား၊ အင်းဝသား၊ တောင်ငူသား၊ ဓည၀တီသားလို့ ခေါ်ဝေါ်သုံးနှုန်းခဲ့ကြပါတယ်။ ဒီနေ့ခေတ်ထိ မဏိပူရ ကသည်းများက ဗမာကို အ၀ (အင်းဝ) (သို့မဟုတ်) ကဘော် (ကဘော်သား) လို့ ခေါ်နေ ကြဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ် မှတ်တမ်းများမှာလည်း အင်းဝ (Ava)၊ သန်လျင်စသည်ဖြင့် မြို့ရွာအမည်တိုင်းပဲ တွေ့ရ ပါတယ်။ အင်္ဂလိပ်တွေ အိန္ဒိယပြည်ကြီးကို သိမ်းပြီး အိန္ဒိယက တဆင့် ဗမာပြည်ကို ဆက်စပ်ထိတွေ့လာချိန်ကျမှပဲ ဗားမား (Burma) လို့ ရေးလာတာ ဖြစ်ပါတယ်။ ဒါကလည်း ဗမာရဲ့ ရင်းမြစ်ဖြစ်တဲ့ အိန္ဒိယတိုင်းသားတွေရဲ့ စကား၊ အခေါ်အဝေါ် (Bramah)  ကို အင်္ဂလိပ်နားအကြားနဲ့ ရေးခဲ့ခြင်း ဖြစ်ဟန်တူပါတယ်။

 

Myanmar နဲ Burma စကားလုံး အသုံးအနုန်း

နေ့စဉ်ပြောဆို သုံးနှုန်းနေတဲ့ စကားလုံးတွေထဲမှာ အနက်အဓိပ္ပာယ် မထင်ရှားတာ၊ အသိရ ခက်ခဲ နက်နဲတာတွေ၊ ဝိဝါဒ ကွဲပြား အငြင်းပွားစရာတွေ အများအပြားရှိကြတဲ့အနက် အလွန် အရေးကြီးတဲ့ အငြင်းပွားစရာ စကားလုံးတလုံး အကြောင်းကို ဒီကနေ့ ပြောကြရအောင်ပါ။

ကဲ … ပထမဆုံးတော့ သမိုင်းဝင် တေးသီချင်းတပုဒ်ကို နားဆင်ကြည့်ကြပါစို့။

နောင်ဥဒါန်း ××× ဘယ်မပြေစရာ ××× ရာဇဝင်တင်ထား ××× မျိုးရိုးနွယ်သာ ××× ကမ္ဘာတခွင်မှာဖြင့် ××× ဗမာထင်ရှား ××× ဒို့ခေတ်တွင်မှ ××× ညံ့ကြတော့မှာလား ဒို့ဗဗာ – ဒို့ဗမာ ××× မဟုတ်လေသလား ××× (ဒို့ဗမာ – ငါတို့ ဗမာ) ×× (ဒါ – ငါတို့ဗမာ) ၂
နယ်ချဲ့တော်လှန်ရေးကို ရှေ့တန်းက ဦးဆောင်ခဲ့တဲ့ ဒို့ဗမာအစည်းအရုံးရဲ့ သမိုင်းဝင် အမျိုးသား ရေး လှုံ့ဆော် တေးသီချင်းကြီးပါ။ ဒီသီချင်းမှာ ဆိုသွားတဲ့ ဒို့ဗမာ ဆိုတာဟာ ပြည်မ မြေပြန့်ဒေသမှာ နေထိုင်တဲ့ အများစု လူမျိုးတမျိုးတည်းကို ပြောတာလား။ ဒါမှမဟုတ် ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ချင်း အပါအဝင် နိုင်ငံတခုလုံး အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးအားလုံးကို ဆိုလိုတာပါလား။ သောတရှင်တို့ ဘယ်လိုထင်ပါသလဲ။

