ပုဂံခေတ်သူရဲကောင်း ဗျတ်ဝိ၊ ဗျတ္တ ညီနောင်နှင့် ရွှေဖျဉ်းညီနောင်

http://news.mmsy.info/news/1609

ဗျတ်ဝိ နှင့် ဗျတ္တ

မွတ်စလင် များမြန်မာနိုင်ငံသို့ အဦးဆုံးရောက်ရှိသည့် နေရာနှင့် ကာလ မှာ ပထမမြန်မာနိုင်ငံတော် ကြီး ဖြစ်သည့် ပုဂံခေတ် ခရစ်သကရာဇ် ၁၀၄၄ ခု ဟု မြန်မာ့ရာဇဝင်များတွင် မှတ်တမ်းတင် ထားသည်။ ဗျတ်ဝိ နှင့် ဗျတ္တ ဟု အမည်ရ သော ဗျတ်မျိုးနွယ်ဝင် အာရပ် သင်္ဘောသား နှစ်ဦး သည် ၎င်းတို့စီးနင်းလာသော သင်္ဘောပျက်ရာမှ ပျဉ်ချပ်တစ်ချပ် ကို အမှီပြု၍ သထုံ အနီးရှိ မြန်မာနိုင်ငံ ကမ်းခြေ တစ်ခုသို့ရောက်ရှိခဲ့သည်။ [၅၁] ( မျိုးနွယ် အမည် ဗျတ် ကို အီရတ်၊ အာရေဗျ နှင့် အချို့သောအိန္ဒိယမြောက်ပိုင်းသား စူရတီ မွတ်စလင်တို့အကြားတွင် ယနေ့တိုင်တွေ့ရှိ ရသည်။) ထို အာရပ် မွတ်စလင် နှစ်ဦးသည်သထုံရှိ ဘုန်းကြီးကျောင်း တစ်ခုတွင် ဝင်ရောက်ခိုလှုံနေထိုင်ခဲ့ကြသည်။

ထိုသူ နှစ်ဦး သည် အရပ်အမောင်းမြင့်မား ခံ့ညား ကြပြီး လျှင်မြန်ဖြတ်လတ် သန်မာသလို ရဲစွမ်း သတ္တိ လည်း ရှိ ၏ ဟု ပြောစမှတ် တွင်ခဲ့သည်။ထို ဗျတ် ညီနောင်နှစ်ဦး အကြောင်းဖော်ပြ ထားသော

မြန်မာ့ရာဇဝင် မှတ်တမ်း တစ်ခု တွင်မူ ထိုညီနောင်သည် ၎င်းတို့ခိုလှုံနေထိုင်ရာ ဘုန်းကြီးကျောင်းရှိ ၎င်းတို့အားခိုလှုံခွင့်ပေးခဲ့သောဘုန်းကြီးဆွမ်းစားရန် စီစဉ်ထားသော ဇော်ဂျီ အသေ (ဇော်ဂျီ ရုပ်ကလာပ်) ၏ အသားကို စားပြီးနောက် ဆင်ပြောင်ကြီး တစ်ကောင်မျှ ခွန်အားကို ရရှိခဲ့ သည် ဟု မှတ်တမ်းတင်ဖော်ပြထားသည်။ သထုံ ဘုရင် သည် ထိုညီနောင်တို့အား စိုးရိမ်ထိတ်လန့်သဖြင့် အကြီးဖြစ်သူအား ၎င်း ၏ ဇနီးမယား၏အိမ်တွင် အိပ်ပျော်နေခိုက် လုပ်ကြံသတ်ဖြတ် ခဲ့သည်။

