Rohingya Genocide

November 03, 2012
RECORDER REPORT

In Arakan########Coincidental to the holy days of Eidul Azha, Rohingya Muslims of Burma became victim to yet another outbreak of violence over the past week. They were killed, their houses put on fire, forcing them to flee to the refugee camps set up by the United Nations on the border with Bangladesh. The Burmese government has put the death toll at 84 and said 129 were injured in nine stricken towns of the Rakhine state. But the New York-based Human Rights Watch says true death toll may be far higher.

The satellite images released by the Watch show the Muslim-majority Kyank Pyu town’s bustling harbour a ‘charred desolation’. Some 800 residential units including houseboats were burnt by the vandals, who arrived at some places in the guise of firemen, but to quench fires they ‘poured petrol instead of water’, an affected resident said – as the police looked the other way if it had not joined these firemen. A report also said that as the fear-stricken people were fleeing the harbour by boat a Burmese naval craft struck and thus ‘those fled by boat have died on the sea’. Given the imposition of curfew curtailing accessibility, the government-conducted a media trip to the blighted areas reveals only half truth. The whole truth about the grim tragic events over the week may never be known. But the ‘scale of exodus speaks of horrors on the ground’. Since Bangladesh refuses to take more Rohingya refugees the UN agency is now beset with a profound problem of providing shelter to another 22,000 refugees in the packed to the brim camps.

That such a human tragedy keeps visiting the world conscience and nothing moves is all the more tragic. When Burma shed its pariah label by returning to democratic process it was hoped that Rohingyas would get some relief. Then it was Aung San Suu Kyi’s release from long incarceration that stirred the hopes of persecuted minority, but there was no relief. In fact, the opposite seems to have happened; her joining the political process lent the military regime its much-needed international legitimacy. The Nobel Peace Prize winner’s consistent silence over the lingering plight of Rohingyas tends to show her in a different colour in the Muslim world than her iconic image in the West. As leader of opposition in the Burmese parliament she may not have much clout, but she is ambiguous and equivocal while a minority community is being wiped out; it’s disturbing if not intriguing. As to how complicit is the Burmese government the Human Rights Watch accuses the government of “both failing to intervene to stop sectarian violence and directly participating in abuses”. And the government would not let any body from outside to help the hapless, defenseless Rohingyas. According to BBC, it is President Thein Sein who “blocked” the Organisation of Islamic Conference (OIC) to open an office to help Muslims in distress in their visibly blighted and battered homeland.

To the West he may be the “Burmese Gorbachev” – for his moves to his country out of Chinese sphere of influence – but for the OIC the abiding interest should be protection of life and property of Muslims in that country. The present-day Rohingyas descend from the Arab-origin seafarers and traders who settled along Burma’s seaboard some seven hundred years ago. That after seven centuries of their uninterrupted citizenship, in 1984, the military junta excluded them from the list of 135 ethnic communities and thus deprived them of citizenship and basic rights. The United Nations describes the Rohingyas as a persecuted religious and linguistic minority – as against the Burmese government’s claim they are relatively recent migrants. We hope and expect the international community to stop this ethnic cleansing by defeating this racist mindset.

စုံစမ်းရေးစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း

 

၁။ နိုင်ငံတော်အနေဖြင့် ဒီမိုကရေစီ လူ့ဘောင်သစ်သို့ ရောက်ရှိစေရန် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင် ပြောင်းလဲ မှုများ ဆောင် ရွက်ပေးနေ သ ကဲ့သို့ နိုင်ငံသားများ အနေဖြင့် ဒီမိုကရေစီ ကျင့်စဉ် ကို လေးစား လိုက်နာရေးအ တွက်ကိုလည်း အဆင့်ဆင့်လေ့ ကျင့်ပေး လျက်ရှိပါသည်။