ဒို့ဗမာအစည်းအရုံးသမိုင်း စာမျက်နှာ ၂၁၅ မှာ ဒို့မြန်မာ အစည်းအရုံး လို့ မခေါ်ဘဲ ဘာကြောင့် ဒို့ဗမာ အစည်းအရုံးလို့ ခေါ်သလဲ ဆိုတာကို ရှင်းလင်း ဖွင့်ဆိုထားပါတယ်။ မြန်မာ ဆိုတာဟာ ပြည်မ မြေပြန့်ဒေသမှာ နေထိုင်တဲ့လူမျိုးကိုသာ ခေါ်တာ ဖြစ်တယ်၊ မြန်မာပဒေသရာဇ်တွေ ပေးထားတဲ့နာမည် ဖြစ်တယ်၊ လူမျိုးကြီးဝါဒသဘော ပါဝင်တယ်၊ ဒါ့ကြောင့် လူမျိုးအားလုံး၊ တိုင်းရင်းသားအားလုံး ပါဝင်တဲ့ နိုင်ငံကို မြန်မာတမျိုးတည်း အပိုင်အဖြစ် သုံးနှုန်းတာဟာ မမှန် ကန်ဘူး၊ လူမျိုးအားလုံး အကျုံးဝင်တဲ့နိုင်ငံကို ဗမာနိုင်ငံ လို့ ခေါ်မှသာ ညီညွတ်မှန်ကန်မယ် လို့ အတိအလင်းဖွင့်ဆိုထားခဲ့ပါတယ်။

ကဲ … ဒီတော့ … ပညာရှင်တွေကရော ဘယ်လိုမြင်ပါသလဲ။ ဘာသာဗေဒပညာရှင် ဆရာ မောင်သာနိုးရဲ့ အမြင်ကတော့ …“ဗမာက မူလဗျ၊ ဗြဟ္မာ က လာတာကိုး။ ဗထက်ချိုက် ဟရစ် ဟ မ ဆင့်၊ ဗြဟ္မာ က လာတာကိုး။ ဗြဟ္မာ ကနေပြီးတော့ ဗမာ ဖြစ်သွားတာ။ အဲဒါကိုမှထပ်ပြီးတော့ ဗမာ ကို ဗထက်ချိုက်နဲ့ မ နဲ့ ပြောင်းပြီးတော့ မြန်မာ ဖြစ်သွားတာ။ အဲတော့ မြန်မာက ဒုတိယ၊ ဗြဟ္မာ ဆိုတဲ့ ဗမာက အဓိက ပင်မ ဖြစ်တယ်။ အဲလိုယူဆပါတယ်၊ ပညာရှိတွေ ယူဆကြတယ်။ အဲဒီ ဗမာနဲ့ မြန်မာ မှာက အင်္ဂလိပ်ခေတ် က ဝံသာနုခေတ်က ဒို့ဗမာအစည်းအရုံးခေတ်က သူတို့က ဗထက်ချိုက် မ ရေးချ မာကို ချင်းကော၊ ကချင်ကော၊ ကရင်ကော၊ မြန်မာကော အားလုံးအတွက် သတ်မှတ်တယ်။ မြန်မာကိုတော့ မြန်မာလူမျိုး (ကျနော်တို့၊ ခင်ဗျားတို့ပေါ့လေ) အတွက်ပဲ သတ်မှတ်တယ်။ အဲဒီလို အယူအဆရှိတယ်လို့ ကျနော့်ကို တလောဆီက သေဆုံးသွားတဲ့ ရေနံချောင်း သခင် ခင်ညွန့်က ပြောဖူးတယ်ဗျ။ အခု ပြောင်းပြန်ဖြစ်နေပြီ တဲ့ မြန်မာက ကချင်ရော၊ ကရင်ရော၊ ရှမ်းကောကို ခေါ်တာ။ ဗမာကမှ ဒီလူမျိုးလေးကို ခေါ်တာလို့ ဖြစ်နေတယ်။ ဒါဟာ ငါတို့ ဝံသာနုခေတ်ကဟာနဲ့ ပြောင်းပြန်လို့ သခင် ခင်ညွန့်က ပြောတယ်ဗျ။ ဒီခေတ်ကျမှ ဘယ်လို လုပ်ပြီးတော့ ပြောင်းပြန်ဖြစ်သွားသလဲ မသိဘူး”

ဒါတွေကို ပြောင်းပြန် လှန်ပစ်သူအဖြစ် အများ နားလည်ထားကြတာကတော့ သွားလေသူ ဗိုလ်ချုပ်နေဝင်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်နေဝင်းရဲ့ ဗမာစာ ဗမာစကားမှာ ဝင်ရောက်စွက်ဖက် ပါဝင်မှုတွေအနက်ကတခုဖြစ်ပါတယ်။