ညီငယ်ဖြစ်သူသည် ပုဂံသို့ထွက်ပြေးလွတ်မြောက်သွားပြီးအနော်ရထာမင်းကြီး အပါးတော်တွင် ဝင် ရောက်ခို လှုံခစားခဲ့သည်။ သူသည် ပုဂံမြို့ နှင့် မိုင်ပေါင်းအတန်ငယ် ကွာဝေးသော ပုပ္ပါး တောင်သိုတစ် နေ့လျှင် ဆယ်ကြိမ် သွား၍ ပန်းများကို ယူလာရလေ့ရှိသည်။ ပုပ္ပါးရှိ မိန်းမပျိုတစ်ဦး နှင့် အကြောင်းပါ၍ ရွှေဖျင်းညီနောင်ဟု အမည်တွင်ခဲ့သော သားနှစ်ယောက် ထွန်းကားခဲ့သည်။[၅၂] မြန်မာ့သမိုင်း ၏ မှတ်တမ်း တစ်ခု ဖြစ်သည့် မှန်နန်းရာဇဝင် တွင်လည်းမြန်မာနိုင်ငံသို့မွတ်စလင်တို့စတင် ရောက်ရှိ သည့် ဒေသနှင့်ကာလကို ပထမမြန်မာနိုင်ငံတော်ကြီး (မြန်မာအင်ပါယာ)တွင်းခရစ် သကရာဇ် ၁၀၅၀ ခန့် ဟု ပြဆိုသည်။ ဗျတ်ဝိ နှင့် ဗျတ္တ ဟု အမည်ရသော အာရပ်ညီနောင်နှစ်ဦးတို့သည်သထုံ သို့ ရောက်ရှိခဲ့ ကြောင်း ၊[၈][၅၃] သထုံ ဘုရင် သည် ထိုညီနောင် ၏ အစွမ်းသတ္တိ ကို ထိတ်လန့်မိပြီး အစ်ကိုဖြစ်သူ ဗျတ်ဝိ ကို လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်း ၊[၅၄] အငယ်ဖြစ်သူ ဗျတ္တ သည် ပုဂံ သို့ ထွက်ပြေးလွတ်မြောက်သွားပြီး အနော်ရထာမင်းကြီး ထံတွင် ခိုလှုံခစား ခဲ့ကြောင်း ၊[၅၄] ပုပ္ပါး အရပ်ရှိ မိန်းမပျိုတစ်ဦးနှင့် အကြောင်းပါခဲ့ပြီး ရွှေဖျဉ်းညီနောင် ဟု တွင်သော သားနှစ်ဦးထွန်းကားခဲ့ကြောင်း ကို လည်းအဆိုပါ မှန်နန်းရာဇဝင်တွင် ဖော်ပြထားသည်။[၅၄]