၂။ ရခိုင်ပြည်နယ်အတွင်း၌ ၂၀၁၂ ခုနှစ် မေလနှင့်ဇွန်လအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေစိုဒမိုးရေး ပျက်ပြားစေသည့် လူစုလူဝေးဖြင့် အုပ်စုဖွဲ့၍ ဥပဒေမဲ့ပြုမူဆောင်ရွက်မှုများ မင်းမဲ့စရိုက် ဆန်ဆန် လူအုပ်စုဖွဲ့ ရိုက်နှက်သတ်ဖြတ် မှုများဖြစ်ပေါ် ခဲ့ပါသည်။ အဆိုပါ ဖြစ်စဉ်များအပေါ် ဖြစ်ရပ်အမှန် ဖေါ်ထုတ်နိုင်ရေး နှင့် ဥပဒေနှင့် အညီ ရေးယူနိုင်ရေး တို့အတွက် အောက်ဖေါ်ပြပါ စုံစမ်း စစ်ဆေးေ ရး အဖွဲ့ကို ဖွဲ့စည်းတာ ဝန်ပေး လိုက်သည်။

Source here

http://www.ministryofinformation.gov.mm/index.php?option=com_content&view=article&id=165%3A2012-06-06-14-23-02&catid=36%3Aannouncement&Itemid=53

စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့်ပတ်သတ်၍ ဖြစ်ရပ်မှန်များဖော် ထုတ်နိုင်ရေး၊ ဥပဒေနှင့်     အညီအရေးယူနိုင်ရေးတို့အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့တို့ကို ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းပေးခဲ့သည်။ အဆိုပါအဖွဲ့အနေဖြင့် အစီရင်ခံစာကို ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံတော်သမ္မတထံ တိုက်ရိုက် အစီရင်ခံရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တောင်ကုတ်တွင် အသတ်ခံရသူ ၁၀ ဦးကို ယနေ့နေ့လည် သဂြိုဟ်

 Rohingya Blogger 

 


တောင်ကုတ်မှာ အသတ်ခံရသူများကို သံတွဲ သင်္ချိုင်းမှာ သင်္ဂြိုလ်နေစဉ်
ဇွန် ၄ ရက်၊ ၂၀၁၂ခုနှစ်၊ YPI

ယမန်နေ့မွန်းလွဲပိုင်း တောင်ကုတ်-သံတွဲလမ်းဆုံတွင်လူအုပ်စုမှ ၀ိုင်းဝန်းသတ်ဖြတ်ခြင်းခံရသူ အစ္စလာမ်ဘာ သာဝင် ၁၀ ဦးအား ယနေ့နေ့လည် ၂ နာရီတွင် သံတွဲမြို့ အစ္စလာမ် သုဿန်တွင်သဂြိုဟ်မည်ဟု သံတွဲမြို့ခံတဦး ကပြောသည်။

ယမန်နေ့မွန်းလွဲပိုင်း သံတွဲ-ရန်ကုန်သွား ရိုးမသစ္စာ ခရီးသည်တင်ယာဉ်ပေါ်ပါ အစ္စလာမ်ဘာသာဝင် ၁၀ ဦးကို တောင်ကုတ်မြို့ခံလူအုပ်က သံတွဲ တောင်ကုတ်လမ်းဆုံတွင် ရိုက်နှက်ခဲ့ကြသဖြင့် ယင်း ၁၀ ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။ သေဆုံးသူများထဲတွင် တခြမ်းပဲ့ ဗလီ တရားထိုင်အဖွဲ့ဝင် ၈ ဦးအပြင် ရိုးမသစ္စာ မော်တော်ယာဉ်လိုင်း ကိုယ်စားလှယ်တဦးနှင့် သံတွဲမြို့ခံတဦးတို့ဖြစ်သည်ဟုသိရှိရသည်။

၎င်းတို့၏ ရုပ်အလောင်းများကို ယနေ့နံနက် ၁နာရီခွဲကျော်တွင် သံတွဲမြို့သို့ ပြန်လည်သယ်ဆောင်လာပြီး ယနေ့မွန်းလွဲ ၂ နာရီတွင် သဂြိုဟ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ရုပ်အလောင်းများ ထားရှိရာ သုဿာန်သို့ အသိမိတ်ဆွေများ နှင့် ဆွေမျိုးသားချင်းများ လာရောက်ကြည့်ရှု လျှက် ရှိရာ လူပရိသတ် ၂၀၀ ကျော် ၃၀၀ နီးပါးရှိလာသည့်နောက် ရဲလုံခြုံရေးများ ပိုမိုတိုးမြှင့်ချထား ခဲ့ရသည်ဟုလည်း သံတွဲမြို့ခံက ပြောသည်။