ဗိုလ်ချုပ်နေဝင်းရဲ့ ဒီအမွေကို သူ့ရဲ့လက်ရင်း တပည့်လို့ ပြောဆိုလေ့ရှိကြတဲ့ ဗိုလ်ချုပ် ခင်ညွန့် က နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ၁၉၈၉ ခုနှစ်မှာ အသုံးပြုခဲ့ပါတယ်။ တိုင်းရင်းသား လူမျိုးအားလုံး အပါအဝင်ဖြစ်တဲ့ နိုင်ငံကို မြန်မာလို့ သုံးရမယ်၊ ပြည်မက လူမျိုးကို ဗမာလို့ သုံးရမယ် ဆိုပြီးတော့ အဓိပ္ပာယ်ပြောင်းပြန် သတ်မှတ်ပြီးတော့ သုံးစွဲဖို့ အမိန့် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်သားသမဂ္ဂများအဖွဲ့ချုပ်ကို လူမျိုးစု တစုတည်းရဲ့အဖွဲ့ အဖြစ် သေး သိမ်အောင် လုပ်ပြီး ကျောင်းသားတွေကိုလည်း သဘောထား ကွဲလွဲမှုဖြစ်အောင် သွေးခွဲခဲ့တဲ့ လုပ်ရပ်အဖြစ်အဲဒီအချိန်ကလူသိများခဲ့ပါတယ်။

(ဦးသာနိုး အသံ) “ကျနော်ကတော့ ဒို့ဗမာအစည်းအရုံးကို ထောက်ခံတယ်၊ စာပေရေး အရတော့ ထောက်ခံတယ်ဗျာ၊ ဘာကြောင့်လဲဆိုတော့ ခုနပြောသလိုပဲ ဗမာဆိုတဲ့ ဗထက် ချိုက် မာ က ဗြဟ္မာ က လာတာ။ ဗြဟ္မာ ဆိုတာက ပါဠိပေါ့ဗျာ။ အိန္ဒိယမှာလည်း ခုထက်ထိပဲ မြန်မာကို ဗြမ္မာ ခေါ်ကြတာပဲ။ ဗမာစာကို ဘာရမီ လို့ခေါ်တယ်။ မြန်မာစကားဆိုရင် ဘာရမီဘာသာ လို့ ခေါ်တယ်ဗျ။ ဗမာက သာလျှင် တပြည်လုံးကို ခြုံတဲ့အမြင် ဖြစ်တယ်။ မြန်မာက ခင်ဗျားတို့၊ ကျနော်တို့ အပါအဝင် ရန်ကုန်၊ မန္တလေးက လူတစုကို ခေါ်တာ။ ရှမ်း၊ ကချင် မပါဘူး”

အီလွီနွိုက် တက္ကသိုလ်က အငြိမ်းစား မြန်မာစာ ပါမောက္ခ ဆရာ ဦးစောထွန်းကတော့ ထိုင်းနိုင်ငံ မှာလည်း ဗမာလူမျိုးကို ဖမာ လို့ ခေါ်တာကိုလည်း စဉ်းစားစရာအဖြစ် ထောက်ပြပါတယ်။ ဒါ့အပြင်…(ဦးစောထွန်း အသံ)“ပါဠိအဘိဓာန် ထဲမှာဆိုရင် မြန်မာပြည် ဆိုတာကို ဗြဟ္မာ ဒေသ ဆိုပြီးတော့ ဗြဟ္မာ ဆိုပြီးတော့ ပြတာရှိတယ်။ နောက် ဆရာ တော်ကြီး တွေက ဗြဟ္မာလို့ ရေးကြတာတွေ ရှိတယ်။ အဲဒီကနေပြီးတော့ အသံ ပြောင်းပြီးတော့ ဗမာ လို့ ဖြစ်မယ်ဆိုလည်းပဲ ဖြစ်ခွင့်တော့ ရှိတာပဲ”ပုဂံခေတ် မှာတော့ မြေပြန့်နေလူမျိုးကို မြန်မာ အဖြစ် ကျောက်စာ ရေးထွင်းခဲ့တဲ့ အထောက်အထား တွေခဲ့ရတာကိုလည်း ဆရာဦးစောထွန်းက အခုလို ပြောပြပါတယ်။