ရွှေဖျင်းညီနောင်

နောက်ပိုင်းတွင် ရွှေဖျင်းညီနောင်တို့သည် လည်း အနော်ရထာမင်းထံပါးတွင် သူရဲကောင်းစစ် သည်တော် အဖြစ်အမှုတော် ထမ်းခဲ့ကြသည်။ ရန်သူ့နယ်မြေအတွင်းစည်းသို့ လျှို့ဝှက်ထိုး ဖောက်ဝင်ရောက်ရသော အထူးစစ်သည် အဖြစ်ပင် အမှုတော် ထမ်းခဲ့ကြသည်။ ၎င်းတို့သည် တရုတ် ဘုရင် ဥတည်ဘွား ၏ ကိုယ်ရံတော်အစောင့်အရှောက်တပ်များ ကို လျှို့ဝှက် ထိုးဖောက်၍ ဥတည်ဘွား ၏ ခန္ဓာကိုယ်ပေါ်တွင် ထုံးဖြူဖြင့်မျဉ်းသုံးကြောင်း ဆွဲခဲ့ပြီး နံရံပေါ်တွင်လည်း အနော်ရထာ မင်းကြီး၏ ရာဇသံ ကို ရေးထားခဲ့သည့် အဖြစ်အကြောင်း နောက်ပိုင်းတွင် ပိုမို ထင်ရှား ကျော်ကြားလာခဲ့သည်။ ထိုအကြောင်းခြင်းရာကြောင့် အင်အား စွမ်းပကား ကြီးမားလှသော တရုတ် စစ်တပ်ကြီးနှင့် တရုတ်ဘုရင်ကြီး တို့သည် ကြောက်ရွံ့ ထိတ်လန့်၍ မြန်မာတို့နှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့ကြသည်။ [55] ပုဂံပြည် ဦးတည်ဘွားတို့ အကြား အရေးတော်ပုံတွင် အောင်မြင် စွာအမှုတော်ထမ်းခဲ့ သော်လည်း နောက်ပိုင်းတွင်မူ ၎င်းတို့သည် ကွပ်မျက်ခြင်း ခံခဲ့ကြရသည် ။ မန္တလေးမြို့ ၏ မြောက်ဖက် တောင်ပြုန်းအရပ်တွင် တည်ထားမည့် စေတီ တစ်ဆူ ဌာပနာ ဆောက်လုပ် ရာတွင် ၎င်းတို့ ပါဝင် ရန် ငြင်းပယ်ခဲ့ သဖြင့် ရာဇမာန်ရှခြင်း ခံခဲ့ကြရသည်ဟု ယေဘုယျအားဖြင့် ယူဆကြသည်။ [56]ညီနောင်နှစ်ဦး အား အညှိုးအတေးထားရှိသော သူတို့သည် စေတီ တွင် အုတ်နှစ်ချပ်စာနေရာကို အနော်ရထာမင်းကြီး မြင်သာစေရန် အလွတ်ထားခဲ့သည်။ အနော်ရထာမင်းကြီးသည် အမှုသွားအမှုလာကို စုံစမ်းကြားနာစစ်ဆေးတော်မူပြီး နောက်၎င်းညီနောင် နှစ်ဦးအားအမိန့်တော် မနာခံသည့် ပြစ်ဒဏ်မျှသာပေးရန် ရာဇသတ် ချမှတ်ခဲ့သည်။ သို့ရာတွင် ၎င်း ညီနောင်တို့သည် ပြစ်ဒဏ် အစား သတ်ဖြတ် ခြင်းကို ခံခဲ့ရသည်။၎င်းတို့ကို သတ်ဖြတ် ပြီးနောက် အနော်ရထာမင်းကြီး၏ ဖောင်တော်သည် ရွေ့လျား ၍ မရပဲ ဖြစ်နေခဲ့သည်။ ဤသို့ ဖြစ်ရခြင်း မှာ ရွှေဖျင်းညီနောင်တို့အား သတ်ဖြတ်ခြင်းကို မလိုလားသော မိတ်ဆွေ မင်းမှုထမ်း တို့၏ အသံတိတ် ဆန္ဒပြ ကန့်ကွက်ခြင်းကြောင့် လည်း ဖြစ်ဖွယ်ရာသည်။ ထိုစဉ်က တော်ဝင် သင်္ဘောသားတို့ အများစုမှာ မွတ်စလင် များ ဖြစ်ကြသည်။ အိန္ဒိယလူမျိုး နန်းတွင်းပညာရှိ ပုဏ္ဏားဖြူ ပုဏ္ဏားမည်း များကရွှေဖျင်းညီနောင်တို့သည် အနော်ရထာမင်းကြီးအား သစ္စ္စာစောင့်သိစွာ အမှုတော်ထမ်း ခဲ့သော်လည်းမတရားသဖြင့် အပြစ်ပေး ခံရပြီး နတ် အဖြစ်သို့ ဘဝ ပြောင်းသွား၍ မကျေနပ်ချက်ကို ဖော်ပြ သည့်အနေဖြင့် တော်ဝင်ဖောင်တော် ၏ တက်မ ကို ဆွဲကိုင် ထားသောကြောင့် ဖောင်တော် ရွေ့လျားမရ ဖြစ်နေသည်ဟူ၍ လျှောက်တင် ကြသည်။ ထိုသို့လျှောက်တင်ကြသောအခါ အနော်ရ ထာမင်းကြီးသည် ရွှေဖျဉ်းညီနောင်နှစ်ဦးအား ရည်စူး၍ နတ်ကွန်း ကြီးတစ်ခု ဆောက်လုပ်စေပြီး လူတို့အား ထိုညီနောင်ကို ကိုးကွယ် ပသ စေသည်။ [57]စွမ်းပကားကြီးမား စိုးရိမ်ဖွယ်ရာ သော ပြိုင်ဘက် တို့အား သတ်ဖြတ် ရှင်းလင်း ပြီးနောက် အသတ်ဖြတ်ခံ တို့ အား ကြည်ညိုသော ဘက်တော်သား မိတ်ဆွေ များ ကျေနပ်နှစ်သိမ့်စေရန် အလို့ငှါ သေပြီးသောသူတို့ ၏ အစိမ်းနတ် ကို လူတို့ကိုးကွယ် ရာ အဖြစ် သမုတ်၍ နတ်ကွန်း ဆောက်လုပ်ခြင်း အလေ့သည်ရှေးမြန်မာဘုရင်တို့ ပြုလေ့ပြု ထ ရှိသော ရာဇ ပရိယာယ် တစ်မျိုးသာလျှင် ဖြစ်သည်။ ဤသို့ဖြင့် တောင်ပြုန်း
ရွာသည် ငါးရက် ခန့်စည်ကားသော ပွဲတော်ကြီး ကို နှစ်စဉ် ကျင်းပရာ ဌာနေ တစ်ခု ဖြစ်လာသည်။ မန္တလေးမြို့ မြောက်ဖက် ၁၄ ကီလိုမီတာ အကွာရှိ တောင်ပြုန်း ရွာတွင် နတ်ကွန်း ပေါင်း ၇၀၀၀ ခန့်ရှိပြီးနတ်ကွန်း ၂၀၀၀ နီးပါးသည် ရွာ၏ အကျော်ကြားဆုံး မင်းသား ညီနောင်ဖြစ်ကြသည့် ရွှေဖျဉ်းကြီး နှင့် ရွှေဖျဉ်းလေး တို့အား ရည်စူးကိုးကွယ် ထားခြင်း ဖြစ်သည်။ [58] ယနေ့တိုင် အယုံအကြည်ရှိသူများ သည်နတ်ကွန်း နှင့် ညီနောင်နှစ်ဦးတို့အား ကိုးကွယ်ကြသည်။ ထို ကိုးကွယ်သူ များသည် မိရိုးဖလာဗုဒ္ဓဘာသာဝင်များဖြစ်ကြသော်လည်း ဝက်သား ကို ရှောင်ကြသည်။ ယနေ့တိုင် နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပမြဲတောင်ပြုန်း ပွဲတော် သို့ သွားရောက်စဉ် ဘတ်စ်ကား (သို့) ကားပေါ်တွင် တစ်ဦးတစ်ယောက် မှ ဝက်သားကို သယ်ဆောင်သွားခြင်းမပြုရ ဟု ယုံကြည်ကြသည်။ ကြေကွဲဖွယ်ရာ ကွပ်မျက်မှု ကို အကြောင်းခံသည့်အုပ်ချပ်နှစ်ချပ်စာ နေရာလွတ်ကို ယနေ့တိုင် မြင်တွေ့ရမည်ဖြစ်သည်။[59]