ယခုကဲ့သို့ သံတွဲ ရန်ကုန်ကားပေါ်ပါ အစ္စလာမ်ဘာသာဝင် ခရီးသည်အချို့အား ရန်ပြုသတ်ဖြတ်သည့်ညတွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရခိုင်အမျိုးသားတဦး အသတ်ခံရသည်ဆိုသည့် သတင်းများထွက်ပေါ်ကာ အမှတ် (၁) ရဲစခန်းသို့ လူအုပ်ကြီးက ၀ိုင်းဝန်းတောင်းဆိုသည့် အဖြစ်အပျက်ဖြစ်ပျက်ခဲ့သည်။

ယခုလောလောဆယ်တွင် သံတွဲမြို့ လုံခြုံရေး အခြေအနေမှာ ပုံမှန်အတိုင်းသာရှိသည်ဟုလည်း ယင်းမြို့ခံက ဆိုသည်။ ။
Yangon Press International

****************************************************************
During their way back to Yangon from Than Twe Mosque by bus-”Roma Thitthar” on 3 June 2012,  a group of 30 Rhakhine Buddhist people killed them with knives at Tongoup (Taungup) which is situated on the way.

undefined
According to the list escalated when they left from Tachan Pai Mosque to Than Dwe for Chila(Jama at), the eight Muslim victims were from central Burma and are identified as;
1) Muhammed Sharief @ U Ne Pwe s/o U Ahmed Suban, 58 8/Ta Ka Ta (N)095548, from Taung Twin Gyi
2) Muhammed Hanif @ U Maung Ni s/o U kay Pe Sufi, 65  8/Ta Ka Ta (N)095530, from Taung Twin Gyi
3) Shafield Bai @ U Aye Lwin s/o U A Hpoe Gyi,  52 8/Ta ka Ta (N)093573, from Taung Twin Gyi
4) Aslam Bai @ U Aung Myint s/o U Hla Maung,  508/Ta ka Ta (N)094557, from Taung Twin Gyi
5) Balai Bai @ Tayzar Myint s/o U Yakub,  288/Ta ka Ta (N)189815, from Taung Twin Gyi
6) Shuaib @ Tin Maung Htwe s/o U Tin Oo,  218/Ta ka Ta (N)231084, from Taung Twin Gyi
7) Salim Bai @ Aung Bo Bo Kyaw s/o U Tun Tun Zaw,  2614/Ma La Na (N)231084, from Myaung Mya
8) Lukman Bai @ Zaw Nyi Nyi Htut s/o U Ibrahim,  3314/Ma La Na (N)148133, from Myaung Mya, and
the two other victims were husband and wife from Tandwe township and related to driving.

undefined
The car with plate number- “7 (Ga) 7868″, was also burnt down.
The other 5 Muslims were able to escape from brutally killing. The corpses were buried in Than Dwe on 3rd June 2012 evening. It’s clearly indicate that the Rakhines people are threatening even Muslims from outside Arakan state.

undefined

Tongoup (Taungup) is one of four townships defined as Muslim-free Zones by government decree in 1983. Since then several hundreds of Arakanese Rohingyans who were captured in these regions were killed directly by Rakhines involving government authorities.
Yangon Press International

တရားဥပဒေစိုးမိုးရေးအတွက် ရန်ကုန်မြို့၌မူဆလင်များ ငြိမ်းချမ်းစွာဆန္ဒပြ

 Rohingya Blogger

ဇွန်လ(၅)ရက်နေ့ မွန်းလွဲ တစ်နာရီဆယ့်ငါးမိနစ်ခန့်က ရန်ကုန်မြို့ ဆူးလေဘုရားအ၀ိုင်းအနီးရှိ ပလီရှေ့တွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှုတစ်ခုဖြစ်ပွားသည်။