“မွန်တွေက သူတို့ ကျောက်စာတွေ ထိုးတာ ရှိတယ်။ မွန်ကျောက်စာထဲမှာ ကျန်စစ်သား လက်ထက်က လူတွေအကြောင်း ပြောတော့ ဗမာတွေကို သူတို့က မရမာ လို့ ပဲ သူတို့ ပြောတာပါပဲ”ဟုတ်ကဲ့ဆရာ၊ တိုင်းရင်းသား လူမျိုးအားလုံးကို မြန်မာလို့ သုံးခဲ့တာမျိုးရော အထောက်အထား တွေ့မိခဲ့သလားဆရာ။

“သမိုင်းကြောင်းအရကတော့ မြန်မာဆိုတာလည်း ဗမာ၊ ဗမာဆိုတာလည်း မြန်မာ ဖြစ်ခဲ့တော့ တိုင်းရင်းသား အားလုံးကို ခြုံပြီးတော့ မြန်မာလို့ ခေါ်တာမျိုးတော့ ရှိတယ်လို့ မပြောနိုင်ဘူးလေ။ ဒါကတော့ နောက်မှ နိုင်ငံရေးအရ သတ်မှတ်ချက် တခုပေါ့လေ”

ကဲ … ဒီတော့ ဗမာ၊ မြန်မာ ဆိုတဲ့ အသုံးအနှုန်းဟာ နိုင်ငံရေး ပယောဂကြောင့် ကပြောင်း ကပြန် ဖြစ်ခဲ့ရတယ်ဆိုတာ ရှင်းလင်းပြီ ထင်ပါရဲ့နော်။နောင်တချိန်မှာ နိုင်ငံရေးပယောဂ ကင်းကင်းနဲ့ ပညာရှင်တွေ စုဝေး တိုင်ပင်ပြီးတော့ အများပြည်သူရဲ့ သဘောတူညီချက်ပါ ရယူ ဆုံးဖြတ်သင့်တဲ့ ကိစ္စမျိုးလို့ ထင်မိပါတယ်။