သို့ဖြင့် ရွှေဖျဉ်းညီနောင်တို့သည်မြန်မာနိုင်ငံတွင် ဘာသာရေး ယုံကြည်မှု ကြောင့် နှိပ်ကွပ် ခံရသည့် ဦးဆုံးသော မွတ်စလင်များအဖြစ်သို့ရောက်ရှိခဲ့သည်။ အနော်ရထာမင်းကြီး (ခရစ် ၁၀၄၄-၁၀၇၇) လက်ထက် တွင် မြန်မာမွတ်စလင် စစ်သည်တော်များနှင့် ကိုယ်ရံတော် သက်တော်စောင့် တပ်များလည်း ရှိခဲ့သည်။ မင်းကြီးစွာစော်ကဲ နန်းစံ အုပ်ချုပ်သော မွန် (တလိုင်း) တို့ ၏ မြို့တော် မုတ္တမ မြို့ အား အနော်ရထာမင်းကြီး စစ်ပြုတိုက်ခိုက်စဉ် မွတ်စလင် စစ်တပ်အရာရှိ နှစ်ဦးသည် အလွန် ပြင်းပြင်းထန်ထန် ခုခံ ကာကွယ် ခဲ့သည်။ [60]

 

Ref: http://en.wikipedia.org/wiki/Islam_in_Myanmar

50 ^ .“THE EMERGENCE OF THE PANTHAY COMMUNITY AT MANDALAY”, BY MAUNG MAUNG LAY.
51 ^ “The Muslims of Burma” A study of a minority Group, by Moshe Yegar, 1972, Otto Harrassowitz. Wiesbaden, page 2, paragraph 3, line 1,2&3
52 ^ Pe Maung Tin and G.H.Luce, The Glass Palace Chronicle of the Kings of Burma
53^ a b c Luce & Tin 1960, p. 76
54 ^ ibid
55 ^ ibid
56 ^ ibid
57 ^ Online Burma/Myanmar Library
58 ^ Various Myanmar History tax-books of Ministry of Education, Myanmar.
59 ^ a b “The Muslims of Burma” A study of a minority Group, by Moshe Yegar, 1972, Otto Harrassowitz. Wiesbaden.
60 ^ Luce & Tin 1960, pp. 80-81

News@MMSY

: မြန်မာမွတ်စ်လင်မ်သမိုင်း

: မြန်မာမွတ်စလင်မ်, မြန်မာ့သမိုင်း

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s