စုစုပေါင်း လူဆယ့်ငါးဦးခန့်က စာရွက်များကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။
ယင်းတို့ကိုင်ဆောင်ထားသော စာရွက်များတွင် “တရားဥပဒေစိုးမိုးရေး”ဟု ရေးသားထားကြသည်။ တောင်ကုတ်တွင်ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ကို ရည်ညွှန်းခြင်းဖြစ်ကြောင်း ဆန္ဒဖော်ထုတ်သူတစ်ဦးကပြောသည်။

__________________________________________________________________


တောင်ကုတ်မြို့အစ္စလာမ်ဘာသာဝင်များ အသတ်ခံရမှုအား စုံစမ်းစစ်ဆေးပေးဖို့ ရန်ကုန်မြို့လယ်တွင် တောင်းဆို

မွန်းလွဲ ၁နာရီ ၅၈ မိနစ်၊ ဇွန်လ ၅ ရက်၊ ၂၀၁၂ ခုနှစ်-YPI

ယခုလ ၃ ရက်နေ့က တောင်ကုတ်မြို့တွင် အစ္စလာမ်ဘာသာဝင် ၁၀ ဦး အသတ်ခံရသည့် ကိစ္စကို စုံစမ်းစစ်ဆေးပေးရန် ရန်ကုန်မြို့ ဆူးလေ ဆွန်နီဂျာမေးလ် ဗလီရှေ့တွင် လူ ၅၀၀ ခန့်စုဝေး တောင်းဆိုလျှက်ရှိသည်။

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုမြအေးက စုဝေးနေသည့် လူအုပ်အား စိတ်ရှည်သည်းခံကြရန် လူမျိုးဘာသာရေး ခွဲခြားဆက်ဆံခံရမှုများအတွက် ထောင်ထဲတွင် နှစ်ရှည်လများ တိုက်ပွဲဝင်လာခဲ့ရကြောင်း၊ ငြိမ်းချမ်းစွာ သည်းခံဖို့၊ စိတ်ရှည်ဖို့ ဖျောင်းဖျပြောဆိုသွားသည်။

မွန်းလွဲ ၂ နာရီ ခန့်တွင် ကိုမြအေးမှာ ပြန်သွားပြီဖြစ်ကာ လူအင်အား ၅၀၀ ခန့်ထိရှိလာပြီး ဆန္ဒထုတ်ဖေါ်သည့် ဆိုင်းဘုတ်ငယ်များ၊ တောင်ကုတ်တွင် အသတ်ခံရသည့် ဓါတ်ပုံများအား ကိုင်ဆောင်၍ ပြသလျှက်ရှိသည်ဟု သိရသည်။

အစိုးရ အနေဖြင့် ယနေ့ထုတ် သတင်းစာနှင့် ရုပ်သံများတွင် ယခင်ရက်များက ရခိုင်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို သတင်းဖေါ်ပြထားကာ အရေးယူစုံစမ်းမှုများ ပြုလုပ်သွားမည်ဖြစ်သည်ဟု ဖေါ်ပြထားသည်။ ။

________________________________________________________________
ကိုမြအေးက ဆင်ထားတဲ့ ထောင်ချောက် မမိကြဖို့ လူစုလူဝေးကို ပြောဆို

ကိုကြည်လွင်၊ကိုမြအေး၊မမီးမီး၊ကိုစိုးထွန်းတို့အားတွေ့ရစဉ်။

မွန်းလွဲ ၂ နာရီခွဲ၊ ဇွန်လ ၅ ရက်၊ ၂၀၁၂ခုနှစ် YPI

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ဆူးလေစေတီအနီး ဗလီရှေ့တွင် စုဝေးလျှက်ရှိသည့် အစ္စလာမ်ဘာသာဝင်လူထုကို အမုန်းတရားအခြေခံပြီး ပြဿနာကို မရှင်းကြဖို့ ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်ကို ကိုးကားကာ ပြောဆိုသွားရာတွင် လူမျိုးရေး အဓိကရုဏ်းဖြစ်ပွားခြင်းကြောင့် ဒီမိုကရေစီအရေး လမ်းလွဲသွားမည့် ထောင်ချောက်အတွင်း မသက်ဆင်းမိဖို့ရာလည်း ပြောဆိုသွားသည်။