မူရင်း  ဘီဘီစီစာစီစာရိုက် – မျိုးဆက်သစ် စာစီစာရိုက်၊ စာအုပ် ၀န်ဆောင်မှုလုပ်ငန်း

မြန်မာစာဘယ်ကစသလဲ

  မာတီကို မ၀င်ဖြစ်တာလဲ ကြာပါပြီ။ ဘာဖြစ်နေလို့လဲ ဆို ပျင်းနေလို့ပါ။ ဒီနေ့ Gtalk တက်ရင်း သူငယ်ချင်းပဲထားပါတော့… ဘုန်းဘုန်းတပါးနဲ့ စကားစပ်မိရင်း မြန်မာစာအကြောင်း ပြောဖြစ်တယ်။ အဲဒီမှာပြောရင်းနဲ့ ငြင်းကြခုံကြ (အဲ) ဆွေးနွေးရင်း ဘုန်းဘုန်းကမေးတယ်။ ” ဒကာကြီး မြန်မာစာဟာ ဘယ်ကဆင်းသက်လာသလဲတဲ့” ။ ကျနော်ကလဲ ယောင်ဝါးဝါးနဲ့ ” သက္က ဘာသာကနေ ဆင်းသက် လာတယ်လို့ ထင်ပါတယ်ဘုရား ” လို့ဖြေလိုက်တယ်။ အဲဒီလိုလဲဖြေရော ဘုန်းဘုန်းက ရာဇကုမ္မာရ ကျောက်စာနဲ့ ကျနော့်ကိုကိုင်ထုတော့တာပဲ။ ပုဂံခေတ် အနော်ရထာမင်းလက်ထက်မှာ မြန်မာစာပေနဲ့ ရေးသားထားတဲ့ အထင်ကရ ကျောက်စာ၊ပေစာ တွေမရှိတဲ့အကြောင်း၊ ရှင်အရဟံကြွလာပြီးမှ သထုံ မနူ ဟာမင်းထံကနေ ပဠိကတ်သုံးပုံနဲ့စာပေကျမ်းဂန်တွေကို အဓ္ဓမပင့်ဆောင်လာပြီး မြန်မာစာ ပေဖြစ်ပေါ်လာတယ်ဆိုတဲ့အကြောင်း၊ ကျန်စစ်သား မင်းရဲ့သား ရာဇကုမ္မာရမင်းသား အလူမှာ ရေးထား တဲ့ ရာဇကုမ္မာရ ကျောက်စာကို အကိုးအကားပြပြီး မြန်မာစာပေသည် မွန်စာပေ ကနေဆင်း သက်လာတယ် ဆိုတာကို အတည်ပြုပြောပါတယ်။ ကျနော်ကလည်း ဒါဟာ မဟုတ်နိုင်ကြောင်း၊ အနော်ရထာဘုရင် ကနေ မနူဟာမင်းကို ပုဂံမှာကိုးကွယ်ကြည်ညိုရန်အတွက် သံအဖွဲ့နဲ့ ပဠိကတ် တပုံခွဲ ဝေပင့် ဆောင်လိုသည့်မေတ္တာရပ်ခံသည့်  စာလွှာပေးခဲ့ရာမှာ ဘယ်ဘာသာကို အသုံးပြုခဲ့ သလဲ နှင့် မြန်မာစာသည်” ဥပမာ ကိုရီးယားဗျဉ်း၊သရ ကို ဆယ်ဂျုံးဘုရင်ကတည်ထွင်ခဲ့ သလို မြန်မာ ဗျဉ်း၊သရ ကိုဘယ်သူ တည်ထွင်ခဲ့တာလဲ ” စသည်တို့လို ကပ်ရပ်ပြီး ငြင်း (အဲ) ဆွေးနွေးခဲ့ပါတယ်။ ဘုန်းဘုန်းကလဲ သံအဖွဲ့ နဲ့စာပေးတာမဟုတ်ကြောင်း၊ စကားဖြင့်သာ မေတ္တာရပ်ခံခြင်းဖြစ်ကြောင်း၊ တည်ထွင်သူကို ကျမ်းဂန်တို့တွင်ပြန်လည် လေ့လာ ရမည့်အကြောင်းပြောရင်း သက္ကဘာသာ မှ မွန်စာ ၊ မွန်စာ မှ မြန်မာစာ ဆင်းသက် လာတယ်လို့ မတင်မကျနဲ့ ကွန်နက်ရှင်ကို အကြောင်းပြပြီး ဆီးယူ လိုက်ရပါတယ်။ စိတ်ထဲမှာတော့ တကယ့်မတင်မကျကြီးကို ဖြစ်နေတာပါ။ အရင်တုန်းကတော့ ဒေါက်တာသန်းထွန်းရဲ့ သမိုင်းစာအုပ်တွေမှာ ဖတ်ဖူးသလိုလို ရှိပေမယ့် မမှတ်ထားမိဘူး။ ရာဇကုမ္မာရ ကျောက်စာကိုလဲ ဖတ်စာထဲမှာသင်ဘူးပေမယ့် မမှတ်မိဘူး။ မမှတ်မိတာလဲ မပြောနဲ့လေ။ ၆တန်းကနေ ၁၀တန်းအောင်တဲ့အထိ ကိုယ့်ဘာသာ ဘယ်လိုအောင်လာမှန်းတောင် သိတာမဟုတ်   ဘူး။ အကပ်အရပ်တွေ တွေနဲ့တကယ့်ယောင်ဝါးဝါးအောင်လာတာ။ စာတော်တာတွေ ကြွှားသလိုဖြစ် သွားတယ်။ ဒါနဲ့ ရှိသမျှစာအုပ်တွေ ပြန်ရှာဖတ်တယ်။ ကျေနပ်လောက်တဲ့ အဖြေမရဘူး။ နောက်ဆုံးအကြံကုန်တာနဲ့ Google လိုက်တော့ Wiki မှာလဲ တိတိကျကျ မတွေ့။ ကိုညီလင်းဆက် တင်ထားတဲ့စာအုပ်ကလဲ ဒေါင်းမရ။ မသက်ဇင် တင်ထားတဲ့ မြန်မာစာပေ ခရီးအစ        ဆိုတဲ့ပို့ဒ် ကို တွေ့ တော့မှ အနည်းငယ် ဒီလိုပါလားလို့ သိသလိုလိုဖြစ်သွား တော့တယ်။ ကျနော်လိုမယောင် ရအောင် သူများပို့ဒ် ကိုပထမဆုံးအနေနဲ့ ကူးယူဖော်ပြ လိုက်ပါတယ်။ ပိုင်ရှင်ကိုတော့ ညွှန်းဆိုထားလို့ နောက်မှခွင့်တောင်းတော့မယ်။