ကိုမြအေးက တရားဥပဒေစိုးမိုးရေး အရေးကြီးကြောင်းလည်း ပြောဆိုသွားပြီး ယနေ့ ထုတ်သတင်းစာ တွင်သုံးနှုန်းထားသည့် မွတ်ဆလင်ကုလား ဆိုသည့် စကားလုံးကိုလည်း ၎င်းအနေဖြင့် လက်မခံနိုင်ကြောင်း ပြောဆိုသွားသည်။

ကျောက်နီမော်ကိစ္စတွင်လည်း ကျူးလွန်သူများအား အပြစ်ထင်ရှားလျင် သေဒဏ်အထိချမှတ်ပေးဖို့ တောင်းဆိုသွားသကဲ့သို့ တောင်ကုတ်တွင် ဖြစ်ပျက်သည့် အဖြစ်အပျက်အတွက်လည်း စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုသွားသည်။

ကိုမြအေး က လူစုခွဲပေးရန် မေတ္တာရပ်ခံသော်လည်း လူစုလူဝေးမှာ မွန်းလွဲ ၂ နာရီခွဲတွင် လူ ၁ထောင်ကျော်ထိရှိလာသည်ဟု သတင်းထောက်က သတင်းပေးပို့သည်။

YPI

Photo credit : The voice weekly
News : Myanmar Popular News & YPI
********************************************************************************

ရန်ကုန်၌ အစ္စလမ် ဘာသာဝင်တချို့ ငြိမ်းချမ်းစွာ ဆန္ဒပြ


ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဖြစ်ပွားခဲ့သော ရိုးမ သစ္စာကားပေါ်မှ အစ္စလမ်ဘာသာဝင် ခရီးသည်    ၁၀ ဦးသတ်ဖြတ်ခံရခြင်းနှင့်ရခိုင်အမျိုးသမီးလေးကိုအဓမ္မပြုကျင့်သတ်ဖြတ်ခြင်းများနှင့်ပတ်သက်ပြီးတရားဥ ပဒေအရအရေးယူ ဆောင်ရွက်ပေးရန်ယနေ့ ရန်ကုန် မြို့တွင် အစ္စလမ် ဘာသာဝင်တချို့က ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုသည်။

ရန်ကုန်မြို့ ဆူးလေစေတီ အနီးရှိ ဗလီဝတ်ကျောင်းရှေ့တွင် အစ္စလမ်ဘာသာဝင် တချို့က တရားဥပဒေ စိုးမိုးရေးနှင့်အမှုအခင်းအားအစိုးရသတင်းစာက ဖော်ပြရာ၌“မွတ်ဆလင်ကုလား”ဟူသောအသုံး အနှုန်းကို ပြောဆိုသုံးနှုန်းမှု အပေါ် ပြန်လည် တောင်းပန်ရန်လည်း တောင်းဆိုကြသည်။

ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က စတင် ဆန္ဒပြပွဲဖြစ်ပွားသည့်နေရာသို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေး လည်း ရောက်ရှိလာပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြရန် ဆန္ဒပြသူများကို ပြောသည်။

အသက်အိုးအိမ်များ ထပ်မံဆုံးရှုံးမှုမဖြစ်စေလိုကြောင်း၊ အစိုးရ သတင်းဌာန၏ အသုံးအနှုန်းကို ကန့်ကွက်ကြောင်းလည်း ၄င်းကဆက်လက် ပြောဆိုသည်။ ကိုမြအေးသည် အစ္စလမ် ဘာသာဝင် တဦး ဖြစ်ကြောင်း သိရသည်။

ယနေ့ထုတ်အစိုးရ မြန်မာ့အလင်းသတင်းစာ၌“သံတွဲမှရန်ကုန်သို့ မောင်းနှင်လာသောရိုးမသစ္စာခရီး သည်တင်မှန်လုံယာဉ်ပေါ်မှမွတ်ဆလင်ကုလား၁၀ဦးအသတ်ခံရ”ဟူ၍သတင်း ခေါင်းစဉ်၌   ဖော်ပြထားသည်။

ဇွန်လ ၃ ရက်နေ့ ညနေပိုင်းတွင် ရခိုင်ပြည်နယ် သံတွဲမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ရိုးမသစ္စာ ခရီးသည်တင် ကားပေါ် ပါလာသူ ၁၀ ဦးအား တောင်ကုတ်မြို့တွင် လူအုပ်စု တစုက သတ်ဖြတ်ခဲ့မှု သတင်းဖော်ပြချက်၌ မြန်မာ့ အလင်း သတင်းစာက ထိုသို့ သုံနှုန်းထားခြင်း ဖြစ်သည်။

အစိုးရ သတင်းဌာန၏ သုံးနှုန်းမှုသည် ကျင့်ဝတ်ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြည်တွင်း နိုင်ငံရေးသမားများ နှင့် သတင်း မီဒီယာ သမားများကလည်း ပြောဆိုကြသည်။

မေလ ၂၈ ရက်ကလည်းရခိုင်ပြည်နယ်ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာအုပ်စုသပြေချောင်း ကျေးရွာနေ အသက်၂၇ နှစ်ရှိမသီတာထွေးကိုလူငယ်၃ဦးကအဓမ္မပြုကျင့်သတ်ဖြတ်၍လက်ဝတ်လက်စား ရွှေထည်ပစ္စည်း များယူဆောင်သွားသည့်အမှု ဖြစ်ပွားခဲ့ပြီးယင်းအမှုနှင့်ပတ်သက်၍လည်းယခုဆန္ဒပြသူများကတရားဥပဒေအရ အရေးယူ ဆောင်ရွက်ပေးရန် တောင်းဆိုကြခြင်း   ဖြစ်သည်။

ဧရာဝတီ

******************************************************************************

ဘင်္ဂါလီ ဗလီရှေ့တွင် အစ္စလာမ်ဘာသာဝင်များ တောင်ကုတ်ကိစ္စ ကန့်ကွက်ဆန္ဒပြ

ကိုပေါက် | အင်္ဂါနေ့၊ ဇွန်လ ၀၅ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၁၉ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။       ။ ရန်ကုန်မြို့၊ ဆူးလေဘုရားအနီး ဘင်္ဂါလီဗလီရှေ့တွင် အင်္ဂါနေ့ နေ့လည်ပိုင်းက အစ္စလာမ် ဘာသာဝင်များ ဆန္ဒပြမှုတရပ် ဖြစ်ပွားခဲ့သည်။

ဇွန်လ ၃ ရက်နေ့က ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ခရီးသွား အစ္စလာမ် ဘာသာဝင် ၁ဝ ဦးအား ဒေသခံ လူအုတ် က သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ တရားမျှတမှု လိုချင်ကြောင်း၊ ထို့ပြင် နိုင်ငံပိုင် မီဒီယာများမှ အသုံးပြုလိုက်သည့် “မွတ်ဆလင် ကုလား” ဟူသည့် စကားလုံးနှင့် ပတ်သက်၍လည်း ကန့်ကွက်သည့်အနေဖြင့် ဆန္ဒပြကြခြင်း ဖြစ်သည်ဟု မဇ္ဈိမသတင်းထောက် လင်းဘိုဘို က ပြောသည်။