”  မြန်မာပေ ခရီးအစ

ပထမဆုံးမြန်မာစာပေကိုရေးသား ကြသော စာရေးဆရာ များသည် ပုဂံပြည်သူပြည်သား များဖြစ် သည် ဗုဒ္ဓ ဘုရား ရှင်ကို ကြည်ညိုခြင်း သည်းထန်နေ သဖြင့် စေ တီ ဘု ရား တည်ခြင်း ရေစက် သွန်း လှူ ဒါန်းခြင်း တို့ တွင် စာ ရေး ချင် စိတ် အဖြစ် ပုဂံ သား စာရေး ဆရာများ သည်ကျောက် စာအဖြစ်ရေးသားကြကုန်သည်။ ကျောက် စာ များသည် ပုဂံသား တို့၏ သဒ္ဓါ စေ တ နာ တို့ကို ငှင်း ထို ခေတ်က အလေ့အထ များ ကို ငှင်း ဖေါ်ပြ သည့် စာ များဖြစ်ကြသည်။မြန်မာ စာပေ သမိုင်းကို လေ့လာ သူ တိုင်းသည် ပုဂံေ ခတ် ကျောက်စာ များ နှင့် ခရစ် နှစ် ရှစ် ရာစု မှ ကိုး ရာစု ကျော် ခေတ် က စာ တို့ ၏ သိမ်မွေ့ ခန့်ညား မှု များ အား သိကြ ပေ လိမ့်မည်။ အိန္ဒိယနိုင်ငံတွင် ဂေါတမ ဗုဒ္ဓ ပရိနိဗ္ဗာန်စံလွန်ပြီး မှ ကျန် ရစ် သော ဓါတ်တော်အချို့ ကို ထည့်သည့်အိုး တွင် စာ စ တင် တွေ့ဖူြး ပီး။ ပီပြဝ အိုးဟု ခေါ် သည် ခရစ် မ ပေါ်မီ လေးရာစုက ပီပြဝ အိုး စာမျိုးမှ ယနေ့ မြန်မာနိုင်ငံ သုံး အက္ခရာ ဆင်း သက် လာသည်။ရန်ကုန်မြို့ ယဉ်ကျေးမှု ဗိမာန် ညွှန်ကြား ရေး ဝန် ဟောင်းဦးသာမြတ် နှင့် မန္တလေး ရှေးဟောင်း သုတေသန ဌာန အထူးအရာရှိ ဦးမြက။ မြန်မာနိုင်ငံ ရောက် အက္ခရာ ပုံစံ ရွေ့ လျော ပြောင်းလဲပုံကို ဇယား နှင့် တကွ ရှင်းလင်း ပြသကြသည်။ ဗြဟ္မီ ၊ ကဒံဗ ၊ ပျူ ၊ ရှေးနှင့် ယခုမြန်မာစာဟူ ၍ ငါး မျိုး ပါရှိသည်။

စာကိုး
ရသစာပေ အဖွင့်နှင့်နိဒါန်း ဆရာဇော်ဂျီ စာမျက်နှာ ၉ မှ ၁၃ အထိခေတ် ဟောင်းမြန်မာ ရာဇဝင် ဒေါက်တာသန်းထွန်း စာမျက်နှာ ၁၂၇ မှ ၁၃၃ ထိဆက်လက်လေ့လာရန် ကျမ်းညွှန်းမြ၊ ရှေးဟောင်း မြန်မာအက္ခရာစာတမ်း ( ပဏမခန်း )သာမြတ်၊ မွန်-မြန်မာအက္ခရာသမိုင်း၊ ရန်ကုန်၊ ၁၉၅၅-၆

ပသီ= ဗမာ ?

Burmese Muslims are also called Pathi in Myanmar. See Islam in Myanmar.

ပသီလူမျိုးဆိုသည်မှာ  –

ဘိုးတော်မင်းတရားကြီးထုတ်ပြန်သော အမိန့်တော်ပြန်တမ်းတွင် ” အာဗစ်ရှာဟို သနဒီ တပြည် င ရွှေငူ ၊ ငရွှေအေး တို့ကနိုင်ငံတော်တွင်း အရပ်ရပ်မြို့ရွာများရှိ ပသီကုလားတို့ကို ၎င်းတို့ဘာသာကျွမ်း ကျင်သည့် အတိုင်း အာဗစ်ရှာဟိုသိန္ဒီတပြည့်တို့ပြသရာ နာခံစေ။ ရခိုင်ပြည်လေးမြို့ကျေးရွာများမှာ ရှိနေကြသည့် ပသီ ကုလား တို့တွင် ဘာသာတရား စကားများကိုအရပ်ရပ် ပသီကုလား နည်းတူ အာဗစ်ရှာဟိုသိန္ဒီ တပြည့်များက စစ်ကြော စီရင်စေ။”