ဗလီရှေ့တွင် ဆန္ဒပြ အစ္စလာမ် ဘာသာဝင် အယောက် ၅ဝ ခန့်နှင့် လာရောက်ကြည့်ရှုသူ စုစုပေါင်း ၃ဝဝ ခန့်အား အခြေအနေ အေးချမ်းစွာ ဖြစ်စေရန်အတွက် အစ္စလာမ် ဘာသာဝင်တဦးဖြစ်သူ ၈၈ ကျောင်းသား ခေါင်းဆောင် ကိုမြအေး က နှစ်ကြိမ်တိုင် လာရောက်အားပေး ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

isaland2

ရန်ကုန်မြို့၊ ဆူလေဘုရားအနီး ဘင်္ဂါလီ စွန်နီ ဂျာမေ့ ဗလီတွင် ဇွန်လ ၅ ရက်နေ့ နေ့လည် ၁၂းဝဝ နာရီ ဝန်းကျင်တွင် ဆန္ဒပြနေကြသည့် အစ္စလာမ်ဘာသာဝင်များအား ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေး က လာရောက်အားပေး ထိန်းသိမ်းနေစဉ်။ (ဓါတ်ပုံ – မင်းမင်းဦး၊ မဇ္ဈိမ)

“ခုတော့ လူစုကွဲသွားပါပြီ။ ကိုမြအေး ဒုတိယအခေါက် ပြန်ရောက်မလာခင်က အခြေအနေ တော်တော်တင်းနေတယ်။ ကိုမြအေးလည်း တော်တော် မောနေတယ်။ တော်တော် ကြိုးစားပမ်းစား ထိန်းသွားရှာပါတယ်။ အလ္လာက မှာ ထားချက်တွေ၊ ငြိမ်းချမ်းရေး ရှေးရှုဖို့တွေ ရှင်းပြသွားတယ်ဗျ။ အဓိက က မလိုလားအပ်တဲ့ ပြဿနာတွေထဲကို၊ လူတစုက ဖန်တီးနေတဲ့ လှည့်ကွက်ထဲကို ဝင်မသွားမိဖို့ လိုပါတယ် လို့ပြောတယ်” ဟု လင်းဘိုဘို က ပြောသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ်ခဲ့သည့် အဖြစ်အပျက်များနှင့်ပတ်သက်၍ တရားမျှတမှုမှာ ဧကန်လိုအပ်ကြောင်း လည်း ကိုမြအေး က တောင်းဆိုသွားပြီး နိုင်ငံပိုင် မီဒီယာများ၏ သုံးနှုန်းခေါ်ဆိုမှုနှင့်ပတ်သက်၍လည်း ကန့်ကွက် သွားသည်။

“ခရီးသွား ၁ဝ ယောက်ကို ရက်ရက်စက်စက် သတ်ပစ်တာကိုလည်း တရားမျှတမှု လိုချင်ပါတယ်။ အစိုးရက ကြေညာ တဲ့အခါမှာ ကျနော်တို့ကို မွတ်ဆလင်ကုလားတွေလို့ ကြေညာတယ်။ အဲလိုဆိုရင် တိုင်းပြည်အတွက် အသက်စွန့်သွား တဲ့ ဆရာကြီး ဦးရာဇတ်ကို မွတ်ဆလင် ကုလားကြီးလို့ ခေါ်မလားဗျာ” ဟု နိုင်ငံပိုင် မီဒီယာများအား ကိုမြအေး က
ဝေဖန်ပြောဆိုလိုက်သည်။

ထို့ပြင် မေလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် မသီတာထွေး အား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် အမှုအားလည်း အမှုမှန်ပေါ်ပေါက်ပြီး တရားမျှတစွာ အရေးယူပေးရန် လိုလားကြောင်း ကိုမြအေး က တောင်းဆိုသွားသည်။

“အစိုးရပိုင် သတင်းမီဒီယာတွေ သုံးတာက discriminate လုပ်တာပေါ့။ လူမျိုးရေး ပဋိပက္ခကို ဖြစ်ပွားလာအောင် ဖန်တီးနေတဲ့ အသုံးအနှုန်းမျိုးဖြစ်နေတယ်လို့ ကိုမြအေးက ပြောသွားတယ်။ ကိုမြအေးရဲ့စကားကို အတော်များများ က လေးစားကြတာ တွေ့ရတယ်။ သူရောက်မလာခင်တုန်းက တော်တော်ကြီးကို ကြမ်းကြမ်းတမ်းတမ်းတွေ ဖြစ်နေ တာကိုး။ ပွက်လောရိုက်နေတာ” ဟု မဇ္ဈိမ သတင်းထောက်က ပြောသည်။

တောင်ကုတ်မြို့ သတ်ဖြတ်မှုတွင် တောင်တွင်းကြီးမြို့မှ ဆွေမျိုးသားချင်း ၃ ဦး သေဆုံးခဲ့သည့် ဒေါ်ခင်နှင်းလှ ကလည်း “ကျမတို့ဟာ နိုင်ငံရေးတွေလည်း နားမလည်ပါဘူး။ ဒီကိစ္စကို အမှုမှန် ပေါ်ပေါက်စေချင်တယ်။ အစိုးရကို မဝေဖန် လိုပါဘူး။ ကုလားဆိုတာ အရင်တုန်းက အစိုးရအနေနဲ့ သုံးနှုန်းခဲ့တာ မတွေ့ပါဘူး။ ခုကျမှ ဘာလို့ ဒီစကားလုံးသုံးလဲ မသိပါဘူး” ဟု မဇ္ဈိမကို ပြောသည်။

ထို့နောက် ကိုမြအေးက “အစ္စလာမ်ဘာသာဝင်များ ကိုယ်စား တရားမျှတမှုရအောင် ကျနော် ကြိုးစားပါမယ်။ ကျနော် ကတိပေးပါတယ်” ဟု ပြောဆိုကာ ဆန္ဒပြသူ လူအုပ်အား အေးချမ်းစွာ လူစုခွဲစေခဲ့သည်။

လာရောက်ကြည့်ရှုနေကြသည့် အစ္စလာမ်ဘာသာဝင် မဟုတ်သူများနှင့် တစုံတရာ ကတောက်ကဆ မဖြစ်ပွားခဲ့ဘဲ ဗလီလူကြီးများ၏ ထိန်းသိန်းမှုဖြင့် ဆန္ဒပြပွဲ ပြီးဆုံးသွားကြောင်း သိရသည်။

(မဇ္ဈိမ)
**************************************************************************

ရန်ကုန်တွင် အစ္စလာမ် ဘာသာဝင်တချို့ ဆန္ဒဖော်ထုတ်

05 Jun 2012  |
By 7Day News
ရန်ကုန်တွင် အစ္စလာမ် ဘာသာဝင်တချို့ ဆန္ဒဖော်ထုတ်
ရန်ကုန်မြို့လယ်၊ ဆူးလေဘုရား အနီးရှိ ဘင်္ဂါလီ ဗလီရှေ့တွင် အစ္စလာမ် ဘာသာဝင် တချို့ ယခု ဆန္ဒဖော်ထုတ် လျှက်ရှိကြောင်း သတင်း ရရှိသည်။ ရခိုင်ပြည်နယ် တောင်ကုတ် မြို့နယ် တွင်ဖြစ်ပွားခဲ့သော ကိစ္စနှင့်ပတ်သက်၍ လည်းကောင်း၊ သတင်းစာတွင် မွတ်ဆလင်ကုလားဟူသည့်အသုံးအနှုန်း သုံးနှုန်းခဲ့ခြင်းကြောင့်လည်းကောင်း ဆန္ဒဖော်ထုတ်မှုပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။ ဆန္ဒဖော်ထုတ်သူမှာ ၁၀ ဦးခန့်ရှိပြီး တရားဥပဒေစိုးမိုးရေးဟူ သည့် စာတမ်းများကို ကိုင်ဆောင်ထားကြ ကာ တောင်ကုတ်မြို့နယ်တွင် သတ်ဖြတ်ခံရသူတို့၏ အလောင်းဓာတ်ပုံများကိုလည်း ကိုင်ဆောင်ထားကြ သည်ဟု ထိုနေရာသို့ ရောက်ရှိနေသည့် 7Day News သတင်းထောက် က ပေးပို့သည်။