(နာခံတော် ဘယကျော်ထင်ပြန်သည်။)

ပသီ´´-မြန်မာမွတ်စလင်မ်လူမျိုးPar-thi, Far-si

ပသီလူမျိုးတို့မှ လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်ကာလကပင် မြန်မာနိုင်ငံတွင် တည်ရှိခဲ့ကြောင်း တရုတ်နိုင်ငံ မန်ချုးမှတ်တမ်းနှင့် မှန်နန်းရာဇ၀င်နှင့် ကုန်းဘောင် ဆက်မဟာရာဇ၀င်များ တွင် ပါရှိသည်။
အေဒီ ၁၂၂၁-ခု၊ အနော်ရထာမင်းတည်ထောင်ခဲ့သည့် ပုဂံနေပြည်တော် ယိမ်းယိုင်လာ၍ နိုင်ငံတော်ရေပိုက်နက်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ဆောင်ရွက်နေရသည့် ပသီတပ်မှ၊ မိမိတို့ကြမ္မာ မိမိတို့ကိုယ်တိုင် ဖန်တီးမည့် အခြေအနေသို့ရောက်ရှိလာကာ ပုသိမ်ဟု ခေါ်မည့်ဒေသတွင် ပသီမြို့ပြနိုင်ငံ ပသီမင်းဆက်(၃)ဆက်၊(၁၂)နှစ်တိုင်တိုင် တည်ထောင်အုပ်ချုပ်ခဲ့သည်။
ကရင်တို့မှ ၀ိန့်ပသီ၊ ဝေ့ပသီဟူ၍လည်းကောင်း၊ မွန်တို့မှ ဒုံးပသီ၊ဥုင်းပသီ ဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။
ဝိဋဋူပနှင့် သာကီဝင်တို့ မသင့်မတင့်ဖြစ်၍ စစ်ခင်းကြသည်တွင် သာကီဝင် ဓဇရာဇာမင်း၊ မဇ္ဈိမဒေသမှ စွန့်ခွာလာ သကဲ့သို့တပ်မှူး၊ဗိုလ်မှူး၊ ၀န်ကြီး၊ ပညာရှိတပ်သား မကျန် နန်းမျိုးနွယ် (၃၇၀၀) တို့အစုခွဲကာ အင်းဝဘုရင် စနေမင်းထံ သစ္စာနှံကာခိုလှုံခဲ့ကြသည်။
တောင်ငူ၊ ရမည်းသင်း၊ ယင်းတော်၊ မိတ္ထီလာ၊ စည်သာ၊ ဒီပဲယင်း၊ ညောင်းရမ်း၊ ပင်းတလဲ၊ တဘက်ဆွဲ၊ ဘောဓိ၊ စည်ပုတ္တရာ၊မြေထူးတွင် အစုခွဲနေထိုင်သူတို့မှာ မင်းမှုထမ်းရင်း အမြှောက်တပ်၊ သေနတ်တပ်၊ မြင်းတပ်၊ကိုယ်ရံတော်တပ်၊ ကင်းတားကုလားပျိုတပ်၊ စာဆိုများ ကုန်သည်တော်များအဖြစ် အမှုတော်ထမ်းရွက်ခဲ့ကြသည်။
ref : ဆရာမာဃပုသိမ်ရာဇ၀င်၊ စာမျက်နှာ၁၃၇

ချစ်ဦး said:

စလာမ်ပါခင်ဗျာ…..

တစ်ခုလောက် မေးချင်လို့ပါ……

မြန်မာ ဆိုသည့် အသုံးအနှုန်းကို ဦးတင်မောင် သိသလောက်ရှင်းပြပေးပါခင်ဗျာ။

ဗမာလူမျိုးကို =မြန်မာဟုခေါ်ခြင်းဖြစ်ပါသလား?

မြန်မာနိုင်ငံသားဖြစ်သူတိုင်းကို မြန်မာဟုခေါ်ခြင်းဖြစ်ပါသလား ?

ပသီ= ဗမာ ?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s